Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဦးဘုန်း(ဓာတု) ကြက်ရိုးဒဿန ထဲမှ အချစ်ဒဿန.......

$
0
0



* အချစ်ဆိုတာ...... သဘာဝကပေးတဲ့
ဘုရားသခင်ရဲ့ အနူးညံ့ဆုံး လက်ဆောင်ဖြစ်တယ်တဲ့ကွယ်။

* အချစ်ဆိုတာ...... မျက်လုံးများကို ပိတ်ထား၊
နားများကို ပိတ်ထားပေမယ့်...........
နှလုံးသားများကို ပိတ်ပင်ထားလို့မရတဲ့
" ကမ္ဘာဦး အလှနတ်တစ်ပါး " ဖြစ်တယ်တဲ့ကွယ်။

* အချစ်ဆိုတာ...... အရွယ်မရွေးဖြစ်တတ်သလို...
အချစ်မှာ လူတန်းစားတွေ၊ အလွှာတွေ၊ ဆင်းရဲချမ်းသာတွေမရှိဖူးတဲ့ကွယ်

* အချစ်ဆိုတာ ဘုရားသခင်ရဲ့ စကားကိုတောင်
လွန်ဆန်ဝံ့တဲ့သတ္တိတွေ မွေးဖွားစေနိုင်တယ်တဲ့။

* အချစ်ဆိုတာ..... ကိုယ်ကသူ့ကို ချစ်နေဖို့ဘဲဖြစ်တယ်တဲ့။
အချစ်ဆိုတာ..... သူကကိုယ့်ကို ပြန်ချစ်ဖို့ထက် သူ့ကို
ကိုယ်က ချစ်နေရုံနဲ့ ပြည့်စုံနေပါတယ်တဲ့။

* အချစ်မရှိတဲ့နေရာ....... ကမ္ဘာပေါ်မှာ မရှိ။
အချစ်မရှိတဲ့အချိန်....... ကမ္ဘာပေါ်မှာ မရှိ။
အချစ်မရှိတဲ့လူသား...... ကမ္ဘာပေါ်မှာ မရှိ။
နေရာတိုင်းမှာ အချစ်ရှိတယ်။
အချိန်တိုင်းမှာ အချစ်ရှိတယ်။
လူသားတိုင်းမှာ အချစ်ရှိတယ်။
ဒါကြောင့် အချစ် ဆိုတာ လောကသဘာဝဓမ္မ အမျိုးအစား တစ်ခုသာ
ဖြစ်တယ်တဲ့။

* အချစ် ကိုသိရှိနားလည်သွားခြင်းသည်
ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းကို ဖန်တီးခြင်း ဖြစ်တယ်တဲ့။

* အချစ် ကို ပိုင်ဆိုင်ရခြင်းသည်....
ကမ္ဘာကြီးကို ပိုင်စိုးရတဲ့ ဘုရင်ကြီးရဲ့ စည်းစိမ်ထက် သာလွန်တယ်တဲ့။

* ချစ်သူ အကြောင်းကို တွေးတောနေခြင်းသည်
ငြိမ်းချမ်းရေးကို ဖန်တီးနေခြင်း ဖြစ်တယ်တဲ့။

* အချစ်ဆိုတာ... ကမ္ဘာကြီးနဲ့အတူ မွေးဖွားလာပြီး
ကမ္ဘာကြီးပျက်သွားမယ့် နောက်ဆုံးအချိန်ထိ
လူသားတွေနဲ့ အတူတူရှိနေမယ့် မိတ်ဆွေ ဖြစ်တယ်တဲ့။

* အချစ်ဆိုတာ.... နူးညံ့စွာ စွဲလမ်းနေတဲ့ စိတ်တစ်ခု ဖြစ်တယ်ဆိုရင်
အမုန်းဆိုတာ.... အချစ်ရဲ့ အဓိပ္ပာယ် တစ်ခုပါပဲကွယ်။
ဘာကြောင့်လဲဆိုတော့........
မုန်းနေတဲ့စိတ် ဆိုတာကလည်း
မေ့မရတဲ့စိတ်၊ စွဲလမ်းနေတဲ့ စိတ်ပဲလေ။
အချစ်ကို ချစ်တတ်တဲ့သူဟာ အမုန်းကိုလည်း ချစ်တတ်ရမယ်တဲ့။

St. Valentine


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>