Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ရီ(ရယ်)စေချင်လို့ပါ

$
0
0
အဖေစစ်
မိသားစု တစ်ခုမှာ ကလေးတစ်ယောက် ရလာခဲ့တယ်.. ကလေးမမွေးခင် ဗေဒင်ဆရာက ဒီကလေး မွေးပြီး စကားပြောတက်စ မှာ သူ ပထမဆုံး ပြောတဲ့ စကား (၃) ခွန်းမှာ ခေါ်တဲ့သူတွေ သေရမယ်တဲ့.. ဒီလိုနဲ့ ကလေးမွေးပြီး ပြီး စကားပြောတက်စမှာ ပထမဆုံးခေါ်လိုက်တာက ...


" အဖိုး " လို့စခေါ် ပါတယ်.. နောက်ရက်မှာ သူ့အဘိုးတကယ်ပဲ  နှလုံးရောဂါဖောက် ပြီးသေသွားပါတယ်..

နောက်မကြာဘူး " အဖွား " လို့ထက်ခေါ်ပါတယ်.. နောက်ရက်မှာပဲ သူ့အဖွား အမှန်တကယ်ပဲ သေဆုံး သွားပါတယ်..

ဒီလိုနဲ့ သူ့အဖေနဲ့ အမေဟာ လန့်နေခဲ့ပါတယ် .. သူတို့ ကို ခေါ်တာနဲ့ သေမှာဆိုတော့လေ.. ကလေးကလည်း ဘာမှ မခေါ်တော့ပါဘူး.. တစ်နေ့ကျတော့ ကလေး ကထက်ခေါ်ပါတယ် .

" အဖေ "

သူ့အဖေလည်း တော်တော် လန့်သွားတာပေါ့.. နောက်တစ်ရက် ရောက်ရင် သေတော့မှာလေ တစ်ည လုံးအိပ် မပျော်ဘူး .. နောက်တစ်ရက် အရောက်မှာ သူ့အဖေ ကမသေပါဘူး.. သူ တော်တော် ပျော် သွားတာပေါ့.. ဒါပေမဲ့ သူတို့ အိမ်ဘေးက သူ့သူငယ်ချင်းက တော့ ရုတ်တရက် သေဆုံး သွားခဲ့ပါတယ်...

"သားအားလုံးသိတယ်နော်"

တစ်ခါကသိပ်လည်တဲ့ကလေးတစ်ယောက်ရှိပါတယ်။

တစ်နေ့ သူ့ မေမေအလှပြင်နေတဲ့အနားကိုသွားပြီး

"မေမေ သားအားလုံးသိတယ်နော်" လို့ ပြောတဲ့အခါ

သူ့ မေမေက "အေးအေး သား.. သားကလိမ်မာတယ် ဘယ်သူ့ မှလျှောက်မပြောနဲ့ 

မုန့် ဖိုးယူသွား " ဆိုပြီး မုန့် ဖိုးပေးလိုက်ပါတယ်။

ဒါနဲ့ ကလေးက သူ့ ဖေဖေဆီသွားပြီး "ဖေဖေသားအားလုံး သိတယ်နော်"လို့ 

ပြောလိုက်ပါတယ်။ သူ့ ဖေဖေကလည်း "အေးအေး သားအတွက် မုန့် ဖိုး

ယူသွား လျှောက်မပြောနဲ့ " ဆိုပြီးမုန့် ဖိုးပေးလိုက်ပါတယ်။

အဲဒီအချိန်မှာ အိမ်ကိုစာပို့ သမားတစ်ယောက်ရောက်လာပါတယ်

ကလေးက " ဦးလေး ဦးလေး သားအားလုံးသိတယ်နော်"လို့ ပြောတဲ့ အခါ

စာပို့ သမားကြီးပြန်ပြောလိုက်တာကတော့"အမလေး လူလေးရယ် မင်းအား

လုံးသိသွားပြီလား လာစမ်းပါဦးဖေဖေ့ဆီကို" ဖြစ်ပါသတဲ့။

"တရားခံဘယ်သူလဲဟေ့"

တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုန်းကံကြီးမားတဲ့ဘုရင်ကြီးတစ်ပါး အုပ်ချုပ်မင်းလုပ်နေသတဲ့။

ဘုရင်ကြီးရဲ့ နှူတ်ထွက်စကားဟာလည်း သမာသမတ်ရှိတာနဲ့ အညီ တည်စေမြဲစေဖြစ်ပါသတဲ့။

တစ်နေ့ တိုင်းခမ်းလှည့်လည်တဲ့အခါ မိန်းမတစ်ယောက်က

“အရှင်မင်းကြီး ကျွန်တော်မတို့  မိန်းမသားတွေမှာ ကိုယ်ဝန်ဆောင်ပြီးမီးဖွားတဲ့အခါ


နာကျင်ဆင်းရဲမှုတွေကို ခံစားရပါတယ်..ဒီကိုယ်ဝန်ဟာ ယောကျာင်္းတွေန.ဲ လည်းသက်ဆိုင်တဲ.အတွက် ဒီလိုနာကျင်မှုတွေကိုသူတ.ိုလည်းခံစားရမှတရားနည်းလမ်းကျပါလိမ့်မယ်လို.” လျှောက်တင်သတဲ့။ ဒါနဲ.မင်းကြီးလည်းဟုတ်ပေသားဆိုပြီး”မိန်းမတွေမီးဖွားတဲ့အခါ

သက်ဆိုင်တဲ့ ခင်ပွန်းဖြစ်သူက နာကျင်မှုကိုခံစားစေ” လို့ အမိန့် တော်ချမှတ်လိုက်ပါတယ်။

အဲဒီအချိန်ကစပြီး တိုင်းပြည်အတွင်းမှာမိန်းမတွေမီးဖွားတိုင်း သက်ဆိုင်ရာယောကျာင်္းတွေကဗိုက်နာကြသတဲ့။

တစ်နေ.တော့မင်းကြီးရဲ့ညီလာခံသဘင်မှာအမတ်ချုပ်ကြီးက ထပြီးဗိုက်နာပါသတဲ့။

အဲဒီအချိန်မှာတကယ်တမ်းမီးဖွားနေတာကတော့ မိဖုရားကြီးဖြစ်နေပါသတဲ့။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>