★ ကဗျာရှင်ရဲ့ တောက ကိုရင် ရဲ့ ကဗျာ Show ♪♫
ငါ့ကိုယ်ငါ ထုဆစ်ကြည့်တယ်...။
တစ်ခါ တစ်ခါ
ဝင်္ကဘာထဲက ကျနော်
ကြောက်စိတ်တွေပေါ်ခဲ့၇င်
အမေ.. လို့ အားပါးတ၇ခေါ်ပြီး
အားအင်တွေ ပြန်ပြန်ဖြည့်
ဒီနေ့ ကျနော် ဖြစ်တည်နေသမျှ
အမေပြုစုခဲ့တဲ့ ကာယနဲ့
အမေပြောခဲ့တဲ့ စကား
အမေပေးခဲ့တဲ့ အားတွေချည်းပါ...။
ဒါပေမယ့် အမေ
ကျနော်လေ အိပ်မက်ဆိုးတွေနဲ့
အမေ့၇ဲ့ အမိုးအောက်မှာ အသက်၇ှူကြပ်
အနာဂါတ်တွေ မျှော်လင့်ချက်မဲ့သလိုမျိုး
(၇ိုး၇ိုးသားသားပြောတာပါ)
ကျနော် ခံစားခဲ့၇ဖူးတယ်...။
တစ်ခါတစ်လေ
ကျနော် ၇င်ဖွင့်ချင်တာတွေ ၇ှိတယ်
အမေ နားလည် လက်ခံပေးမလား...
သားသမီးတွေမှား၇င် အမေပြင်
အမေကိုေ၇ာ
ဘယ်လိုထင်မြင်ချက်တွေ ပေးခွင့်၇ှိမလဲ...
အမေ့၇ဲ့ စေတနာ
ဝေဒနာတွေ ဖြစ်သွားတာမျိုး...
ညီမငယ်တွေ အိပ်မက်ဆိုးမက်
ကျနော်တို့ ကန့်ကွက်ပိုင်ခွင့် မ၇ှိခဲ့တာ
တိတ်တဆိတ် နာကျင်
စိတ်ဒဏ်၇ာတွေ လူမမြင်တော့
မေးငေါ့ချင်လည်း ငေါ့ကြမယ်...
မိသားစုအေ၇းမှာ
သူစိမ်းတစ်ယောက်၇ဲ့ အာဏာကို
ကျနော်တို့ အလေးပေးသင့်ပါသလား..
အမေပြောတဲ့ စကား
မှားနေ၇င်တောင်မှ နာခံဖို့ အသင့်ပါ
တခြားသူဆို၇င်တော့
ဘယ်လောက်မှန်မှန် ခြေစုံကန်လို့
ဆန္ဒပြဖို့ ကျနော်ဝန်မလေးဘူး...
ကျနော်မှား၇င် အမေခွင့်မလွှတ်ပါနဲ့
ညီမငယ်တွေ ဒူးနဲ့မျက်၇ည်သုတ်၇မယ်ဆို၇င်
(ဒူးနဲ့ မျက်၇ည်သုတ်၇မယ်ဆို၇င်)
ကံကြမ္မာကို အပြစ်တင်ကြမလား...
ထားလိုက်ပါတော့ အမေ
ဘယ်လိုဝဋ်ကြွေးတွေပဲ ၇ှိ၇ှိ
မိသားစု၇ဲ့ ချစ်မေတ္တာနဲ့
ညီမတွေ၇ဲ့ လုံခြုံမှုကို ၇ှာဖို့
ကျနော် အိမ်ပြေး ခဏလုပ်မယ်...
အမေ့ကိုလည်း အပြစ်မမြင်၇ဲလို့
ဒီစစ်ပွဲကို
ကျနော် တစ်ယောက်တည်းတိုက်တော့မယ်...
ကျနော့်ကို အားပေးမယ်မဟုတ်လား...အမေ။ ။
(ကံသုံးပါးနဲ့ ပြစ်မှားခဲ့မိတာ၇ှိ၇င်
အမေ ကျနော့်ကို ခွင့်လွှတ်စေချင်ပါသည်...)
အကန်းတစ်ယောက်၏ စေတသိက်
လေလွင့်ငှက်ရဲ့ စေတသိက်
နရီတွေကို ချိတ်တော့
လေပြည်က စောင်းငဲ့လို့ ကြည့်တယ်...
ရင်ဘတ်ထဲမှာ လှုပ်ခါသွား
အဲဒါ.. ကဗျာလား
မဟုတ်ပါဘူး.. ခံစားချက်တွေ မူးသွားတာ
ဝေဒနာတွေ အရူးဖြစ်သွားတာ
နေကာမျက်မှန်က နေရောင်ကို ကာဖို့သတ်သတ်
ငါသုံးနေတာက တခြားရည်ရွယ်ချက်
ကမ္ဘာတစ်ပတ်လမ်းလျှောက်ထွက်ကြည့်တယ်...
စိတ်တွေ စိတ်တွေ....
အကန်းကလည်း အကန်း ဘာသာစကား
နှလုံးသားတွေကတော့ အတူတူပဲလေ
အဇ္ဇုတ္တရဲ့ ခေါ်ဆောင်ရာနောက်မှာ
အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ လွဲသွားတယ်...
အဲဒါက သူတို့အတွက် ပြက်လုံး
ငါ့အတွက်တော့...
တစ်သက်လုံးမဖြည်နိုင်တဲ့ ဆက်ထုံး
ခန္ဓာဗေဒကို သုံးစွဲနေရတာချင်းအတူတူ
သူတို့တွေရဲ့ အသံက တဆိတ်ဆူလွန်းနေတယ်...
ငါ ဘာမှ မပြောဘဲနဲ့တောင်
ငါ့အသံတွေ ငါ့နားထဲမှာ ပဲ့တင်ပြန်လာနေကြ
တစ်ခါတစ်လေတော့လည်း...
တောင်ပံတွေ ခတ်ရတာ... ပင်ပန်းလွန်းတယ်.....
~~~~~~~~နရီ~~~~~~~~~
မြောင်းထဲမှာ ပျော်နေတုန်း
ရေစီးထဲမှာ မျောနေတာတောင်
တက် ကို မြင်ယောင်နေမလား...
အတွေးက ချုံးပွဲချ
ခန္ဓာက ဟားတိုက်လှောင်ပြောင်
အလင်းရောင်ကို မမြင်ရသေး
ဘယ်တော့မှလည်း မမေးတတ်တဲ့ အသိ
ရင်ဘတ်ကို လှစ်ဟလိုက်တော့
ရင့်ကျက်မှုက သုည
ဘဝင်စိတ်တွေ ခုန်ချသွားတဲ့
အတ္တ ချောက်ကမ်းပါးထဲ
ဆင်ခြင်တုံတရားတွေ အရည်ပျော်ဆင်း
တစ်ခုခု လစ်ဟင်းနေသလား...
အတိတ်ကို စီးနင်းခဲ့တာတောင်
အနာဂါတ်ကို ယုန်ထင်ကြောင်ထင်
ပစ္စုပ္ပန်ကို မငြိုငြင်ဖို့
အိပ်မက်တွေကို မြှုပ်နှံဖို့ လိုပြီ....
တစ်စက္ကန့်ဆိုပေမယ့်လည်း
ပဉ္စလက်လို...
ခြေဖဝါးတွေ သွေးခြေဥခဲ့ပေမယ့်
အတွေးတွေက မနုခဲ့ဘူး
မျှောလင့်ချက်ကို ခေါ်ဆောင်လို့
အနားမှာ ကယောင်ကတမ်း
အာရုံတွေနဲ့ မှန်းဆနေရတာနဲ့တင်
ဇရာဆိုတာက နီးသထက်နီးလာ
ဤခရီးမှာလေ....
ဘယ်သူတွေပဲ ဟန်ဆောင် ဟန်ဆောင်
ကိုယ်တိုင်က အဓိက ဇာတ်ကောင်ပါပဲ...။ ။
ဘုံနန်းစံရန် မထိုက်သူမို့...
အချစ်တော် ၀င်လည်း စံဝံ့ပါမည်
ရင်နင့်အောင် ပြုချင်လည်း ပြုပါလေ…
ရင်မနာပါလေ ထာဝရဖက်တွယ်ကာထား
သက်လှယ်အနားက တစ်ဖ၀ါးမခွာ
သနားမညှာ တမင်စိမ်းလည်း
ရင်ခွင်ယိမ်းနွဲ့ မတိမ်းတတ်လေသူ
နွေအပူကဲပါလို့ မျက်ရည်ပင် ၀ဲစေ
ရွက်ကြွေနေတဲ့ တောမှာသက်သေအဖြစ်
(ကဗ္ဗည်းမတင်ဝံ့ပါသော်လည်း)
အမျက်ကိုဖြေ ပြေပါစေကြောင်း
ဝေဒနာတွေ ဗြောင်းဆန်လို့ နေရင်လည်း
အကြောင်းကံနည်းလို့ ရင်ကွဲတယ်ပဲ ထားပါလေ…
ထားရာနေ စေတသိတ်ရယ်ကြောင့်
နေအရိပ်ကိုလည်း မမျှော်မှန်းဝံ့ပါဘူး
တော်သင့်ရာမှာမူးလဲ အရူးပဲလို့ ဆိုချင်ဆို
ငိုချင်လည်း ငိုမိမယ်လေ…
သွေဖယ်လို့ ပျက် ရင်ဘတ်ထဲမှာ ရတက်မီး
(သို့ပေမယ့်)
ဘယ်ခါမှ မပျက်စီးတဲ့ တစ်နေရာ
သခင့်အတွက် အသေအချာ ချန်ကာထား
သံသရာမှာ အမှားဖြစ်ခဲ့ရင်တောင်
အသစ်တစ်ဖန် လောင်မြိုက်ခံဝံ့ပါရဲ့
အခုတော့လေ…
သခင့်ရင်ခွင် ဘုံနန်းထက်ဝယ်
ကံမလှလို့ မှိန်နေသဖြင့်ပေါ့
စံရဖို့ အချိန် မသင့်တော့လို့သာ….။ ။
@@@@@လွန်း@@@@@
အဲဒါ ... အချစ်တဲ့လား ဟင်
မရုန်းချင် တွယ်ငင်တဲ့ နွယ်တစ်ခက်လို
မွန်းကြပ်တဲ့... ရင်။
သံယောဇဉ်...
တကယ်ပင် ချည်နှောင်တဲ့ သည်ကြိုး
ပြန်ပြောရင် သမရိုးမကျတဲ့အရာမို့
သမုဒယရဲ့ လောင်မြိုက်ခြင်းလို့ အမည်တပ်
ဒြပ်မဲ့တဲ့ ဖြစ်အင်...။
ပျက်အစဉ်...
နှာခေါင်းသွေးတွေပင် လျှံပါစေတော့
လူးကာ လွန့်ကာ တိမ်းကာ ယိမ်းကာနဲ့
အဝေးသို့ပျံပါလေသော ငှက်ငယ်သို့...
အရည်စို့တဲ့ မျက်ဝန်းတစ်စုံကို ပြန်ကာကြည့်ရင်ဖြင့်
အပြစ်တော်တင် ဘဝင်မရဲတဲ့သူပါလေ...
ဝဋ်ကိုပင် လည်စင်းကာ ဆပ်ပါရစေ။
မြွက်ဟလို့ခြွေ...
သံစဉ်မပီလေသည့် သည်စကား
ဘယ်တော့များမှ မကြားနိုင်သော်ငြားလည်း
ထားရဲလို့ ထားခဲ့။
အပြစ်ဖွဲ့တဲ့ လမ်းခွဲမှာ
လွမ်းရဲကာ လွမ်းရရင်ဖြင့်
နှုတ်ဆက်ခွင့်ကိုမှ မပိုင်သူ
နိုင်တော်မူ အရှုံးပေးထားပါလျှက်
နွေသက်လို့ သေတဲ့ ဆောင်းပမာ
နှောင်းရက်တွေ လွန်.. လွန်ပါသော်လည်း
ငြိတွယ်ဆဲပါ...။
မခေါ်သာ...မပျော်ရှာ
တော်ရာ ဟိုအဝေးမှာဖြင့်
တစ်ပင်ချင်း တစ်ရစ်ခြင်း
မာန်တင်းကာ ဖြတ်ပါသော်လည်း
သံယောဇဉ်ကင်းသည့်ကိုယ်
တပည့်တော် ဖြစ်လိုပါလျှက်
အို...
ရုန်းထွက်ဖို့ ခက်ရန်ကော...။ ။
တံလျှပ် ခြွေတဲ့ ရေ
ရစ်ပတ်တယ် မဆိုထားနဲ့
အမြစ်ဖြတ်ဖို့ ကြိုးစားခဲ့တာတောင်
အထပ်ထပ် ချည်နှောင်လိုက်တဲ့ ကြိုး
သံယောဇဉ်ကို ငါ မခိုးခဲ့ပါဘူး
ငါ့ဘာသာ တိတ်တဆိတ်နဲ့ မြတ်နိုးနေမိတာ
ဘယ်သူက မာယာနဲ့ သွေးဆောင်ခဲ့လို့လဲ...။
ရင်ကွဲတယ် ဆိုရုံနဲ့လည်း
ရင်ခွဲရုံက လူသေကောင်လို...။
အဲလောက်ထိကိုလည်း
...။
ဒါဟာ
အချည်းနှီး ပေးဆပ်လိုက်ရတဲ့ အရင်းအနှီး
ကြေးကြီးတဲ့ အလောင်းအစားမှန်းလည်း သိလျှက်
ဘဝတစ်ခုလုံးနဲ့ ပုံပြီး အလဲအထပ်ပြုခဲ့တာ...။
တစ်ဖက်သက်...
ယုံမှတ်ခဲ့မိတဲ့ ရင်နံရံ အတွင်းသားတွေက
အပ်နဲ့ ဆွထားသလို...
သည်းခြေယိုစိမ့်ထွက်တဲ့ အက်ကြောင်းတစ်ခု
တမင်သက်သက် ပြုစားခံလိုက်တဲ့
အတုအယောင် ပုံရိပ်တစ်ချို့အတွက်
အဲဒီ တံလျှပ်ကလည်း
ဒြပ်မဲ့တဲ့ အရာ...
ဖမ်းဆုပ်ဖို့လည်း မကြိုးစားရပါဘဲနဲ့
တစ်သက်စာ ကျောက်ချရပ်နားခဲ့တယ် ဆိုရင်...။
လေချဉ်တက်တဲ့ ပင့်သက်တစ်ခုက
ရင့်ကျက်ချင်ဟန် ဆောင်ထားမှန်းလည်း အသိ
လျှပ်တပြက် ငြိတွယ်သွားတာမျိုး
လေပြေကတော့ တိုးတိုးတိတ်တိတ်
မုန်တိုင်းထဲမှာ ငါက အိပ်ငိုက်သွားခဲ့တာလား...။
ငါ့ဘက်က ရိုးသားပေးချင်ပါတယ်
ဒါပေမယ့်
ငါ့ရဲ့ ထိန်းချုပ်မှုကိုမှ ငါမပိုင်
မျက်ခွံတွေကို မနိုင့်တနိုင် ပင့်တင်ထားပြီးမှ
(အတင်းကြီး)
မျက်စိကို စုံမှိတ်ပစ်လိုက်ရတာမျိုး
အင်း... ဆိုးလိုက်တာ။
နွေကို ခဝါချထားကာမှ
ဆောင်း သက် လို့ ကြွေရတဲ့ မျက်ရည်
ဒါဟာ ပဉ္စလက်...
အဲဒီ လှည့်ကွက် ရိုးရိုးလေးမှာတောင်
ငါ့နှလုံးသားက အထင်ကရနဲ့ အရည်ပျော်သွားခဲ့တာပါ...။ ။
ချစ်သူ သိစေ...
အဲဒီနှလုံးသားက စပ်ဖျင်းဖျင်းနဲ့
မနက်လင်းတိုင်းရဲ့ ဝင်သက် ထွက်သက်
ကန့်သတ်ချက်တွေနဲ့ ကြီးပြင်း
နိစ္စဓူဝ စီးနင်းနေရတဲ့ ယန္တရား
ပစ္စုပ္ပန်က ဘယ်မှာ လမ်းသလားနေလဲ...။
(ညမွေးပန်းတို့လည်း ရနံ့ပြယ်တော့မယ်)
ချစ်သူရေ...
နေရောင်ခြည် ဆမ်းရုံနဲ့
ပွင့်လန်းနိုင်မယ်လို့ ထင်သလား
မင်းရဲ့ မေတ္တာရေစင်ပက်ဖျန်းပေးမှ
ဖူးငုံခွင့်ရမယ့်သူ...
ဒီနေ့
နေပူတယ် ချစ်သူရယ်...။
မြင့်မိုရ်ကို ဖြိုပြီး ဓူဝံကြယ်ကို ဆွတ်ခူး
ငါ့အချစ်က အဲလောက်ကြီး မထူးဆန်းဘူး
မင်းရဲ့ နူးညံ့တဲ့ နှလုံးသားမှာ
ပကာသနတွေ မပါရင် ကောင်းလိမ့်မယ်...။
ငါ ချစ်တတ်တယ်...
ငါ ချစ်ခဲ့တယ်...
ငါ ချစ်ခွင့်ရှိသလောက်
ငါ့အချစ်တွေ အကုန်ပုံအောပြီး
င့ါရင်ဘတ်ကြီး တစ်ခုလုံးနဲ့
မင်းကို ချစ်မယ်
အဲဒါဆို
လုံလောက်တယ် မဟုတ်လား...။
မင်းရဲ့ နွေးထွေးတဲ့ လက်ဖဝါးလေးတွေကို
တယုတယ ငါ ဆုပ်ကိုင်ထားမယ်
မင်းရဲ့ ဝဲလွင့်နေတဲ့ ဆံနွယ်လေးတွေကို
ညင်ညင်သာသာ ငါ ဖြီးသင်ပေးမယ်
မင်းရဲ့ ပါးလွှာတဲ့ နှုတ်ခမ်းလေးကို
တရှိုက်မက်မက်.....
မင်းရဲ့ နူးညံ့တဲ့ မွှေးညှင်းလေးတွေကို
ငါ့ထွက်သက်နဲ့ အေးမြစေမယ်
ငါချစ်တဲ့မင်း ပျော်ရွှင်စေဖို့အတွက်
ငါ့ရင်ဘတ်ကို လမ်းခင်းထားတယ်
မင်း နင်းလျှောက်ပါ...
(ညင်သာစွာ...)။
နေပူထဲမှာ အကြာကြီး ရပ်နေခဲ့ရတဲ့ငါ
အခုမှ အရိပ်ကို တွေ့ခွင့်ရတာပါ
မင်းက လှိုက်လှိုက်လှဲလှဲ ဆီးကြိုပါ ချစ်သူ
မင်းရော နေပူသွားမလား...
ငါလေ
တစ်ခါတစ်လေမှာ
မင်းကို အားနာမိတယ်...။
ချစ်သူသို့ တမ်းတမိသော ကဗျာ
မင်းမရှိတဲ့နေ့
မင်းမရှိတဲ့ ည
ငါ ဘယ်လို အသက်ဆက်ရှင်ရမလဲ...။
အရာရာ ခြောက်ကပ် တိတ်ဆိတ်
နှလုံးသားက အထိတ်တလန့်
ငါ့ရဲ့ အိပ်ရေးပျက် မျက်ဝန်းတွေမှာ
ကြယ်ရောင်မဖြာ လမင်းကို ရှာမတွေ့
လေပြည်တွေလည်း ဆိတ်သုဉ်း
ဝန်းကျင်ကမ္ဘာ အမှောင်ဖုံးလို့
ညလုံးပေါက် အလွမ်းတွေနဲ့
အလုပ်ပျက် မနက်ခင်းတွေ
သက်ပြင်းတွေ အခါခါ ခြွေလို့
နွေသက်ဆင်းတဲ့ ရင်တစ်ခု
ပူလောင်မှုတွေနဲ့ ကျွမ်းလောင်
တစ်နေ့လုံး ကယောင်ကတမ်း
အဲလိုလည်း မလွမ်းရဲဘူး မေ...။
မင်း မရှိတဲ့ ဒီအချိန်
မင်း မရှိတဲ့ ဒီနေရာ
ငါတစ်ယောက်တည်း...
အလိုလိုနေရင်း ဝမ်းနည်းတတ်လာတာ
အဲဒါ တကယ်....။
ကွယ်လုလု နေလုံးကြီးနောက်
ငါ့စိတ်တွေ ကောက်ကောက်ပါ
အဲဒါလည်း တကယ်....။
မကွယ်မဝှက် ဖွင့်ဟမြွက်ဆို
ငါ့မျက်ရည်တွေ ယိုစီးကျနေတာ
အဲဒါဟာလည်း တကယ်....။
အမှန်တကယ် မင်း မရှိလို့
မင်း မသိတဲ့ ဝေဒနာတွေ တိုက်စား
ရင်ဘတ်ထဲမှာ ခါးသက်နေတာ
တစစ်စစ်...။
ကိုယ်တိုင် ကုတ်ခြစ်လို့ မရတဲ့
အဲလို ယားယံမှုမျိုးနဲ့
အဲဒီ အတွင်းသားနံရံတွေက
အပ်နဲ့ ဆွထားသလို...။
အို.......
တကယ်ကို ငိုနေမိပြီလား
အဲလောက်ထိကို ချစ်နေရတာ
အဲဒါတွေ အားလုံး အမှန်တွေပါ...။
ခနတာလေး ဝေးနေရတယ် ဆိုပေမယ့်
တစ်ညတာဝေးတဲ့ ကိန္နရီ ကိန္နရာ
စာနာပါတယ်လေ...။
မင်း မလာလည်း မျှော်..
မင်း မသိလည်း
ရင်ကွဲမတတ် အော်ခေါ်နေမိတာ
မင်း ကြားနိုင်လေမလား....။
မင်း မရှိတဲ့ ကမ္ဘာ
မင်း မပါတဲ့ အရပ်
ငါ တစ်ယောက်တည်း
ဘယ်လို ခရီး ဆက်ရမှာလဲ ချစ်သူရယ်...။ ။
ချစ်သူသို့ တမ်းတမိသော ကဗျာ (၂)
ချစ်သူရေ...
မနေ့ညက ငါ
မင်းကို သတိရတဲ့စိတ်နဲ့
တစ်ညလုံး ပိုးစိုးပက်စက်
မိုက်မိုက် မဲမဲ...
ကမ်းကုန်အောင် လွမ်းပစ်လိုက်တယ်
ရင်ဘတ်ထဲမှာ တစစ်စစ်
တလှပ်လှပ်...
နှလုံးသားက မိုက်ကနဲ
ဦးခေါင်းတွေ အုံခဲလာတဲ့အထိ
အို.....
မင်းမရှိဘူးဆိုတဲ့ အတွေး
ငါ့စိတ်ကူးလေးတွေ မှေးမှိန်
သေးသိမ် ကျဉ်းမြောင်းလာတဲ့ ငါ့ကမ္ဘာကြီး
မွန်းကြပ်...
အလိုလိုနေရင်း ရှိုက်သံတွေ ထွက်ကျ
မနက်ဖန်လေ...
နေရောင်တွေ ပျောက်ရှမလား
မြောက်ပြန်လေက တဖြူးဖြူး
ငါ့ရင်ဘတ်ထဲမှာ ဆူးစူးလို့
အရူးအမူး...
အရုဏ်ဦး မလာခင်လေး
တစ်ကိုယ်တော် ငါလွမ်းဆွေးမယ်
ဝမ်းရေးရယ်ခက်...
မနက်ရောက်မှာ ကြောက်မိတယ်
စိတ်နဲ့ ခန္ဓာ ခွဲထွက်
အလိုလိုနေရင်း ကွဲအက်လာတဲ့ ခံစားချက်များ
ခါး....သီး
တစ်လောကလုံး နားငြီးလောက်အောင်
ငါ့ရင်ထဲက ပူလောင်တာတွေ အော်ပစ်လိုက်ချင်တယ်
မင်း သိနိုင်မလား...
ချစ်သူရယ်...
ခေါင်း ခါး ခြေ လက်
အသည်း ကလီစာတွေ ပေါက်ထွက်မတတ်
အလွမ်းတွေ ညောင်းညာ နှိပ်စက်လို့
ငါ ဒီတစ်ည အိပ်ရေး ပျက်ရပြန်ပြီလေ...
ချစ်သူသို့ တမ်းတမိသော ကဗျာ (၃)
ဒီတစ်ညလည်း
မင်းက လာနိုင်ခဲပါဘိ...။
(သတိရတိုင်း
ပန်းပွင့်တွေစု
တယုတယ
သိမ်းဆည်းထားရင်
ဟိမဝန္တာ
တစ်ကမ္ဘာလုံး
ပန်းတွေ ဖုံးလိမ့်မယ်...)
...တဲ့။
ဖတ်ဖူးတဲ့ ကဗျာ
ငါ့ရင်ထဲမှာ ကန္တာထွန်း
မင်းဆီရောက်ဖို့ လွန်းပျံယာဉ်
ဟမ်း...။
ငါ့ဦးနှောက်တွေ ဘေးစင်ထွက်လို့
လေးပင်တဲ့ ခြေလှမ်းတွေ
နွေစမ်းရေကို တမ်းတ
မှန်းဆလာခဲ့တယ်...။
ကမ်းပါး...
ငါ့အနားမှာ... မင်းမရှိလို့
အားအင်တွေ ချိနဲ့
အသိမဲ့စွာ ပြုန်းတီး...။
တကယ်တော့လည်း
အထီးကျန်တယ်ဆိုတာ
အကျည်းတန်ပါတယ်လေ...
အဖေ(တိတ်တဆိတ် တမ်းတမိသော)
ကျနော့်ဘဝ နွေထဲမှာ...။
ပြန်မလာနိုင်တော့တဲ့ ခရီး
အဖေတစ်ယောက်တည်း စီးနင်းလို့ထွက်ခွာ
ကျနော်တို့ မိသားစုမှာတော့
ရွှေတောင်ကြီး ပြိုလဲ သွားသလိုမျိုး
ဟိုတုန်းက ဆိုးခဲ့ဖူးတဲ့ ကျနော်
ညီမတွေကို အော်ငေါက်
ဆေးလိပ်သောက် အရက်ကြိုက်
ဖဲမရိုက်တတ်တာက လွဲရင်
မိသားစု ငြိုငြင်အောင် မိုက်ခဲ့တာ
ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးတစ်ခု
အဖေ စနစ်တကျ ပြုစုပျိုးထောင်
ကျနော့်ကြောင့် မိုးမှောင်တွေ ကျခဲ့ဖူးတယ်
မရှိမဲ့ ရှိမဲ့
အဖေ့အိပ်ကပ်ထဲက ပိုက်ဆံ
ကျနော်တို့ ဆိုင်ထိုင်တော့ နည်းလိုက်တာ....။
မိသားစုအတွက် အဖေရှာသမျှ
ကျနော့်အတွက် မလောက်မငှဖြစ်ခဲ့
ညီမနှစ်ယောက်ရဲ့ ရှေ့ရေး
ကျနော် တစ်ခါမှ ထည့်မတွေးခဲ့ဘူး အဖေ...။
အိမ်မှာ ဖြစ်ချင်တာ ဖြစ်
အမေ စိတ်ညစ်မှာလည်း မကြောက်
ကျနော့်ဘာသာ သွေးနားထင်ရောက်ခဲ့တာ
လိုချင်တာ တစ်ခုတည်း အတွက်
အရာရာကို မျက်ကွယ်ပြုလို့...
အခုမှ မျက်ရည်စို့တယ်ဆိုရင်
အဖေ လှောင်ရီလေမလား...။
အားလုံးကို အဖေ စွန့်ခွာသွားမှ
လောကဓံက ၇က်စက်တတ်မှန်း
မျက်ကန်းကျနော် သိခဲ့ပြီ အဖေ...။
အမေနဲ့ ညီမတွေကို ပစ်ပြီး
ရေမြေရပ်ခြားမှာ စီးပွားလာရှာတဲ့ကျနော်
အဖော်မရှိ တစ်ကိုယ်တည်း
ခရောင်းလမ်းမှာ စမ်းတဝါးဝါး
အဖေ့ရဲ့ အားပေးစကားနဲ့
ခွန်အားတွေ လိုအပ်နေတယ် အဖေ...။
အမေနဲ့ ညီမတွေရဲ့ အဝေးမှာ
ကျနော် မပျော်ရှာပေမယ့်
အဖေသာ အနားက ဖေးမပေးနေမယ်ဆိုရင်.....။ ။
ဇာခန်းစီး၏ နောက်ကွယ်
လူမမြင်ကွယ်ရာမှာ ဘယ်သူစိမ်းတွေနဲ့ ...
နင်..
ဂိမ်းတွေပဲ ဆော့နေတော့မှာလား
မျက်လုံးတွေလည်း ဝေဝါးနေပြီ...
နင့်ကို ပေးတပ်ဖို့ မျက်မှန်တစ်လက်
မနက်ဖန်မနက်မှာ နင် မျက်နှာသစ်ရအုံးမယ်လေ...
နင်...
အဲဒီလို ပေးဆပ်မှုမျိုးနဲ့တော့
အဲဒီ ပျော်ရွှင်မှုမျိုးကို မတပ်မက်သင့်ဘူး...
နင်စွန့်လွှတ်ခဲ့ရတဲ့ ဂုဏ်သိက္ခာအတွက်
လူတစ်ချို့တော့ မျက်ကွယ်ပြုတန်ကောင်းရဲ့...
နင်...
အဲဒီလို ရပ်တည်မှုမျိုးနဲ့တော့
အဲဒီဘက်ကို နင် မယိမ်းယိုင်သင့်ဘူး...
တစ်ခါတုန်းက ရင်းနှီးခဲ့တဲ့ ရင်တစ်ခုက
တိတ်တဆိတ် ပြက်ရယ်ပြုနေမှာကို...
နင်...
တစ်ဖက်ကို မကြည့်ချင်တော့လို့
အခြားတစ်ဖက်ကို မမြင်နိုင်တာမျိုးလား...
ရိုးရိုးသားသား
(ဘာလို့ နားတွေကို ပိတ်ထားရတာလဲ...)
နင်...
ဟောဒီ ရင်ဘတ်ထဲက ပေါက်ကွဲသံစဉ်တွေ
ဟောဒီ ဘယ်ဘက်တစ်ခြမ်းမှာပဲ...
မနာလို မဖြစ်နဲ့နော်
သူ့ဘက်ကိုချည်းပဲလည်း မတွေးပေးနဲ့...
နင်...
နင် ရစ်ပတ်ခဲ့တဲ့ ကြိုးတစ်ခွေကို
နင် ပြန်မဖြည်ချင်တော့ဘူး ဟုတ်...
ငါ့ကို တစ်ကြိမ်လောက်တော့ နှုတ်ဆက်သင့်ပါရဲ့
ငါ့လက်ထဲမှာ သံယောဇဉ်...
(အခိုးအငွေ့...)။ ။
ရင် ... ခတ် ... ပန်း
မင်းဆီမှာ နေ့
ငါ့ဆီမှာ ည
လွဲချော်မှုတွေက
အဲဒီကနေ စခဲ့တာပဲ...
မင်းကလည်း ကမ္ဘာဟိုတစ်ဖက်ခြမ်း
ငါကလည်း သည်မှာဘက်ကမ်း
တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက
ဒီလိုပဲ တခန်းရပ်ရမလား...
အကြိမ်ကြိမ် လွဲမှားနေရခြင်းထက်
ဒီတစ်ခါ လွဲချော်မှုက
ငါ့ရဲ့ ရုပ်ခန္ဓာကိုသာမက
စိတ်ကိုပါ ဒဏ်ရာတွေနဲ့
အနာတရဖြစ်စေမလား...
ငါ ဝမ်းမနည်းချင်ဘူး
မင်းလည်းလေ လွမ်းရဲ့ပါအခု
ငါတို့ လျှောက်မယ့်လမ်းက
လွဲချော်နေမှုဆိုရင်လည်း
ချစ်သူအိမ်အမိုးနောက်၌ လ ပျောက်ခဲ့ခြင်း(နောက်ဆက်တွဲ)
အတိတ်နယ် ကာလများဆီ
ပြန်ပြန်ပြီး မျှော်ကြည့်လိုက်၇င်
မနေ့ကလိုပဲ အ၇ိပ်ထင်နေဆဲ
နှလုံးသား၇ဲ့ အိုအေစစ်
နွေနေမင်း၇ဲ့ ဆည်းဆာ
စွဲလန်းစွာ မက်ခဲ့ဖူးပြီ
စိတ်လွင်ပြင် အိပ်မက်များ
အခုဆို၇င်...
ခါးများ ခါးသွားပြီလား...
တစ်မြေခြားတဲ့အဝေးမှာ
ဘဝကို ထုဆစ်ဖို့
အုတ်မြစ်တစ်ခုကို လာချတုန်း
သုံးမိုး သုံးနွေလွန်မှ
ငါချစ်တဲ့ ဆ၇ာမလေးဆီ
ပြန်၇မည်မျှော်လို့
ခေါ်သံ သဲ့သဲ့နဲ့လိုက်၇ှာ
စိတ်ကူးယဉ် ကမ္ဘာလေးတစ်ခု
၇ှာဖွေလို့ဖြင့် မုချတွေ့ပါ၇စေ...။
ဘုန်းနိုင်ေ၇းတဲ့ လွမ်းချင်း
ချစ်သူ့အိမ်အမိုးနောက်၌ လပျောက်ခဲ့ခြင်း...တဲ့
ခံစားချက်နဲ့ အတွေး
ဦးနှောက်ကို အလုပ်ပေးသွားတယ်...
Wordsworth ၇ဲ့ Lucy
နှစ်ကာလ ကြာ၇ှည်မှ
ဖူးငုံနေသည့် မျှော်လင့်ခြင်းပန်း
မလန်းဝင့်ခင် နွမ်းလင့်ပြီင်္
လေနီိ၇ိုင်းကစားလို့
ကံကြမ္မာ၇ထားမှောက်
သေမင်း၇ဲ့ ထောင်ချောက်မှာ
လောကကို စွန့်ခွာလို့
ထါဝ၇ ငြိမ်းချမ်းခြင်းနဲ့
ဟိုအုတ်ဂူ သုဿာန်လေးမှာ
မှေးစက်၇ှာပြီ...။
ငြိမ်းသူ လည်း တစ်ကိုယ်ဆွေး
အလှမ်းဝေးတဲ့ လွမ်းနွယ်
ပန်းစံပယ် ငုံစဉ်ကတည်းက
ဥယျာဉ်မှူးလို ယုယခဲ့ပေါ့
နမ်း၇ှိုက်ဖို့ မ၇ဲလို့
နှစ်တွေတောင် ချို့ခဲ့၇
သုံးနှစ်ဆိုတဲ့ ကာလတိုက်စား
အခြေအနေတွေ ခြားခဲ့ပြီ
မျှော်လင့်ခြင်းကြီးစွာနဲ့ အလာခ၇ီး
၇င်နင့်ခြင်းနှင့် ဆီးကြိုလို့
နှောင်းခဲ့တဲ့ အချိန်ကာလမှာ
ပြောင်းလဲခြင်းဆိုတဲ့ သဘာဝကြောင့်
ချစ်သူသည် ဖူးစာဖက်နှင့်
ပျော်နေခဲ့ပြီ...။
ငါ၏၇င်ခွင်အိပ်မက်ေ၇ာ
ပျက်ယွင်းသွားမှာလား
ဥယျာဉ်မှူး ပန်းမခူး၇
စောင့်စည်းခဲ့၇တဲ့ သိက္ခာတ၇ား
နောင်တခါးခါးတွေဖြစ်လာခဲ့ပြီ...။
အတိတ်၇ဲ့ လွင်ပြင်ထဲမှာ
ငါ...မျောပါကျင်လည်ခဲ့စဉ်တုန်းက
အသုံးမကျတဲ့ အသိဉာဏ်ကြောင့်
ချစ်သူနဲ့ တွေဖို့ နောက်ကျခဲ့၇
စောင့်စားခဲ့၇တဲ့ နှစ်များစွာ
ငါ... ဘာတွေကို ဖြတ်သန်းခဲ့၇လဲ
ငါ့၇ဲ့ မျှော်လင့်ခြင်းမှတ်တမ်းမှာ
မျက်၇ည်မင်တွေစွန်းပေလို့
၂ဝဝဝ ပြည့်နှစ်များဆီကနေ
ဆယ်ကြိမ်မြောက် နှစ်သစ်ကူးခဲ့
အသက် တစ်ဆယ့်ခြောက်နှစ်
အထက်တန်းကျောင်းသူဘဝ
ငါ... မြတ်နိုးခဲ့၇သူ
အခုဆို...
မူလတန်းပြ ဆ၇ာမလေး
နှစ်ဆယ်ခြောက်ကြိမ်မြောက်မွေးနေ့ကို
သူမ...နွေးထွေးစွာ ကြိုခဲ့ပြီ...
နှစ်ပေါင်းများစွာ ကြာခဲု့ပါလျှက်
မိုင်ပေါင်းများစွာ ခြားထားလျှက်က
ငါ့၇ဲ့ ဦးနှောက်မှတ်ဉာဏ်မှာ
နေ၇ာယူလို့ထားတုန်း
မျှော်လင့်ခြင်းနဲ့ အိမ်ပြန်ချိန်
လွမ်းနွယ် လိုများ
အို... ဘု၇ားသခင်
ကျွနုင်္ပ် ဘယ်လို ဆက်လက်၇ှင်သန်၇ပါ့..
အိပ်မက်ေ၇းေ၇းလေးနဲ့ ၇ပ်တည်နေခဲ့
မျှော်လင့်ချက်များစွာ
ဟာတာတာ ၇င်ခွင်
ကြမ္မာများ ငင်ခဲ့၇င်ဖြင့် 
သူမ၇ဲ့ အမုန်း
ငါ၏ ဘဝကို အဆုံးသတ်လိမ့်...
ိစိတ်၏ခြေ၇ာနောက်
တကောက်ကောက်လိုက်၇င်း
နောက်ကောက်ကျခဲ့၇တဲ့ နေ့စွဲများ
လွဲချော်မှုတွေကြားမှာ
အမှားတွေများ ပါခဲ့၇င်
သူမ နားလည်ခွင့်လွှတ်ပေးနိုင်ပါ့မလား...
ဆုံး၇ှုံးခြင်းဆိုတဲ့ ၇လဒ်
အိပ်မက်တောင် မက်ဖို့မ၇ဲ
အထီးကျန်ဆန်တဲ့ နယ်မြေထဲမှာ
ငါ့ဘဝ အကျည်းတန်လို့
ချို့ယွင်းချက်တွေ...
အိပ်မက်တွေကို ဖျက်ချေမွ
(ကိုယ်တိုင်)...၇င့်ကျက်လာခဲ့ပြီးမှတောင်
နှလုံးသားမှာ အနာမကျက်
နေ့စဉ်၇က်ဆက် အလွမ်းတွေနဲ့ ကျင်လည်
သူစိမ်းတွေ၇ဲ အလယ်မှာ
စိတ်ကူးတွေယဉ် အိပ်မက်တွေမက်
မျှော်လင့်ချက်တွေက ၇ှင်သန်မြဲ
၇ှင်သန်လို့ နေဆဲပါ...။
သေချာတာ တစ်ခုက
၇ူးသွပ်၇ုံသက်သက် မဟုတ်ဘဲ
အမြစ်တွယ်နေတဲ့ နှောင်ကြိုး
မကျိုးပြတ်နိုင်တဲ့ သံယောဇဉ်
တည်ငြိမ်နေတဲ့ နှလုံးသားနဲ့
၇ိုးသားစွာ မြတ်နိုးတာမို့
အဆိုးထဲက မျှော်လင်းခြင်းပန်း
ငါ့အတွက် ပွင့်လန်းနိုင်ပါစေ...
တောင်းဆုခြွေ၇င်း
ကိုယ်တိုင် မပေးဖြစ်လိုက်တဲ့
မွေးနေ့လက်ဆောင်
ကံကြမ္မာေ၇...
ေ၇ာက်အောင်ဆောင်ကြဉ်းပေးပါ...
၇ာစုအသစ်တစ်ခုမှာ
သူမ ၏မျက်နှာလေးကို
အနီးကပ်မြင်ခွင့် ရ ရပါလို၏...။ ။
ဖြစ်တည်မှု အဇ္ဇုတ္တ(ဝန်ခံခြင်း)
မေတ္တာတရားရဲ့
အခြေခံ စိတ်ထားပါ...
ဒါကို မသိခင်
ငယ်စဉ်က
ခွင့်လွှတ်ခြင်း ဆိုတာ
အရှုံးပေးခြင်းပဲ လို့
ထင်ခဲ့တယ်.....။
ကလေးတစ်ယောက်ရဲ့
နုနယ်တဲ့ ရင်မှာ
ခွင့်လွှတ်ခြင်းရဲ့
ငြိမ်းအေးမှု ရောက်မလာဘဲ
သိမ်ငယ်ကြောက်မက်ဖွယ်
အထီးကျန်မှုကိုသာ
ရခဲ့တယ်.....။
တစ်ယောက်တည်း
ငြိမ်းချမ်းတည်ငြိမ်နေတာ
မဟုတ်ပါဘူး
ဒါဟာ...
ကြောက်လန့်နေတာ
ရှက်ရွံ့နေတာ
တုန်လှုပ်နေတာ
အဲဒီ...
ငြိမ်သက်အေးချမ်းတဲ့
လှုပ်ရှားမှုတွေရဲ့ နောက်ကွယ်မှာ
ကြောက်မက်ဖွယ်
ချောက်ကမ်းပါးကြီးတွေ
ရှိခဲ့တယ်.....။
ခွင့်လွှတ်ခဲ့တာလား
(ဟင့်အင်း...)
ဘယ်လိုမှ
တုန့်ပြန်ချေပနိင်စွမ်း မရှိလို့
ခေါင်းငုံ့ပြီး
အရှုံးပေးခဲ့ရတာ.....။
နူးညံ့ခဲ့တာလား
(ဟင့်အင်း...)
အရာရာကို
ဆုံးရှုံးရမယ်ဆိုတာ
သိနှင့်နေလို့
စိတ်ကို ဖော့ထားလိုက်ရတာ.....။
သည်းခံခဲ့တာလား
ပျောက်ဆုံး ဗီဇာ (သို့) ပြည်တော်ဝင်ခွင့် ၅
ချစ်ခွင့်မ၇ှိတဲ့သူကို
ချစ်ခွင့်မ၇ခဲ့သူတစ်ယောက်အနေနဲ့
ချန်ခဲ့သူ တမင်လွမ်းပေမယ့်
ကျန်ခဲ့သူ သခင်တမ်းမယ်လို့
မှန်းစိတ်ပင် ဘဝင်မ၇ဲတယ်ပေါ့
၇င်ဘက်ဟက်တက်ခွဲလို့ အဝေးကိုနှင်
အဆွေးပိုလျှင် တမင်ေ၇ှာင်ပုန်း
သည်တောင်ကုန်းကို မောင်မကျော်နိုင်
ပြည်တော်ထံ အပြန်ခက်ချည်၇ဲ့
သခင့်၇ဲ့ လက်ကမ်းအကြိုမှာ
၇ှက်၇မ်းပို ငိုမိမှာပေါ့
သည်တစ်ခါ မျှော်လင့်တော့လည်းလေ
အတွေးတွေ ဝင်ကာနှိပ်စက်
အိပ်ပျက်၇ ညပေါင်းလည်းများခဲ့ပြီ...
ပြည်နှင်ဒဏ်ခတ်တဲ့ သခင်ေ၇
မဲဇာမြေမှာ သည်ဖေတစ်ကိုယ်တည်း
တိမ်ညိုတွေ သည်းသည်းမည်းမည်းငိုချ
မြစ်ပြင်ကျယ်မှာ လက်ပစ်ကူး၇စေတော့
သည်တစ်ခါတော့ဖြင့်ကွယ်
သခင်မထံ အေ၇ာက်လှမ်းတော့မယ်လို့
စိတ်ဝယ် တထစ်ချ ဆုံးဖြတ်ပြီးကာမှ
(ကံကြမ္မာသွေဖည်လို့သာ၇ယ်)
ဗီဇာက ပျောက်ဆုံး...။ ။
ပြည်တော်ဝင်ခွင့် ၎
နေပူလည်းလွမ်းတယ်
မိုးရွာလည်းလွမ်းတယ်
နှင်းကို မြင်ခွင့်မရတဲ့သူမို့
ဆောင်းမှာ မချမ်းပေမယ့်
လွမ်းတယ် လွမ်းတယ်
သုံးရာသီ မလွမ်းရလို့
နေပူပူ မိုးရွာရွာ
ဒီနှစ်ရာသီမှာပဲ ပတ်လွမ်းရင်း
အေးစက်ထုံကျင်နေတဲ့ နှလုံးသား
ခိုက်ခိုက်တုန်အောင် ချမ်းရှာပေါ့
ဘယ်တော့များမှ ဆောင်းရင်ခွင်မှာ
တဖန်ခိုလှုံဖို့ အခွင့်ရမှာလဲ...?
ပြည်တော်ဝင်ခွင့် (၂)
ဝေးကွာခဲ့ပြီ...
ရေမြေတွေခြား နိုင်ငံခြားမှာ
ခံစားချက်မဲ့ အသက်ဝိညာဉ်
သူပင်ပိုင်စိုး အိပ်မက်ခိုးသူ
မူယာနှင့်ဆွယ် မာယာကြွယ်သည့်
ချစ်ဦးသခင် ချစ်ဖူးချင်ခဲ့
သို့ပေမယ့်လည်း...
ဝဋ်ကြွေးကြမ္မာ ရက်စက်လာပေါ့
ညှာတာမှုကင်း ငါ့ချစ်ခြင်းအား
စစ်ခင်းကစား သနားမဖက်
လှည့်စားရက်သူ ရက်စက်မှတော့
ကွဲအက်အသည်း တစ်မြေတည်းမှာ
နေရဲပါဘူး...
စွန့်ခွာထွက်ပြေး ဟိုအဝေးမှာ
အလုပ်ရှာ၍ နေ့ရက်ကုန်စေ
ဒဏ်ရာပြေပြီး ဝေဒနာခမ်း
နှလုံးလမ်းမှာ ပန်းတွေဝေမှ
ငါပြန်ရမည်...
ပြန်မည့်ရက်မျှော် မပျော်ရှာဘူး
စူးဆဲရင်အုံ သည်းခြေယိုစိမ့်
ဟိုအတိတ်က အိပ်မက်သစ်ဖို့
နှစ်အချို့ကို ဘယ်လိုဖြတ်သန်း
မလွမ်းရဲပြီ...။ ။
ဗီဇာ(ပြည်တော်ဝင်ခွင့် ၁)
ရင်ခုန်သံအသေတွေနဲ့
ငါ...
ထွက်ပြေးလွတ်မြောက်ခဲ့တယ်
စက်ရုပ်လို
အသက်မဲ့လှုပ်ရှားရင်း
ငါ့စိတ်ဓါတ်တွေရင့်ကျက်ကြီင်္းပြင်းဖို့
ယေဘုယျကွဲလွဲချက်တွေနဲ့
ငါ...
လွင့်ထွက်စီးနင်းလိုက်ပါ
တကယ်တော့လည်း
အချိန်ကာလဆိုတာ
သမားတော်အစစ်မှမဟုတ်ခဲ့တာ
ဒီတော့လည်း
ကြိုဆိုသူမရှိမယ့်
နှလုံးသားကင်းမဲ့ဇုန်ကို
ဘယ်လိုရင်ခုန်မှုမျိုးတွေနဲ့
ငါ...
ပြည်တော်ပြန်ဝင်ရမှာလဲ...။
တောက ကိုရင်
မိုးခါးရေ
မချစ်၇ဲတဲ့ ယောင်္ကျားတစ်ယောက်အနေနဲ့
စစ်ပွဲတစ်ပွဲ၇ဲ့ အနိုင်အ၇ှုံးလို
လက်နက်ကိုင် ယှဉ်ပြိုင်ဖို့ လိုအုံးမလား
မင်းကလည်း မာယာဓါးတစ်လက်နဲ့၇င်ဆိုင်
ငါကလည်း ၇ိုးသားမှု ဒိုင်းတစ်လက် ကိုင်ဆွဲ
အဲဒီပွဲအဖြေက ဝမ်းနည်းကြေကွဲခြင်းဆို၇င်...
ငါ့ကိုလေ နင် အပြစ်မတင်ပါနဲ့
ဘယ်သူ့ကိုမှလည်း မချစ်မကြင်နာခဲ့သူ
တစစ်စစ်၇င်မှာပူ အမုန်းတ၇ားကြောင့်
ချစ်ခွင့်ကို၇ှာသူ၇င်မှာ အငြိုးထားသလား
မင်းမှာ အချစ်နည်းသလို
ငါ... မချစ်ဘဲလည်း နေနိုင်တယ်လေ
မိုးခါးေ၇ကို မသောက်မိတဲ့သူ
လူတကာအလယ်မှာ ငါ အ၇ူး
သူများတွေထက် ထူးများနေသလား
အချစ်ကို ဆားခတ်သောက်
အထီးကျန်ခြင်းဆိုတဲ့ဝေဒနာပျောက်မယ်ဆို၇င်လည်း
ငါ့ဘာသာပဲ ဖျားနာမယ်
ခဲမှန်ဖူးတယ်ဆို၇ုံနဲ့
နှလုံးသားက ကွက်လပ်တစ်ခုအဖြစ်
တစ်သက်စာ လစ်ဟာသွားခဲ့တာလား
အချစ်က မာယာများတယ်တဲ့
ခပ်အေးအေးပဲ နေချင်တယ်
ကျေးဇူးပြုပြီး တံခါးလာမခေါက်ပါနဲ့
ချစ်၇မှာကို အလိုလို ကြောက်နေခဲ့တာ
ငါနဲ့ မင်း
ထပ်ပြီး စစ်မခင်းချင်ဘူးကွယ်
မြားနတ်မောင်က မလည်ဝယ်လို့
မချိန်၇ွယ်ဘဲ ပစ်လွှတ်ခဲ့မယ်ဆို၇င်တောင်
အဲဒီကောင်ကို ငါ ကျေးဇူးတင်မှာပဲ...
ငါက အကန်းတစ်ယောက်ဖြစ်ချင်ခဲ့တာကိုး....
တောက ကိုရင်
အလွမ်းမင်းသား
မလွမ်းတတ်လို့ အလွမ်းခက်တာလား
လွမ်း၇က်လို့ လှမ်းထွက်ခွာသလား
ကျွမ်းအသည်းက လွမ်း၇ဲတယ်ဆို၇င်တောင်
လမ်းခွဲမှာ အလွမ်းချည်းပဲ မပေးသင့်ဘူး
ဝမ်းနည်းတာ အ၇ိုးထဲကဆိုပေမယ့်
စွဲလန်းခဲ့သမျှ လမ်းခွဲကမျက်၇ည်နဲ့
နွမ်းလျလျနှလုံးသားကို ဆေး
အမုန်းများကို စတေးလိုက်ပြီလေ
အဝေးကြီးကို ပြေးပြီးမှ ပြန်မလာနဲ့
တေးညည်းကာ ကဗျာစပ်မယ် ကာ၇န်မဲ့အသည်း
တခါတခါ လွမ်း၇င်လည်း လွမ်းမယ်
မနွမ်းခင်က အကျွမ်းဝင်ခဲ့တဲ့ ချစ်ခြင်း
အလွမ်းဒဏ်သင့်ပြီး အလွမ်းပိုလှလို့
မကျွမ်းကျင်တဲ့နယ်မြေထဲ မျက်စေ့လည်ခဲ့၇တဲ့အဖြစ်
နောက်ဆုံး အလွမ်းကိုပင် ချစ်တတ်လာခဲ့
ဟောဒီ အလွမ်းနေ့၇က်၇ှည်တွေထဲမှာ
လွမ်း၇င်း လွမ်း၇င်း လွမ်းကာသာ လွမ်းနာကျ
အလွမ်းကိုမှ ခုံမင်တပ်မက်ခဲ့၇သူ
ပူလောင်မှုတွေကြောင့် အလွမ်းစာတွေနဲ့အမှာဆင့်
တစ်ကိုယ်တည်း အလွမ်းကမ္ဘာမှာ၇င်နင့်ခဲ့၇လို့
အလွမ်းကိုပင် ကမ်းပြိုတယ်ထင်ခဲ့
မလွမ်း၇ဲလည်း အလွမ်းထဲမှာနစ်မွန်း
ချစ်တတ်လွန်းသည့်၇င်က ၇ူးလောက်အောင်လွမ်းဆဲမို့
ကိုယ်တိုင်ေ၇းတဲ့ အလွမ်းဇာတ်မှာ
အဖော်မ၇ှာ အလွမ်းမင်းသား၇ယ်လို့
ကြေညာကာ လွမ်း၇င်းဖျားနာခဲ့...
အလွမ်းတွေ၇ဲ့ နှစ်ပတ်လည်
ဆယ်စုနှစ်တစ်ခုတောင် စွန်းခဲ့ပြီလေ...။ ။
<---ခရီး.--->
ခြားနေတာက အမှန်
မှားနေတာက ကံကြောင့်ဆို၇င်
အမှန်ပြင်ဖို့ အခွင့်၇ှိမလား...
အားနည်းချက်နဲ့ အသက်၇ှင်
ဘယ်နေ၇ာတွင်ပဲ ၇ပ်၇ပ်
သိမ်ငယ်မှုက အ၇ိပ်လို
တွယ်ကပ်နေတတ်တယ်လေ...
သေသေချာချာ ချိန်၇ွယ်ပြီးမှ
လေးညှို့ကို လွှတ်လိုက်တာပါ
ဓူဝံ၇ဲ့ မြားအထ္တုပ္ပတ္တိမှာ
ပစ်မှတ်ကိုလွဲသွားတာ ဘာကြောင့်လဲ...
မြားတစ်ချောင်း၇ဲ့ ၇င်ခုန်သံနဲ့
ယောနသံကို အပျံသင်ခိုင်းမိတဲ့သူ
လှိုင်းထက်က လူးလွန့်လှေလို ကူကယ်၇ာမဲ့
သည်ပင်လယ် အကူးခက်ပြီလေ...
ဆူးချက်တွေ ၇င်ဘတ်အပြည့်
နှလုံးသားက အဆိပ်နက်ဖုံး
မောဟတွေကို စားသုံးနေခဲ့၇တာ
ဆယ်စုနှစ်တစ်ခုတောင် ကြာ...ခဲ့...ပြီ....ပဲ...။ ။
ပျောက်ဆုံးခြင်း
နှင်း၏ညက်ညော
သည်ဆောင်းတောပင်
မပျော်ချင်ဘူး...။
နွေဦးရင်ငွေ့
လောင်ကျွမ်းမြေ့စေ
ဆယ်နေ ပူပြင်း
မိုးမင်းမရွာ
အာကာ မှောင်ဖုံး
ညလုံး ကြယ်ပျောက်
လရောင် နောက်ကျိ
နေမထိ ပန်း
မစိမ်းလန်းဘူး...။
အရူးတပိုင်း
သေရည်မှိုင်းမိ
လှိုင်းဒဏ်ပိသည့်
ရွက်မရှိလှေ
လူးလွန့်နေသို့
မီးအိမ်ရှင်နှင် ပတ်သတ်၍
ချစ်ရပါသော မီးအိမ်ရှင်
ညတွေဆို အမှောင်က ကြီးစိုးဆဲ
(ညပါဆိုမှ မှောင်တော့မပေါ့...)
တောင်းပန်ပါတယ် မီးအိမ်ရှင်...။
အလင်းကို လုံးချေပြီး ဖန်လုံအိမ်ထဲထည့်
ငါ့နှလုံးသားမှာ မီးသီးတပ်ဖို့ ကြိုးစားခဲ့တယ်...
ဗို့အားနည်းခဲ့တာ ဘယ်သူ့မှာ တာဝန်ရှိသလဲ....။
ပန်းတစ်ပွင့်ကို ခူးပြီး စုတ်ချက်တင်လိုက်ရုံနဲ့
ငါ့ရင်တွေ ဝုန်းဒိုင်းကြဲ ခုန်နေခဲ့တယ်ဆိုရင်
မင်း... ယုံချင်မှ ယုံလိမ့်မယ် မီးအိမ်ရှင်...။
ကောင်းကင်ကို ကျော်ကြည့်လိုက်မှ
ငါ့အိပ်ခန်းက ဘယ်လောက်ကျဉ်းတယ်ဆိုတာ
လက်တွေ့ ငါ သိလိုက်ရတယ်...
(မနေ့က) အတိတ်ကို ငါမမေ့သေးဘူး မီးအိမ်ရှင်...။
ရင်ဘတ်နဲ့ ဖွာပြီး နှလုံးသားနဲ့ ရှိုက်ခဲ့တဲ့
မီးအိမ်ရှင်... မင်းအငွေ့က ညှော်နံ့သင်းနေသလား
ဘာလို့ ငါ့တစ်ကိုယ်လုံး လေထဲ ပါသွားရတာလဲ...
အသိစိတ်တွေ ဖောက်ပြန်နေတာ ငါသိတယ်ဆိုရင်
မင်း... ဟက်ဟက်ပက်ပက် ရယ်ပစ်လိုက်ပါ မီးအိမ်ရှင်...။
အဲဒီနေ့ မနက်ခင်းမှာ စီးချင်းထိုးခဲ့ကြတဲ့
ငါ့မျက်ဝန်းက နှင်းစက်တွေကို
မင်းမျက်ဝန်းက မီးခတ်ပစ်လိုက်တာလား မီးအိမ်ရှင်
တို့နှစ်ယောက်လုံးလည်း နားမလည်လိုက်ကြဘူးလေ...။
အရုဏ်မှာ ဆည်းဆာရှိသလို
ဆည်းဆာမှာလည်း အရုဏ်ဆိုတာ ရှိမှာပေါ့
ဘာလို့များ မင်းက ပေါင်းစုံစေခဲ့တာလဲ
သဘာဝကို မင်း မဖန်တီးချင်ပါနဲ့ မီးအိမ်ရှင်...
ငါ့ရင်ငွေ့နဲ့ ငါ့ကိုယ်ငါ ချွေးသိပ်ခွင့်ပြုပါ...။
လောင်စာတွေ ထပ်ပြီး မလိုအပ်တော့လောက်အောင်
ငါ့ရင်ခွင် မီးတောက်က အရှိန်ကောင်းနေခဲ့တာ
ကြာပြီ....တကယ်ကို ကြာခဲ့ပါပြီ မီးအိမ်ရှင်...။
ဟိုယခင်ဆိုတာ ထည့်မပြောချင်တော့လောက်အောင်
အရင်က ဇာတ်ကြောင်းတိုင်း အတိတ်ဖြစ်သွားတယ်ဆိုရင်
ဘာလို့များ ကိုယ်ကိုယ်ကို နာကျင်စေခဲ့တာလဲ
မင်းပါးစပ်က မမေးလိုက်ပါနဲ့ မီးအိမ်ရှင်...။
ပစ္စုပ္ပန်ရဲ့ အတိတ်ဆိုတာ
ပိုဝေးတဲ့ အတိတ်တစ်ခုရဲ့ အနာဂါတ်ပဲလေ
ငါ့ရင်ကို မခွဲပါနဲ့ မီးအိမ်ရှင်...
ရင်ကွဲတယ် ဆိုတာ လူကြားကောင်းယုံပဲ ရှိတာပါ...။
တစ်ခုတော့ ရှိတယ် မီးအိမ်ရှင်...
မင်းဟာ နီရိုဘုရင်ကြီး မဟုတ်သလို
ငါ့ရင်ဟာလည်း ရောမမြို့ကြီးမဖြစ်နိုင်ပါဘူး
ဒါပေမယ့်.....
လူမမြင်နိုင်တဲ့ မီးတွေ တဝုန်းဝုန်းတောက်လောင်နေတုန်း
မင်းနှုတ်ဖျားက ဘာလို့များ တယောထိုးနေခဲ့တာလဲ...။
အတောင်ကျိုးနေတဲ့ ငှက်တစ်ကောင်ကို
တောင်ပံတွေခတ်ဖို့ မင်းဖိအားတွေ ပေးခဲ့သလား
ပတ်သတ်မှုတစ်ခုရဲ့ နောက်ကွယ်မှာ
အငြှိုးတစ်စုံတစ်ရာကို ငါမြင်လိုက်ရတယ် မီးအိမ်ရှင်...။
ငါလေ...
.............။ ။
မီးအိမ်ရှင်နဲ့ ပတ်သတ်သမျှ
မီးအိမ်ရှင်နှင့် ပတ်သတ်၍ (၂)
မီးအိမ်ရှင်...ငါ့ရင်ကို လင်းစေချင်သတဲ့လား
ညဘက်မှာ နေထွက်ခိုင်းလို့မှ မရတာ
လရိပ်တစ်ခုနဲ့ ငါ့ကို လာပြီး နှုတ်မပိတ်ပါနဲ့
ငါ့ဘာသာ ငါ့ဆန္ဒနဲ့ နှုတ်ဆိတ်နေခဲ့တာပါ...။
ငါ့ဘေးမှာ မင်းအမြဲရှိနေခဲ့တယ် ဆိုပေမယ့်
မင်းရဲ့အနီးမှာ ငါဘယ်တုန်းကမှ နေခွင့်မရခဲ့ပါဘူး
ကောက်ရိုးကိုမှ မီးရှို့ပစ်ခဲ့တဲ့ မင်း
ငါ့ရင်မှာ ထင်းလာကောက်ပါအုံးလား မီးအိမ်ရှင်...။
အပြုံးတုတစ်ခုရဲ့နောက်ကွယ်မှာ
လူတွေအားလုံးရဲ့ အမုန်းကို အန်တုပစ်ရဲ့ခဲ့တဲ့ငါ့ကို
မင်း......ငြိုငြင်သွားတာလားဟင်...မီးအိမ်ရှင်...။
ငါ့နေ့သစ်ရဲ့ မနက်ခင်းတွေက ရီဝေဝေ
နေရီရီက ညနေစောင်းသွားခဲ့တာတောင်
အလင်းက မွန်းတည့်လို့ ကောင်းနေတုန်း
ကြယ်တွေ လတွေ ဆိတ်သုဉ်းသွားတာလား... မီးအိမ်ရှင်။
ဆူးပင်တွေကို စိုက်ပျိုးပြီး ဆူးမိုးတွေ ရွာချ
ဆူးခက်တွေ ဝေတော့မှ ငါ့ရင်မှာ ဇကာလာချပါ
အရာအားလုံးဟာ အမှတ်ထင်ထင်နဲ့
အမှတ်တမဲ့ ဖြစ်သွားခဲ့ရတယ်လို့ မင်းပြောရဲသလား မီးအိမ်ရှင်...။
နေခြည်ရဲ့ အလင်းစက်ကို သောက်ရုံနဲ့
ငါ့ရင်ဟာ မီးတောက်ခဲ့ရဆိုရင်
မင်း... ရင်ခုန်သွားအုံးမယ် မီးအိမ်ရှင်...။
နှင်းသက်လို့ ရွက်ကြွေမယ်ဆိုရင်တောင်
မိုးစက်တွေကို လက်ခုံနဲ့ သုတ်ပြီး
ငါ့အာရုံတွေကို မျက်လုံးမှိတ်ခိုင်းထားလို့ ရပါတယ်...။
တိမ်တိုက်တွေ ကောင်းကင်ယောင်ဆောင်ကြသတဲ့
အိပ်မက်တွေ တိုက်ခတ်ပစ်လိုက်တာ
ငါ့နှလုံးသားက လေနှင်ရာပါသွား
မင်းက မုန်တိုင်းတွေ ဆင်အုံးမှာလား မီးအိမ်ရှင်...။
ဆောင်းဦးမှာ နွေလာသက်ကြေးဆိုရင်လည်း
အဲဒီ အလင်းစက် တစ်မှုန်နှစ်မှုန်ကြောင့်
မင်းဆံနွယ်မှာ ခ ခဲ့တဲ့ နှင်းစက်တွေ ခိုက်ခိုက်တုန်နေတာ
ငါ့မျက်ဝန်းမှာ ဘာလို့များ ဒဏ္ဍာရီဖွဲ့သွားရတာလဲ...။
လေဟာပြင်မှာ တံခါးလာမခေါက်ပါနဲ့ မီးအိမ်ရှင်
နံရံမရှိတဲ့ တံခါးကို ဖွင့်ရမှာ ကြောက်နေခဲ့တဲ့ငါ
ဘူတာပျောက်နေတဲ့ ရထားတစ်စင်းမှာ လိုက်ပါရင်း
မဆုံးတဲ့ ဥမင်ခရီးတွေကို ခုတ်မောင်းနေဆဲဆိုတာ...။
သူတို့တွေလည်း ချမ်းနေရှာရော့မယ် မီးအိမ်ရှင်
ရေခဲပြင်ပေါ်မှာ ဆီးနှင်းတွေနဲ့အတူ မီးလှုံဖို့
ငါ့နှလုံးသားကို ငါ့အသွေးအသားတွေနဲ့ ဖျန်းပြီး
မင်းအတ္တတွေ လန်းသွားအောင် အနွေးဓါတ်ပေးခဲ့တာပါ...။
သိုးငယ်က ဝံပုလွေရေ ခြုံလို့
ကျားကို မိတ်တွေဖွဲ့ဖို့ ကြိုးစားခဲ့တာ ဆိုရင်
မင်းရော အစွယ်ထွက်နေပြီတဲ့လား မီးအိမ်ရှင်...။
ကျားသေရင် သားရေကျန်တယ်ဆိုပေမယ့်
ငါ့နှလုံးသားကို ရက်ရက်စက်စက် သတ်ပစ်လိုက်တာ
မင်း... ဘာတွေများ ရလိုက်လို့လဲ
သေတမ်းစာရေးဖို့ ငါမေ့သွားတယ် မီးအိမ်ရှင်...။
ငါလေ....
..................................။ ။
မီးအိမ်ရှင်နှင့် ပတ်သတ်သမျှ
တောက ကိုရင်
မီးအိမ်ရှင်နှင့် ပတ်သတ်၍ (၃)
ချစ်ရပါသော မီးအိမ်ရှင်...။
မြေပြင်ပေါ်မှာသာ ငရဲရှိမယ်ဆိုရင်
အချစ်ကြောင့် ဝမ်းနည်းကြေကွဲနေတဲ့
နှလုံးသားတစ်ခုမှာပဲ ရှိလိမ့်မယ်..တဲ့
မင်းကို လွမ်းနေတာတစ်ခုပဲ ငါ သိလိုက်ရတယ် မီးအိမ်ရှင်...။
ကိုယ့်ခေါင်းကိုယ် ပြန်မစမ်းချင်တော့လောက်အောင်
မျက်ကန်းကို သန်းခေါင်မှာ လမ်းလျှောက်ခိုင်းခဲ့တဲ့မင်း
လူအတစ်ယောက်ရဲ့ အိမ်မက်ကို
သီချင်းအဖြစ် နားဆင်ချင်သေးတာလား မီးအိမ်ရှင်...။
ဟန်ဆောင်တယ်ဆိုတာ တစ်စုံတစ်ခုကို ဖုံးကွယ်ချင်လို့တဲ့
ဒီဇာတ်ရုပ်ကို မင်းမပိုင်သေးပါဘူး မီးအိမ်ရှင်
ငါ့ကို လိမ်ညာဖို့သက်သက် မုသားတွေ သုံးခဲ့ရတယ်ဆိုရင်
ငါ့ကိုယ်ငါ အပြစ်တွေ တင်နေမိလိမ့်မယ်....။
ဆောင်းတစ်ခုမှာ နားခိုခဲ့ဖူးတဲ့ နှင်းတစ်စက်လို
ငါ့ကို မင်း ဧည့်ဝတ်ကျေဖို့ ကြိုးစားခဲ့တာလာ...
မလိုအပ်ပါဘူး မီးအိမ်ရှင်...
မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်လို
မင်းငါ့ကို လျစ်လျူရှုထားလို့လည်း ရတယ်လေ...။
ဥပေက္ခာကိုတော့ အလွဲသုံးစား မလုပ်ပါနဲ့ မီးအိမ်ရှင်
ခံစားချက်တွေ ရင်ပွင့်ထွက်လာတဲ့အခါ
မင်းတစ်ယောက်တည်း နာကျင်ရမှာ ငါစိုးရိမ်တယ်...။
တဖြည်းဖြည်း နာပြီးမှ ရုတ်တရက် ကျင်တက်သွားသလိုမျိုး
ညင်သာစွာ မွန်းနေခဲ့ပြီးမှ ဝုန်းဒိုင်းကြဲပြီး ကြပ်သွားတဲ့
အဲဒီလို နာကျင်မွန်းကြပ်မှုမျိုးနဲ့
ငါ့ကို နာနာကြည်းကြည်း အလဲထိုးပစ်လိုက်တာလား မီးအိမ်ရှင်...။
အပေါ်ယံအကာတွေကို ပြောင်းလဲပစ်လိုက်ရုံနဲ့
အတွင်းက အနှစ်သာရတွေ သစ်သွားမယ်လို့များ
မင်းစိတ်ထဲမှာ တွေးထင်နေခဲ့တာလား မီးအိမ်ရှင်...
ခံစားချက်ဆိုတာက ပေါ်ပင်မဟုတ်ဘူးလေ...။
မင်းရဲ့ တစ်ပတ်ရစ်နှလုံးသားမှာ
တစ်ချိန်က မြူမှုန်လေးတစ်မှုန် (ငါ) ကပ်ငြိဖူးတယ်ဆိုတာကို
မင်းရော ငါပါ ကိုယ်စီ သိခဲ့ကြတယ်လေ မီးအိမ်ရှင်...။
နဖူးပေါ်လက်တင်လိုက်ရုံနဲ့
အာရုံတွေ အမှောင်ဖုံးဖုံးသွားတာ ဘာကြောင့်လဲ
ငါ့နားထင်သွေးကြောတွေ ကြွတက်လာတာပဲ
ခံစားသိနဲ့ ငါသိလိုက်ရတယ် မီးအိမ်ရှင်...။
ပင်လယ်ရေက ဘယ်တော့ခမ်းမှာလဲ...တဲ့
နွေသောက်တဲ့ စမ်းက သောင်ထွန်းလို့
ဟိုဘက်ကမ်းကို ကူးဖို့ ကြိုးစားခဲ့တာလား မီးအိမ်ရှင်
ရေတိမ်မှာ နစ်ခဲ့လို့ ငါ့ကိုယ်ငါ ဆယ်ရခက်ခဲ့တာပါ....။
ကမ္ဘာတစ်ခြမ်းက လိပ်ပြာအတောင်ခတ်တာ
ဒီမှာဘက်ကမ်းမှာ မုန်တိုင်းတွေ တိုက်သတဲ့
အရာအားလုံး မင်းနဲ့ မသက်ဆိုင်ဘူးတဲ့လား မီးအိမ်ရှင်ရယ်
လေနှင်ရာလွင့်ပါခဲ့တဲ့ တိမ်တိုက်ကဘယ်ဆီကို ဦးတည်ရမှာလဲ...။
ငါလေ...
ကိုရင်၏ ကောက်ကြောင်းများ
နည်းနည်းသိတဲ့သူတွေက ကို၇င်တစ်ကောင် ခပ်ကြောင်ကြောင်တဲ့
၇င်းနှီးတဲ့သူတွေက ကို၇င်လူထွက် ငပိချက်တဲ့
သူငယ်ချင်းတွေက ကို၇င်တစ်ပါး ခပ်ကြွားကြွားတဲ့
ကောင်မလေးတွေကပြောတော့ မနက်ဘူးသီး ညဘူးသီးတဲ့
၇ည်းစားကပြောတော့ လက်ညှိုးတောင်မကိုက်တတ်တဲ့သူတဲ့
အပျိုကြီးကပြောတော့ ကို၇င်ကျန်စစ်တဲ့
ပြည်တော်ဝင်ခွင့်တောင်းတော့ ဗီဇာက Invalid တဲ့
မင်းသမီးလေးကပြောတော့ ၇ာဇဝင်ထဲက ပဋိက္ခယားတဲ့
တစ်ချို့ကပြောတော့ အလွမ်းမင်းသားတဲ့
တစ်ချို့ကပြောတော့ အလွဲမင်းသားတဲ့
ကို၇င်ကပြောတယ် ကို၇င်ဟာ ကို၇င်ပါပဲတဲ့လေ...
သိုးမည်းတစ်ကောင်၏ ဖြောင့်ချက်
အသည်းထဲကနာကျင် စိတ်ဒဏ်ရာတွေ လူမမြင်တော့
အဆိုးမြင်ဝါဒီတစ်ယောက်ရယ်လို့
အားလုံးက ဝိုင်းပြီးသမုတ်လိုက်ကြ
ကိုယ့်အတ္တနဲ့ ကိုယ့်လမ်းကိုယ်လျှောက်
စည်းအပြင်ကို လိုလိုရောက်ခဲ့ရသူ
လူသင်းကွဲတစ်ယောက်ရဲ့မာနက
မျှော်လင့်ချက်တွေကိုတောင် ဖြိုချဖျက်ဆီး
အနာဂါတ်ကိုတောင် မုန်းတီးတတ်လာခဲ့
အရာရာကို အရွဲ့တိုက်ချင်စိတ်က ထိန်းမရ
စိတ်ဓါတ်တွေ ဒေဝါလီခံခဲ့ရပြီးတဲ့နောက်
လူတွေကိုတောင် ကြောက်ကြောက်လာတယ်
ဖြစ်တည်မှုပဓါနရယ်လို့
ပကာသနဆိုတာကြီးနဲ့ လမ်းခွဲ
ယူဆချက်အလွဲ ယုံကြည်ချက်အမှားတွေနဲ့
ဘဝလမ်းမှာ စမ်းတဝါးဝါးလျှောက်
ခြေထောက်တွေလည်း အသားမာတက်ခဲ့ပေမယ့်
မရင့်ကျက်နိုင်သေးတဲ့ ကလေးကြီးလို
ဆေးမြီးတိုကိုပဲ အသည်းအသန်လိုက်ရှာ
ဝေဒနာက ရင့်သထက်ရင့်
မောဟတွေကြား နစ်သထက်နစ်လို့
တနင့်နင့်ရင် ဆူးချက်တွေကြောင့်
သွေးစို့လောက်တဲ့ဒဏ်ရာ
သွေးစမ်းရှင်ရှင် ဖြာကျတဲ့အထိ
ကိုယ့်ကိုကိုယ် ဝန်ပိစေခဲ့တာက အမှား
လူသားပဲလေဆိုတဲ့ အသိဥာဏ်နဲ့
မနက်ဖန်အတွက် အံကြိတ်အားတင်း
သန်းခေါင်က အရုဏ်ကျင်းဖို့ မေ့နေဆဲ...။ ။
မြားတစ်စင်း၏ ဂုဏ်သိက္ခာ
အငိုခက်တဲ့ မျက်လုံးတွေကို ပိတ်ပစ်
စိတ်ညစ်လို့ အ၇က်သောက်
လောကဓံကို ငါကြောက်သလား...
ထောက်ထားငဲ့ညှာမှုတွေနဲ့
၇င်ဘတ်တစ်ခုလုံး ဆူးတွေစိုက်ပျိုး
ငါ့ကိုယ်ငါ မ၇ိုးသားခဲ့သလို
ကိုယ့်စိတ်ကိုယ် လိပ်ပြာမသန့်တဲ့လူ...
ဘယ်သူတွေ ဘယ်လိုထင်ထင်
ငါ့၇င်တွင်းကို မြင်နိုင်တာမှ မဟုတ်တာ...
ွှနှလုံးသားက ကင်ဆာကိုကုဖို့
ဆယ်စုနှစ်တစ်ခုလုံး အိပ်ေ၇းပျက်
ခတ်ခဲ့တဲ့ တောင်ပံတွေလည်း ညောင်း
၇ည်မှန်းချက်တွေ ထောင်းထောင်းကြေမွ
ဘဝနဲ့၇င်းပြီး ချစ်ခဲ့၇တယ်ဆို၇င်ေ၇ာ...
ပစ်မှတ်ကို လွဲသွားတဲ့
မြားတစ်စင်း၇ဲ့ ဂုဏ်သိက္ခာ
လေးညှို့၇ှင်ကိုတော့ အားနာဖို့ ကောင်းတယ်...။ ။
တောက ကိုရင်
အေ၇ှ့အ၇ပ်ဟု ခေါ်သည်...
အထပ်ထပ်၇စ်ပတ်ထားတဲ့
သံယောဇဉ်ကြိုးက အဖြည်ခက်
ပြန်ပြော၇င်လည်း ၇င်ဘတ်က နာဦးမယ်
ကိုယ်တိုင် ၇ုန်းမထွက်ချင်လောက်အောင်
(သို့မဟုတ်)
၇ုန်းထွက်ဖို့ မကြိုးစားချင်လောက်အောင်
အာ၇ုံကြောတွေကို ယစ်မူး၇ီဝေစေခဲ့တာ
မင်း၇ဲ့ အချစ်တဲ့လား...ဟင်
ဒီမှာ မိန်းခလေး...
သူစိမ်းနှစ်ယောက်၇ဲ့ ၇င်းနှီးကျွမ်းဝင်မှုကို
မာယာနဲ့ ထုဆစ်ခဲ့မယ်ဆို၇င်တောင်
မင်းးကို ငါ အပြစ်မမြင်ပါဘူးကွယ်...
၇ိုးသားစွာ မှားခဲ့တယ်ဆိုအုံးတော့
အသုံးမကျတဲ့ အသိဉာဏ်က
အချစ်ကို ဦးထိပ်ပန်ချင်တော့လည်း
ခံပေါ့ကွာ... ... ...
အမှောင်ကမ္ဘာမှာ ကြီးပြင်းချင်တဲ့သူ
အလင်းကို ယူဆောင်ထွန်းညှိခွင့်ပေးဖို့
စေတန်မလေး၇ဲ့ နှလုံးသားမှာ
အားနာတတ်တဲ့စိတ်မှ မ၇ှိဘဲ..
ကဲ...ဒီတော့လည်း
အသည်းငယ်တဲ့ ၇င်ဘတ်ကြီးက
ထိ၇ှ ကွဲအက်...
အကောင်းအတိုင်းပြန်ဆက်ဖို့ဆို၇င်တော့
အနောက်က နေထွက်ခိုင်းမှပဲ ၇လိမ့်မယ်...
(တကယ်လို့များ
ငါက တန်ခိုး၇ှင်တစ်ဦးဖြစ်ခဲ့၇င်တောင်
နေကို မျက်နှာမူ၇ာအ၇ပ်ကပဲ ထွက်စေမှာပါ
ဘာလို့ဆိုလေ
မင်း၇ဲ့အမှတ်တ၇တွေကို
တစ်သက်စာ သိမ်းသွားချင်လို့ပဲပေါ့...။ ။)
ဝိညာဉ်တစ်ခုကို စားသုံးခြင်း
မိုးသက်တဲ့ လေနှင်
ငြှိုး၇က်လို့ မာန်ဆင်မှ
နွေ၇င်မှာခိုနား
ငှက်ခါးလေး၇ဲ့ငိုသံ
ဘယ်သူက ခံစားမလဲ...
နှစ်ကိုယ်ကြား ၇င်ကွဲခဲ့တုန်းက
မဲ့ပြုံးတစ်ချက်နဲ့နှုတ်ဆက်
လှုပ်ခတ်သွားတဲ့ မျက်ဝန်းမှာ
မာနတွေ အငွေ့ပျံလို့
ဝေဒနာ တချို့တဝက်နဲ့
စုတ်ချက်ကြမ်းတဲ့ဒဏ်၇ာ
ငါ့ကိုယ်ငါ ပြန်မ၇ှာ၇ဲလောက်အောင်
နောင်ကြဉ်စေခဲ့သလား...
အိပ်မက်က ခါးမှန်းသိလျှက်
မနက်ဖန်တွေကို မျက်ခြေဖြတ်ချင်ခဲ့တာ
၇င်ကန္တာ နွေသင့်
ကြွေခွင့်မ၇တဲ့ပန်း
နွမ်းလည်း နွမ်း လွမ်းလည်း လွမ်း
အသဲကျွမ်းတဲ့ လမ်းခွဲမှာ
ဝမ်းနည်းမှတ်တမ်းကို အလှဆင်
အကန်းတစ်ယောက်၇ဲ့ အမြင်နဲ့လား...?
အကြောင်းမဲ့ကုန်ဆုံးသွားတဲ့ နေ့၇က်တွေအတွက်
အမေ့ခက်တဲ့နှလုံးသားကို အားနာတယ်...။ ။
အရှုံး
တိမ်းရက်လို့ဖြတ်ခဲ့ပြီးမှ
ထွက်သက်ခြွေ အနမ်းတစ်စုံနဲ့
နှလုံးခုန်သံ သဲ့သဲ့ကိုလိုက်ရှာ
မင်းရဲ့ မာယာအတိမ်အနက်ကို
အိပ်မက်လိုတောင် မလွမ်းချင်တော့ဘူး...
အကျွမ်းမဝင်ခဲ့တဲ့ ချစ်မေတ္တာ
ခေတ်သစ်စူဠသုဘဒ္ဒါ မင်းသင်လို့တတ်ခဲ့
လူကဲခတ်ညံ့ခဲ့တာက ငါ့အပြစ်
မာယာလက်နှစ်သစ်နဲ့
မင်းရဲ့ဂီတစည်းချက်မှာ လွင့်....
မျော.....
အိပ်မက်တွေ အမောဖောက်တဲ့အထိ
ချစ်မိသည့်ဝန်တာ
ရိုးသားစွာ နုံအခဲ့ပြီးမှ
စတေးခံနယ်ရုပ်အဖြစ်နဲ့
(မင်းကို)
အောင်လံလွင့်ခွင့်ပေးလိုက်တာပါ...
လေလွင့်ငှက်ရဲ့ အိမ်ပြန်ချိန်
မနက်ဖန်ကို အားကိုးတကြီးရှာဖွေ
အိပ်မက်တွေကို သိမ်းထုပ်လို့
နှစ်ချို့နေတဲ့ သီအိုရီအဟောင်းတွေရဲ့
အပေါင်းအနှုတ်ကို ကြက်ခြေခတ်
မျက်ခြေဖြတ်ချင်ခဲ့တဲ့ မညီမျှခြင်းတစ်ခုအတွက်
အဇ္ဇုတ္တက အခုထိအိပ်စက်လို့ကောင်းတုန်း
မှိတ်ထားတဲ့မျက်လုံးထဲက မြင်ကွင်းတွေက
ကြာလေလေ တုန်လှုပ်ချောက်ခြား
ချောက်ကမ်းပါးက နီးသထက်နီးလာခဲ့...
ခရီးထွက်ခွာကာနီးမှ
လက်မှတ်ဝယ်မရတဲ့သူတစ်ယောက်လို
ကြုံရာနေရာက ခိုတွယ်စီး
အာရုံမှာ လျှပ်စီးလက်ခဲ့တာက
ဘဝအတွက် အရင်းအနှီးလိုအပ်တယ်
အချည်းနှီးနေ့ရက်တွေ ရှည်ကြာလွန်းလိုက်တာ
ကောင်းကင်မှာရေစီး မြေကြီးက မိုးရွာ
နေခြည်တွေမဖြာမှတော့
ကိုယ့်ကိုကိုယ်တောင် ကြောက်လာပြီ
ခြေဦးက ဘယ်ကို ဦးတည်နေတာလဲ
ကန့်သတ်ချက်တွေကလည်း ပြင်းလွန်းတယ်
အတိတ်ကိုတောင် ပြန်ပြီး မခန့်မှန်းချင်တော့ဘူး
ငါတစ်ယောက်တည်း အဦးဆုံးသွားပါရစေ
နောက်ကွယ်မှာ နေရစ်ခဲ့ကြ
အိပ်တန်းကို ရှာမရလို့
တောင်ပံတွေကို ဖြစ်ညှစ်ပြီးအားတင်းနေချိန်
မုန်တိုင်းက ခရီးပြင်းနှင်လာခဲ့ပြီ...။ ။
အိပ်မက် သခင်
၇င်ဆိုင်နိုင်အောင် ကြိုးစားနေ၇င်း
တမင်ချန်၇စ်လို့ထားတဲ့ အိပ်မက်အနမ်းတွေနဲ့
သခင်ပြန်ချစ်ဖို့ကိုလည်း မကြိုးစားလိုတော့
အမှားကိုတော့ ဝန်ခံသင့်တယ်ထင်၇ဲ့
လွင့်ပါခဲ့တဲ့ သစ်၇ွက်ကြွေတစ်ခုလို
လေအဟုန်မှာ စုန်ဆန်ကူး
ညပေါင်းများစွာ မူုးယစ်၇ီဝေ
သခင် မကြင်နာနိုင်၇င်လည်း
၇င်ကိုခွဲလို့ အဝေးကိုနှင်
နှလုံးသားကိုထုတ်....
တပါတည်း ယူငင်လို့သွားပါလေ
လာလှည့်ပါ မခေါ်ခဲ့သူမို့
ပြန်လှည့်ပါ မနှင်၇က်ပါဘူး
၇င်ကွဲပက်လက် တဆတ်ဆတ်နာကျင်
သခင်ပြန်မလွမ်းတဲ့
ဝမ်းနည်းမှတ်တမ်းအတိတ်ကို
ဇွတ်အတင်းမေ့ပစ်လိုက်၇န်မှတပါး
ခါးသက်သက် အိပ်မက်ဆိုးတွေကြောင့်
ဓါးထက်ထက်နဲ့ ၇င်ဘတ်ကိုထိုး
ဝေဒနာကို အသားမာတက် ၇င့်ကျက်စေလိုက်၇သလိုမျိုး
ပြည်တော်ဝင်ခွင့်ကို အကြိမ်ကြိမ်တင်သွင်းခဲ့ပေမယ့်
အခါခါပယ်ချ
အိပ်မက်တွေမလှပခဲ့တာလည်း
ဆယ်စုနှစ်တစ်ခုတောင် စွန်းတော့မယ်...
သခင်...၇ယ်ချင် ၇ယ်ပါ
သခင်...ပြုံးချင် ပြုံးပါ
အမုန်းမပါတဲ့ ၇င်နာခြင်းမျိုးနဲ့
တသက်လုံး နာကျင်ခြင်းက ဆိုးပါတယ်
တစ်နေ့တော့လေ...
သခင့် လက်လေးတွေကို ဆုပ်ကိုင်ခွင့်...
သခင့် ပခုံးလေးတွေကို ထွေးပွေ့ခွင့်..
သခင့် ပါးလေးတွေကို ယုယခွင့်...
သခင့် နှုတ်ခမ်းလေးတွေကို နမ်း၇ှိုက်ခွင်...
တစ်ကြိမ်လောက်တော့ ၇ချင်ပါသေးတယ်...
အခွင့်၇ှိခဲ့မယ် ဆို၇င်ပေါ့...။ ။
စိတ်ဒဏ်၇ာကို ကုသခြင်း
အမုန်းတ၇ားတွေ
အငြိုးတွေ အာဃာတတွေနဲ့
၇င်ဘတ်ထဲေ၇ာ
ဦးနှောက်ထဲေ၇ာ
နှလုံးသားထဲမှာပါ
ပြည့်နှက် မွန်းကြပ်နေတဲ့
သွေးဆာနေသူတစ်ဦးလိုမျိုး...
ခပ်ထုံထုံ ခပ်နန
အသိမကြွယ်တဲ့ လူနုံလူအတစ်ယောက်၇ဲ့
တုန်ယင်ချောက်ချားနေတဲ့ လက်ထဲမှာ
အချိန်မေ၇ွး ထပေါက်ကွဲနိုင်တဲ့
စနက်တံဖြုတ်ပြီးသား ဗုံးတစ်လုံးကို
မ၇ဲတ၇ဲ ကိုင်ထား၇သလိုမျိုး...
သေသေချာချာ စနစ်တကျ
မွေးမြူ ပြုစု ပျိုးထောင်ထားတဲ့
အတ္တတွေ မာနတွေ
ဒေါသတွေ မောဟတွေနဲ့
အရူးတစ်ယောက်၇ဲ့ စိတ်ဝိညာဉ်ကို
ခန္ဓကိုယ်ထဲ အဓ္ဓမဇာတ်သွင်း
ဝေဒနာကို ၇င့်ကျက်ကြီးပြင်းစေလိုက်၇သလိုမျိုး ...
လူလိမ္မာတစ်ယောက်၇ဲ့ မိုက်မဲမှုမျိုး
ပညာရှိတစ်ယောက်၇ဲ့ ကောက်ကျစ်မှုမျိုးနဲ့
တစစ်စစ်နာကျင်နေဆဲ ဒဏ်၇ာကို
အက်ဆစ်ပြင်းပြင်းနဲ့ဆေးကြောလိုက်၇သလိုမျိုး...
ိအဲဒီလိုနဲ့...
လောကကြီးကို အရွဲ့တိုက်
မနက်ဖန် မနက်မှာ
အတိတ်၇ဲ့ မျက်နှာကျက်ကိုဖွင့်
အိပ်မက်ဟောင်းကို နေ့သစ်မှာ ၇ွက်လွင့်ဖို့
စိတ်စေတသိတ်ကို အိပ်ဆေးခတ်
အမှောင်ကမ္ဘာထဲ
ငါ့ကိုယ်ငါ ဝကွက်အပ်လိုက်ပြီ...။ ။
နေ မိုးစက်
အချစ်ငတ်ခဲ့တာလား...
အပြစ်မဲ့တဲ့နှလုံးသားကို
အပြစ်ဖွဲ့ကာ ထားခဲ့မှတော့
ချစ်ခဲ့တာ အမှားပဲလို့
အားနည်းချက်ကိုအပြစ်မြင်
မချစ်ချင်လို့တမင်စိမ်း
ရင်ခွင်သစ်ကို ယိမ်းပြီတဲ့
အို...မိန်းခလေးရယ်
ကံနည်းတယ် ဆိုရုံနဲ့
အမှန်လွမ်းတယ် မပြောရက်သူမို့
အသက်တာ အတိုချုံးစေတော့
မောင်ဖုန်းလေ အစဉ်ပြုံးမယ်လို့
ရက်စက်တယ်လည်း မဆိုဝံ့ပါဘူး
ခိုခွင့်ရင် တ မိသူကို
ဟိုတောင်စွယ် နေကွယ်ကာပျောက်ရင်ဖြင့်
ရွှေဓါးရှင် သခင်မထံပါး
နှလုံးသားကို ဝကွက်အပ်
ပြစ်ဒဏ်ခတ်လို့ စီရင်ပါလေ.
ဥယျာဉ်မှုး
မပွင့်လန်းခင် သူ၏ရင်မှာ
ကြင်နာပါ၏...။
နေလေမိုးထဲ မညှိုးနွမ်းစေ
ရွက်နုဝေအောင် ချိန်မှန်ပေါင်းသင်
နှလုံးရွှင်၏...။
နူးညံ့သည့်ပန်း သူလက်ကြမ်းနှင့်
ငွားငွားစွင့်လျှက် ပင်ထက်ပွင့်လာ
ပီတိဖြာ၏...။
ပွင့်လာသည့်ပန်း မနမ်းရက်ပါ
အလှသာကြည့် တရိပ်ရိပ်နှင့်
အိပ်မက်နေမည်...။
ပန်းပျိုးသူလက် အခူးခက်လည်း
ဆုချက်ဒဏ်သင့် ပြစ်တင်ခွင့်ပင်
မဝံ့ရဲပါ...။
ပန်းသွေးရောင်စုံ ရနံ့ထုံမှ
ခူးဆွတ်ယူပန် ကေသာဆံထက်
မြင်ရက်နေမယ်...။
သူမြတ်နိုးလို့ သူမို့ပန်လေ
တင့်တယ်နေလျှင် မျက်ရည်ကြည်နှင့်
လွမ်းဝံ့ပါရဲ့...။
သူပျိုးသည့်ပန်း တစ်ပါးနမ်းမှ
ဘယ်ဘက်ကနာ မဖြေသာလင့်
ရင်မှာနင့်၏...။
ပန်လို နမ်းလို ခူးဆွတ်လိုလျှင်
သူရင်ခွင်ထဲ နှလုံးကွဲစေ
ခွင့်ပြုနေမည်...။
သို့ပေမယ့်လေ ခူးယူခြွေချ
မြေမှာခ၍ ခြောက်သွေ့ညှိုးနွမ်း
ငိုရင်းလွမ်းပြီ...။
မပိုင်သည့်ပန်း မနမ်းရက်ပါ
မဆွတ်သာလည်း ဝမ်းမနည်းတတ်
သူ၏လက်ဝယ် နောင်ပွင့်မယ်ဆို
အမြဲလိုပင် ယုယချင်၏။
ဥယျာဉ်မှုးရင် ငါမြင်ချင်မိ
ငါဝင်ကြည့်သည် ပီတိဖြာဝေ
ရင်နွမ်းကြေလျှက် နေတတ်အမြဲ
ကျေနပ်ရဲသည့် နှလုံးလှသူ
အပူချုပ်ထိန်း အစဉ်ငြိမ်းချမ်း
စိတ်ရွှင်ဝမ်းမြောက် သေလမ်းဖြောင့်၏။
အော်.....
ဆုတောင်းတိုင်းသာ ဖြစ်ရပါလျှင်
သူ့လိုငါလည်း အမြဲအစဉ်
ဥယျာဉ်မှုးပင် ဖြစ်ချင်၏။ ။
စိတ္တဇ
ကျုပ်က ပြည့်ရှင်မင်းကြီးပေါ့ဗျာ
မောင်မင်းတို့တွေ
နာခံကြစမ်း
ငါကိုယ်တော်မြတ်
တိုင်းခန်းလှည့်မယ်...
တစ်ခါတစ်လေ
ကုဋေရှစ်ဆယ် ကြွယ်ဝတဲ့သူဌေး
အလှူအတန်းဆိုလက်မနှေးဘူး
တွက်ရေးမလှရင်ဖြင့်
ကျန်စစ်ရဲ့အရိန္နမာနဲ့ချ
ကျုပ်က စစ်သူကြီးကိုးဗျ...
ခဏတဖြုတ်
ပင်ပန်းလို့ အိပ်ဖို့ဟန်ပြင်
မြေပြင်က ပန်းမွေ့ယာ
နှစ်ပါးသွားဆို
လာခဲ့စမ်း
ဆိုင်းဝိုင်းထဲက
ဖိုးစိန်
ပရိသတ်ကို ဖျော်ဖြေနေကြ
သကြားလုံးများ
ဝေငှရင်းပေါ့...
ဥမ္မာဒန္တီခမျာတော့
ငိုကြွေး
ကျုပ်က သူ့ကိုမယူသေးလို့တဲ့...
တံမြက်စည်းတံ
တိမ်ဖောက်မယ့်
နတ်မြင်းပျံနဲ့
အဟုတ် တကယ်မိုက်တဲ့ကောင်းဘွိုင်
ခွေး ဝက် ဘဲမကျန်
မှန်အောင်ပစ်နိုင်တာ
ဘယ်သူတွေ လာယှဉ်အုံးမလဲ...
တစ်ဖက်ကန်းခတ်တဲ့
လေးသည်တော်
ကောင်းကင်ပေါ်က
ကြယ် နေ လ
အလုံးစုံ မြေခစေရမယ်
ဘာမှတ်နေကြသလဲ...
မဉ္ဇူသက နတ်ပန်းကိုခူး
မယ်ကုဝဏ်ကို ဆက်သဖူးတဲ့မောင်
အို...ကောင်မလေးတွေ
ဝန်းရံနေတဲ့ကြားက
အမရာ ကိန္နရီ မဒ္ဒီ သမ္ဘူလ
အပြိုင်အဆိုင်
လင် လာလုနေကြတော့
တဖက်သတ်ကြိုက်နေတဲ့
နတ်သမီးအချို့က
လူမိုက်တွေငှားပြီးဖမ်းချုပ်လို့
သူတို့နေတဲ့ရဲတိုက်ကြီးဆီပို့လိုက်တာ
ဒီတစ်ခါတော့ဖြင့်
ကျုပ်
ရေတိမ်မှာ နစ်မြုပ်ရတော့မယ်ထင်ပါရဲ့...။ ။
ဧပရယ်ဖူးအချစ်
နင့်ကိုချစ်တယ်
တကယ်လားဟင်
ဒီဧပရယ်ဖူး
အရူးနေ့မှာ
ရင်တွင်းစကား
ဖွင့်ဟကြားစေ
ယုံလေမည်လား
မုသားမပါ
မာယာမသုံး
အားလုံးအသိ
မင်းမရှိရင်
ရင်ခွင်ကန္တာ
လ မသာဘူး
ငါ...အရူးပါ
အမူးသမား
သေရည်ခါး မြို
သမားအိုလည်း
ရင်ထဲ ဒဏ်ရာ
ကုနိုင်မှာလား
မင်းအနားမှာ
နေရပါမှ
ကမ္ဘာလှလိမ့်
ညအိပ်မပျော်
သန်းခေါင်ကျော်ပြီ
စက်တော်ခေါ်ခွင့်ပြုပါတော့။ ။
တောက ကိုရင်
လူဖြစ်ရတဲ့ ဒုက္ခ
ဒဏ်ရာအပြည့် ဆူးနဲ့တွေ့ရင်
ဝေဒနာတိုး မျက်ရည်မိုးစို
ငိုပြယုံနဲ့ ဘဝအမော
ဆန္ဒဇောတွေ မာန်ဟုန်တွေလျော့
အားပျော့သွားနိုင်ပါ့မလား.....
ခဏဆိုတဲ့
သံသရာထဲ ကျင်လည်ဆဲမှာ
ဘဝအပူ နူရာဝဲစွဲ
ညတွေမဲမှောင် တေလေချောင်တိုး
ကံဆိုးသွားရာ မိုးလိုက်ရွာရင်
နားခိုစရာရှိမလား......
ဝေဒနာလူ
အပူသည်မျိုး ဘဝဆိုးမှာ
ရေမျောအမှိုက် ဗေဒါလှိုက်ဖို
ဘဝငိုချင်း သီဆိုရင်းနဲ့
ကောက်ရိုးမျှင်လည်း ဘဝမွဲကို
ကယ်လို့ရမယ်ထင်သလား.....
ဘဝ
လောကဇာတ်ပျက် သေမယ့်ရက်ချိုး
ခိုကိုးရာရှာ ကန္တာဖြတ်သန်း
အမှောင်ဖုံး မရဏလမ်းဟာ
ငရဲခန်းချည်းပါတကား.....။ ။
တောက ကိုရင်
သစ္စာ
နက်ရှိုင်းစိုက်ဝင် နွေရင်ခွင်မှာ
ပူလောင်ဆိပ်ပြင်း ချစ်ခြင်းမုန်တိုင်း
နှလုံးရိုင်းကြွေ မကြေညာဘူး
မာယာမူးလဲ စူးဆဲရင်အုံ
လာခိုလှုံလှည့်...။
မယုံရက်ရဲ စုံမက်ဆဲမို့
နှစ်ချို့အိပ်မက် ဒီညနက်တွေ
လက်ချိုးရေတွက် အလွမ်းဇာတ်မှာ
ဝမ်းနည်းနာကျင် ရင်နာချင်လည်း
သည်းမခွဲပါ သည်းကျွမ်းကာဖြင့်
လွမ်းရဲပါမည်...။
မတည်သစ္စာ ရင်သစ်ရှာလည်း
လမ်းခွဲမျက်ရည် မသုတ်လေဘူး
နွေဦးမိုးရေ ညှိုးထားလေလား
ရင်ခွင်ခြားလျှက် ဆိပ်တက်ကျန်ရစ်
ပြစ်ဒဏ်သင့်ဦး ငါကံဆိုးလည်း
မြတ်နိုးဆဲပါ...။
========================
ကြိုးစားပါအုံးမည်
★တောကက ကိုရင်♪♫
13.01.2012