Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ပေါင်းသင်းဆက်ဆံနည်းလမ်းမှန်ဖို့ အိပ်ရေး၀၀အိပ်ကြစို့

$
0
0
အရေးမကြီးဘူးလို့ထင်ရပေမဲ့ အရေးကြီးတဲ့အကြောင်းကိစ္စလေး တစ်ခုကတော့*အိပ်ရေးပျက်လို့ ပေါင်းသင်းဆက်ဆံရေးပျက်*ရတဲ့အဖြစ်ကလေးပါပဲ။ စိတ်ပညာရှင်များက အိပ်ရေးအပျက်များသူဟာ ပင်ကိုယ်အခံ အားနည်းတဲ့အတွက် ဆက်ဆံရေးမှာညံ့တယ်လို့ ဆိုထားတယ်။စိတ်မရှည်သူများထဲမှာ အိပ်ရေးပျက်သူများ မကျန်းမာသူများလည်း ပါပါတယ်။

                  အိပ်ရေးပျက် ခေါင်းရှုပ်လို့ ဘုတောမိပြီး အရောင်းပျက်၊အဝယ်ပျက် စီးပွားပျက်သူတွေအများကြီးပါ။အိပ်ရေးပျက်လို့ အိပ်ရာထနောက်ကျပြီး ချိန်းဆိုတဲ့နေရာကို အချိန်မှီ မရောက်သူတွေ၊ဝီရိယနည်းလို့ ရသင့်ရထိုက်တာမရသူတွေ၊သူများတကားနော်ဆုံးမှာ နောက်မှရောက်ပြီး တန်းစီနေရသူတွေအများကြီးပါ။အိပ်ရေးပပျက်ရင် အတွေးမကြည်ဘူး အမြင်မကြည်ဘူး။စိတ်မကြည်တော့ ဦးနှောက်မရှင်းတော့ အမှားအမှန်လည်းခွဲရခက်၊ဒေါသလည်းအလွယ်တကူထွက်လာတတ်တယ်လေ။

             အိပ်ရေးမဝတဲ့လူရဲ့မျက်နှာဟာ အတိတ်ရဲ့ကုသိုလ်ကံတွေကြောင့် ချောမောလှပနေရင်တောင်မှ သုန်သုန်မှုန်မှုန်ဖြစ်နေတတ်တယ်လေ။လူမြင်ရတာမကောင်းဘူးပေါ့ဗျာ။အရုပ်ဆိုတဲ့သူ အိပ်ရေးပျက်ရင်တော့  ပိုဆိုးတာပေါ့ဗျာ။ရုပ်ကလည်းဆိုး စိတ်ကလည်းတိုဆိုတော့ လိုသလိုဘယ်ပေါင်းသင်နိုင်တော့မှာ မဟုတ်ဘူးလေ။အအိပ်အစားကပေါင်းသင်းဆက်ဆံရေးအတွက်အလွန်အရေးကြီးတယ်ဗျ။ဘယ်လောက်ပဲစိတ်သဘောထား ကောင်းတဲ့သူဖြစ်ပါစေ အိပ်ရေးပျက်ပါများလာရင် စိတ်တိုလာတာပဲဗျ။ဒါကလည်း ရုပ်နဲ့နာမ်ဆက်နေတဲ့သဘောပေါ့။အဲ့ဒါကြောင့် ပေါင်းသင်းဆက်ဆံရေးကောင်းအောင် အအိပ်အနေကိုဂရုစိုက်သင့်တယ်ဗျ။အိန္ဒိယနိုင်ငံ မဏိပူရအာသံပြည်နယ်သားတွေဟာ အိပ်ရေးမဝရင် အဲ့ဒီနေ့မှာကြီးမားတန်ဖိုးရှိတဲ့  ပစ္စည်းကို  ရွှေ့ဆိုင်းထားကြတယ်ဆိုပဲဗျ။

ဒီတော့ကာ အိပ်ရေးဝအောင်ပြုမူဖို့ စုဆောင်းထားတာလေး ဖော်ပြရရင် အချက်(9)ချက်ရှိတယ်ဗျ။

၁။ ။နေ့စဉ်အချိန်မှန် အိပ်ရာဝင်ခြင်းနှင့် အိပ်ရာထခြင်းအကျင့်ကို ပြုလုပ်ပေးရမယ်။

၂။ ။တရေတမောအိပ်တတ်ရင် မှန်မှန်ပြုလုပ်ပါ။နေ့စဉ်မွန်းလွဲပိုင်းမှာ ခဏတစ်ကြိမ်အိပ်ပါ။ဒါမှမဟုတ် မအိပ်ဘဲနေပါ။တရေးတမောအိပ်ခြင်းကိုရံဖန်ရံခါ ပြုလုပ်လျှင် ညပိုင်း၌ ကောင်းစွာအိပ်မရဖြစ်တတ်ပါသည်။

၃။ ။နံနက်သို့မဟုတ် မွန်းလွဲပိုင်းအစောတွင် ခန္ဓာကိုယ်လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။အိပ်ရာဝင်ခါနီးအချိန်၌ ပင်ပန်းစွာလှုပ်ရှားခြင်းကိုရှောင်ပါ။

၎။ ။ညစာစားပြီးနောက် ကဖီဒင်းပါသော လ္ဘက်ရည်၊ကော်ဖီသောက်ခြင်းကိုရှောင်ပါ။

၅။ ။အရက်မသောက်ပါနှင့်။

၆။ ။အိပ်ဆေးများကို သတိပြုသုံးစွဲပါ။ဆေးကုသမှု့တွက်သုံးရလျှင် ရက်သတ္တသုံးပတ်ထက် မပိုစေရ။အိပ်ဆေးကိုရေရှည်အသုံးပြုလျှင် အိပ်မပျော်ခြင်းကို ပိုမိုဆိုးဝါးစွာ ဖြစ်စေပါသည်။

၇။ ။အိပ်ခနအတွင်း မိမိနှင့်သင့်တော်သောအပူအအေးကို တညတာလုံး တသမတ်တည်း ရှိစေသင့်သည်။

၈။ ။အိပ်ရာမဝင်မီ ကိုယ်စိတ်နှစ်ပါး ဖြေလျှော့ထားပါ။ရေချိုးခြင်း၊စာဖတ်ခြင်း၊ဘုရားရှိခိုးခြင်း စသည်ဖြင့်ပြုလုပ်ပြီး စိတ်ဖိစီးတင်းကျပ်စေသော အတွေးများ စဉ်းစားတွေးတောခြင်းမပြုပါနှင့်။

၉။ ။ညအိပ်ရာဝင်ခါနီး အစားအစာ အများအပြား စားသောက်ခြင်းမပြုပါနှင့်။


အဲ့ဒီအချက်ကိုးချက်ကို ဂရုတစိုက်လေးပြုမူလိုက်နာလျှင် သင်ဟာ အိပ်ရေးဝလာသူတော့ဖြစ်လာမှာပဲဗျာ။ဒါပေမဲ့လောကမှာကလည်း အိပ်မပျော်နိုင်လောက်တဲ့ သောက၊ဒုက္ခတွေက အများသားကိုဗျ။တစ်ဦးနဲ့တစ်ဦးတော့ ဘယ်တူကြမလဲဗျာနော့။သို့သော်သာမန်အပူမကြီးတဲ့သူအတွက်ကတော့ ဒီအချက်ကိုးချက်ကိုလိုက်နာသင့်တယ်။အိပ်ရေးဝမှမျက်နှာကြည်လင်ပြီး သူများကြည့်ပျော်ရှုပျော်ဖြစ်မယ်။အိပ်ရေးဝမှကျန်းမာမယ်။အိပ်ရေးမဝဘဲ သုန်မှုန်နေတဲ့မျက်နှာဟာ ဘယ်လိုမှကြည့်မကောင်းဘူးဗျ။ဒါပေမဲ့အဲ့ဒါတွေထက်အရေးကြီးတာက ဦးနှောက်နဲ့စိတ်ကြည်လင်နေပြီးအိပ်ရေးဝဖို့ပါပဲ။အိပ်ရေးဝခြင်းနဲ့ စိတ်ကြည်လင်ခြင်းကတစ်ခုတည်းဆက်စပ်နေတယ်လေ။အာရုံအမှန်နဲ့သတိ၊အသိရှိနေသူဟာ ပေါင်းသင်းဆက်ဆံရေးမှာ ဘယ်တော့မှ အရုပ်ဆိုးအကျည်းတန်မဖြစ်ပါဘူး။ဆိုတော့ကာ ပေါင်းသင်းဆက်ဆံရေးကောင်းအောင် စောစောအိပ်လို့ စောစောထကြပါစို့ဗျာ။


မှတ်ချက်။ ။(1999ဇန်နဝါရီလထုတ် သုတေသီ ဘုန်းမြင့်သွေး၏ ပေါင်းသင်းဆက်ဆံ နည်းလမ်းမှန် )စာအုပ်မှ မှီညမ်းရေးသားသည်။

လေးစားလျှက်

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>