Quantcast
Viewing all articles
Browse latest Browse all 9878

စစ်ဟာ..စစ်ကြောင့် စစ်ကိုမုန်းရင်ကောင်းမယ်

Image may be NSFW.
Clik here to view.
(ကချင်မြေမှာ..ဆွမ်းခံရင်း ငှက်သင့်နေသော..ချစ်သူငယ်ချင်းအတွက်..)

စစ်ဟာ..နတ်ဘုရားတစ်ပါးဖြစ်ပေတယ်..ကျွန်ုပ်တို့အားလုံး သူသေဆိုသေ..ရှင်ဆိုရှင်ကြရတယ် ။

စစ်ဟာ..တစ်ခါတရံ စစ်ဗိုလ်ချုပ်ကြီးများကို ဂုဏ်သတင်းတက်စေတယ် ။

စစ်ဟာ..တစ်ခါတရံ စစ်ဗိုလိချုပ်ကြီးများဈာပနကို ကျီးနဲ့ဖုတ်ဖုတ်ဖြစ်စေတယ် ။

စစ်ဟာ..သိပ္ပံပညာကိုထွန်းကားစေတယ် ။

စစ်ဟာ..တစ်ခါတရံသိပ္ပံပညာရှင်များ မိမိလက်ကိုမိမိဖြတ်တောက်စေတယ် ။

စစ်ဟာ..ကလေးတွေကို ဆယ်ရှစ်နှစ်အတင်းအဓမ္မပြည့်စေတယ် ။

စစ်ဟာ..ခြေတုလက်တုစက်ရုံများ ဖြစ်ပေါ်စေတယ် ။

စစ်ဟာ..မုဆိုးများနှလုံးသားကိုနိုးကြားစေတယ် ။

စစ်ဟာ..သင်ချိုင်းများကိုစည်ပင်စေတယ် ။

စစ်ဟာ..မြေဆီသြဇာတိုးပွားစေတယ် ။

စစ်ဟာ..လူဦးရေထိမ်းချုပ်မှု သီအိုရီကောင်းဖြစ်တယ် ။

စစ်ဟာ..မြို့ပြကို ဆေးကြောပစ်တယ် ။

စစ်ဟာ..ကျေးလက်ကို တံမြက်စည်းသိမ်းပေးတယ် ။

စစ်ဟာ..ငှက်လင်းဒတို့မွေးမြူရေးတွက် အကောင်းဆုံး နည်းပညာဖြစ်တယ်..။

စစ်ဟာ…………………………………………………………..

စစ်ဟာ…………………………………………………………..

စစ်ဟာ..ရေးဖွဲ့မကုန်နိုင်စရာဖြစ်စေတယ် ။

စစ်ဟာ..စစ်ကြောင့် စစ်ကို မုန်းတီးစေရင်ကောင်းမယ် ။

 

Image may be NSFW.
Clik here to view.

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>