ဘဝမှာ တမာတွေ မစားခဲ့တာတောင်မှ အခါးတွေ ဝေဝေနေခဲ့လွန်းလို့ တခါတလေလောက်တော့ သကာတွေလို ချိုမြိန်ကြည့်ဖူးချင်တရ်။ သံသရာရထားကြီးနဲ့ ခရီးသွားပြီး ကံကြမ္မာနဲ့ စီးချင်းထိုးတဲ့ပွဲမှာလည်း ဒဏ်ရာတွေနဲ့ ကြီးပြင်းခဲ့ရသူမို့ ကမ္ဘာ မြေတစ်နေရာလောက်မှာတော့ တခါတလေသာယာစွာနေကြည့်ချင်တရ်။ မြေခွေးနဲ့ စပျစ်ပင်အကြောင်းက စပျစ်သီးကိုမမှီလို့ ချဉ်တယ်လို့ညည်းခဲ့တဲ့ပုံပြင်ဟာလည်း လောကရဲ့ နိယာမတရားတွေမို့ အဘိဓမ္မာ ချပြမနေတော့ဘူး မသိမသာပဲနေပါရစေတော့။ ခဏတာ ခိုနေရတဲ့ ဒီခန္ဓာနဲ့ ဘဝတိုတိုလေးအတွင်းမှာ တသသမငိုပါရစေနဲ့တော့ လောကကိုအကောင်းမြင် ဝါဒတွေနဲ့ ဘဝကိုမောင်းတင်ထားပြီး ရှိသမျှခွန်အားတွေနဲ့ မနက်ဖြန်တွေကို ရင်ဆိုင်မရ်။ ဘဝရဲ့ အဓိပ္ပါယ်ကို စာတွေ့ နဲ့ လက်တွေ့ ပေါင်းစပ်ဖို့ ကြိုးစားရင်း ကိုယ့်ကို ကိုယ်အားတင်းထားတရ်။ PS....တုံတုံ
↧