Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ကံကိုယုံလိုက်ပါ

$
0
0
ကံကိုယုံလိုက်ပါ
သီဟိုဠ်ရာဇ၀င်မှာ ၀သဘမင်းဆိုတာရှိခဲ့ဖူးပါတယ်။ မင်းမဖြစ်ခင် သာမာန်လူတစ်ယောက်ဘ၀တုန်းက ဦးရီးတော် စစ်သူကြီးဆီမှာ နေနေရပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာ ဟူးရားပညာရှိတွေက ၀သဘအမည်ရှိတဲ့သူဟာ မင်းဖြစ်လိမ့်မယ်လို့ ဟောပြောလာကြပါတယ်။
ဒီစကားကြားရတော့ လက်ရှိမင်းလုပ်နေတဲ့ ယသဠာလကမင်းက သီဟိုဠ်ကျွန်းမှာ ၀သဘအမည်ရတဲ့သူအားလုံးကိုသတ်စေလို့ မိန့်ပါတယ်။

ဒီတော့စစ်သူကြီးက သူ့ဆီမှာနေတဲ့ ၀သဘကို မင်းဆီအပ်ဖို့ မယားလုပ်သူကို ပြောပြပါတယ်။ ရာထူးတိုးချင်တာလည်းပါမှာပေါ့။

နံနက်စောစောရောက်တော့စစ်သူကြီးက ၀သဘကို အသာခေါ်ပြီးမင်းနန်းတော်ထဲကို ထွက်ခဲ့ပါတယ်။
ဝသဘကို သတ်ဖို့ခေါ်သွားပြီးဆိုတာ သိထားတဲ့စစ်သူကြီးမယားက ကွမ်းအလွန်ကြိုက်တဲ့ စစ်သူကြီးအတွက် ထုံးမပါတဲ့ကွမ်းကို ထည့်ပေးလိုက်ပါတယ်။

စစ်သူကြီး မင်းနန်းတော်တံခါးဝကိုရောက်လို့ ကွမ်းစားမယ်လည်းလုပ်ရော ထုံးမပါတာတွေ့တာနဲ့ ၀သဘကို အိမ်ပြန်ထုံးယူစေပါတယ်။

သဘက အိမ်ရောက်တော့ စစ်သူကြီးမယားက သူကြံစည်တဲ့အတိုင်းဖြစ်လာလို့ ၀မ်းသာအားရနဲ့ပဲ
“၀သဘ သင့်ဦးကြီးက သင့်ကိုမင်းကြီးဆီအပ်ပြီး သတ်မှာ၊ ရော့ အသပြာတစ်ထောင်ယူပြီး လွတ်ရာကျွတ်ရာကို ပြေးပေတော့ ” ဆိုပြီး ပြေးခိုင်းလိုက်ပါတယ်။

ဝသဘလည်း မင်းနဲ့ဝေးတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ပုန်းနေပါတယ်။

ရဟန်းတော်တွေကလည်း သူ့ကိုကြည့်ရှုထားပါတယ်။

ဒီလိုနေရင်းနဲ့ တစ်နေ့မှာ ပညာရှိလူနူတစ်ယောက်က ၀သဘရဲ့ ဇာတာကို ကြည့်ပြီး “ သင်မင်းဖြစ်လိမ့်မယ်” လို့ဟောလိုက်ပါတယ်။

ဒီစကားကြားရတော့ ၀မ်းမြောက်ဝမ်းသာနဲ့ပဲ သတ္တိရှိတဲ့ ယောကျာင်္းတွေကို စုရုံးပါတယ်။
အတော်အတန်စုမိတော့ “ မုန့်သည်မ သားသည် မုန့်အနားကစပြီးစားရသည် ” ဆိုတဲ့ရှေးထုံးကိုနှလုံးမူပြီး ၊မြို့စွန် ရွာစွန်က စပြီးသိမ်းပါတယ်။

လိုရင်းပြောရင်တော့ နောက်ဆုံးဝသဘ မင်းဖြစ်သွားတာပဲ ဆိုပါတော့။
ဝသဘမင်းဖြစ်လာတော့ ဟူးရားပညာရှိတွေကို ဆိတ်ကွယ်ရာကိုခေါ်ပြီး သူဘယ်နှစ်နှစ်လောက် မင်းပြုရမလဲဆိုတာ တွက်ခိုင်းပါတယ်။

ဟူးရားပညာရှိတွေက တွက်ချက်ပြီး “ (၁၂) နှစ် မင်းပြုရမယ်လို့ ” ဟောပြောပါတယ်။
ဝသဘမင်းက ဟူးရားပညာရှိတွေကို အသပြာတစ်ထောင်ပေးပြီး ဒီအကြောင်း ဘယ်သူ့မှမပြောနဲ့ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။

အဲဒီနောက် ရဟန်းသံဃာတွေဆီ ချည်းကပ်ပြီး “အရှင်ဘုရားတို့ မင်းသက်ရှည်ရာရှည်ကြောင်း ကုသိုလ်ကောင်းမှု မရှိဘူးလားဘုရား” လို့လျှောက်ပါတယ်။
ဒီတော့သံဃာတွေက

“ ၀သဘမင်းမြတ် ….ရေစစ်လှူပါ၊ နာမကျန်းဖြစ်နေတဲ့ ရဟန်းတွေကို ဆေးလှူပါ။ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ကျောင်းဟောင်း စေတီဟောင်းတို့ကို ပြုပြင်ပါ။ ငါးပါးသီလကို နေ့စဉ်စောင့်ထိမ်းပါ။

ရှစ်ရက် ဥပုသ်၊ ဆယ့်ငါးရက်ဥပုသ် နေ့တွေမှာ ရှစ်ပါးသီလ၊ ကိုးပါးသီလကို စောင့်ထိန်းပါ။ ဒါဆို မင်းသက်ရှည်လိမ့်မယ်” လို့မိန့်လိုက်ပါတယ်။

ဝသဘမင်းလည်း ရဟန်းသံဃာတော်တွေ လမ်းညွှန်တဲ့အတိုင်း ပြုပါတယ်။ စာထဲမှာတော့ ၀သဘမင်းပြုခဲ့တဲ့ ကောင်းမှုတွေအများကြီးရှိပါတယ်.။

စာရှည်နေမှာစိုးလို့ ရေးမပြတော့ပါဘူး။ လိုရင်းပြောရရင်တော့ ၀သဘမင်းဟာ (၄၄) နှစ် နန်းစံခဲ့ရပါတယ်။

ဒီဝတ္တုမှာ အဓီကပြောချင်တာက ၀သဘမင်းဟာ အတိတ်ကံအရ (၁၂) နှစ်ပဲ နန်းစံရမှာပါ။ ဒါပေမယ့် အတိတ်ကံကို ပစ္စုပ္ပန်ကံနဲ့ ပြုပြင်လိုက်တော့ (၄၄) နှစ်တောင် နန်းစံခဲ့ရပါတယ်.။

အပိုကြေးအနေနဲ့ (၃၂) နှစ် ပိုနန်းစံခဲ့ရပါတယ်။
ဝသဘမင်း ပြုခဲ့တဲ့ ကုသိုလ် (၆) မျိုးက အသက်ရှည်ကြောင်းကုသိုလ်တွေပါ။ သူနဲ့အသုံးတည့်မယ့်

သက်ရှည်ကြောင်းကုသိုလ်တွေ ရွေးပြီးပြုပြင်သွားတာပါ။
အခုစာဖတ်သူတွေကတော့ တခြားဘ၀လိုအပ်ချက်တွေ တခြားအဆင်မပြေမှုတွေလည်း ရှိနေကြမှာပါ။
လူမှုရေးနဲ့ ပက်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
ပညာရေးနဲ့ ပက်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။ ကျန်းမာရေးနဲ့ပက်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။ နိုင်ငံခြားခရီးနဲ့ပက်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။

ရာထူးဌာနနဲ့ပက်သက်လို့ ကံဆိုးချင်းဆိုးနေမယ်။ ကြိုက်သလောက်ဆိုးချင်ဆိုးပါစေ။ နောက်ဆုံးသေချင်လောက်အောင် အထိဆိုးနေပါစေ။
ဝသဘမင်းဝတ္တုကို အာရုံပြုပြီး ဆိုးနေတဲ့ကံကို စိတ်ကြိုက်ပြုပြင် ယူလို့ရတယ်ဆိုတဲ့ အသိလေးကိုပဲ အာရုံပြုပစ်လိုက်စမ်းပါ။
ဒီတော့ ဘယ်လိုပြုပြင်ယူမလဲ………………၊

အဲဒီအမြင့်ဆုံး သေချင်လောက်အောင်အထိ ဆိုးနေတဲ့ကံကို ကုသိုလ်(၅) မျိုးနဲ့ ပြုပြင်ယူလို့ရပါတယ်။
တိုက်တွန်းစကားအနေနဲ့ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် (၅) မျိုးနဲ့ နေ့စဉ်ပြုပြင်ပစ်လိုက်စမ်းပါ။

ဆိုးနေတဲ့ကံ “ နင်နေ ငါသွား” ဖြစ်သွားပါလိမ့်မယ်။
ကုသိုလ် (၅) မျိုးက ဒါနရယ် သီလရယ် ဂုဏ်တော်ရယ် မေတ္တာရယ် ၀ိပသနာရယ်ပါ

အဲဒီကုသိုလ်(၅) မျိုးကို နေ့စဉ်ဖြစ်နေရမယ်လို့ အဓိဌာန်ပြီး နေ့စဉ်ပြုလုပ်သွားပေးဖို့ပါပဲ။
ကဲစာဖတ်သူ ကံနဲ့ပက်သက်လို့ “သေချင်လောက်အောင် ဆိုးနေပါစေ” ကုသိုလ် (၅) မျိုးနဲ့သာ နေ့စဉ် ပြုပြင်လိုက်စမ်းပါ။ မကြာခင် ကံကောင်းလာပါလိမ့်မယ်။

ဆရာတော်အရှင်ရဝေနွယ်(အင်းမ)၏ အတွေးများနှင့် မိတ်ဖွဲ့ခြင်း စာအုပ်မှ ကောက်ယူထုတ်နှုတ်ဖော်ပြခြင်းဖြစ်ပါတယ်။

အားပေးမှုကို အထူး ကျေးဇူးတင်လျှက်
အနီရောင်

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>