ိမကောင်းမင်းအိမ် ၊ ကောင်းမင်းအိမ်ပေါ့
မင်းအိမ်ရွဲစို ၊ အမိုးယိုသော်
မငြိုသင့်ပါ ၊ မင်းတက်ဖာပေါ့
အကာအခင်း ၊ ပျက်ပြိုယွင်းသော်
မငြင်းစေချင် ၊ မင်းဆက်ပြင်ပေါ့
အခွင်အနဲ့ ၊ အရွဲ့အစောင်း
မကောင်းမပြေ ၊ ဟောင်းထွေထွေကို
အခြေနှင့်မျှ ၊ ဥာဏ်ဖြင့်ဆကာ
လုံ့သက်သွင်းသစ်စေမင်း ။ ။
ဇော်ဂျီ
ဒီကဗျာဟာ ဆရာဇော်ဂျီ၏ မင့်အိမ် ဆိုတဲ့ ကဗျာထဲက ကောက်နုတ်ထားတာပါ။ ဆရာက ကိုယ့်အိမ်ကောင်းမကောင်းဆိုတာ ကိုယ့်အပေါ်မှာပဲမူတည်နေတယ်ဆိုပြီး ရေးဖွဲ့တင်ပြထားပါတယ်။ ကိုယ့်အိမ်အမိုးယိုရင် ၊ ကိုယ့်အိမ်ယိုင်နဲ့ရင် ၊ ကိုယ့်အိမ်ပျက်ရင် ကိုယ်ဘာသာပြင်ရမယ်။ ဘယ်သူမှ အားကိုးနေစရာ မလိုဘူးတဲ့၊။ ကျွန်တော်အရမ်းကြိုက်တယ်။
ကျွန်တော်တို့အိမ်ဟာယိုယွင်းနေပါပြီ ။ ပျက်စီးယိုင်နဲ့လို့ မိုးရေပေါက်တွေဟာ ခေါင်တိုင်ကနေ တဝေါဝေါကျနေပါပြီ။ ဒါကိုအိမ်မှာနေတဲ့လူငယ်တွေ၊လူလတ်တွေ၊လူကြီးတွေအားလုံး သိပါတယ်။ မြင်ပါတယ်။ ပြင်ဖို့ဆန္ဒတွေလည်းရှိကြပါတယ်။
ကျွန်တော်တို့ သုံး လေးကြိမ်မကပြင်ခဲ့ကြပြီးပါပြီ။ ဒါပေမဲ့ကောင်းမလာပါဘူး ။ ဒါဘာလို့လဲဆိုတော့ အိမ်ဦးနတ်အဘကမှ မကြည်ဖြူဘဲ။ ဘယ်မှာလာအကျိုးရှိမှာလဲ ။ အိမ်တစ်အိမ်မှာ အိမ်ဦးနတ်အဘက အခရာပါ၊ သူက သူ့ကိုကျော်လုပ်တယ်ဆိုပြီး လူငယ်တွေကို ဟိန်းဟောက် ၊ ခြိမ်းခြောက် ၊ ဖိနှိပ်ထားတော့ လူငယ်တွေဘယ်ပြင်ရဲမလဲ။ ဆန္ဒရှိသော်လည်း လုပ်ဖို့ခပ်နေတယ်။
အိမ်ဦးနတ်အဘက သိပ်တကိုယ်ကောင်းဆန်တယ်။ လူငယ်တွေဘာဖြစ်ဖြစ် သူနဲ့မဆိုင်သလိုဘဲ။ ဘိုးဘွားပိုင်အိမ်မှာ အခန့်သားနှင့်အလကား ထိုင်စားနေတာ။ သူကသူတင်မဟုတ်ဘူး အရှေ့ဘက်က သူ့ယောက်ဖတွေကိုပါ နောက်ဖေးပေါက်ကခေါ်ပြီး အိမ်ဦးခန်းမှာ အခန့်သားနေရာပေးထားသေးတယ်။ ခုတော့ အိမ်ဦးနတ်ကြီး ကံတော်ကုန်သွားပါပြီ။
လူငယ်တွေမှာ အားအင်တွေရှိပါတယ်။ အတွေးအမြင်သစ်တွေရှိပါတယ်။ နည်းလမ်းကောင်းတွေရှိပါတယ်။ လုပ်ကိုဆောင်ရွက်နိုင်တဲ့ အရည်အချင်းတွေရှိပ်ါတယ်။ ခုချိန်ဟာငါတို့ လူငယ်တွေရဲ့ အရည်အချင်းတွေကို ထုတ်ပြရမဲ့အချိန်ပဲ။ ငါတို့အိမ်ကောင်းဖို့ င်ါတို့ကျိုးစားကြရအောင် သူငယ်ချင်းတို့။