လူတွေရဲ့ဘ၀အဆင့်အတန်း အနိမ့်၊အမြင့် ကွာခြားမှုဟာတချို့ကိစ္စတွေမှာ မိဘအသိုင်းအ၀ိုင်းများနဲ့အနည်းငယ်
ဆက်နွယ်နေတယ်လို့ထင်ပါတယ်။ လူတစ်ယောက်ရဲ့ဘ၀ကို အဆုံအဖြတ်ပေးတာက ဆယ်ကျော်သက်အရွယ်လူငယ်ဘ၀မှာပါ။
လူငယ်တွေရဲ့စိတ်ဓာတ်က အသစ်အဆန်းကိုရှာဖွေတယ်၊ စူးစမ်းတယ် အဲဒီအခါတစ်ချို့တလေမှာ မှားယွင်းမှုတွေတွေ့ရတတ်ပါတယ်။
ဒါကိုမိဘနဲ့အသိုင်းအ၀ိုင်းတွေက နင်းကန်ဆူတဲ့အခါစိတ်ဓာတ်ကျပြီး ကိုယ်ကိုကိုယ်ယုံကြည်မှု လျော့နည်းသွားကြတယ်။ ထိုအချိန်မျိုးမှာ
ဘယ်အရာကိုမှ လုပ်ရဲ၊ ကိုင်ရဲတဲ့စိတ်မရှိတော့ပါဘူး။ ငါဘာလုပ်လုပ်အမြဲမှားနေတာပါပဲလား ဆိုတဲ့စိတ်မျိုးဝင်သွားတတ်ပါတယ်။
ဒီလိုစိတ်မျိုးဝင်သွားတဲ့လူတစ်ယောက်ရဲ့ အနာဂတ်ဟာဘယ်တော့မှအောင်မြင်မှုရရှိတော့မှာမဟုတ်ပါဘူး။ဒီလိုစိတ်မျိုးဝင်လာပြီဆိုရင် အကောင်းဆုံးကတော့ မိမိကိုအားပေးနိုင်တဲ့ မိတ်ဆွေသူငယ်ချင်းတစ်ယောက်ကို ပြောပြပါ။သူငယ်ချင်းရဲ့အားပေးမှုကိုရယူပါ။ မိမိ
ကိုယ်ကိုယုံကြည်သောစိတ်ဓာတ်ကိုရိုက်သွင်းပါ။မိမိလုပ်ချင်တာကို ယုံယုံကြည်ကြည်ဆက်လုပ်ပါ။အမှားကိုမကြောက်ပါနှင့် မှား
မှာကြောက်ပြီး ဘာမှမလုပ်ပဲထိုင်နေတာကမှ အကြီးမှားဆုံးမှားရွင်းမှုပါ။ကျွန်တော်တို့ဟာ ကိုယ့်ဘ၀ကို ကိုယ်တိုင်ရွက်လွှင့်ခွင့်
ရှိရပါမယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က လူသားတွေဖြစ်နေလို့ပါပဲ။ ကမ္ဘာပေါ်မှာ လူကိုဘယ်အရာကမှ ထိန်းချုပ်ထားလို့မရ
ပါဘူး။လူသားတွေကသာ အရာအားလုံးကို ထိန်းချုပ်ထားကြတာပါ။