Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

သံဃာတော်တွေကိုဘာကြောင့်ဆွမ်းကပ်တဲ့နေရာမှာစားပွဲကို ကိုင်မြောက်ပြီးကပ်သလဲ

$
0
0

ို    ကျနော်မှာဘာသာခြားသူငယ်ချင်းတစ်ယောက်ရှိပါတယ်၊ ကျနော်ဒါလေးရေးဖြစ်တာဘာသာခြားသူငယ်ချင်း

တစ်ယောက်ကြောင့်ပါ၊ တစ်နေ့ဘာသာခြားသူငယ်ချင်းက ကျနော်ကိုမေးပါတယ်၊ သူငယ်ချင်း မင်းတို့ဘုန်းကြီး

တွေကို ဆွမ်းကပ်တဲ့အခါ စားပွဲကိုကိုင်မြောက်ပြီးပြတာဟင်းကောင်းမကောင်းပြတာလားလို့မေးပါတယ်၊ကျနော်

လဲရီခြင်တာပေါ့၊သူမသိလို့မေးတာပဲဆိုပြီး ကျနော်ကပြန်ရှင်းပြပါတယ်၊ သူငယ်ချင်းမင်းပြောသလိုဟင်းကောင်း

မကောင်းစားပွဲကိုကိုင်မြောက်ပြတာမဟုတ်ဘူး၊ သံဃာတွေမှာ စည်းကမ်းဥပဒေလို့ခေါ်တဲ့ လိုက်နာရတဲ့ဝိနည်း

သိက္ခာပုဒ်အကျဉ်း (၂၂၇)သွယ်ရှိပါတယ်၊ (၂၂၇)သိက္ခာပုဒ်ထဲမှာ အကပ်ခံပြီးမှ ဘုဉ်းပေးရမယ်လို့ တားမြစ်ထား

တဲ့ဥပဒေ(၁)ခုလဲအပါဝင်ဖြစ်တယ်၊ အကပ်ခံတယ်ဆိုတာ ကိုယ်လှူမည်ပစ္စည်းကိုနေရာကနေကြွသွားအောင်

ကိုင်မြောက်လှူတာကိုခေါ်တယ်၊ အဲဒီလိုကပ်လှူမှသံဃာကဘုဉ်းပေးသုံးဆောင်ကောင်းတယ်၊  ဒါကလဲဘုရား

ရှင်လက်ထက်ကအကြောင်းတရားတစ်ခုဖြစ်ပေါ်ခဲ့တယ်၊

   မြတ်စွာဘုရားရှင် ဝေသာလီမြို့၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးဟာ  ပံသုကူရသော ပစ္စည်းကိုသာ

သုံးစွဲတယ် သုသာန်၌ စွန့်ပစ်အပ်သောခွက်ကို သပိတ်လုပ်၍လည်းကောင်း၊ သုသာန်မှရသော စွန့်ပစ်အပ်သော

အ၀တ်ကိုသာ သင်္ကန်းချုပ်၍လည်းကောင်း၊ သုသာန်မှရသောခုတင်ထိုင်ခုံကိုလည်းကောင်းသုံးစွဲတယ် သုသာန်

သစ်ပင်အောက်တံခါးခုံစသည်နေရာတွေမှာ သေလွန်ပြီးသောမိဘဘိုးဘွားတို့ကိုရည်းစူး၍ထားအပ်သော အစား

အသောက်တို့ကို ကိုယ်တိုင်ယူ၍ စားသောက်တယ် ဒီသုသာန်ဘုန်းကြီးကို လူတွေကဘိုးဘွားမိဘတို့ကိုရည်းစူး

၍ ထားအပ်သောစားဖွယ်တို့ကို အဘယ့်ကြောင့် ကိုယ်တိုင်ယူ၍ စားသောက်ရပါသလဲ၊ ၀လိုက်တာလဲဖီးလို့၊

အသားတွေလဲ ကျစ်ကျစ်လစ်လစ်ရှိတယ်၊ လူသားကို စားနေဟန်တူတယ်လို့ ကဲ့ရဲ့ကြတယ်။

ထိုအကြောင်းကို ရဟန်းများကြား၍ ဘုရားရှင်အား လျှောက်ကြတဲ့အခါ ဘုရားရှင်က အကပ်မခံဘဲမစားရ

 စားတဲ့၇ဟန်း အာပတ်သင့်စေဟုတားမြစ်တယ်။ ထိုနောက်ရဟန်းများ ရေနှင့်ဒန်ပူ၌ သူတစ်ပါးကမပေး

မကပ်လှူပဲ သောက်ကောင်းသုံးစွဲကောင်းမည်မထင်ဟု သံသယဖြစ်သောကြောင့် ရေနှင့်ဒန်ပူကိုအကပ်မခံပဲ

သောက်ကောင်းသုံးစွဲကောင်းသည်ဟုဘုရားရှင်ကခွင့်ပြုတယ်၊ ဒါကြောင့်သူငယ်ချင်း သံဃာများဟာ ရေဒန်ပူ

ကလွဲရင် ကျန်တာအကပ်ခံပြီးမှ သုံးစွဲကောင်းတယ်လို့ ကျနော်ရှင်ပြတော့ သူတော်တော်သဘောပေါက်

သွားတယ်၊ သူမသိလို့ပြောမိတာခွင့်လွတ်ပါလို့ပြောတယ်၊ ကျနော်လဲမင်းမသိလို့ ပြောတာပဲ ခွင့်လွတ်ပါတယ်

လို့ပြောလိုက်ပါတယ်။

  မှတ်ချက်။ ။ ဗုဒ္ဓဘုရားရှင်သည် အကြောင်းတရားတိုက်ဆိုင်လာမှ ၀ိနည်းသိက္ခာပုဒ်ဥပဒေကို

                  တားမြစ်လေရှိသည်။                      

        


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>