Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတ္တိရိုက်ကူးမည့်သူများသို့ အိပ်ဖွင့်ပေးစာ....

$
0
0

ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတ္တိ ရိုက်ကူးရန်အတွက် ဒေါ်အောင်ဆန်းစုကြည် နှင့် ရုပ်ရှင် သရုပ်ဆောင်
အနုပညာရှင်များနှင့် တွေ့ဆုံပွဲကို ဒီဇင်ဘာလ ၃ရက် နေ့လည် ၂နာရီခွဲဝန်းကျင်တွင် တက္ကသိုလ်ရိပ်သာလမ်းရှိ
ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် အနုပညာရှင်ပေါင်း ၄၀ ကျော်နှင့်တွေ့ဆုံပြီး ဗိုလ်ချုပ်အောင်ဆန်းအသက်
နှစ်တစ်ရာပြည့်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတ္တိကို ဇာတ်လမ်းရုပ်ရှင် ရိုက်ကူးရန်အတွက် တွေ့ဆုံ
ဆွေးနွေးတိုင်ပင်ကြတယ်လို့ ဆိုပါတယ်....
“ဗိုလ်ချုပ်အောင်ဆန်းအသက် နှစ်တရာပြည့် အထိမ်းအမှတ်အနေနဲ့ ဗိုလ်ချုပ်အတ္တုပတ္တိအကြောင်းကို ရိုက်မှာပါ
အဲ့ဒါကြောင့် အနုပညာရှင်တွေနဲ့ တွေ့ဖြစ်တာပါ”ဟု ရုပ်ရှင် သရုပ်ဆောင်ကိုသူရ (ခေါ်) ဇာဂနာက ဆိုပါသည်။
အဆိုပါရုပ်ရှင်အတွက် ဇာတ်လမ်း ဖြစ်မြောက်ရေးအတွက် ကိုဇာဂနာမှ တာဝန်ယူထားပြီး ဇာတ်လမ်းကော်မတီ
ဖွဲ့ရာတွင်လည်း ၊ မောင်မျိုးမင်း ၊ အောင်လွင် ၊ ၀ိုင်း ၊ ဦးမိုးသူ နှင့် ဇင်ဝိုင်း ၊ ကိုလူမင်း နှင့် ကိုကျော်ဇောလင်းတို့
ပါဝင်ကြောင်း သိရှိရသည်။
အနုပညာရှင်များအနေဖြင့် ဒါရိုက်တာ မောင်မျိုးမင်း ၊ လူမင်း၊ ဦးမိုးသူ ၊ ကျော်သူ ၊ နေဆန်း ၊ ရန်အောင် ၊ရဲအောင် ၊
ကိုလူမင်း ၊ ပြေတီဦး ၊ ရဲတိုက်၊ နေတိုး ၊ ဇေယျာသော် ၊ ကင်းကောင် ၊ အရိုင်း ၊ ကောင်းကျော်၊ မင်းမော်ကွန်း၊ နန္ဒ ၊
သီးလေးသီးမှ ညီအကိုမောင်နှမများ ၊ အိနြေ္ဒကျော်ဇင် ၊ ထွန်းအိနြေဗိုလ် ၊ ချိုပြုံး ၊ မြင့်မြင့်ခင် ၊ ခင်လေးနွယ် ၊ ဖွေးဖွေး ၊
သျှီ ၊ ပုလဲဝင်း ၊ သင်ဇာဝင့်ကျော် နှင့် အခြားသော အနုပညာရှင်များပါဝင်ကြသည်ဟု ဆိုပါသည်။

“ကျွန်တော်ကိုယ်တိုင်ကလည်း ထောင်ထဲမရောက်ခင်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္တုပတ္တိကို ရိုက်ချင်တဲ့ဆန္ဒ ရှိတယ်
ကျွန်တော်ကိုယ်တိုင်ကလည်း ဇာတ်ညွှန်းရေးနေတာဆိုတော့ ပွဲဖြစ်မြောက်ရေးမှာလဲ ကျွန်တော်ပါဘဲ ဒီကော်မတီမှာ
ဘကြီးမိုးတို့ ၊ ဦးအောင်လွင် ၊ ၀ိုင်း ၊ ၊ ဇင်ဝိုင်း ၊ ကိုလူမင်း ၊ ကိုကျော်ဇောလင်း နောက် မောင်မျိုးမင်းတို့ ပါတယ်” ဟု
အဆိုပါပွဲဖြစ်မြောက်ရေး တာဝန်ယူထားသော ကိုသူရ (ခေါ်) ကိုဇာဂနာက ပြောသည်ဟုဆိုသည်....

ကြည့်ရတာ ကိုဇာဂနာ ဒါရိုက်တာလုပ်မယ့်ပုံပါ....
ကိုဇဂနာ ဆိုတာကလည်း ပညာတတ် တစ်ယောက်ပါ ... ကျောင်းစာမှာဆိုရင်တော့ သွားဆရာဝန်တစ်ယောက်ပေါ့.....
ကျွန်တော် ရန်ကုန်တက္ကသိုလ် မှာ ကျောင်းတက်စဉ်ကတည်းက ကိုဇာဂနာတို့ ၊ အရိုင်းတို့၊ သီတာဝင်း တို့ အငြိမ့်တွေ က ကတည်းက ကိုဇာဂနာ ရဲ့ ပြောင်မြောက်တဲ့ ရသပျက်လုံးတွေကို သတိထားမိပြီးသားပါ.....
ကိုဇဂနာရေးတဲ့ သရုပ်ဆောင်ခြင်း အနုပညာ ဆောင်းပါးဖတ်လိုက်ရပြန်တော့ လေးစားမိပြန်ရော...
သရုပ်ဆောင်လောက ကို ယောင်ဝါးဝါး ရောက်လာတာမဟုတ်ဘူးဆိုတာ သိသာ မြင်သာစေပါတယ်...
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာက ကိုးရီးယားနိုင်ငံလို သရုပ်ဆောင် အနုပညာ ဘာသာရပ်၊
တက္ကသိုလ် မရှိဘဲနဲ့ အမှန်တကယ် စိတ်ပါဝင်စားကြတဲ့ သူတွေမှသာ လေ့လာလိုက်စားကြလို့ပါဘဲ ....
သရုပ်ဆောင် ခပ်များများကတော့ .....

ဒါပေမယ့် ... အခု ...ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတ္တိရိုက်ကူးမယ်ဆိုတော့ ....
သေချာတာ တစ်ခုက ဇာတ်ကောင်တွေ အမြောက်အများ အသုံးပြုရတော့မှာပါ....
ကိုယ်သုံးလိုက်တဲ့ ဇာတ်ကောင် ဇာတ်ရုပ်တွေကလည်း
သမိုင်းစာမျက်နှာတွေနဲ့ တထပ်တည်းကျနေဖို့လည်း လိုနေမှာပါ...
ဒီနေရာမှာ ....
အမျိုးသားဇာတ်ဆောင်တွေက ပိုပြီး အဓိက ကျနေမယ်လို့ ထင်မိပါတယ်....
ကျွန်တော့် အကြိုက်ကတော့ အဓိက ဇာတ်ကောင်တွေနေရာမှာ
ဒီကနေ့ အနုပညာလောကမှာ ပါဝင်လှုပ်ရှားနေကြတဲ့ သူတွေအားလုံးကို မရွေးချယ်စေချင်ပါဘူး...
ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ဇာတ်ကောင် စရိုက်တွေက ရင်းနှီးပြီးသား ဖြစ်နေလို့ပါပဲ ....
ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်ရမယ့်သူဆိုရင် ပိုလို့တောင် ခက်ခဲနိုင်ပါတယ်.....
စာဖတ်သူ မယုံရင် ....
ဒီကနေ့ နာမည်ရနေကြတဲ့ မင်းသားတစ်ယောက်ယောက်ကို စိတ်ကူးနဲ့ ခံစားကြည့်ပါလား ..
ကျွန်တော်ကတော့ ဘယ်လိုမှ မခံစားတတ်အောင်ပါပဲ...
ဘယ်သရုပ်ဆောင်နဲ့မှ ကျွန်ုပ်တို့၏ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နဲ့ လိုက်လျောညီထွေ
ရှိတယ်လို့ကို မထင်မိတာ အမှန်ပါပဲ ...(သဘောထား ကွဲလွဲနိုင်ပါသည်)

ဒီတော့ ဘယ်လို လုပ်ကြမလဲ .... ကျွန်တော့်ရဲ့ သဘောထားပါ.....
အကြံပြုရတာ လွယ်သလောက် လုပ်ဖို့ခက်တယ်ဆိုတာလည်း နားလည်ပါတယ် ...
ဒါပေမယ့် အခုကိစ္စက ဂန္ထ၀င် မြောက် ဇာတ်ကား တစ်ကား ဆိုတော့ သတိထားရမယ်ဗျာ ...
အလျင်စလို မလုပ်စေချင်ဘူးဗျာ ... အချိန်ပေးရမယ်ဗျာ... ကျွန်တော့် အမြင်အရပြောရရင် ...
ဒီကနေ့ မြန်မာလူငယ်တွေ မညံ့ကြပါဘူး ....
ရုပ်သွင်ပြင်တူသူတွေ..စရိုက်နီးစပ်သူတွေကို ရှာဖွေမယ်ဗျာ...လေ့ကျင့် သင်ကြားပေးမယ်ဗျာ ...
အဲဒီထဲကမှ ရွေးချယ်မယ်ဗျာ .....ဒါဆိုရင် ဖြစ်မယ် ထင်ပါတယ်...
အနုပညာရှင်တွေရဲ့ တာဝန်က စေတနာထားပြီး တာဝန်ယူ လေ့ကျင့် သင်ကြားပေးကြပါလို့သာ မေတ္တာရပ်ခံချင်ပါတယ်....

ဖြစ်နိုင်ရင် .....
ဇာတ်ကောင် အားလုံး အသစ်တွေချည်း သုံးလိုက်ချင်တာပါပဲ .....
အစွမ်းအစရှိတဲ့ မြန်မာလူငယ် အများအပြား ပေါ်ထွက်လာမယ်ဆိုတာ ယုံကြည်နေမိတယ်ဗျာ ...
အချိန်ပေးမယ်... စိတ်ရှည်မယ်.... ဖြစ်အောင်ဖန်းတီးကြမယ်... အားလုံး ၀ိုင်းဝန်းကြမယ် ဆိုရင်ဖြင့်...
မြန်မာ မှာသာမက ကမ္ဘာမှာပါ မှတ်တမ်းဝင်မယ့် ဇာတ်ကားကောင်းတစ်ကား မလွဲဧကန်ဖြစ်မှာပါ...

စောင့်မျှော် ကြိုဆိုလျှက် ....

လေးစားစွာဖြင့် ...
ဘကြီးအောင်


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>