Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မိမိဒဿနကို - မိမိသတ်ပစ်ခြင်း............(ဒဿနစာစု)

$
0
0

                                အွန်လိုင်းပေါ်က၊အယ်ဒီတာတစ်ဦးလို့ ဘဲဆိုကြပါစို့ ။

သူဟာ...လွတ်လပ်စွာ ရွေးချယ်ဆောင်ရွက်ခွင့် ရှိသလို၊ ကိုယ့်အလုပ်အပေါ်မှာလည်း

တာဝန်ယူရဲတဲ့၊သတ္တိ ရှိရပါမယ်။ဒါပေမယ့်...တစ်ခါတစ်ရံ ဆုံးဖြတ်ရခက်တဲ့ လမ်းနှစ်ခွကို ရပ်မိလျှက်သား ဖြစ်တတ်တယ်။အားပြိုင်မှုဆန်ဆန်ပေါ့။ဒီလိုအခြေ

အနေမှာ ဆင်ခြင်တုံတရားကိုချည်း လက်ကိုင်ထားမယ်ဆိုရင်၊ဆုံးဖြတ်ချက်ဟာ တုန့် ဆိုင်းနေပါလိမ္မယ်။ဒါမှမဟုတ် ခံစားချက်တစ်ခုတည်းနဲ့ လုပ်မယ်ဆိုရင်လည်း၊

ဘေးပါတ်ဝန်းကျင်ရဲ့  ကဲ့ရဲ့ မှုက လွတ်ကောင်းမှ လွတ်မယ်။ဒီချိန်မှာ..သတ်မှတ်

ချက်စည်းကမ်းကို ဖောက်ဖျက်ရကောင်း ဖောက်ဖျက်ရပါမယ်။ဒီတော့...ပြောချင်

တယ်။အပြစ်ကင်းစင်တဲ့ စင်းလုံးချောဖြစ်ဖို့ ကတော့ သိတ်မမြင်ဘူး။တစ်ဖက်ကို

ရွေးချယ်လိုက်ရင်၊တစ်ဖက်က အပစ်တင်တာ ခံရပါမယ်။အခက်အခဲကို ကျော်ဖြတ်

ချင်ရင်တော့ ရဲဝံ့ပြတ်သားဘို့ လိုတယ်။မိုက်မိုက် ကန်းကန်း ဆုံးဖြတ်ရတာမျိုးလည်း

ရှိပါတယ်။

            တွေ့ ကြုံဘူးနေကြ ၊ဇါတ်လမ်းထဲကလိုပါဘဲ။မိခင်ကြီးနဲ့  ချစ်သူ ဘယ်သူ့ 

ကိုရွေးချယ်မလဲ။အဖြေကရှင်းတယ်။မိခင်ရွေးမယ်။အစားထိုးမရဘူးလေ။ချစ်သူ(၁)

နဲ့ ၊အိမ်ထောင်ဖက်လောင်းလျာ၊ဘယ်သူ့ ကိုရွေးမလဲ။စဉ်းစားရပါပြီ။နှလုံးသားနဲ့ 

ဦးဏှောက် အားပြိုင်တဲ့ ခွဆုံဘဲလေ။

          ဒီလိုပါဘဲ။အလုပ်တစ်ခုကို တာဝန်ယူရင်၊ပြတ်ပြတ် သားသား နဲ့ စွန့် စွန့် 

စားစား ဆုံးဖြတ်ရတော့မှာပါ။မှားယွင်းသော ယူဆချက်ကြောင့် ယုံကြည်မှုအပေါ်

ဒွိဟဖြစ်နိုင်ပါတယ်။ရလဒ်ကတော့ စစ်မှန်သော ရပ်တည်မှု ၊ ဖြစ်တည်မှု၊မဟုတ်

တော့ဘူး။သူ့ ရဲ့ ...ဘ၀တန်ဘိုးလည်း ကျဆင်းသွားနိုင်တယ်လေ။

       မရေရာသော ၊ အနာဂါတ်နဲ့ ၊ ရှင်သန်ရခြင်းဟာ ၊ ဆိုးပါတယ် ။

ဒါဟာ...မိမိဒဿနကို မိမိကိုယ်တိုင် သတ်ပစ်ခြင်းပါ။ကံငါးပါးထဲမှာမပါလို့ 

သေးနုတ်တဲ့အပစ်တစ်ခုလို့  မယူဆစေလို။ ထွက်ပေါက်ရှာရင်း ၊ ရှာရင်း ၊

အကြိမ်ကြိမ် သတ်မိရင် ဘာမှ ကျန်မှာမဟုတ်တော့ဘူး။

                           တွေးကြည့်ပါ ။

၂၂ . ၁ . ၂၀၁၃ ( ခရီးဆက်ရင်းအတွေးလေးတင်ပေးမိပြီ။ မကွေး ၊ မင်းဘူဘက်ရောက်နေပြီလေ)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>