လေတဟူးဟူး …..တိုက်နေတဲ့…..ငပလီကမ်းခြေ ရဲ့ …တစ်နေရာမှာ …..ညစ်ပေပေ ကောင်လေးတစ်ယောက်ဟာ
သဲ အိမ်လေး တစ်လုံး တည်ဆောက် လို့နေပါတယ်။ သူ့ ရဲ့ စိတ်ကူးထဲမှာတော့ နန်းတော်ကြီးတမျှ လှပလို့နေပါတယ်။ ကောင်လေးဟာ …သူ. စိတ်ကူး နဲ သူ ပြုံး၍နေပါတယ်။ အဲ့ဒီ သဲနန်းတော်ကြီးကို
သူချစ်တဲ့ ….ကောင်မလေးကိုပေးဖို့ပေါ့။ အဲ့ဒီအချိန်မှာပဲ ….စကတ်စုတ်စုတ်လေး နဲ ပါးဖောင်းဖောင်းကောင်မလေးတစ်ယောက် …ရောက်လို့လာပါတယ်။ ကောင်လေး ရဲ့ ..မျက်နာဟာ ရွှင်မြူးသွားပြီး ….
“နင်ရောက် လာပြီနော်။ ငါ..နင့်ဖို့..သဲနန်းတော်ကြီး ဆောက်နေတာ၊ ဒီမှာကြည့် မလှဘူးလား။ ”
ကောင်လေးကမေးတော့ ..ကောင်မလေးက နှုတ်ခမ်းလေး စူသွားပြီးတော့….
“ အဲ့ဒီ သဲအိမ်က ဘာ လုပ် ဖို့လဲ၊ ငါက တိုက်ကြီးမှကြိုက်တာ။ ကားကြီး စီးပြီး…တိုက်ကြီး နဲ့နေချင်တာ။ဒီအလကားရတဲ့ သဲတွေ ဘာလုပ် ဖို့ လဲ ၊ မကြိုက်ဘူး ”
ကောင်လေးရဲ့ ..သဲ အိမ်လေးကို ဖျက်စီးပစ်လိုက်ပါတော့တယ်။ မွမွကြေသွားတဲ့ သဲ အိမ်လေးကို ငေးကြည့်နေတဲ့ ကောင်လေး မျက်နှာဟာ မျက်ရည်တွေ ၀ိုင်းလို့နေပါတယ်။ စိတ်ထဲကတော့ နင်လိုချင်တဲ့ တိုက်ကြီးမျိုးပေးချင်တာပေါ့ ကောင်မလေးရယ် …ဒါပေမဲ့ ..ငါ့မှာ ..ပိုက်ဆံမှမရှိတာ။ ထွက်ခွာသွားတဲ့ ကောင်မလေး ကျောပြင်ကို ငေးကြည့်ရင်း မျက်ရည်တွေ စီးကျလို့လာပါတယ်။ သဲတွေ နဲ ..ပေကျံ နေတဲ့ …..လက်ကလေး နှစ်ဘက်ဟာ လဲ ….တုန်ရင်လို့နေပါတော့တယ် ။ ကောင်လေးရဲ့ ……ရင်ထဲမှာတော့…. အချစ်ဆိုတာ ..နားမလည်သေးပေမဲ့ ……ကောင်မလေး ..ပျော်ဖို့ အတွက် …..ဘာမဆို လုပ်ပေးချင်စိတ်တွေ သာ ……ကြီးစိုးလို့နေပါတော့တယ် ။
ဖြူတစ်ယောက် …..ရန်ကုန်သွားရတော့ မှာမို့…ရွှင်မြူးလို့နေပါသည်။ စိတ်ကူးယဉ် အိမ်မက်တွေ လက်တွေ့ဖြစ်တော့မယ်ထင်ပါရဲ့နော်။ အောင့် ကို သွားကြွားအုံးမှ ….ကိုယ်ရဲ့ အိမ်မက်တွေကို ..နားလည်ပေးနိုင်သူက အောင်တစ်ယောက်ပဲရှိတာလေ။
အောင်က ..ငပလီကမ်းခြေ ဟော်တယ် တစ်ခုမှာ အလုပ်လုပ်နေပါတယ်။ ဖြူရော အောင်ရော..ဆယ်တန်းအောင်ပြီးကြပါပြီ။ ရန်ကုန်မှာ ကျောင်းသွားတက် ချင်တာက ဖြူရဲ့ စိတ်ကူးယဉ် အိမ်မက်လေးပေါ့။ ဖြူတို့က ငပလီကမ်းခြေနားက ..ရွာကလေးမှာ ဆင်းဆင်းရဲရဲ နေရတာမို့အရမ်းပဲချမ်းသာချင်ပါတယ် ။
အလုပ်နားချိန်မို့..အောင်တစ်ယောက်..ကမ်းခြေကကျောက်ဆောင်လေးတစ်ခုပေါ်မှာထိုင်နေပါသည်။
ဖြူက ..အောင့်ဘေးမှာ ..၀င်ထိုင်လိုက်ပြီး ၊ …
“ ဒီလိုကျတော့ …ငပလီက တော်တော်သာယာတာပဲနော် ”
အောင်ကနားမလည်သလို လှည့်ကြည့်ပြီး ….
“ ငါတို့မွေးရပ်မြေက လှပြီးသားလေ၊…ဒါကြောင့်မို့ မြန်မာပြည်ရဲ့ အလှဆုံးနေရာ ထဲမှာတောင်ပါတယ်။
မိဖြူ ….စိတ်ကြည်လာတယ် ထင်တယ်။ ပြောပါအုံး ”
“ ဟုတ်တယ် ။ နင်တော်လာပြီ ။ ငါ….ရန်ကုန်က ဒေါ်လေး အိမ်မှာ လိုက်နေရင်း ကျောင်းတက်ရမယ် တဲ့….
ငါ ..နေချင်တဲ့ ရန်ကုန်မှာ နေခွင့်ရတော့မယ်…..ပျော် လွန်းလို့..ထမင်းတောင်မစားနိုင်ဘူး ။ နင့်ကိုပြော ချင်လွန်းလို့ ထွက်လာတာ …”
ဖြူ.မျက်နှာဟာ ..အပြုံးတွေ နဲ့ ကြည်လင်နေသလောက် ….အောင်မျက်နှာကတော့ ….ညှိုးနွမ်းလို့သွားပါသည်။
ဖြူက အောင့်မျက်နှာ ကိုကြည့်ပြီး ..
“ နင်က လဲ ….စူပုတ်နေတာ ပဲ ..ငါ့ အတွက် ၀မ်းမသာဘူးလား ”
လို့မေးလိုက်တော့ …အောင်က …
“ နင့်အတွက် ၀မ်းသာပါတယ်ဖြူရယ် ..ငါကလေ နင်အမြဲ ပြုံးပျော်နေတာမြင်ချင်သူပါ ။ နင်နဲ ခွဲရမှာမို. ၀မ်းနည်းသွားတာပါ..”
“ နင်ကလဲ …ငါ ..ပြန်လာမှာပါ။ သူဌေးကြီးဖြစ်တဲ့ တနေ့ပေါ့ …ဟီး ….ပြီးတော့ ..နင် လဲ လိုက်လာခဲ့လေ…ငါတို့ ရန်ကုန်မှာ ကျောင်းအတူတက်ခွင့်ရရင်ကောင်းမှာနော်…။ ငါ လဲ နင်နဲ့မခွဲ ချင်ပါဘူး။ ”
“ အဲ့ ဒီစကားနဲ့တင် ငါကျေနပ်ပါတယ်။ နင်နဲ့တွေ့ရအောင် ..အဝေးသင်ကို ..ရန်ကုန်ပြောင်းယူလိုက်မယ်။နင့်ဟာ ..ငါ့ဘ၀ရဲ့ …နတ်သမီးပါ။ နင်အနားမှာ ရှိနေရင် ငါ့ဘ၀ ..ပြီးပြည့်စုံပါတယ်...”
ဖြူက ..မချိုမချဉ်..ပြုံးလိုက်ပြီး…
“ငါသာနတ်သမီးဆိုရင် ..နင့်ကိုသူဌေးကြီးဖြစ်အောင် ဖန်းဆင်းပြီး ..ငါတို့ တသက်လုံးအတူတူနေသွားကြတာပေါ့ ” တဲ့
အော် ….ဖြူ..က ..သူဌေးကြီးဖြစ်မှ..ငါ့နားမှာနေချင်တာကိုး။ ရင်ဘတ်ထဲက ..တဆစ်ဆစ် နာကျင်သွားပါသည်။ ဖြူရယ် ..နင့်ဆန္ဒ ကို …ငါဖြည့်ဆည်းပေးချင်လိုက်တာ။ ငါ့ရင်ထဲက စေတနာတွေ ကို …နင်…တနေ့တော့ နားလည်နိုင်မှာပါ။
ဖြူတစ်ယောက် ….ရန်ကုန်မှာ ….အရမ်းပဲ ..ပျော်နေခဲ့ပါတယ် ။ ကိုယ်ပိုင်ကားလေး နဲ့ ..ကျောင်းတက်သူတွေကို ……အားကျလို့ ။ ချမ်းသာချင်တဲ့ ..စိတ်တွေ ဟာ ….ပို၍သာ ခိုင်မာ လာခဲ့ပါတယ် ။
ဒီလို နဲ့ ..ဖြူဟာ ….ချမ်းသာတဲ့ ..ကောင်လေး တစ်ယောက် နဲ့ ..ချစ်သူဖြစ်သွားပါတယ် ။
ကောင်လေးပေးတဲ့ ..လက်ဆောင် ..အကောင်းစားတွေဟာ ..ဖြူအတွက် …မက်မောစရာအတိပေါ့။ ကားလေးနဲ့ ..လျှောက် လည် ခဲ့ရတာလဲ ….နိဗာန်ဘုံပါပဲ။
စည်းစိမ်းတွေ နဲ့ …ရစ်မူးနေတဲ့ ..ဖြူ့အတွက်တော့ …..ငပလီကမ်းက …ကောင်လေးတစ်ယောက်ဟာ မေ့တချက် ..လျှော့ တချက်နဲ့ …..မှုန် ၀ါးဝါး..ပန်းချီကားတစ်ချပ်လို့ …မှေးမှိန်ပျောက်ကွယ်လုနီးနီးပေါ့။
ဖြူရဲ့ ..သတင်းမှန်သမျှ ..နားစွင့်နေခဲ့တဲ့ …..အောင့်အတွက်ကတော့ ….အသဲကွဲဝေဒနာ ကို ….အလူးအလဲ ခံစားနေရပြီး ။ ချစ်သူပျော်ပါစေတော့ ရယ်လို့ ….နှစ်သိမ့်၊ဖြေတွေး…အပူရုပ်ကို ..ဟန်လုပ်လို့ နေရပါတယ် ။ ချစ်သူရယ်….မင်းပျော်ဖို့အတွက်ဆိုရင် ..ငါက ….နှလုံးသားကို ..လမ်းခင်းပြီး ..လျှောက်ခိုင်းချင်သူပါကွာ …..။ ဖြူတစ်ယောက် ..ထာဝရပျော်ရွှင်နိုင်ပါစေ။
အဲ့ဒါ ငါ့ ရင်ဘတ်ထဲက ..စေတနာစစ်စစ်ပါ။
နေ့တနေ့ မှာတော့ ….ရွှေရောင် ၊ ငွေ ရောင်တွေ ..ရဲ့ ..နောက်က ..ထောက် ချောက်ကို ဖြူတစ်ယောက် မျက်ဝါးထင်ထင် မြင်တွေ့ ခဲ့ရပါတယ်။
“ ဖြူရေ ….ဒီနေ့ လျှောက်လည်လို လဲ ….၀ပြီ။ မြို့ ထဲ မှာ ….ကိုရဲ့ ..အခန်းလေးရှိတယ် ..အဲ့ ဒီ မှာ ၀င်နားရအောင် နော် ..ညနေကြတော့ ..ဖြူကိုပြန်ပို့ပေးမယ်လေ ။”
သမင်မလေး ..ဖြူ ..ချစ်သူ အလိုကျခေါင်းညိမ့် ခဲ့ပါတယ်။
အခန်း ထဲရောက်တော့ …နှစ်ယောက် ထဲ မို့ ….ကြောက်စိတ်တွေ ၀င်လာသလိုပါပဲ။ ဒါပေမဲ့ ..ကိုယ့်ချစ်သူ ပဲလေ ဆိုတဲ့ အတွေးနဲ့ ….ကြောက်စိတ်တွေကို ..ဖျောက်ပစ် လိုက်မိပါတယ် ။
ကို ..ကတော့ ..ပေါ့ပေါ့ပါးပါးပါပဲ….ရေချိုးပြီး ….အိပ်ရာထက်မှာ လှဲ လို့နေပါတယ် ။
ဖြူမှာသာ…စိုးရိမ်စိတ်တွေ နဲ့ ……ဦးနှောက်က ..အချက်ပေးသံတွေ …..ဆူညံလို့နေပါတယ် ။
ဖြူငြိမ်နေတော့ ….ကိုက ….“ ဖြူက ..ဘာဖြစ်နေတာ လဲ …ကို နဲ့ အတူတူလာအိပ်လေ..ဒါကသဘာဝတရားလေ…ခုခေါတ်မှာ ..မဆန်းတော့ပါဘူးကွာ ..” တဲ့
ကို..စကားအဆုံးမှာ ..ဖြူ တော်တော်ကြီး ..ထိတ်လန့် သွားပါတယ် ။ မဆန်းပါဘူး တဲ့လား။
ဖြူ..ငိုချင်စိတ်တွေ ကြီး စိုး လို့ လာပါတယ် ။ ဖြူ က ..ပြန်ပို့ပေးပါလို့ ….ပြောတော့၊ ကိုက
“ မင်းကို ပေးထားတဲ့ …အရင်းအနှီးက ကြီးတယ်ကွ …ဒီအတိုင်းတော့ ဘယ်ရမလဲ ၊ မင်းအတွက် ..ငါ ၀ယ်ပေးထားတာတွေ က ..အကောင်းစားတွေ ကြီး ပဲနော် ..ဘာလဲ ..နဲ လို့လား …မင်းကဘယ်လောက် လို ချင်တာလဲ ပြောလေ ”
ဖြူရင်ထဲ မှာ…..စက်စုပ် ရွံရှာမူတွေ …ပြည့် သိတ်လို့ လာပါတယ် ။ သူပေးထားတဲ့ ..ပစ္စည်းတွေ နဲ့ …ဖြူဘ၀လေးကို ..လဲလှည်..ခံလိုက်ရတော့မှာလား။ သူ့ပေးခဲ့တဲ့..လည်ပင်းက စိန်လောဒ်လေးနဲ့ ဆွဲကြိုးလေးရယ်၊ စိန်စီထားတဲ့ ..ရိုမက်စင်နာရီလေးရယ်ကို…ဖြူကြောက်လန့်စွာ ..ကိုင်ကြည့်မိပါတယ်။ အရင်ကမက်မော ခဲ့တဲ့ ..ပစ္စည်းတွေ ..ခုတော့ ..ရွံ.စရာ..အတိ။ကျားစာဖြစ်တော့မဲ့..ကိုယ့်ဘ၀ အတွက် …ယူကြုံးမရ…ဖြစ်လို့နေရပါပြီ ။
သတိကပ် ….ထိန်းချုပ်ရင်း …ချော့တခါ ခြောက်တလှည့် ..ပြောလာသော သူစကားများကို …အချို သပ်ရင်း ….လွပ်လမ်းကို ရှာ လို့ နေပါတယ် ။ အဲ့ ဒီ အချိန် ..ဖုန်းလာပါတယ်။
သူ ဖုန်းပြောနေတုန်း…ရွံ့ရှာ ဖွယ်ပစ္စည်းတွေကို ..ချွတ်ပစ်ခါ၊ ..အခန်း ထဲက ..ပြေးထွက် ခဲ့ပါတယ် ။ သူ ရူးတစ်ယောက် လို ..ပြေး လွှားရင်း….နောင်တ မျက်ရည်တွေ စီးကျလို့ သာလာပါတယ် ။ ဖိနပ်မပါ၊ မျက်ရည်စက်လက်နဲ့ ..ကောင်မလေး ..တစ်ယောက် ပြေးလွှားဆဲပါ ။ မြင်သူတကာက …ရူးသွားပြီ လို့ အထင်နဲ့ ….လိုက်ကြည့်နေကြပါတယ်။ ငွေ မက် ခဲ့တဲ့ ..ဖြူရင်ထဲက ….နောင်တတွေကိုတော့ …ဘယ်သူမြင် နိုင်မှာ တဲ့လဲ။ …..
အော် ..ငွေ…..ငွေ …. အဲ့ ဒီ ငွေကြောင့် …ဘ၀ပျက် ခဲ့တဲ့ ..မိန်းခလေး တွေ ဘယ်လောက်တောင်များနေပြီ လဲ ။ ဖြူလို …ကျားခံတွင်းဝက ..လွတ်လာသူတွေ လဲ …ရှိသလို၊ ကျဆုံးသွားသူတွေ လဲ …ရှိနေမှာပါ ။ ငွေ ဆိုတာက …အပေါ်ယံ ..သကာရည်လောင်းထားတဲ့ …..၀ိုင်တခွက် လိုပါပဲ။ လူတွေ ကို ..ယစ်မူးစေပြီ၊ ကောင်းကျိုးရော ၊ ဆိုးကျိုးတွေ ကိုပါ ဖန်ဆင်းနိုင်ပါတယ် ။
နောင်တတွေ တပွေ့ တပိုက် နဲ့ …ဖြူ့ကို …တွဲလို့ ကူညီသူကတော့ ….ငပလီကမ်းခြေက ကောင်လေး..အောင်ပါ ။ လောကကြီးရဲ့ …တန်ပြန် ..နိယာမ ..အတိုင်း..စေတနာ စစ်မှန် ခဲ့တဲ့ အောင် …ချစ်သူလေးကို ..အပြစ်အနာအဆာ ကင်းစွာ …ပြန် လည် ပိုင်ဆိုင် ခဲ့ရပါတယ်။
ဖြူကတော့…အောင်နဲ့ ငယ်စဉ်ကတဲက အကြောင်းလေးတွေ ကို ..ပြန်ပြောင်းအောင့်မေ့ ယင်း..မျက်ရည်လည်နေတုန်းပါ ။ နောင် မှ ..ရတတ်တဲ့ ..နောင်တတွေ အတွက် …..အောင်ကို ..တသက် လုံးပေးဆပ် သွားဖို့ ..ဆုံးဖြတ်ချက် ချမိလိုက်ပါတယ် ။
အောင်အတွက်..တသက်လုံး….ဖြူစင်၊ ခိုင်မြဲတဲ့ ..ချစ်မေတ္တာတွေ ပေးသွားမှာပါ။
ပြီးပြည်ူစုံတဲ့ မေတ္တာတွေနဲ့ …အောင်နဲ့ ဖြူ ..တို. ရဲ့ ….တွဲ လက်အစုံ ဟာ ….အနာဂါတ်အတွက်..ခိုင်မြဲလို့နေပါတော့တယ် …။
ခိုင်မြဲ တဲ့ ..ချစ်ခြင်းမေတ္တာတရား ..နဲ့ တွေ့ဆုံ နိုင်ကြပါစေ။
ဆန္ဒမွန်ဖြင့် .....
မှုံနံ.သာဖြူ......