ဒီတစ်ပါတ် Health Digest ဂျာနယ်မှာ ဟာသတစ်ပုဒ်ပါလာတယ်။ ခြင်္သေ့ တစ်ကောင်ရဲ့လက်ထပ်ပွဲမှာ ကြွက်ကလေးတစ်ကောင်က ဟိုပြေးဒီပြေးနဲ့ စိတ် လှုပ်ရှားစွာနဲ့ ပျော်နေသတဲ့။
ဒါနဲ့သူ့သူငယ်ချင်းက *ဘာကြောင့် ပျော်နေတာလဲ*
့ *ဒါကျွန်တော့်ရဲ့ အစ်ကို လက်ထပ်ပွဲလေ*
*မင်းကကြွက်ကလေးပဲ၊ ခြင်္သေ့က ဘယ်လိုလုပ် မင်းရဲ့အစ်ကိုဖြစ်နိုင်မှာလဲ*့ *ကျွန်တော်တို့အားလုံးဟာ လက်မထပ်ခင်ကအထိတော့ ခြင်္သေ့တွေချဉ်းပါပဲ*လို့ ဖြေလိုက်တယ်။ သဘောလောက်ပဲရေးတော့မယ်။ ကိုယ့်ဘာသာ တွေးတော့ဗျာ။
ဒါကို မ/ဒေါ်/ညီမ-အေးစုမွန်က ရေးထားတာပါ။ အငြင်းပွားမယ်ဆို သူ့ကို ပွားကြဗျာ။ လျို့ဝှက်ချက်ကိုယ်စီ၊ ခံစားချက်ကိုယ်စီ၊အမြင်ကိုယ်စီပဲကိုး။ အမှန်အ တိုင်းပြောရရင် ဒီဟာသကို ကြိုက်တယ်။
ဒါလေးကို ဖါတ်ပြီး ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ ဧရာဝတီဟောပြော ပွဲမှာ *ဣတ္ထိဝင်္က နဒီဝင်္ကံ*မြစ်တိုင်းက ကောက်ကွေ့တယ်၊ မိန်းမတိုင်းကလဲ အဲဒီ ကောက်ကွေ့တဲ့မြစ်လိုပဲ ကောက်ကွေ့ကြသတဲ့။
ဒါပေမယ့် ၀တ္ထုတစ်ပုဒ်ကို သူရေးတယ်။ မြှားဖြစ်သွားသောမြစ်တစ်စင်းရဲ့ဇာတ်အ ကြောင်းကိုပေါ့။
*မြစ်ဆိုတာ ကောက်ကွေ့ပြီးသွားလေ့ရှိပါတယ်။ တကယ်လို့ အဲဒီမြစ်က ကမ်းပါး နှစ်ခုရဲ့အလယ်ကနေ ဖြတ်ပြီးစီးဆင်းသွားရင်တော့ မြှားဖြစ်သွားပါတယ်။ အဲဒီ ကမ်းပါးနှစ်ခုက ကိုယ်ကျင့်တရားနဲ့ ရဲရင့်ခြင်းပါပဲ*တဲ့။ လင့်ကျင့်ဝတ် မယားကျင့် ၀တ်ဆိုတာ ရှိတယ်လေ။
သိပ်ကောင်းတဲ့ စာသားနဲ့ သိပ်တော်တဲ့ စာရေးဆရာပါပဲ။ ကိုယ်ကျင့်တရားကို *သီလ*လို့ ခေါ်ပါတယ်။ အဲဒီသီလကို စောင့်ထိန်းဖို့ ရဲရင့်မှု ရှိရပါတယ်။ သီလအမျိုးမျိုးရှိပါတယ်။
၁။ မစောင့်လို့ကို မရတဲ့သီလနဲ့
၂။ စောင့်ရင်ပိုကောင်းတဲ့သီလဆိုပြီး နှစ်မျိုးကိုပြောကြတာပေါ့။
မစောင့်လို့မရတာ လောလောဆယ်ဆယ် စဉ်းစားမိတာက ပဉ္စာနန္တရိယ ငါး-ပါးနဲ့ ငါး-ပါးသီလပါပဲ။ ဆိုပါတော့-
၁။အမေ ခင်ဗျားသတ်သင့်တယ်လို့ထင်လား?
၂။အဖေ သတ်သင့်တယ်လို့ထင်လား?
၃။ ကိုယ်ကိုးကွယ်တဲ့ ဘုရားရှင်ကို သွေးထွက်သံယို ( သို့) သွေးစိမ်းတည်အောင် လုပ်သင့်သလား?
၎။ကိုယ်ကိုးကွယ်တဲ့ သံဃာကို စိတ်သဘောထားကွဲအောင် အသင်းအဖွဲ့ ကွဲအောင် လုပ်သင့်သလား?
၅။အကျင့်ကောင်းတဲ့ မြင့်မြတ်တဲ့သူတွေ (သို့) ရဟန္တာတွေကို သတ်သင့်တယ်လို့ သင် ထင်လား?
သေချာစဉ်းစားနော် ဒါတွေက အရမ်းကို အပြစ်ကြီးပါတယ်။ ဒီအပေါ် ရှောင်ကြဉ် ရမယ်ဆိုတာ သေချာပါတယ်။
နောက်တစ်မျိုးက ငါး-ပါးသီလပါပဲ။
၁။ ကိုယ့်အသက်ကို သူများသတ်မှာ ကြောက်လား? ဒါဆို သူများကို မသတ်နဲ့
၂။ ကိုယ့်ပိုက်ဆံပျောက်မှာ၊ သူများလုမှာ၊ လိမ်မှာ ကြောက်လား? ဒါဆို…
၃။ ကိုယ့်မိန်းမ ကိုယ့်ယောက်ျား သူများက ကြာခိုမှာ၊ ကိုယ့်ရည်းစား လူလုမှာ ကြောက်လား? ဒါဆို…
၎။ ကိုယ့်ဘ၀ပျက်အောင်၊ အကျိုးစီးပွားပျက်အောင်လုပ်မှာ ကြောက်လား? ဒါဆို.
၅။ အရက်ကြောင့် ဘ၀ပျက်သူတွေ၊ အသိမဲ့သူတွေ တွေ့ဖူးလား? သူတို့လိုကော
ဖြစ်ချင်လား? အရက်သ္မားရဲ့သား၊ မယား ဖြစ်ချင်လား? ဒါဆို ရှောင်ကြဉ်တာက အကောင်းဆုံးပဲ။
ခုပြောခဲ့တဲ့ ၁၀-ခုက လျှော့ပေးလို့ မရဘူးနော်။ လုပ်ကိုလုပ်ရမယ့် အလုပ် တွေပါပဲ။ ဒါပေမယ့် ဒီတစ်ကမ္ဘာလုံး အကုန်မစောင့်ထိန်းနိုင်ကြပါဘူး။ တကယ်လို့ တစ်ကမ္ဘာလုံးက စောင့်ထိန်းကြမယ်ဆိုရင် စစ်ပွဲတွေ၊ ရောဂါတွေ အသားလွတ် လူသတ်မှုတွေ တစ်ခုမှ ဖြစ်မှာမဟုတ်တော့ဘူး။
စောင့်ရင်ပိုကောင်းတာကတော့ ခင်ဗျားတို့သိမှာပါ တစ်ခါတစ်လေ ဥပုသ် စောင့်ကြတယ်လေ။ အဲဒီလို ဥပုသ်စောင့်ရင် ညစာမစားဘူး။ သီချင်းနားမထောင် ဘူး။ အမွှေနံ့သာမလိမ်းဘူး။ ဒါတွေက စောင့်ထိန်းရင် ပိုကောင်းတာပေါ့။ ဒီနေရာ မှာ တစ်ခုရှိတာက ၀ိသာခါတို့လို သောတာပန်တွေတောင်မှ ညစာတွေစားကြပါ တယ်။ ဒါပေမယ့် ကိုယ်စားသလိုနှလုံးသွင်းနဲ့ သူတို့စားတာ မဟုတ်ဘူးဆိုတာလဲ သတိထားရပါမယ်။
ဒီလို စောင့်ထိန်းကို စောင့်ထိန်းရမယ့် သီလနဲ့ စောင့်ထိန်းရင် ပိုကောင်းတဲ့ သီလဆိုပြီးနှစ်မျိုး ရှိပါတယ်။
တစ်ချို့ကတော့ သီလကို ဈေးဆစ်ကြတယ်။ *အမှားဆိုတာ လူတိုင်းမှာ ရှိကြပါ တယ်*တဲ့။ မှန်ပါတယ်၊ လက္ခံပါတယ်။ ဒါပေမယ့် တစ်ချို့သော မှားယွင်းမှုတွေက ဘယ်လိုမှ ပြင်လို့မရတော့တာမျိုးတွေ ရှိတယ်။ ဥပမာ-
ခွဲစိတ်ဆရာဝန်တစ်ယောက်ဆိုပါတော့ မှားယွင်းပြီး ဖြတ်မိ၊ခွဲမိပြီး အားလုံး ok ပြီ ဆိုမှ လူနာက အသက်မရှိတော့ဘူး။ ဒါကို အသက်ရှင်အောင်ဘယ်လိုလုပ်မလဲ၊ သေတဲ့လူကသေနေပြီ။ အဲဒီလိုမှားယွင်းမှုမျိုးတွေပေါ့။
ပြင်လို့ရတဲ့အမှားမျိုးတွေလဲ ရှိပါတယ်။ ရေယိုပေါက်ကလေးက ပင်လယ် ကူး သင်္ဘောကို နစ်မြုပ်စေနိုင်သတဲ့၊ အချိန်မှီသာ အဲဒီအပေါက်လေးကို ဖာနိုင်ခဲ့ ပါက တော်သေးရဲ့ ဒီလိုမဟုတ်ပဲ ပေါ့ပေါ့ဆဆနဲ့ နေလို့ကတော့ တိုက်တန်းနစ်လို ပင်လယ်ကူးသင်္ဘောတစ်စင်း ရေပြင်ကို လည်စင်းရတော့မှာပဲ။ အဲဒီမှာ ဘ၀တွေ အများကြီးဆုံးရှုံးလိုက်ရတာပဲ။
နောင်တဆိုတာ နောင်မှရတတ်တဲ့အတွက် အရမ်းကြောက်စရာကောင်းပါ တယ်။ ကိုယ်ကြီးပွားတုန်း လုပ်ချင်ရာလုပ်မယ်၊ ဥပမာ- နီရိုးဘုရင်လို ငါဘုရင်ပဲ ဆိုပြီး စတက်တီလီယာကို ကြိုက်လွန်းလို့ သူမရဲ့ လင်ယောက်ျားကို သတ်ပစ်ပြီး ယူပစ်တာမျိုး၊ သူရဲကောင်းတွေ အကျဉ်းသားတွေကို တိရစ္ဆာန်ရိုင်းတွေနဲ့ ယှဉ်ပြီး တိုက်ခိုက်စေတယ် အဲဒါကို အရသာခံ ထိုင်ကြည့်တတ်တာမျိုး ဒါတွေက တစ်ချိန် မှာ နောင်တအဖြစ် ကျရောက်ရတာပါပဲ။ တစ်ချိန်က ဒေါသထွက်ရင် နီးရာလူကို သေနတ်နဲ့ နားထင်ထောက် ချိန်းခြောက်တတ်တဲ့ ကဒါဖီတောင် ခုတော့ ဘ၀ ပျက်ရှာပြီပေါ့။ သူနဲ့သက်ဆိုင်တဲ့ သူတွေတောင် ရွေးကောက်ပွဲမ၀င်ဖို့ တားမြစ် ချင်တဲ့သူက ရှိနေပြီ။ တိုက်တန်းနစ်ကြီးရေအောက်ရောက်တော့ ပါသွားတဲ့ လူ တွေလို ဖြစ်ရပြီ။ ကဲ ဒါဆို ခင်ဗျားက နီရိုးလား? ကဒါဖီလား?
လူငယ်ဆိုတာ တစ်ခါတစ်လေတော့ သောက်ချင်၊သွားချင်တာပေါ့ ဆိုရင် ပြဿနာက တစ်ခါတစ်လေက စတာပါပဲ။ တစ်ခါတစ်လေတစ်ခါတစ်လေနဲ့ နောက်ဆုံးတော့ *သောက်လေသောက်လေ ငတ်မပြေ* ဖြစ်ပြီး ကြွက်ဘ၀ လုံးလုံးကို ဖြစ်သွားကြတော့တယ်။ မှားပြီးရင်း မှားရင်းနဲ့ ၀က်ဖြစ်တော့မှ မစင် မကြောက်နိုင်၊ ကြွက်ဖြစ်မှတော့ အမှိုက်ပုံမကြောက်နိုင် ဖြစ်တော့တယ်။
ဒီလိုသာ မိုးခါးရေ လိုက်သောက်ကြရင် မိန်းကလေးတွေကလဲ ဘယ်သူ့ကို ယူလို့ယူရမှန်းကို မသိတော့ဘူး အဲဒီအချိန် ရောက်မှ ကောင်းမယ်ထင်တဲ့သူနဲ့ ယူကြရင် ဣတ္ထိဝင်္က နဒီဝင်္ကံလို့ ပြောကြတော့ မှာလား? တော်လေးဝကလွဲရင် ကျန်တာ ဘယ်မိန်းမမှ မကောင်းဘူးလို့ ပြောကြ တော့မလား၊ တကယ်တော့ ဆရာတော်ဦးသေဋ္ဌိလရဲ့ Gems is of Buddhist wisdom စာအုပ်ထဲကလို He is master of his own destiny, child of his past and parent of his future. ဒါပဲဖြစ်မှာပါပဲ။
Prevention is letter then cure - ကြိုတင်ကာကွယ်ခြင်းဖြင့် မိမိကိုယ်ကို ကုသလိုက် ကြပါစို့ဗျာ။
ခေတ္တ-မန္တလေး