Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

Work-life Balance ဆိုတာဘာလဲ

$
0
0

                                                          Work-life Balance ဆိုတာဘာလဲ

                        ဒီနေ့အင်တာနက်လိုင်းကအဘိဓာန်မှာ Work-life Balance ဆိုတဲ့စကားလုံးကို အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုနေကြပါပြီး။  

       Work-life Balance ဆိုတာ အသက်မွေးဝမ်းကြောင်းပြုရတဲ့အလုပ် (work ) နဲ့ဘ၀မှာ အဆင်ပြေစွာ နေထိုင်မှု (life style) အကြား   ဦးစားပေးတာများရင် ဒါဟာ ညီမျှမှုရှိမရှိ ဆိုတဲ့အယူအဆလို့ဆိုပါတယ်။

               အလုပ် (work) ကို ဦးစားပေးမှုများရင် ဒါမှမဟုတ် နေထိုင်မှု (Lifestyle) ကိုဦးစားပေးတာများရင် ဒါဟာ ညီမျှမှု (balance) မရှိဘူးဆိုတဲ့အဓိပ္ပါယ်ပါ။

              အလုပ် (work) ဆိုတာက ငွေရအောင် အလုပ်လုပ်ရတဲ့ လုပ်ငန်း ဒါမှမဟုတ် ကိုယ့်ရဲ့ရည်မှန်းချက်အတွက် လုပ်ကိုင်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။

                    နေထိုင်မှု (lifestyle) ဆိုတာက ဘ၀မှာ နေထိုင်မှုစနစ်ဖြစ်ပြီး ဌင်းဟာ အလွန်ကျယ်ပြန့်ပါတယ်။ ဥပမာအားဖြင့် စိတ်ပျော်ရွှင်ချမ်းမြေ့မှု၊ ကိုယ်ကျန်းမာရေး၊ ဘာသာရေး၊ အားကစားနဲ့ လူမှုရေးကိစ္စများ ပါဝင်သလို ၀င်ငွေမရပေမယ့်လည်း ၀ါသနာပါတဲ့အလုပ်ကို လုပ်ကိုင်နိုင်ရေးလည်းပါရှိပါတယ်။

                   Work-life Balance ဆိုတာ- ၀င်ငွေရတဲ့ အလုပ် လုပ်ကိုင်ရတဲ့ အချိန်အတိုင်းအတာနဲ့ ဘ၀မှာ မိသားစု ဒါမှမဟုတ် ပတ်ဝန်းကျင်နဲ့ ပျော်ရွှင်စွာ နေထိုင်ရမှုအချိန်အတိုင်းအတာအကြား ဆက်နွယ်မှုကို ဆိုလိုပါတယ်။

                   Work-life Balance ဆိုတာ အလုပ်သမား ၀န်ထမ်းရဲ့ ကိုယ်ကျန်းမရေး စိတ်ချမ်းသာရေးကို အထောက်အကူပြုပေးရန်နဲ့ နေထိုင်မှုဘ၀ကို အဆင်ပြေအောင် ဆောင်ရွက်ပေးရန်ဖြစ်သလို အလုပ်သမားကလည်း လုပ်ငန်းခွင်မှာ ကုန်ထုတ်တိုးတတ်ရေးနဲ့ ကိုယ်စွမ်းအား ဥာဏ်စွမ်းအား အပြည့်အ၀ စိုက်ထုတ်ကာအလုပ်လုပ်ကိုင်ရေးဆိုတဲ့ ချိန်ခွင်လျှာ ညီမျှနေစေရန်စီမံခြင်းကို ဆိုလိုပါတယ်။

                   Work-life Balance ဆိုတာ ၀င်ငွေရတဲ့အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စအကြား အပြန်အလှန် တုံ့ပြန်ခြင်း ဒါမှမဟုတ် အကျိုးပြုခြင်းကိုဆိုလိုပါတယ်။

                ကိုယ်ရေးကိုယ်တာကိစ္စများဆိုတာမှာ မိသားစုနဲ့ ပျော်ရွင်စွာနေထိုင်ခြင်း ကျန်းမာစွာနေထိုင်ခြင်းနဲ့ အနားယူခြင်းတို့ဖြစ်ပါတယ်။ 

             Work-life Balance ဆိုတာမည်သည့်ပုဂ္ဂိုလ်မဆို ၀င်ငွေရတဲ့အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ အလုပ်တွေကို အချိန်သုံးရတဲ့အခါ အချိုးညီအောင် မဖြစ်မနေကြံဖန်စီစဉ်ရတာကို ဆိုလိုတယ်လို့ နယူးဇီလန်နိုင်ငံက သုတေသနပညာရှင်တစ်ဦးက ပြောပါတယ်။

                     ကိုယ်ရေးကိုယ်တာ အလုပ်တွေက ၀င်ငွေမရဘူးဆိုပေမယ့် မိသားစုနဲ့ အချိန်ကုန်စေတာ အားကစားလုပ်တာ စာဖတ်တာ အနားယူတာ ၀ါသနာပါတဲ့ အလုပ်တစ်ခုခုကို လေ့လာလုပ်ဆောင်တာတွေ အပါအ၀င်ဖြစ်လို့ တကယ်တော့အရေးကြီးတယ်လို့ ပြောပါတယ်။

         သုတေသန လုပ်ဆောင်ချက်တွေအရ အလုပ်လုပ်ကိုင်မှုနဲ့ လူနေမှုဘ၀ကို ညီမျှအောင်ထားခြင်းဖြင့် အလုပ်သမားရော အလုပ်ရှင်အတွက်ပါ အကျိုးရှိနိုင်ပါတယ်။

                      အဲဒါကကြီးမားကျယ်ပြန့်ခိုင်ခံ့တဲ့ လူနေမှုစနစ်ကို တည်ဆောက်ခြင်းလည်းဖြစ်ပြီး ကုန်ထုတ်စွမ်းအား တိုးတတ်မှုအတွက် အထောက်အကူပြုပေးပါတယ်။

                           သင်သိပါသလား ? ဒီနေ့ကမ္ဘာကြီးမှာ အလုပ်သမား(၀န်ထမ်း) အားလုံးရဲ့ သုံးပုံတစ်ပုံကျော်ဟာ ၀င်ငွေအတွက် ဒါမှမဟုတ်အလုပ်ပြီးဖို့အတွက် အချိန်နာရီတွေ ပိုလုပ်နေကြရပါတယ်။ တစ်နည်းအားဖြင့် သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေကနေ ယူသုံးနေကြရခြင်းပါဖြစ်တယ်။

                          ကျွန်မတို့ မြန်မာနိုင်ငံက ရန်ကုန်မြို့လိုမြို့ကြီးတွေမှာ အလုပ်သမား (၀န်ထမ်း) တွေရဲ့ ဘ၀ဟာလည်း Work-life Balance မညီမျှဘူးလို့ ဆိုရပါမယ်။

                 တစ်နေ့တာ အလုပ်ချိန် ၈ နာရီအတွက် မနက်ပိုင်းပြင်ဆင်ချိန်နဲ့ ညနေအိမ်ရောက်အောင် ဘတ်စ်ကားတိုးစီးပြီး စီးရတဲ့အချိန်ပါ ထည့်ပေါင်းရင် နေ့တစ်ပိုင်းကုန်ဆုံးနေပါပြီး။

                  မိသားစုနဲ့အတူတူ ပျော်ရွှင်စွာနေရတဲ့အချိန်က တကယ့်ကိုတိုတောင်းပါတယ်။

                             တနည်းအားဖြင့် “work” ဆိုတဲ့ ငွေကြေးရဖို့ ရုန်းကန်လှုပ်ရှားချိန်ထက် “life” ဆိုတဲ့လူနေမှုဘ၀မှာ နားနားနေနေ အပန်းဖြေချိန်က မညီမျှပါ။ ဒီလို အခြေအနေမျိုးနဲ့ အလုပ်လုပ်နေရတဲ့ အလုပ်သမားဝန်ထမ်းများရဲ့ မိသားစု (life) ကိုထည့်သွင်းစဉ်းစားသင့်သလို အလုပ်သမား (၀န်ထမ်း) ဘက်ကလည်း လုပ်ငန်းမှာစွမ်းအားအပြည့်ပေးဖို့လိုပါတယ်။

                               ဒါမှမဟုတ်ရင်တော့ တစ်ချိန်မှာ အလုပ်ရှင်နဲ့ အလုပ်သမားတို့ရဲ့ ပဋိပက္ခကြီးမားကျယ်ပြန့်လာနိုင်ပါတယ်။

                                 ဒါကြောင့် Work-life Balance အရေးကို မျှော်တွေးစဉ်းစားသင့်ပါတယ်။

                         ကျွန်မတို့နိုင်ငံမှာ Work-life Balance ဆိုတဲ့ကိစ္စကိုမပြောကြပါ။ မရေးကြသေးပါ။ ဒါကလည်း အပြောင်းအလဲတစ်ခုအတွက် (စကားလုံးကြီးကြီးနဲ့ ပြောရရင် တော်လှန်ရေးတစ်ခုအတွက်) အချိန်မရောက်သေးတာလဲ ဖြစ်နိုင်ပါလိမ့်မယ်။

                   တဖြည်းဖြည်းချင်းတော့ အပြောင်းအလဲဖြစ်လာမယ်လို့ ထင်ပါတယ်။ 

                   ဥပဒေဆိုတာကလည်း ချက်ချင်းပြင်လို့ရတာမှမဟုတ်တာ။ ဘာပဲဖြစ်ဖြစ် အလုပ်သမားဝန်ထမ်း ဒါမှမဟုတ် လူသားတွေအတွက်ကြိုတင်စဉ်းစားရမယ့် အကြောင်းအရာတစ်ခုလည်းဖြစ်ပါတယ်။

 

Work-life Balance ? It’s up to us By LESLIE KOH (Assisant Political Editor) ရဲ့

ဆောင်းပါးကို မှီငြမ်းရေးသားသော ကွန်ပျူတာဂျာနယ်မှ ဦးမောင်မောင်ကြီး၏

ဘာသာပြန်မှုကို ပြန်လည် မှီငြမ်းရေးသားခြင်းဖြစ်ပါတယ်

။ ဗဟုသုတလေးတွေ မျှဝေလိုက်ပါတယ်။

အားပေးမှုကိုကျေးဇူးတင်လျှက်

အနီရောင်


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>