Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

နာမည်သာမကကဗျာတွေကိုပါရင်ခုန်ရအောင်ဖန်တီးရေးစပ်တဲ့ ရင်ခုန်ရသူနဲ့အင်တာဗျုးခြင်း

$
0
0


Welcome Scraps and Graphics

ချစ်သူမြို့တော်မိသားစုသူငယ်ချင်းများ

မင်္ဂလာပါရှင်


ချစ်သူမြို့တော်မန်ဘာများအထူးမျှော်လင့်နေတဲ့အင်တာဗျူးအစီအစဉ်လေးစတင်ပါပြီရှင်


 ချစ်သူမြို့ တော်ရဲ့   အင်တာဗျူး အစီအစဉ်လေးက စောင့်မျှော်နေသူ


မန်ဘာများအတွက်ဒီတခါအလှည့်ကျသူက


နာမည်သာမကကဗျာတွေကိုပါရင်ခုန်ရအောင်ဖန်တီးရေးစပ်တဲ့


ရင်ခုန်ရသူဖြစ်ပါတယ်ရှင်

Divider Scraps and Graphics

ရင်ခုန်ရသူရေမင်္ဂလာပါရှင့်ရွှေမြို့တော်အင်တာဗျူးကဏ္ဍလေးအတွက်အင်တာဗျူးလေးမေးချင်လို့ပါရှင်။
ဟုတ်ကဲ့ မမရေ မင်္ဂလာပါခင်ဗျ။

မောင်လေး မွေးရပ်မြေ ယခုလက်ရှိနေထိုင်နေတဲ့ နေရပ်နဲ့အတူ ရောက်ရှိနေတဲ့ အသက်လေးကိုလည်း
ရွှေမြိုတော်မန်ဘာများသိအောင်ပြောပြပေးပါလား။
ကျနော့်အသက်က 25ပါ။မန္တလေးတိုင်း၊ရမည်းသင်းမြို့လေကပါ၊ခုတော့မလေးရှား(Malaysia)မှာပါ။

မောင်လေးယခုလက်ရှိအသုံးပြုနေတဲ့(ရင်ခုန်ရသူ)နာမည်သုံးဖြစ်ပုံလေးသိချင်ပါတယ်။
ဒီနာမည်လေးကနဲနဲလည်းဆန်းတယ် လူငယ်တွေအများစုစိတ်ဝင်စားမယ်ထင်လို့ သုံးခဲ့တာပါ။တစ်ခါကြားဖူးထားရင်မှတ်မိစေချင်လို့ပါ,....ဟိဟိ


ပထမဆုံးအနေနဲ့ မောင်လေးချစ်သူမြို့တော်လေးကို
စရောက်ပုံလေးအကြောင်းသိပါရစေရှင့်။၊
 ဆိုဒ်ထဲကိုဘယ်သူရဲ့ဖိတ်ခေါ်မူကြောင့် ရောက်ရှိလာပြီးမှ စတင်အသုံးပြုဖြစ်ခဲ့သလဲ ဆိုတာလေးကိုလည်း သိပါရစေရှင်။

ကျနော်မြို့တော်လေးမှာ စာတွေမရေးခင်က စာအုပ်တွေထဲမှာပဲတစ်ယောက်တည်းရေးပြီးခံစားခဲ့ပါတယ်။
တစ်နေ့ခေတ်သစ်မင်းနန္ဒာကကျနေိရေးထားတာတွေယူပြီးဖတ်ကြည့်မိတော့သူကမြို့တော်လေးမှာတင်ပါ့လား
ပျော်စရာလည်းကောင်းတယ်မျှဝေခံစားလို့ရတယ်ပြောတော့မြို့တော်လေးမှာနာတွေကဗျာတွေ
စတင်ရေးဖြစ်ခဲ့တာပါခင်ဗျ။


မောင်လေးရဲ့အကြိုက်ဆုံးအရာလေးတွေ ဥပမာ-အစားအစာ၊အရောင်နဲ့ဝါသနာပါတာလေးတွေကိုလည်း ပြောပြပေးပါအုံးရှင်။
အကြိုက်ဆုံးအစားအစာက ခရမ်းချဉ်သီးကို မြေပဲနဲ့သုပ်တဲ့ဟင်းလေးပါ။အရောင်ကတော့ အစိမ်းနဲ့အဖြူပါ။
ဝါသနာကတော့စာရေးတာနဲ့ဘော်လီဘောပုတ်တာပါ။

မောင်လေးအနေနဲ့စာတွေတော်တော်များများ ရေးခဲ့ပြီးပြီဆိုတော့ အတွေ့အကြုံလည်း တော်တော်ရနေပါပြီ။
အဲဒီတော့ စာရေးချင်တဲ့လူငယ်များကို ဘယ်လိုများ အကြံပေးချင်ပါသလဲ။
စာရေးတော့မယ်ဆိုရေးချင်တဲ့အကြောင်းအရာကိုအခိုင်မိာထားပါ၊အခိုင်မာမထားရင်ရေးရင်း
ကြက်ဥအစရှာနေရသလိုဖြစ်နေတတ်တယ် ရေးတဲ့အခါကိုယ့်ကိုယ်ကိုယုံကြည်ပါ ရေးချင်စိတ်
တကယ်ရှိမှရေးပါလို့ပြောချင်ပါတယ်။

ကဗျာဖြစ်ဖြစ်ဘလော့ဖြစ်ဖြစ်ရေးမယ်ဆိုဘယ်လိုဖြစ်တည်ပြီးရေးလေ့ရှိပါသလဲ။ခုမှစရေးမယ်တက်သစ်စလူငယ်တွေကိုဝေမျှပေးပါအုန်းရှင့်။
ဘယ်စာကိုပဲရေးရေးကျနော့အနေနဲ့ကတော့ ရေးရမယ့်ရမယ့်အကြောင်းရာနဲ့ ပတ်သတ်တာလေးတေရန်သင့်ရှာဖွေမှတ်သားထားပါတယ်။ ပြီးတော့မှကိုယ်ဥာဏ်ရှိသလိုကွန့်ပြီးရေးသားပါတယ်။

 မောင်လေးအနေနဲ့အားကျမိတဲ့အတုမြင်အတတ်သင်ဆရာများရှိလည်းဖေါ်ပြပေးပါအုန်း
မောင်လေးအနေနဲ့ အားကျရတဲ့ စာပေတွေနဲ့ စာရေးဆရာတွေရှိရင်လည်း ပြောပြပေးပါအုံးရှင့်။
ကျနော်အားကျမိတဲ့ဆရိတွေကတော့အများကြီးပါ အများအားဖြင့်မောင်စိန်ဝင်း(ပုတီးကုန်း)၊မောင်လှမျိုး(ချင်းချောင်းခြံ)၊ဇရာဇော်ဂျီရဲ့ကဗျာတွေပါ။
စိတ်ဓါတ်ရေးရာနဲ့ယဉ်ကျေးမှုစာပေတွေကိုကြိုက်ပါတယ်၊ဒဿနတွေများများရေးတဲ့ ဆရာဖေမြင့်၊ဘာသာပြန်တွေရေးတဲ့ဆရာမြသန်းတင့်တို့ကိုအားကျပါတယ်။

စာပေတွေကို ဘယ်အချိန်လောက်မှာ စတင်လေ့လာ ဖတ်ရူ ရေးသားဖြစ်ခဲ့လည်း
ဆိုတာလေးကိုလည်းပြောပြပေးပါအုံးရှင်။
ဖတ်တာကတော့အသက်၁၆နှစ်က်ေကဖတ်ပါတယ်ရေးတာတော့လေ့လာရင်းရေးနေ
တစ်နှစ်နီးပါးပဲရှိပါသေးတယ်ခင်ဗျ။

မောင်လေးအနေနဲ့ဘလော့ရေးနေတဲ့လူငယ်စာပေဘလော့ဂါတွေအပေါ်ဘယ်လိုမြင်ပါသလဲ။
ဘလော့ရေးတဲ့သူတွေကို ဂုဏ်ယူတယ် လေးစားတယ် အရမ်းကောင်းတယ်လို့မြင်ပါတယ်ခင်ဗျ။

လူငယ်တယောက်အနေနဲ့.ဘယ်လိုစာတွေဖတ်သင့်တယ်ထင်ပါသလဲ...
လူငယ်တွေအနေနဲ့စိတ်ဓါတ်ခွန်အားဖြစ်စေမဲ့ စာတွေဖတ်သင့်တယ်လို့ထင်ပါတယ်။လူမှာအရေကြီးဆုံးကစိတ်ပဲလေ။

မောင်လေးရေးခဲ့ပြီးသားကဗျာတွေအားလုံးထဲကမှအကြိုက်ဆုံးနဲ့
အားရကျေနပ်မူရှိတဲ့ကဗျာလေးရှိလည်းဝေမျှပေးပါအုန်းရှင့်။
စာရေးသူတစ်ယောက် ထားရမယ့် စိတ်ထားကို မောင်လေး အနေနဲ့ဘယ်လို များထင်ပါသလဲ။။
စာရေးတယ်ဆိုတာလည်းအနုပညာပါပဲ။ အနုပညာကိုအောင်မြင်အောင်ကြိုးစားသူနဲ့ ဖန်တီးတဲ့သူနှစ်မျိုးရှိတယ်လို့နားလည်ထားတယ်။
ကျနော်ကတော့ ဖန်တီးတာကိုကြိုက်တယ်။ဖန်တီးတာကအဆုံးမရှိဘူးအမြဲဖန်တီးနေလို့ရတယ်
အောင်မြင်မှုကအောင်မြင်သွားရင်ဆုံးသွားပြီလေ။

အဟိနည်းနည်းလေးစပ်စုမယ်နော်
မော
င်လေး ယခုလက်ရှိ ချစ်သူရှိ/မရှိနဲ့ ရှိရင်မိတ်ဆက်ပေးပါအုံး၊
ဟုတ် ရှိပါတယ်ခင်ဗျ။ဘော်ဒါတွေကြောက်လို့ မိတ်ဆက်ပေးရဲ့ဘူးဂျာ။ အချစ်ဆိုတာ ယုံကြည်နားလည်မှုနဲ့သစ္စာရှိမှုပြည့်စုံရင် အချစ်ကပျော်စရာတွေဖန်တီးပေးပါတယ်။
မဟုတ်ရင်တော့အချစ်ကကျီစယ်တတ်ပါတယ်။ ချာကြီးတော့ဟုတ်ဝူးနော် ငိငိငိးးးး


 လူတိုင်းက မိမိတို့ယုံကြည်ရာ ဘာသာကို ကိုးကွယ်ကြည်ညိုနေကြတဲ့အထဲမှာမှ
မောင်လေး ဘယ်ဘာသာကို ယုံကြည်ကိုးကွယ်ပြီး ဘာသာရေးစာပေတွေအပေါ်မှာမောင်လေးရဲ့
အမြင်လေးကိုလည်းသိချင်ပါတယ်ရှင်။
ကျနော်ကထေရဝါဒ ဗုဒ္ဓဘာသာပါ။ဘာသာရေးကိုတော့လေ့လာဆည်းပူးဆဲပါ။ဘာသာရေးစာပေတွေကိုတော့
အကောင်းပြုရေးသားတဲ့စာပေတွေကို ကျနော့အနေနဲ့မသုံးသပ်ချင်ပါဘူးခင်ဗျ။

လူ့ဘ၀မှာ တစ်ခါတစ်လေ လောကဓံတရားတွေကို ရင်ဆိုင်ကြရတဲ့အခါဘယ်လိုအသိစိတ်ကလေးနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့သလဲ ဆိုတာလေးကိုလည်းရွှေမြို့တော်သူငယ်ချင်းများအတွက် မှတ်သားစရာ စကားလက်ဆောင်လေးအဖြစ်ပြောပေးပါအုံးရှင်။
ဟုတ်လမ်းဆိုတာလျှောက်မှရောက်မှာပါ။တက်ကျိုးရင်လက်နဲ့လှော်ပါ။ကိုယ့်ကိုယ်ကိုယုံကြည်ပါ။
မသိမ်ငယ်ပါနဲ့စိတ်ဓါတ်ကိုမကျပါစေနဲ့လိုပြောချင်ပါတယ်။

 မောင်လေးဘ၀အတွက်အမြဲလက်ကိုင်ထား ကျင့်သုံးခဲ့တဲ့ ဆောင်ပုဒ်လေးများရှိရင်
ရွှေမြို့တော်သူငယ်ချင်းများအတွက် ပြန်လည်မျှဝေပေးပါအုံးရှင်။
မိမိကိုယ်သာကိုးကွယ်ရာ။စိတ်ဓါတ်မဆုံးရှုံးစေနဲ့ စိတ်သာလျှင်လူကိုဦးဆောင်၏။ ဒါလေးပါပဲ။

 အွန်လိုင်းအသုံးပြုနေကြတဲ့ ညီအစ်ကိုမောင်နှမတွေအပေါ်မှာ မောင်လေးအနေနဲ့
ပြောချင်တဲ့ စကားလက်ဆောင်လေးများရှိရင်ပြောပြပေးပါအုန်း။
အွန်လိုင်းဆိုတာဗဟုသုတ ဟင်အိုးကြီးပါ။ကောင်းတာတွေရောဆိုးတာတွေပါရှိပါတယ်။
ယူတတ်တဲ့အပေါ်မှာမူတည်ပါတယ်။အရွေးမုန်ဖို့လိုပါတယ်ခင်ဗျာ။

ရွှေမြို့တော်ဆိုဒ်မှာမောင်လေးအနေနဲ့ အခင်ရဆုံး သူငယ်ချင်းများရှိရင်မိတ်ဆက်ပေးပါအုံးရှင်။
အခင်ရဆုံးတွေကများကြီးပဲ နဲနဲပဲပြောတော့မယ် မခရေ၊ကိုခေတ်သစ်၊လွမ်းသစ္စာ
၊ဆောင်းသခင်၊နတ်ဆိုး(သန့်ဇင်ဦး)တို့ပါခင်ဗျ။
ရွှေမြို့တော်ဆိုဒ်အသုံးပြုနေတဲ့မန်ဘာတယောက်အနေနဲ့ 
ဆိုဒ်လေးအပေါ်မှာလိုအပ်ချက်လေးတွေရှိမယ်ဆိုရင်လည်း ပြောပြပေးပါအုံးရှင်။
ဟုတ်လူကြိုက်များတာလေးတွေမပြတ်တင်ပေးပါ။လစဉ်၊အပတ်စဉ် ဘလော့၊ကဗျာ အက်မင်ကြိုက်တင်ပေးစေချင်ပါတယ်။


ရွှေမြို့တော်အွန်လိုင်းပရဟိတအသင်းအပေါ်အကြံဥာဏ်များပေးစရာရှိလည်းပေးနိုင်ပါတယ်ရှင့်။
ဟုတ်မရှိပါဘူးအားလုံးကောင်းဆုံးလုပ်နေတာတွေ့ရပါတယ်။


အွန်လိုင်းပေါ်မှာ အွန်လိုင်းသူငယ်ချင်းတွေရဲ့ ခင်မင်မူအပေါ်မှာဘယ်လိုမြင်လဲ၊ အွန်လိုင်းခင်မင်မူကိုရော့  ယုံကြည်မူရှိလားရှင့်။
ဟုတ်ဒါတော့ပြောရခက်ပါတယ်။မိမိခင်ရတဲ့သူပေါ်မှာမူတည်ပါတယ်။အကြွင်းမဲ့တော့ယုံကြည်မှုမရှိပါဘူးခင်ဗျ။
ရှင်းမေးတာတွေလည်း တော်တော်လေးများနေပြီးဆိုတော့ နောက်ဆုံးမေးခွန်းလေးအနေနဲ့
ဆိုဒ်တည်ထောင်သူနဲ့ အက်ဒမင်တွေနဲ့ ပတ်သက်လို့အကြံပြုစကားလေးများရှိမယ်ဆိုရင် ပြောပြပေးပါအုံးရှင်။
စေတနာထားလုပ်နေကြတဲ့အခါ စေတနာအမှားတွေရှိတတ်ပါတယ်။အဲဒီအခါမသိမ်ငယ်စိတ်ဓါတ်မကျပါနဲ့
လိုပြောချင်ပါတယ်ခင်ဗျ။
အခုလို အင်တာဗျူးအစီအစဉ်လေးဖြစ်မြောက်လာအောင် ရှင်းမေးမြန်းသမျှကိုစိတ်ရှည်လက်ရှည်နဲ့ အချိန်ပေးပြီး ဖြေကြားပေးခဲ့တဲ့မောင်လေးရင်ခုန်ရသူကိုရွှေမြို့တော်မှအားလုံးကိုယ်စားရှင်းက
ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။
ဟုတ်ကျွန်တော်ကလည်းကျေးဇူးတင်ရှိပါတယ်။


မောင်လေး ရေးခဲ့သမျှစာလေးတွေကို တစုတစည်းထဲ ဖတ်ရူအားပေးလို့ရမယ့် ကိုယ်ပိုင်ဆိုဒ်လေးရှိရင်လည်း အင်တာဗျူးလေးကနေတစ်ဆင့် ပြောပြပေးပါအုံး။
ရင်ခုန်ရသူyinkhoneyathu.blogspot.com
ကိုအလည်လာရောက်ဖို့ဖိတ်ခ်ါပါတယ်ခင်ဗျာ။


ဖတ်ရှုပေးမူအတွက် အားလုံးကို အထူးပဲ ကျေးဇူး ပါ
★ကျေးဇူးတင်လွှာ♪♫
ချစ်သူမြို့ တော်ရဲ့  ဒီတစ်ပတ်အင်တာဗျူး အစီအစဉ် ဒီမှာတွင် ရပ်နားပါရစေရှင်။

နောက်တစ်ပတ် အင်တာဗျူးအစီအစဉ်တွင် မည်သူဖြစ်မည်ဆိုတာကို

မန်ဘာများသည်းခံ စောင့်မျှော်ပေးကြပါလို့  မေတ္တာ ရပ်ခံပါတယ်ရှင်

မန်ဘာများအနေနှင့် မိမိတို့  ချစ်ခင်လေးစားရသော ဘလော့ဂါများကို မေးချင်တယ်ဆိုလျှင်

နာမည်လေးပေးထားခဲ့ပါရှင် အလျင်းသင့်သလို မေးပေးပါမယ်ရှင့်။

ဘလော့ဂါများအနေနှင့်လဲ မန်ဘာများရဲ့  တောင်းဆိုမှုကို

အလေးးထားဖြေကြားပေးရန် မေတ္တာရပ်ခံရင်း

အင်တာဗျုးအစီအစဉ်ပြီး၏။



♥★ ချစ်ခင်လေးစားလျှက်

♥★ ရှင်းသန့်မေ
 

Divider Scraps and Graphics

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>