Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ကျွံနေသော လှည်းဘီးလေး တို့တတွေ ၀ိုင်းလို့ မကာပေး

$
0
0

ကျွန်တော် မနေ့ညက ကလေးတစ်ယောက်ကို လမ်းပေါ်မှာ တွေ့ခဲ့တယ်။ညစ်ပတ်နေတဲ့ သူ့အင်္ကျီ နံစော်နေတဲ့ သူ့ကိုယ်ပေါ်က ချွေးနံ့ ကျွန်တော်လေ စိတ်မကောင်းခြင်းများစွာနဲ့ လှမ်းခေါ်ပြီး မေးကြည့်လိုက်မိတယ်။သားလေ ထမင်းမစားရသေးလို့ အလှူလိုက်ခံနေတာပါတဲ့။စကားတတ်လိုက် ဒီကလေး(ကျွန်တော် စိတ်ထဲက တွေးမိလိုက်တယ်)။ လွန်ခဲ့တဲ့ အနှစ်20 လောက်က ကျွန်တော်ဖြတ်သန်းခဲ့ရတာတွေကို ပြန်မြင်ယောင်လာမိတယ်။ သူများတွေ ရွံရှာမှုတွေနဲ့ ကြည့်နေတဲ့ အကြည့်တွေက ကျွန်တော့်ထံ ကျရောက်လို့လာတယ်။အ၀တ်အစားက ပိုသီဖက်သီနဲ့ ညစ်ပတ်နေတဲ့ အ၀တ်အစားကို ၀တ်ဆင်လို့ ကျွန်တော်တစ်ယောက် လမ်းမထက်မှာ ရွယ်တူချင်းတွေရဲ့ လှောင်ပြောင်မှုတွေကို ခံနေရတယ်။ဖားဥစွဲနေတဲ့ အင်္ကျီအဖြူရောင်လေးဝတ်ဆင်လို့ ကျောင်းကို အပြေးလေးတက်ခဲ့ရပါတယ်။သိုးနံ့ထွက်နေတဲ့ ထမင်းကြမ်းလေးကို အေးစက်မာကျောနေတဲ့ အကြော်တစ်ခုနဲ့ ညစ်ပတ်နေတဲ့ အ၀ါရောင် ကော်ဘူးလေးထဲမှာ ထည့်ပြီးတော့ အဖော်မပါ တစ်ကိုယ်တည်း စားနေခဲ့ရတာပေါ့ဗျာ။ဒါပေမယ့် ကျွန်တော့်ရည်မှန်းချက်ကတော့ (1)ခုတည်းရယ်ပါ။ဒီလိုနဲ့ မိဘမပါ တစ်ကိုယ်တည်း ဆုတက်ယူနေချိန်မှာ ရွယ်တူသူငယ်ချင်းတွေကို ကြည့်ပြီး အားကျခဲ့ရတာကလည်း အကြိမ်ကြိမ်ပါ။လှောင်ပြောင်မှုတွေ၊ရယ်မောမှုတွေ၊ကဲ့ရဲ့ပြစ်တင်ရှုံ့ချမှုတွေကြားထဲက လွတ်မြောက်ဖို့လမ်းစကို ရှာခဲ့ရတာကလည်း အခါခါပါ။အရာအားလုံးဟာ တစ်စနဲ့တစ်စ ပြောင်းလဲသွားနေပေမယ့် မပြောင်းလဲပဲ ရှိနေမှာက ကျွန်တော့ ရည်မှန်းချက်လေးသာပါ။ဒီကလေးကို ကြည့်ပြီးတော့ ကျွန်တော် အားပေးစကားတစ်ခွန်းတော့ ဆိုလိုက်ပါတယ်ဗျာ။အကိုကြီးလည်း အရင်အချိန်တွေတုန်းက ညီလေးလိုပါပဲ။အားမလျှော့ပဲ ရည်မှန်းချက်လေး ထားပြီးနေပေါ့ကွာလို့။ကျွန်တော်လေ ပျော်ပျော်ရွှင်ရွှင်နဲ့ လိုလေးသေးမရှိ ကျောင်းတက်နေရတဲ့ ကလေးတွေထက်စာရင် ဒီကလေးကို ပိုပြီးတော့ စိတ်ဝင်စားလားမိတယ်ဗျာ။သူ့ဘ၀ကိုသူဘာသာပဲ့ကိုင်ပြီး ကြိုးစားနေရသူလေးဆိုပြီးတော့ပေါ့၊သူများကလေးတွေလိုတော့ စာအများကြီးမဆိုတတ်ပေမယ့် သူဆိုတတ်တာက ကကြီး၊ခခွေးတဲ့၊သူ့နာမည်တောင် မပေါင်းတတ်တဲ့ကလေးကို အားကျမိတဲ့ ကျွန်တော့်အဖို့မှာတော့ အသုံးမကျတဲ့ လူညံ့တစ်ယောက်သာသာရယ်ပါခင်ဗျာ။ဟုတ်တော့လည်းဟုတ်ပါတယ် ကျွန်တော်ဟာလေ လူညံ့ဆိုတဲ့ သူတွေထက် ပိုပိုပြီးတော့ အသုံးမကျတဲ့ကောင်တစ်ယောက်ပါ။ကျွန်တော့်ဟာလေ ကိုယ့်ရည်မှန်းချက်ကိုတောင်မှ ပြီးမြောက်အောင် အကောင်အထည်မဖော်နိုင်သေးတဲ့ သူပါ။ဒီလိုမျိုး ကျွန်တော်လို ဘ၀တူ ညီ/ညီမလေးတွေကို မြေတောင် မမြှောက်ပေးနိုင်သရွေ့ကတော့ ကျွန်တော်ဟာ ဒုံရင်းက ဒုံရင်းပါပဲ။ဒါကြောင့်မို့ "လှည်းဘီးနွံထဲ ကျွံနေသည်။ ကူရျွ် တွန်းပေးကြပါ။ လေးလွန်းရျွ် မတွန်းနိုင်ဘူးလား။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။" ကိုယ့်ထက်နိမ့်ကျနေသူ အားငယ်နေသူများ သို့တည်းမဟုတ် လိုအပ်ချက်တွေများနေသေးသည့် လူတန်းစားအလွှာများကို ကူညီပေးရင်း ပြိုင်တူတွန်းနိုင်ကြပါစေလို့ ဆုတောင်းရင်း........။ ကျွန်တော့ရည်မှန်းချက်ကိုမပြောရသေးဘူးနော်။ပြောပြပါရစေ "ကျွန်တော် သူတို့လို(ကျွန်တော်တို့လို)လူတန်းစားတွေရဲ့ ယုံကြည်အားကိုးထိုက်တဲ့ သူတစ်ယောက်ဖြစ်ချင်နေတာလေ။ကြိုးစားနေပါတယ်။ကျွန်တော် မသေသေးသမျှ ကာလပတ်လုံးပေါ့။ (ဆက်လက်ဖော်ပြခွင့်ရရှိပါက ဖော်ပြပါမည်) အားလုံးကို ကျေးဇူးတင်စွာဖြင့်


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>