Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မင်းဆက်ဝေ -တတိယ နိုင်ငံရေးနှင့်နျူမယိုလောဂျီ

$
0
0
Jan 25 Blog.1 နိုင်ငံရေးနှင့်နျူမယိုလောဂျီ နျူမယိုလောဂျီဟူသည် မည်သို့ သောပညာ မျိုးနည်းဟုဆိုသည့်မေးခွန်းနှင့်ပတ်သတ်ပြီး ယခုဆောင်းပါး တွင်မဆွေးနွေးလိုပါ။ အကြောင်းမှာ ကျွနှူပ်သည် နျူမယို လောဂျီအား ဗေဒင်တစ်မျိုးဟုမခံယူလိုဘဲ လူများ၊သက္က ရာဇ်များ၊ နိုင်ငံများအား သချာင်္နည်းဖြင့်လေ့လာ အဖြေရှာသော ပညာရပ်တစ်ခုဟုသာခံယူမိပါသည်။ထိုကြောင့် ကျွနူပ်အတွတ်နျူမယိုလောဂျီသည် မည်သို့ သောမြေမျိုး တွင်စိုက်စိုက် ရှင်သန်ကြီးထွားနိုင်သော တန်ဖိုးရှိအပင် ကြီးသာဖြစ်လေသည်။ထိုကြောင့်ယခုစာဖတ်သူနှင့်အတူ ကျွနူပ်တို့ ၏မြန်မာနိုင်ငံရေးကိုသချာင်္နည်းဖြင့်အဖြေရှာ ကြပါမည်။လေ့လာခဲ့ ဖူးသောအတွေ့ အကြုံအရဆိုလျှင် ယင်းပညာသည် အမှားနည်းသော အဖြေများကိုထုတ် ပြနိုင်ပါလေသည်။ ထိုကြောင့် နျူမယိုလောဂျီအ သုံးပြုနည်းကိုအရင်တင်ပြပေးပါမည်။ ၁ဂဏန်း=A, I, J, Q,Y ၂ဂဏန်း=B,K,R ၃ဂဏန်း=C,G,S,L ၄ဂဏန်း=D,M,T ၅ဂဏန်း=N,H,E,X ၆ဂဏန်း=U,V,W ၇ဂဏန်း=O,Z ၈ဂဏန်း=P,F ကိုအသုံးပြုရမည်ဖြစ်သည်။ ယင်းကိုအသုံးပြုလျှင်နောက်ဆုံးဂဏန်းတစ်လုံးတည်း ကျန်တဲ့ ထိပေါ်င်းပေးရလေသည်။ စတင်အဖြေရှာမည်မှာအောက်ပါအတိုင်းဖြစ်သည်။ u thein sein+Myanmar+2013 thein=4+5+5+1+5=20 sein=3+5+1+5=14 အဖြေပေါ်င်း 20+14=34 3+4=7ဖြစ်သည်။ Myanmar=4+1+1+5+4+1+2=18 1+8=9ဖြစ်လေသည်။ 2013=2+0+1+3=6ဖြစ်လေသည်။ နျူမယိုလောဂျီပညာရပ်တွင် လူပုဂ္ဂိုလ်တို့ ၏ အမည်ရှေ့တွင်ပါသော ဦး၊ဒေါ်၊ကို၊မ တို့ ကိုထည့်မပေါ်င်းရချေ။ ထိုကြောင့်ဦးသိန်းစိန်တွင် ဦးကိုဖြုတ်ခဲ့ ခြင်းဖြစ်သည်။ ဦးသိန်းစိန်သည် အမည်ဂဏန်း(၇)၊မွေးဂဏန်း(၂)ဖြစ် သောကြောင့် နျူမယိုလောဂျီနည်းအရလိုက်လျော ညီထွေရှိလေသည်။ ထိုသို့ အမည်ဂ ဏန်း(၇)ရသောကြောင့် သူသည် လောက၏အတွေ့ အကြုံလို အပ်ချက်များ၊ စိတ်ပိုင်းဆိုင်ရာများဘက်သို့  ယိမ်းယိုင်သွားရ လေသည်။ ထိုသို့ ဖြင့် တွေးခေါ်မျော်မြင်မူ၊ခွဲခြားရွေးချယ် ဆက်ဆံမူများကဲ့ သို့ အရည်အချင်းကောင်းများထွက်ပေါ် လာလေသည်။ ထိုအပြင်(၇)ဂဏန်းသည် လေဓါတ်ကိုပြလေ သည်။ထိုကြောင့်လေ၏သဘောသဘာဝအတိုင်း အနားယူ တတ်သောအလေ့အကျင့်မရှိချေ။တစ်ဖန်(၇)ကိုရစေသော ၃၄ ဂဏန်းကိုစစ်ဆေးလျှင် ၃၄သည် ပင်ကိုယ်စရိုက်အားဖြင့် ဆူပူသောင်းကျန်းလိုသောစိတ်ရှိလေသည်။ ယင်းသည်မတူ ညီသောဘ၀နှစ်ခုကိုပေါ်င်းစပ်၏ တစ်ဖန် ၃၄သည် ကံကောင်းမူ နှင့်တိုက်ရိုက်ထိတွေ့ ခွင့်ရသောဂဏန်းမျိုးမဟုတ်ပေ။ ယင်းသည်ကောင်းတာကိုပလြုပ်လုပ်၊ဆိုးတာကိုပဲလုပ်လုပ်၊ လုပ်စရာရှိလျှင်မည်သူမျှတာညးစီးလိုမရသောအညေခအနေကိုလည်းပြလေသည်။ ၃၄သည်ခံစရာရှိလျှင်အလူးအလဲခံရပြီးမှ အကောင်း ကိုတွေ့ ရတတ်လေသည်။ အတွေ့ အကြုံများခဲ့ ခြင်း၏အကျိုး ကျေးဇူးကိုခံစားစေလေသည်။ တစ်ဖန်အတွေ့ အကြုံများထဲက ပေါ်ထွက်လာသော အသီးအပွင့်ကိုခံစားရလေသည်။ သို့ သော် မိမိထက်အာဏရှိသောသူ ၊ မိမိကိုအုပ်ချုပ်စီမံနေသူတို့ ကို မည် သည့်နည်းနှင့်မှ မဆန့် ကျင်ဖို့ လိုလေသည်။ ထို၃၄သည် ဆန့် ကျင်လိုစိတ်ကိုမွေးဖွားပေးတတ်၏ ထို ကြောင့် အမှားများ ကိုတွေ့ စေလေသည်။ ယခုမြန်မာနိုင်ငံအခြေအနေကိုထပ်မံစစ်ဆေ;ပါမည်။ မြန်မာနိုင်ငံသည်(၉)ဂဏန်းဖြစ်လေသည်။ ၉ ၏သဘောသဘာ ၀သည် အသေအကြေတိုက်ခိုက်ပြီးမှအောင်မြင်မူကို မြဲမြဲဆုပ် ကိုင်နိုင်သောဂဏန်းပင်ဖြစ်လေသည်။ ဆက်ရန်) Posted 3 days ago by Kglay Poem 0 Add a comment မင်းဆက်ဝေ၏ဘလော့ များ ထိုကြောင့်မြန်မာနိုင်ငံရေးသည် အသေအကြေတိုက်ပွဲဝင်ခဲ့ ရပြီး မှ လွတ်လပ်ရေးဟူသောဝေါဟာရ၊ဒီမိုကရေစီဟူသောဝေါ ဟာရ တို့ နှင့် တို့ထိခွင့်ရခဲ့ ခြင်းဖြစ်လေသည်။တစ်ဖန်နိုင်ငံ၏တွဲ ဂဏန်းဖြစ်သော ၁၈ကိုကြည့်ရပါဦးမည်။ ၁၈မှာ စိတ်ပိုင်းဆိုင် ရာကိစ္စများကိုရုပ်ပိုင်းဆိုင်ရာကိစ္စများက အနိုင်ယူလွှမ်းမိုးထား သောဂဏန်းပင်ဖြစ်သည်။ထိုကြောင့်ကျွနူပ်တို့ နိုင်ငံသည် ၇ုပ်ပိုင်းဆိုင်ရာဖြစ်သည့် သဘာဝဘေးအန္တာရာယ်များ၊စစ်ပွဲများ နှင့်ကြုံရခြင်းဖြစ်လေသည်။ထိုငအပေါ်စိတ်ပိုင်းဆိုင်ရာဖြစ်သော ဘာသာရေး ဖြင့်ဖြေသိမ့် ရုံသာတတ်နိုင်လေသည်။ သို့ သော ကံကောင်းသောအချက်မှာ ရာထူးအခြေအနေမြင့်မြင့်မားမား ခံစားရခြင်း(ဦးသန့် ကဲ့ သို့ ၊ဒေါ်အောင်ဆန်းစုကြည်ကဲ့ သို့ ) လာဘ်လာဘရရှိခြင်း(အထောက်အပံများ၊ရင်းနှီးမြှပ်နှံမူများကဲ့ သို့ )တို့ ကို ခံစားရလေသည်။ တစ်ဖန် ကံထပ်ဆိုးစေ သောအချက် မှာ ၁၈သည်သစ္စာဖောက်ခံရခြင်း၊ အလိမ်အညာ ခံရခြင်း ၊စိတ်မချမ်းမြေ ရခြင်းများကိုဖြစ်ပေါ့်စေပြန်သည်။ 2013။ ။ 2013သည်အများတကာယူဆ ထားသကဲ့ သို့  13ဂဏန်းမဟုတ်ကြောင်းကျွနူပ်ေ၇းခဲ့ ပြီးဖြစ် လေသည်။2013သည် ပေါ်င်းခြင်း ၆ရသောကြောင့် ၆၏အကျိုး ကျေးဇူးများကိုသာ ဖြစ်ပေါ်စေမည်။၆၏သဘောသဘာဝသည် ပင်ပင်ပန်းပန်းနှင့်အောင်မြင်မူကိုရယူရတတ်လေသည်။ တည်ငြိမ်ရင့်ကျက်သောအသွင်ရှိပါသောလည်း စိုးရိမ်ပူပန် စရာများ ကြုံတွေ့ ရတတ်လေသည်။ ထိုအပြင်အငြင်းဟွး မူများလည်းကြုံတွေ့ နိုင်သလို တိုင်းတစ်ပါးက မိမိနိုင်ငံရေးအား ၀င်ရောက်စွတ်ဖတ်ခြင်းမျိုးခံရတတ်လေသည်။ သို့ သော် ကောင်းကွတ်တစ်ခုမှာ နိုင်ငံ၏၀င်ငွေတိုးတတ်ပြီး သံတမန် ဆက်ဆံရေးများ အထူးအောင်မြင်မည့်နှစ်ဖြစ်လေသည်။ နောက်သတိထားစရာကရှိသေးသည်။ ယင်းမှာ ပြည်တွင်းစစ် ပွဲများ၊ဆန္ဒဖော်ထုတ်မူများတွင် သူနိုင်ကိုယ်နိုင် အပြိုင်ကြဲရမည့် အနေအထားများဖြစ်တတ်လေသည်။ နောက်ဆုံးဆန်းစစ်ရန်လိုသော မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်၊မြန်မာနိုင်ငံ၊၂၀၁၃တိုကို ပေါ်င်းစပ်စစ် ဆေးပြပါဦးမည်။ ဦးသိန်းစိန် + မြန်မာ +2013 7 + 9 +6 32=5ဖြစ်လေသည်။ အဖြေမှာ၅ဂဏန်းရချေသည်။ အပြောင်းအလဲ များ၊မထင်မှတ်မူများစွာတို့ ကိုဖြစ်ပေါ်စေလေသည်။ ဥပမာ ပြရလျှင် 2012သည်၅ဂဏန်းဖြစ်သည် ။ ထိုကြောင့် ကမ္ဘာနှင့် ချီပြီးပြောင်းလဲမူများစွာဖြစ်ဟွးခဲ့ ရလေသည်။ ယင်း၅၏ အဓိပ္ပာယ်သည် စိတ်တခြား၊ကိုယ်တခြားဖြစ်နေသော ၊ စိတ်ဂဏှမငြိမ်သော ၊အချင်းချင်းရန်စောင်သော ၊ အဖြစ်ထက် အပျတ်ကိုဦးတည်သော ၊သဘာဝဘေးနှင့်ခိုက်ရန်ဘေးများကို ဖော်ပြသောဂဏန်းတစ်ခုပင်ဖြစ်လေသည်။ နျူမယိုလောဂျီနည်း အရ ၅ဂဏန်းထွက်သောနှစ်တွင် အကွေ့ အကောက်အတိမ်း အစောင်းများတတ်လေသည်။ အထူးသဖြင့်တိုင်းပြည် အုပ်ချုပ်သူကိုကံခေစေတော့ မည်ဖြစ်သည်။ ထို၅ဂဏန်း ရသောနှစ်မျိုးတွင် စာချုပ်များမချုပ်ဆိုသင့်၊ စပ်တူလုပ်ငန်း များမလုပ်ဆောင်သင့်၊တစ်ဖန်ရာထူးကျခြင်း၊အလုပ်ပြုတ်ခြင်း များလည်းကြုံတွေ့ ရတတ်လေသည်။ထိုသို့ သောနှစ်မျိုးတွင် နိုင်ငံအုပ်ချုပ်သူသည် ချိုသာသောစကားကိုသာဆိုသင့်ပြီး မိမိနိုင်ငံ၏စီဟွးေ၇းကို သတိထားစောင့်ကြည့်ရပေတော့မည်။ ထိုကြောင့်2013တွင် နိုင်ငံအုပ်ချုပ်သူအနေဖြင့် ထူးထွေဆန်းပြားသောအဖြစ်များကိုတွေ့ မြင်ရတော့ မည်ဖြစ်သည်။ ထိုအတွတ် တိုင်းတစ်ပါးသို့ မကြာခဏ ခရီးသွားခြင်းများကိုပြုလုပ်နေသင့်လေသည်။ သို့ မဟုတ်လျင် အဖြစ်အပျတ်၊အပြောင်းအလဲမြန်ဆန်သော အခြေအနေတစ်ခု ကိုလက်တွေ့ ဖြေရှင်းရပေလိမ့်မည်။ နောက်ထပ်၅ဂဏန်းကိုဖြစ်ပေါ်စေသည့် တွဲဂ ဏန်း၃၂ ကိုစစ်ကြည့်ရပါဦးမည်။ ယင်း၃၂ဂဏန်းသည် ၂၃ ဂ ဏန်းနှင့်သဘောသဘာဝခြင်းတူညီလေသည်။ ယင်းတို့ ၏ နိမိတ်ပုံသည် သားကောင်များ၏ဘုရင် ရွှေဂူခြင်္သေမင်း၏တံဆိပ် (သို့ )သရဖူသင်္ကေတပင်ဖြစ်သည်။ ထိုကြောင့်အထက်လူမ စခြင်းမျိုးကိုခံရမည်။ အကာအကွယ်များရမည်ဖြစ်သော ကြောင့်နိုင်ငံအနေဖြင့်ကြည့်လျှင် လွန်စွာမှကောင်းပေသည်။ သို့ သော် အလောတကြီးအလျှင်စလို ဖြင့် ဘယ်အရာကိုမှမလုပ် ဆောင်ရန်လိုလေသည်။ယင်း၃၂သည် အကောင်းကြီးလည်းမ ဟုတ်၊အဆိုးကိုလည်းပြပါသေးသည်။ ၃၂သည် လူအသီးသီး၊ အဖွဲ့ အသီးသီးတို့ နှင့် သင့်မြတ်အောင်ပေါ်င်းသင်းနိုင်ပါသော် လည်း မိမိ၏အကြံအစည်များသည် အခြားသူ၊တစုံတစ်ယောက် ၏ ခေါ်င်းမာမူနှင့်မိုက်မဲခြင်းတို့ ကြောင့်ပျတ်စီးနိုင်လေသည်။ (ဆက်ရန်)

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>