မင်္ဂလာပါ ...
ရွှေမြို့ တော်က သူငယ်ချင်းများအားလုံး စိတ်နှလုံးကျန်းမာ ပျော်ရွှင်ကြပါစေလို့  ခရေ ကနေပြီး ဆုမွန်တောင်းလိုက်ပါတယ်။
ခရေတို့  လူဘဝကြီးက တိုတိုလေးပါ။ ခရေ တို့ ကို လူရယ်လို့ ဖြစ်တည်လာအောင် လုပ်ဆောင်ပေးခဲ့ မိဘနှစ်ပါး ၊ ခရေ တို့ ကို သွန်သင်ဆုံးမ ပြသခဲ့တယ့် သင်ဆရာ မြင်ဆရာ အားလုံးကို ခရေတို့ က ဘယ်တော့မှ ကျေးဇူးမမေ့ သင့်ပါဘူး။
ခရေ တို့ ရဲ့  သုံးလောက ထွတ်ထား မြတ်စွာဘုရားရှင်
ကိုယ်တော်တိုင် မိဘကျေးဇူးကို ကျေအောင် ဆပ်ခဲ့ပါတယ်။
ခရေ တို့ ရဲ့  ကျေးဇူးရှင် မိဘ နှစ်ပါးကိုလည်း ကျေးအောင် ဆပ်ဖို့ နည်း လမ်းတွေ ရှိပါတယ်။
ခရေ အထက်ကျောင်းသူ ဘဝက နှစ်တိုင်း သင်္ကြန်တွင်းဆို တရားစခန်းဝင်ဖြစ်ပါတယ်။
ကမ္ဘာအေးဘုရား လမ်းမကြီးပေါ်က ၁၀၆ မှတ်တိုင်နားက ဓမ္မစင်္ကြာတရားရိပ်သာ ကျောင်းလေးက ခရေ နှစ်စဉ်ဝင်နေကြ ရိပ်သာကျောင်းလေးပါ။
ဘုန်းဘုန်း တရားစခန်းက သင်္ကြန်တွင်းမှာ လူများတယ်။ တရားစခန်း ( ၇ ) ရက် ပေမယ့် ဘယ်နေ့ က ဝင်ဝင် ရတယ်။
အမြဲလည်း အတက်နေ့ ညဆို ရေစက်ချတရား ဟောတယ်။ အလှုတွေ အတွက် ရေစက်ချ အမျှပေးတယ်။
နှစ်စဉ်နှစ်တိုင်း အတက်နေ့ ရောက်လို့  ဟောတယ့် တရားက တခုတည်းပဲ မိဘကျေးဇူး ကျေအောင် ဆပ်နည်း တရားလေးပါ။ ခရေ အမြဲ နှစ်တိုင်းလိုလို ဝင်တိုင်း အတက်နေ့ ရောက်ပြီဆို ဟောတယ့် တရားလေးက တခုတည်းပါပဲ။
ဘုန်းဘုန်းက အထူးအနေနဲ့  ဟောပြောတာပါ။ ခရေတို့ တွေ မိဘကျေးဇူး ကျေအောင် ဆပ်ဖို့ အတွက် ဟောပြောတယ့် တရားလေးပါ။
ခရေတို့ မိဘတွေ ကျေးဇူး ကြီးမားပုံကို ဟောတယ့် တရားလေးပါ။ မိဘကျေးဇူးဟာ အမတန်ကြီးမားလှပါတယ်။
မိဘ နှစ်ယောက်က သားသမီး ဆယ်ယောက်လောက်ကို ကျွေးမွေးနိုင်ပေမယ့် သားသမီး ဆယ်ယောက်လောက်က မိဘ နှစ်ယောက်ကို မနည်းကျွေးမွေးရပါတယ်။
အဒိတော့ ကြီးမားလှတယ့် မိဘကျေးဇူးကို ကျေအောင်ဆပ်ဖို့ အတွက် နည်းတွေကို ဟောပြခဲ့ပါတယ်။
မိဘတွေမှာ သဒ္ဒါတရား မရှိတယ့် မိဘတွေကို ပြည့်စုံလာအောင် ကိုယ်တိုင်က အားပေးလှုဒါန်းစေရမယ်။
သီလ မရှိသေးတယ့် မိဘတွေကို သီလ တရားနှင့် ပြည့်စုံအောင် ပြောပြ ရမယ်။
တချို့ မိဘများက ရှိပါသေးတယ်။ သားသမီးအတွက် မြေးအတွက်နဲ့  ရှိတာလေးတွေကို လှုရမှာ နှမြောနေတတ်ကြပါတယ် အဒီလို မိဘများကိုလည်း လှုချင်တယ့် စိတ်လေးတွေ ရှိအောင် ကိုယ်က တိုက်တွန်းရမယ်။
ဘာသာရေး အသိ ၊ တရား အသိ ပညာဥာဏ် နည်းပါးတယ့် မိဘတွေကို တရားနာ လာအောင် တရားသဘော တွေ သိရှိလို့  ပညာတွေ ကြွယ်ဝ လာအောင် လုပ်ဆောင် ပေးရမယ်။
ထို ကဲ့သို့ သော ဘာသာရေး နဲ့ ပါတ်သက်ပြီး မိဘများကို တိုက်တွန်းလို့ မိဘများ အား ကျေးဇူးကျေအောင် ကြိုးစား ဆပ်နိုင်ပါတယ် တဲ့ ။
ခရေ လည်း အဒိတရားလေးကို သဘောကျတယ်။ ခရေ တို့ တွေ အားလုံးက အသက်ငယ်ရွယ် စဉ်မှာ မိဘ အတွက် မိမိ အတွက် ရုံးကန်လို့  လှုပ်ရှားပြီး ငွေကြေးတွေ ဘယ်လောက်ပဲ ရှာရှာ သေရင် အားလုံး ထားသွားရတာပါပဲ.။
အမေတွေ အဖေတွေကို ငွေကြေး ပြည့်စုံအောင် ထားနိုင်တော့လည်း သူတို့ တွေ သုံးစွဲရ လွယ်ကူတာ တနည်း စိတ်ချမ်းသာ စရာပါ။
ဒါပေမယ့် လည်း မိဘတွေ ကိုယ်တိုင်က တရားသဘော နှလုံးသွင်းလို့  လှုဒါန်း သီလ စောင့်တည် လာခဲ့မယ်ဆို ကိုယ်တွေ လုပ်ကျွေးပြုစုရတာ ပိုလို့  ကုသိုလ်ရပါတယ်။
ခရေတို့ တွေ လည်းကျေးဇူး ကို ကျေအောင် ဆပ်ရာရောက်ပါတယ်။
ထို့ ကြောင့်မို့  ဒီနေ့ က စလို့  ခရေတို့ တွေ ရဲ့  ကျန်ရှိနေတယ့် အသက်အပိုင်း ခြားလေးမှာ မိဘတွေကို စိတ်ချမ်းသာအောင်ထားလို့  ကျေးဇူး ကျေအောင် ဆပ်နိုင်ပါစေလို့ ...
မိဘကျေးဇူး ကျေအောင်ဆပ်နည်း
၁။ သဒ္ဒါတရား မရှိသော မိဘကို သဒ္ဒါတရားနှင့် ပြည့်စုံအောင်....
၂။ သီလမရှိသော မိဘကို သီလနှင့်ပြည့်စုံအောင်....
၃။ မပေးရက် မလှုရက် နှမြောတွန့် တိုတတ်သော မိဘကို စွန့်ကြဲပေးကမ်းလှုဒါန်း ခြင်းနှင့်ပြည့်စုံအောင်....
၎။ ပညာဥာဏ်မရှိသော မိဘကို ပညာဥာဏ်နှင့် ပြည့်စုံအောင် ၊ ကောင်းစွာ နာယူဆောက်တည် စေမယ် ၊ လေးလေးနက်နက် သက်ဝင်စေမယ် ၊ ခိုင်ခိုင်ခံ့ခံ့ တည်မြဲစေမယ်
အခုလို အချက်တွေ မိဘတွေကို ကျေးဇူးကျေအောင် ကြိုးစားပြီးဆပ်နိုင်ပါစေလို့ ...
သူငယ်ချင်းများ အားလုံး မိဘကျေးဇူး အထူးကျေအောင် ကြိုးစားဆပ်နိုင်တယ့် သူများ ဖြစ်ကြပါစေလို့ ...
ခရေ
( ကြိုးစားပါအုံးမည်)
↧
''''''''''' မိဘကျေးဇူး ကျေအောင် ဆပ်နည်း '''''''''''
↧