တစ်ချပ်မှောက်
Posted by Htuu Sann
“တစ်ချပ်မှောက်”
လက်တွေ့ ကျတဲ့သဘောတရားလေးတခု၊အမှန်တရားလေးတခု မို့လို့မပြောလိုက်ရရင် ရင်ထဲမှာကလိကလိဖြစ်နေ လို့သာပြောရမှာပါ။တကယ်တော့ ဒီအမြင်ဟာ မကြုံဘူးတဲ့သူတွေ
မယုံဘူးဆိုတဲ့သူတွေအတွက် ကန့်ကွက်စရာတော်တော်ဖြစ်နိုင်ပါတယ်။တကယ်လို့အဲ လိုမြင်ကြ
ရင်လည်း မထောက်မညှာဝေဘန်ကြပါလို့ ဖိတ်ခေါ်လိုက်ကြောင်းပါ။
ရန်သူဆိုတာ ဘာလဲ။
ကျွန်တော်နားလည်တာကတော့ ကိုယ့်ကို ဒုက္ခပေးမယ့်သူပေါ့ဗျာ။ဒါကရှင်းပါတယ်။ အဲဒါဆိုရင်လူပိန်းတွေးလေးနဲ့ပဲတွေးကြည့် ရအောင်(ဘာလို့အဲလိုတွေးရတာလဲဆိုတော့ကျွန်တော်လည်း
အဲဒီလောက်ပဲတွေးတတ်လို့ပါ)။ ကောင်းပြီကျွန်တော်ကရန်ကုန်မှာနေတယ်ဗျာ။ကျွန်တော်မှာ ရန်သူ ၃ ယောက်ရှိတယ်ဆိုပါတော့။ ရန်ကုန်မှာတယောက်။ပဲခူးမှာတယောက်။မန္တလေးမှာတယောက်။ ဘယ်ရန်သူဟာကျွန်တော့်ကိုလိုက်ချောင်းပြီးဒုက္ခပေးနိုင်ဖို့်အလွယ်ဆုံးလည်းဆိုတဲ့အဖြေကိုကျွန်တော်ပြောပြစ
ရာမလိုဘူးနော်။
ရှင်းရှင်းလေးပဲ။ အနီးဆုံးကလူပေါ့ဗျာ။
ကဲဗျာ နည်းနည်းထပ်ရွှေ့ လာမယ်နော်။
ရန်ကုန်တမြို့ထဲကရန်သူတွေပဲစဉ်းစားဦးဗျာ။ဟိုဖက်မြို့နယ်ကရန်သူ။ကိုယ့်မြို့နယ်ကရန်သူ။ကိုယ့်ရပ်ကွက်ထဲကရန်သူ။ကိုယ့်နဲ့တစ်လမ်းထဲနေတဲ့ရန်သူ။ကိုယ်နဲ့ဟိုဖက်တိုက်ဒီဖက်တိုက်။ဟိုဖက်ခန်းဒီဖက်ခန်း၊ကိုယ့်နဲ့ တအိမ်ထဲ၊ ကိုယ့်နဲ့တရုံးထဲ။ကိုယ်နဲ့တဌာနထဲ။ ကိုယ်နဲ့နောက်ဆုံးတစ်ခန်းထဲ တစ်အိပ်ယာထဲဗျာ။ အဲဒီတော့ပြောချင်တာက ကိုယ်နဲ့နီးလေလေ အဲဒီရန်သူဟာ အစွမ်း ထက်လေလေ ပါပဲ။
အစွမ်းထက်တယ်လို့ ပဲပြောပြော၊ အဲဒီလိုမပြောချင် ဘူးလား။ နောက်တစ်မျိုးသုံးမယ်ဗျာ။
ကိုယ့်ကိုဒုက္ခပေးနိုင် ဖို့အခွင့်အရေးအများ ဆုံး ရထားတဲ့သူ။
အဲဒါကြောင့် လောကကြီးမှာ ကိုယ့်နဲ့ အနီးဆုံးလူ အနီးစပ်ဆုံးလူ အရင်းနှီးဆုံးလူ တွေဟာ ကိုယ့်ရဲရန်သူဖြစ်နေခဲ့ရင် သို့မဟုတ်ဖြစ်လာခဲ့ရင်အဲဒီရန်သူမျိုးဟာကြောက်စရာအကောင်းဆုံးရန်သူ
တွေဖြစ်သွားတတ်ပါတယ်။အရင်းနှီးဆုံးလူဟာကိုယ့်အားနဲ့ချက်နဲ့ကိုယ့်ရဲ့ချွတ်ယွင်းချက်ကိုအသိဆုံးဖြစ်
နေလို့ပါပဲ။ကိုယ့်ကိုအချိန်မရွေးနောက်ကျောကိုဒါးနဲ့ထိုးနိုင်တဲ့အခွင့်အရေးကိုရထားလို့ပါပဲ။
တချိုန်တုန်းက ကျွန်တော်တို့ တိုင်းပြည်မှာနိုင်ငံခြားကိုထွက်ဖို့ဆိုတာဟာအလွန်ခက်ခဲကြတယ်။
ထွက်မယ့်လူတွေဟာလည်းဘယ်လိုကြုံလေ့ရှိလည်းဆိုတော့ ကိုယ်သွားမယ့်လေယာဉ်ခရီးစဉ်နဲ့ရက် ကိုသိရင်တယောက်ယောက်ကanonymously(ကိုယ်ဘယ်သူဘယ်ဝါဆိုတာကိုပြောပြစရာမလိုဘူး။
သတင်းပေးရုံသက်သက်ပဲဗျာ)ဖုန်းနဲပဲဖြစ်ဖြစ် အချိန်ကြိုရလိုစာတိုက်ကနေပဲဖြစ်ဖြစ် နံမယ်က ဦးဘယ်သူ ဒေါ်ဘယ်သူ ဘယ်နေ့မှာ (ဘယ်ခရီးစဉ်နဲ့) ပြည်ပကိုထွက်ပါလိမ့်မယ်လို သူ့ဆီမှာ မူးယစ်ဆေး ဒါမှာမဟုတ်တရားဝင်ခွင့်ပြုတဲ့ပမာဏထက်ပိုတဲ့အမေရိကန်ဒေါ်လာကိုဖွက်ပြီးယူဆောင်
သွားပါတယ်။တာဝန်သိပြည်သူတယောက်အနေနဲ့သတင်းပေးတာပါလို့တချက်ကလိထားလိုက်တာ
နဲ့တင်ဌာနဆိုင်ရာအရာရှိတွေကသတင်းပေးတဲ့သူဘယ်သူဆိုတာကိုမစုံစမ်းပါဘူး။
သိပ်အလုပ် လုပ်ပါတယ်။ အဲဒီခရီးသည်ဟာ အဲဒီနေ့လေဆိပ်မှာလက်မှတ် နဲ့ပတ်စပို့စ်ကိုပြလိုက်တာနဲ့ အထဲခန လိုက်ခဲ့ပါမေးစရာနဲနဲရှိလို့ ဆိုပြီးတော့တကိုယ်လုံး အိပ်တွေဖိနပ်တွေခါးပတ် တွေအားလုံး
ကိုချွတ်ခိုင်းပြီးရုပ်ပျက်ဆင်းပျက်ချွေးပြန်အောင်ရှာကြပါတယ် နောက်ဆုံးအားလုံးကင်းရှင်းမှသာလေယာဉ်ပေါ်တက်ခွင့်ရပါတယ်။
အခုထိလည်း အဲဒီလိုမျိုးတွေရှိနိုင်ပါတယ်။ အဲဒီတော့လူတော်တော်များများကပြည်ပကိုထွက်တော့မယ်ဆိုရင်ကိုယ့်မိသားစုဝင်ကလွဲရင်အလွန်ခင်တဲ့ည
တိုင်းလဖက်ရည်ဆိုင်တူတူထိုင်နေကြသူငယ်ချင်းတွေကိုတောင်သူသွားမယ်ဆိုတာသိတယ်။ ဒါပေမယ့် ဘယ်နေ့ ဘယ်ခရီးစဉ်ဆိုတာကိုအတိအကျမပြောရဲလောက်အောင်ဖြစ်လာကြရပါတယ်။
အိမ်နီးချင်းရပ်ကွက်ထဲကလူကိုဆိုရင်တော့ပြည်ပထွက်မှာကိုနီးပြီဆိုတာလောက်ကိုတောင်မပြောရဲကြပါဘူး။ အဲဒီတော့သူတို့ကိုလည်းအပြစ်တင်လို့မဖြစ်ပါဘူး။
သတ္တ၀ါမှန်သမျှဟာ ကိုယ့်အန္တရာယ်ကိုကာကွယ်မှာကတော့သဘာဝမို့လိုပါ။
အခုပြောတဲ့ သာဓကကိုတော်တော်များများတွေ့ဖူးကြုံဖူးကြပါလိမ့်မယ်။
အဲဒီတော့ဟာ ပြန်စဉ်းစားကြည့်ရင် သူခင်တဲ့လူသူယုံကြည်တဲ့သူသူအကြောင်းကြားထားတဲ့လူ သူ့အကြောင်းသိတဲ့လူဟာ သူကို ဒုက္ခပေးချင်တယ်ဆိုရင်မနာလိုစိတ်နဲ့ သစ္စာမဲ့မယ် ဆိုရင် အဲဒီသူတွေဟာ အန္တရာယ်အကြီးဆုံးလူ နဲ့စွမ်းအားအထက်ဆုံးရန်သူတွေဖြစ်ပါတယ်။
အဲဒီသဘောတရားတခုကိုအရင်တုန်းက ဖတ်ဘူးတဲ့ဘာသာပြန်ဝတ္ထု The Count of MonteCristo (မွန်တီခရစ်စတိုမြို့ စားကြီး)ဆိုတဲ့ပြင်သစ်စာရေးဆရာကြီး AlexandreDumas père (1802-1870)ရေးတဲ့ဝတ္ထုမှာအချစ်ဆုံးသူငယ်ချင်းကကိုယ့်ချစ်သူကိုလိုချင်တာရယ် သူ့ရာထူးတည်မြဲဖို့
ရယ်အတွက်တစ်ချက်ခုတ်၂ချက်ပြတ်သူငယ်ချင်းကိုသစ္စာမဲ့ခဲ့တာ ကိုဇာတ်အိမ်ဖွဲ့ထားခဲ့ပါတယ်။
ဂန္တ၀င်ပါ။အင်တာနက်ပေါ်ကနေလည်းဒေါင်းလုပ်လုပ်ပြီးဖတ်လို့ရပါလိမ့်မယ်ထင်ပါတယ်။
် အဲဒီသဘောတရားဟာတကယ့်လောကကြီးထဲမှာလည်းရှိပါတယ်။တိရစ္ဆာန်ဟာ မကောင်းမကြံတတ်ပါဘူး။ သဘာဝအရသူ့ကို်ယ်သူကိုယ်သာကာကွယ်ပါတယ်။
အစာကိုသတ်ဖြတ်စားသောက်ရပါတယ်။လူဆိုတဲ့ သတ္တ၀ါကသာကိုယ့်အကျိုးအတွက်ပဲဖြစ်ဖြစ်။ကိုယ့်အကျိုးမ ရှိသော်လည်းမနာလိုစိတ်နဲ့မျက်မုန်းကျိုးရုံမျှနဲ့လည်းဒုက္ခပေးတတ်ပါတယ်။
ဒါဟာလည်း လက်မခံလို့ မရတဲ့ လက်တွေ့အမှန်တရားပါ။
နောက်တခုကလည်း လူ့သဘာဝတခုက တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ရှင်ဘုရင်တပါးဟာ သူ့ နန်းတော်နားမှာ ထိုင်ပြီးတောင်း ရမ်းနေတဲသူဖုန်းစားတယောက် ရဲ့ခွက်ထဲမှာတနေ့ကိုအသပြာ
ဘယ်လောက်ရနေတယ်ဆိုတာကိုဘယ်တော့မှစိတ်မ၀င်စားပါဘူး။ သူစိတ်ဝင်စားတာက သူလိုပဲ ဘုရင်လုပ်နေကြတဲတိုင်းတပါးက မင်းများ ဘာတွေလုပ်နေတယ်၊ဘယ်လိုသယံဇာတွေနဲတူးဖေါ်ထုတ် လုပ်နေတယ်။ဘယ်လိုလက်နက်ကောင်းတွေကိုဘယ်လိုတိုးတက်တဲ့ နိုင်ငံကြီး တွေဆီက၀ယ်ယူရရှိနေတယ်၊အဲဒီလက်နက်တွေနသူ့တိုင်းပြည်ကိုပဲလာစစ်ပြုမလား။ဒါမှမဟုတ်သယံဇာပေါကြွယ်ဝတဲ့တခြားဘယ်နိုင်ငံလေး
တွေကိုဝင်သိမ်းဖိုကြံစည်ပြင်ဆင်နေမလဲဆိုတဲ့ ဟာမျိုးကိုပဲစိတ်ဝင်စားမှာပါ။
အဲသည်လိုဆိုရင်အဲသည်နိုင်ငံလေးတွေကိုဝင်သိမ်းရင်သူတို့ဘာရမလဲ။အဲဒါဆိုရင်ငါဦးအောင်တက်သိမ်းရရင်
ကောင်းမလားစတာတွေကိုပဲတွေ့းပါတယ်။(ကျွန်တော်ဘုရင်မလုပ်ဘူးပါ။ထင်တာပြောတာပါ။)
အဲသည်လိုပဲနန်းတော်ရှေကသူဖုန်းစားကလည်းသူကျောမှီပြီးတောင်းနေတဲ့ဘုရင့်နန်းတော်ကြီးကိုတစ်နေ့နေလို့တခါတောင်လှည့်ကြည့်မိချင်မှကြည့်ဖြစ်မှာပါ။သူ့အတွက်အရေးကြီးတာကသူ နဲ့မလှမ်းမကမ်းမှာ
ထိုင်တောင်းနေတဲ့သူဖုန်းစားတွေဘယ်လိုတောင်းနေလဲ။ ဘယ်လောက်ဝင်နေလဲ။ ဒီကောင်တွေသာဒီနားမရှိရင်ဒီနားလာသမျှလူတွေက ငါ့တယောက်တည်းကိုပဲ အသပြာတွေစွန့်ကြဲကြမှာ။
အဲဒါဆိုရင်ဒီကောင်တွေဒီနားလာတောင်းလို့မရအောင်(စည်ပင်လူကြီးနဲ့ပေါင်းပြီး)ဘယ်လိုရိုက်ထုတ် ရမှာလဲဆိုတာမျိုးကိုပဲတွေးကြပါတယ်။(ကျွန်တော်သူတောင်းစားမလုပ်ဖူးဘူးနော်။ထင်တာပြောတာ။ကွန်မင့်လာမှာကြောက်လို့)။
ဆိုလိုတာကတော့ဒီနေရာမှာပြောရရင်….Rival လို့ခေါ်တဲ့ ပြိုင်ဖက် ။
စီးပွားပြိုင်ဖက်။ရည်းစားပြိုင်ဖက်။စင်ပြိုင်ဖက်၊လင်ပြိုင်ဖက်၊ယှဉ်ပြိုင်ဖက်။အားလုံးဟာ Rival ပါပဲ။အဲဒီ Rival ဆိုတဲ့ ပြိုင်ဖက်ဆိုတာကိုအမြဲအဓိက ထားပြီးသတိထားရမယ်လိုဆိုချင်ပါတယ်။
လူ့ဘ၀ကိုတကယ်တမ်းစဉ်းစားကြည့်ရင်ကျွန်တော်တိုအားလုံးဟာဘ၀ပန်းတိုင်လို့ခေါ်တဲ့  ဘေးမှာ ချောက်ကမ္ဘားကြီးရှိနေတဲ့ တောင် ကုန်းကြီးတခုကိုတက်နေကြရတဲ့သူတွေလိုပါပဲ။ ကူညီလက်တွဲခေါ်သွားမယ့် လူတွေရှိမယ်။ဘေးချင်းယှဉ်လာရင် မတော်တဆ တမင်္ဂလာ (accidentally on purpose)
လိုလိုတွန်းချမယ့်လူတွေရှိသလို၊ုဗြောင်ကျကျတွန်းချမယ့်လူတွေလည်းဒုနဲ့ဒေးပါ။ သတိထားကြည့်ရင်အများကြီးတွေ့ပါလိမ့်မယ်။အဲ ကနဦးက ပြောထားလို့မတော်တဆ တမင်္ဂလာ တွန်းချမယ့်လူက ပိုကြောက်စရာကောင်းတယ်ဆိုတာကိုတော့သိထားပြီးဖြစ်နေလောက်ပါပြီ။
အောက်တန်းစာရေးလေးတယောက်ဟာ ဟိုထိပ်ကမန်နေးဂျင်းဒါရိုက်တာကြီးကိုယှဉ်ဖို့ချောက်ချဖို့ 
မတွေးတတ်ပါဘူး။သူတွေးမှာကသူ့လိုအောက်တန်းစာရေးရာထူးတူတဲ့လူကို အမြဲတမ်းကြည့်နေမှာပဲ။ရာထူး မတိမ်းမယိမ်း အတူတူချင်းမို့စားတူ သွားတူသောက်အတူတူဖြစ်ချင်ဖြစ်မယ်၊တကယ်လို့ဌာနမှာအထက်တန်း
စာရေးလစ်လပ်တနေရာပေါ်လာခဲ့တဲ့အချိန်မှာစိတ်တွေဟာဘယ်လိုပြောင်းလဲမယ်လို့ထင်ပါသလဲ။
၂ယောက်စလုံးဟာအဲဒီရာထူးကိုလိုချင်မှာတော့ဧကန်မလွဲပါပဲ။
အဲဒီမှာစိတ် ထားဖြောင့်မတ်တဲ့သူကထိုက်တဲ့သူရစေလို့ သဘောထားပေမယ့်ကောက်ကျစ်တဲ့သူကတော့
ဒီကောင်အဲဒါကိုမရပဲငါပိုသေချာအောင် ဒီကောင်ကိုဘယ်လိုတွန်းချခဲ့ရမလဲဆိုတာကစတွေးနေပါပြီ
ဆိုတာပါပဲ။အဲဒီလိုပဲမန်နေးဂျင်းဒါရိုက်တာကြီးကလည်းသူ့လိုတခြား အဆင့်တူတွေထဲကနေဒု-၀န်ကြီးနေရာ
ကို လုဖို့ ဘယ်သူ့ ကိုဘယ်လိုကပ်ပြီးဘယ်သူ့ကိုဘယ်လိုဆော်ရမလဲဆိုတာကိုစဉ်းစားနေမှာဖြစ်ပါတယ်။
ကဲဗျာ။ ဘေးတော့တွေ့ပြီ။ ဆေးကကောဘယ်မှာလဲ။ဘ၀မှာအဲလိုမျိုးတွေကိုဘယ်လိုကြိုတင်ကာကွယ်မလဲလို့မေးမလား။
ဆေးနည်း ကိုအလကားပေးလိုက်ပါမယ်။ အမျိုးသားအများစု ကိုတော့ဥပမာလေးတခုပေးလိုက်မယ်။ မသိတဲ့သူကို သိတဲ့လူကသင်ပေးလိုက်ဗျာ။ တချပ်မှောက် (ရှိုး) ဖဲကစားနည်းမှာ ဖဲ ငါးချပ်ဝေတာကို တစ်ချပ်ကိုပွဲဆုံးတဲ့ final challenge မရောက်မချင်း စိမ်မခေါ်မချင်းမှောက်ထားရတယ်မို့လား
အဲဒီလိုပဲ ဘယ်သူနဲ့ပေါင်းပေါင်းခင်ဗျားတို့ရဲ့အားနည်းချက်သော်၎င်းအားသာချက်ကိုသော် ၄င်းမှောက်ဖဲ
တချပ်လိုမှောက်သာထားပေတော့။ဝှက်ဖဲတစ်ချပ်သာလုပ်ထားပေတော့။
ကိုယ်ဘယ်လောက်ညံ့တယ်ဆိုတာကိုအဆုံးအထိမသိစေနဲ့ ။အားလုံးကိုဖုန်းထားရမယ်လို့တော့မဆိုလိုပါဘူး။ ဥာဏ်သတိ နဲ့ ယှဉ်ပြီးချင့်ချိန်ပေါ့ဗျာ။ဘယ်သူ့ကိုဘယ်လောက်အထိအသိပေးသင့်တယ်ဆိုတာ။
ကိုယ်ဘယ်လောက်အထိအားနဲချက်ရှိတယ် ဆိုတာကိုဘယ်သူ့ကိုမှာဂိတ်ဆုံးမိုင်ကုန်ပေးမသိနဲ့ ။ ကိုယ်ဘယ်လောက် တတ်တယ်ဆိုတာ။ ဘာတွေတတ်တယ်ဆိုတာကိုလည်း အားလုံးပေးမသိနဲ့ အဲဒါပဲ။
ရေမကူးတတ်တာကိုလည်းအလကားနေလျှောက်မပြောနဲ့။မုန်းတဲ့လူကရေစပ်မှာတွန်းချနိုင်တယ်။
ရေနစ်မှာစိုးရတဲ့အချိန်ကျမှအော်ပေတော့။သော့တူဝိဇ္ဖာပညာတတ်တာမျိုး။လက်မှတ်တုထိုးတတ်တာမျိုးကို
လည်းဘယ်တော့မှမကြွားလေနဲ့။သူများအခန်းဖေါက်ခံရရင်ကိုယ့်ကိုထင်တတ်တယ်။
နက္ခတ်နဲ့ယှဉ်ပြီးမှရတနာမိုးရွာ အောင်လုပ်နိုင်တဲ့ဆရာကြီးဘာဖြစ် သွားလည်းဆိုတာဖတ်ဖူးကြမှာပါ။
ကောင်းပီ အဲဒီမှောက်ဖဲကို ဘယ်သူတွေကိုမှောက်ထားရမလဲလို့မေးဦးမလား။ အရင်းအတိုင်းအားလုံးပေးလိုက်မယ်။အားလုံးကို သုံးရမယ်။ ကိုးကွယ်တဲ့ဘုန်းကြီးတောင် အလကားနေအာမချောင်နဲ့ပြောကြည့်ပါလား။ ခင်ဗျားတို့ဘယ်လောက်ချမ်းသာလဲဆိုတာ။ တစ်နေ့ကျရင်ဒကာရေ။ဘုန်းကြီးဟိုမှာသိမ်ဆောက်နေတာ အမိုးကတို့လို့ နဲ့ ဝင်း ထရံ အုပ်တံတိုင်းကတန်းလန်းဖြစ်နေလို့ ကြည့်မကောင်းလို့ပါ။သိပ်မလိုတော့ပါဘူး။
(သိန်း)၇၀ - ၈၀လောက်ဆိုရင်ပြီးပါတယ်။ ဒကာကြီးလည်းဘယ်၍ ဘယ်မျှရှိနေတာဝင်နေတာပဲ ဆိုရင်ရွှေခွက်ကလေးနဲ့ ရေစက်သာချပေးလိုက်ပေတော့။ကိုယ့်ဟာကိုယ် လှုချင်သလောက်လှုနိုင်
သလောက်လှုရတာလောက်လည်းမဖြူစင်တော့ဘူး။အောင့်သက်သက်နဲ့မကောင်းတတ်လို့လှူတာ
မျိုးဖြစ်သွားတော့မယ်။ရှင်းပါလိမ့်မယ်။
သြော် မေးချင်သေးလား မိဘရောလို့။ ပါတယ်ဗျာ။ လွန်တယ်ဗျာလို့ ဆိုဦးမလား။“ဆက်ဖတ်ပါဗျ” လို့သာပြောပါရစေ။
တဦးတည်းသောသား၊သမီးအတွက်မဆိုလိုဘူး။မောင်နှမများတဲ့သူများးသတိထားဖို့။ကိုယ်မှာလည်းကိုယ့်အိမ်ထောင်နဲ့ သားသမီးနဲ့ ဆိုရင်။ လင်မယားနှစ်ယောက် သီတင်းကျွတ်လေးတန်ဆောင်တိုင်လေးမှာ
မိဘတွေသွားကန်တော့ စကားစမြည်လေး ထိုင်ပြော။သူတို့က၀မ်းသာချင်လိုကိုယ့်အခြေအနေလေးမေး။
သားတို့သမီးတို့အဆင်ပြေကြရဲ့လား။
စုမိဆောင်းမိရှိကြရဲ့လားလို့ ကိုယ်ကလည်းမိဘဆိုတော့မညာချင် ၀မ်းသာစေချင်လို့ ပြေတယ်အမေရေ။ အခုသားတို့လက်ထဲမှာ သုံးလေးရာလာက် စုမိနေပြီလို့ ပြောကြည့်လိုက်။ ကျန်တဲ့မောင်နှမတွေက သူတို့ဟာသူတို့ပြေလည်နေကြရင်တော့အကြောင်းမဟုတ်ဘူး။
မဟုတ်လို့ ကတော့နောက်တပါတ်လောက်အတွင်းမှာ မပြေလည်တဲ့  အဖြစ်နိုင်ဆုံးကတော့
ကိုယ့်ထက်အငယ်ညီငယ်ညီမငယ်ပေါ့ဗျာ။
မပြေလည်လို့ ပါအကိုရာ။ အမေက မနေ့ကသွားကန်တော့လို့ မေးတာနဲ့ ရင်ဖွင့်လိုက်မိတယ် အကိုရာ။ အဲဒါနဲ့အမေကသတင်းပေး လိုက် တာ။နင်တို့ အကိုအတော်အဆင်ပြေနေတယ်ဆိုလို့။
ကျွန်တော်လည်းဘာမှမလုပ်တတ်တောအဲဒါအကိုရာတက္ကစီလေးတစ် လောက်ဝယ်ပြီ့းထောင်ပေးထားပါ
အကိုရာ။အုံနာခလည်းမှန်မှန်ပေးပါ့မယ်။ကျွန်တော်ရိုရိုသေသေကိုင်ပါ့မယ်ဆိုရင် အမေ့ကောင်းမှုသား အလှုနတ်လူသာဓုခေါ်စေသော်ဝ်ပဲ။တူလေးတူမလေးတွေမျက်နှာကလည်းရှိသမို့လားဗျာ။လုပ်ပေးလိုက်ပါ။ ပြီးရင် တပါတ်လောက်တော့ ညဖက်မှာ ဧည့်ခမ်းကဆက်တီဆိုဖာမှာ အိပ်ဖို့သာပြင်ထား။
ကဲကုန်ပြီ။ခင်ဗျားတို့ကို ကျွန်တော်မှာရှိတဲဖဲငါးချပ်စလုံးကိုလှန်ပြလိုက်ပြီ။အဲဒါ ကျွန်တော်တို့ရဲဘ၀ခရီးကိုလျှောက်တဲ့အခါမှာ တကယ်ကိုသတိထားရမယ့်ဟာတွေပါ။
မယုံရင်စမ်းကြည့်။ခံရတော့လည်းကုသိုလ်ယူလိုက်ပေါ့။ ကိုယ့်အကျိုးစီပွားကိုယ် ကာကွယ်ဖို့ကိုယ့်
ချမ်းသာစည်းစိမ်ကိုအမှန်အတိုင်းအတိအကျမပြောတာဟာ ကျွန်တော့်အမြင်တော့ မုသာဝါဒထိုက်
မယ်တော့မထင်ပါဘူး။
တတ်သိတဲ့လူတွေမေးပေါ့။ ကိုးကွယ်တဲ့ဆရာတော်တွေမေးကြည့်ပေါ့။
မုသားမပါလင်္ကာမချောဆိုတာရှိပါတယ်။ဒါပေမယ့်ကိုယ်မပြောချင်တဲဟာကိုသူများကလာစပ်စုရင် ကိုယ့်ထမင်း ကိုယ်စားပြီး လိမ်မနေပါနဲ့ ။
“တခြားဟာမေးပါဗျာ”လို့သာတခွန်းထဲပြောလိုက်ပါ။ အင်္ဂလိပ်တွေ လည်း အဲလိုပဲ“Ask Me Another” လို့ပြောတတ်ကြပါတယ်။ သူတို့မဖြေချင်ဘူးဆိုရင်ယဉ်ယဉ်ကျေးကျေးပြောတဲ့ပုံစံလေးပါ။အသုံးဝင်ပါတယ်။
ကျင်းတွေ ချိုင့်တွေစည်ပင်ကအဖုံးအချိန်မီလာမဖုံးထားလို့လူတစ်ရပ်လောက်နက့်တဲ့မြောင်းပေါက် ကြီးတွေ ချောက်ကမ်းပါး အနက်ကြီးတွေ။ မြေမြုပ်ဗုံးတွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်တော်တို့ ရဲ့ဘဝ
လမ်းတွေကိုလျှောက်လှမ်းတဲ့အခါမှာဘယ်လိုရှောင်တိမ်းရမယ်။ ဘယ်လို့ကာကွယ်ရမယ်ဆိုတဲ့နည်းလမ်းလေးတခုကိုနှစ်သစ်ကူးလက်ဆောင်ပေးလိုက်တာပါပဲ။
ကွန်မင့်တွေကိုတော့ခပ်လန့်လန့်ပါ။မတတ်နိုင်ဘူးလေ။ကိုယ့် အလုပ်ကိုယ်လုပ်ကြတာပဲ။စေတနာမှန်ဖို့သာအဓိကလို့ ခံယူထား ပါတယ်။သည်လိုဆိုရင် ဒီလိုကာကွယ်ဖို့ ဆိုရင် တယောက်နဲ့တယောက် သံသယတွေ
နဲ့နေကြမှာလားဆိုတာတော့မမေးပါနဲ့ဗျာ။ဒါတော့ကိုယ့်ဖါသာကိုယ်သာကျုတ်ကျဲ့လိပေတော့။
(ကျွန်တော်လည်းသူများကိုသာသိတာလေးပြောနေတာပါ။ကိုယ်လည်း သဘောကောင်း အားနာပြီးသိသိကြီးနဲ့ ခံတဲ့ဟာတွေလည်း ခံလိုက်တာပါပဲဗျာ။)
“နှစ်သစ်ကူးမှာ အကြံကောင်း ဥာဏ်ကောင်းတွေရပြီး ကံကောင်းကြပါစေ”
ကိုထူးဆန်း
http://onlinepyadaik.com/profiles/blogs/4021190:BlogPost:232106?com...
ထပ်ဆင့်တင်ပြအပ်ပါသည်
ရဲလတ်