ကိုယ့်တာဝန် ကိုယ်သိတဲ့သူက ကိုယ့်စိတ်ကို ထိန်းပြီး လုပ်သင့်တာကို အောင်မြင်အောင် လုပ်မှာပဲ၊ လုပ်သင့်တဲ့ အလုပ်တာဝန်များတဲ့အတွက် သူတပါးကို အပြစ်ရှာဖို့ အချန်မရှိဘူး၊ အဲသည်လိုနဲ့ ကိုယ်ခံအား ကောင်းတဲ့သူ ဖြစ်လာမှာပဲ။
လိုချင်တာတွေ ရချင်တာတွေကို ရအောင် ကိုယ့်ခွန်ကိုယ့်အားနဲ့သာ ကြိုးစားပါ။ မှားတာကို မှားတယ်လို့ မြန်မြန်သိတဲ့သူက လူတော်ဖြစ်ပါတယ်၊ လူကောင်းဖြစ်ဖို့က မှားနေတာကို ထိန်ချန်မထားဘဲ ၀န်ခံတတ်ဖို့ ဖြစ်ပါတယ်။
အလုပ်လုပ်တဲ့နေရာမှာ စိတ်ကူးကောင်းများနဲ့ မွမ်းမံပြီး အားစိုက်ကာ လုတ်တတ်တဲ့သူဟာ ထင်ရှားကျော်ကြားတဲ့ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာမှာ သေချာပါတယ်။