ကောင်လေးရေ…. နင် တကယ်ပဲ နေနိုင်ခဲ့တယ်နော်။ ချစ်နေရက်သားနဲ့ မချစ်ဟန်ဆောင်နိုင်ခဲ့တဲ့ မင်းရဲ့ စိတ်ဓာတ်အမာခံကို ငါ ချီးကျူးပါတယ်။
ဒါတော့ ငါ့ဘက်က မြင်တဲ့ အမြင်နဲ့ ပြောပြယုံပဲ ရှိတာပါ။ နင့်ရဲ့ အတွင်းစိတ်ကျကျ ဖတ်မိဖို့ ငါမှာ မှော်ဆရာမလဲမဟုတ်ဘူး၊ စိတ်ပညာရှင်တစ်ယောက်လဲမဟုတ်ဘူးဆိုတော့ နင်လဲ နားလည်နိုင်လောက်ပါတယ်။
တခါတုန်းက နင်ဟာ ငါ ငိုကြွေးမှာ သိပ်ကြောက်ခဲ့တဲ့ သူတစ်ယောက် ခုတော့ လေချိုတွေသွေးပြီး အနုကျကျ ငါ့ကို နင် ရက်စက်တတ်လာပြီနော်။
နင့် စိတ်ကြိုက် အလိုကျ ငါ အရာအားလုံးကို ဂရုတစိုက်နဲ့ နင် ကြိုးဆွဲရာ ငါ ကခဲ့ပါတယ်။ အရင်တုန်းကနဲ့ အခုထက်ထိ ယနေ့ထိတိုင်ပေါ့။
ငါ ဒီလို နင် ကြိုးဆွဲရာ လိုက်ကနေခဲ့တာ ငါ လူပိန်းလူအ တစ်ယောက်မို့ မဟုတ်ပါဘူး။ အချစ်ရူးကြီးလို့တောင် နင်ရော ပတ်ဝန်းကျင်ပါ ပြောဆိုသမုတ်နိုင်လောက်ပါတယ်။ နင် ထင်ချင်ရာ ပြောချင်ရာ ပြောနိုင်ပါတယ်။
ဒါပေမယ့် နင် သိထားဖို့တစ်ခုက တချိန်တုန်းက ငါ့ အချစ်ကို နင် ကမ်းလှမ်းလာတုန်းက ထားရှိခဲ့တဲ့ မေတ္တာအစစ်အမှန်တွေကြောင့် အဲဒီ စစ်မှန်ခဲ့တဲ့ မင်းရဲ့ ချစ်ခြင်းကို ငါ အကြွေးပြန်ဆပ်နေတယ်လို့သာသဘောထားပေးပါ။
ပြီးတော့ နောင်တချိန်မှာ ငါ နင့် အနားက ထွက်ခွာသွားခဲ့ရင် ဒီချစ်ခြင်းမေတ္တာတရားတွေရဲ့ အငွေ့အသက်တေနဲ့ နောက်ထပ် တခြားသူ(မိန်းခလေး)ရဲ့ ချစ်ခြင်းမေတ္တာတွေကို နင် အလေးထားပေးလာအောင် ငါ ရည်စူးပါတယ်။
စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတရားကို ငါ လိုချင်တပ်မက်ခဲ့သလို နင်လည်းဘဲ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတရားကို ပေးချင်နေခဲ့မယ်ဆိုတာ ငါ ခံစားမိပါတယ်။
ဆောင်းနှင်းဖြိုး