တစ်ခါက သူဌေးသားညီအစ်ကို နှစ်ယောက်ရှိကြတယ်..သူတို့ညီအစ်ကိုနှစ်ယောက်က ရွာတွေမှာ စပါးပေး လိုက်ပေးတဲ့အလုပ်ကို လုပ်ကြတာပေါ့.မိုးအကုန် ဆောင်းအကူးကာလလေးမှာပေါ့ သူတို့ပေးထားတဲ့ စပါးပေးလေးတွေ ကို လိုက်သိမ်းတော့.ရွာတွေကိုဆင်းပြီး တစ်ရွာပြီးတစ်ရွာပြီးလှည့်သွားနေတော့တာပေါ့.
ဒီလိုနဲ့ ရွာတစ်ရွာလဲရောက်ရော မိုးကလဲချုပ်နေပြီမလို့အဲ့ရွာမှာပဲ ညအိပ်ဖို့ဆုံးဖြတ်လိုက်ပြီး ရွာလူကြီးအိမ်မှာပဲတည်းခိုကြတယ်လေ. ရွာလူကြီး အိမ်မှာ ဧည့်သည်ရောက်တယ်ဆိုတော့ ရွာထဲက အိမ်တွေကလဲ ဟင်းတွေလာပို့ကြတာပေါ့. ရွာစဉ်လှည့်လာရတာမောလာတာနဲ့ ဗိုက်ကလဲဆာဆာနဲ့ သူဋ္ဌေးသားညီအစ်ကိုနှစ်ယောက်လဲ အပီအပြင်ဆွဲတော့တာပေါ့. သူဋ္ဌေးအကိုကြီးကတော့ ဆင်ဆင်ခြင်ခြင် ပဲစားတာပေါ့နော်.သူဋ္ဌေးသားညီလေးကတော့ အားရပါးရနဲ့လာပို့သမျှ ဟင်းကို အစုံလိုက်စားပစ်လိုက်တော့ တာပေါ့.
တစ်နေကုန်ပင်ပန်းလာတော့ စောစောပဲ အိပ်ယာဝင်ခဲ့ကြတော့တာပေါ့.အိပ်ယာထဲေ၇ာက်လို့မှ မကြာသေးဘူး ဇာတ်လမ်းက စလာတော့တာပဲလေ.အစုံစားသတ္တ၀ါဖြစ်တဲ့ ညီလေး ခမျာမှာတော့ အစုံစား အစားစုံတော့ ဗိုက်ကနာလာပြီ.အကိုကြီးကိုခေါ်ပြီး အိမ်သာရှာဖွေရေးဆင်းလာရတော့တာပေါ့.ရွာမှာက အိမ်သာမရှိဘူးလေ ညရဲ့လရောင်အောင်မှာစမ်းတ၀ါးဝါးနဲ့သင့်တော်ရာနေရာရွေးရတော့တာပေါ့.
အဲ့ဒါနဲ့ပဲ လယ်ကန်သင်းပေါင် ကိုရောက်လို့လာတော့တာပေါ့.နေရာကလဲရှာမတွေ့ ဗိုက်ကလဲနာလာတာ အရမ်း ဖြစ်နေတော့ကိစ္စကိုလယ်ကန်သင်းပေါင်မှာပဲ ဖြေရှင်းလိုက်တော့မယ်လို့ဆိုပြီးတော့ ၀ါးလုံးတိုင်ငုတ်ကလေးဘေးမှာ ငုတ်တုတ်လေးပေါ့. ၀ါးလုံးငုတ်ကလေး ကိုင်ပြီး ညလေလေးတဖြူးဖြူးနဲ့ ဇိမ်ယူနေတော့တာပေါ့.စိတ်ထဲပေါ့သွားတော့မှ သတိရသွားပြီး ဘယ်လိုလုပ် ကိစ္စကိုသန့်စင်ရပါ့မလဲပေါ့.
အခက်တော့တွေ့နေပါပြီ ရေ ဝေလာဝေး.စက္ကူဗလာ.ဒုတ်နတ္ထိ လေ.အကိုကြီးကို အကူအညီ တောင်းတော့လဲ ပိုက်ဆံတွေနဲ့လုပ်ခိုင်း. ညီလေးက အင်အင်းကုန်းဖို့ကပိုက်ဆံနဲ့ လုပ်စရာလားဗျာ သမျှောပါတယ် ဆိုပြီးတော့ ဘေးနားလေးမှာကြည့်လိုက်တော့ ကျစ်စာခဲ (မာနေတဲ့မြေခဲ)လေး ကိုကိုင်ကြည့်တော့ မာတယ် ဟုတ်ပြီ ဆိုပြီးတော့ကျစ်စာခဲလေးကိုင်ပြီး ပစ်မှတ်ကိုအသွား...ပစ်မှတ်လဲရောက်ရော ..ကျစ်စာခဲကွဲပြီးလက်ကပဲပစ်မှတ်ကိုရောက်သွားတော့ တာပေါ့..ဟာ..သွားပါပြီ ..လက်ကိုပေကုန်ပါပြီဆိုပြီး လက် ကို ဆွဲခါလိုက်တာလေ လက်ကဘေးနားက ၀ါးလုံးငုတ်ကိုသွားပြီးရိုက်မိပြန်ပါလေရော... အောင်မလေးဗျာ..နာလိုက်တာ......ဆိုပြီး လက်ကိုအာငွေ့ပေးဖို့ လက်က အော်တိုပဲ ပါးစပ်ထဲ ရောက်သွားတော့တာပဲဗျာ....အဟီး......ညီလေးတစ်ယောက်တော့ ဘာဖြစ်သွားပြီလဲ တွေးပဲကြည့်လိုက်တော့နော်.......ဆက်ပြောရဲတော့ဘူး..............ဟိဟိ