မိန်းကလေးများသည် ချစ်သူ၏ချစ်ခြင်းကို အပိုင်ရပြီလို.ယူဆသောအခါချစ်သူကို သူရဲကောင်းတစ်ယောက်လိုထင်သွားပြီးယုံကြည်အားကိုးသော အချစ်မျိုးဖြင့်ချစ်တတ်ကြသည်။
ယောက်ျားလေးများသည် ချစ်သူ၏ချစ်ခြင်းကို အပိုင်ရပြီလို. ယူဆသောအခါချစ်သူကို ဘာမှမသိနားမလည်တဲ့ ရိုးစင်းလွန်းတဲ့ မိန်းမတစ်ယောက်လို.ထင်သွားပြီး နောက်တစ်ယောက်ကို ထပ်ချစ်တတ်ကြသည်။
မိန်းကလေးများသည် ချစ်သူ၏နားလည်ပေးခြင်းကို အပိုင်ရပြီလို. ယူဆသောအခါချစ်သူကို မှော်ဆရာတစ်ယောက်လိုထင်သွားပြီးမျှော်လင့်ချက် ယုံကြည်ချက် စိတ်တွေ ပုံအောပြီးချစ်တတ်ကြသည်။
ယောက်ျားလေးများသည် ချစ်သူ၏နားလည်ပေးခြင်းကို အပိုင်ရပြီလို.ယူဆသောအခါချစ်သူကို လက်ခုပ်ထဲကရေအမှတ်ဖြင့် သွန်လိုသွန် မှောက်လိုမှောက်လုပ်ပြီးသူတို.ထားရာနေ စေရာသွားဘဝဖြင့်ထားကာချစ်တတ်ကြသည်။