Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဖေဖေါ်ဝါရီလအတွက် ( ၇ ) ရက်သားသမီး ဟောစာတမ်း

$
0
0
၁ ။ တနင်္ဂနွေ သားသမီးများ
လုပ်မြဲံအလုပ်သာဆက်လုပ်နေပါ။ လုပ်ငန်းအသစ်များမစွန့်စားပါနှင့် ။
အိမ်တွင်းရေးစိတ်ညစ်ရမည် ။ ၀င်ငွေနှင့်ထွက်ငွေမမျှပဲဖြစ်နေမည် ။
မြေကိစ္စ အမွေကိစ္စ စကားများရကိန်းရှိသည် ။ငယ်ရွယ်သူများ
ချစ်သူနှင့် အကြီးအကျယ်စကားများရကိန်းရှိသည် ။

ယတြာ ။ ။ အုန်းသီး အခွံချွတ်တစ်လုံးကို သီလရှင်တစ်ပါးပါး အား
လှုပေးပါ။

၂ ။ တနင်္လာ သားသမီးများ
ယခုလအတွင်းစီစဉ်ထားသောလုပ်ငန်းများ အဆင်မပြေဖြစ်မည်။
ငွေကြေးအကြပ်အတည်းကြုံမည် ။ ခရီးလုံးဝမသွားသင့်ပါ ။
ကြီးဒေါ် ( သို့ ) ဆွေမျိုးတစ်ဦးဦးကြောင့် စိတ်ညစ်ရမည် ။
ချစ်သူနင့်ခဏခဏ စိတ်ကောက်နေသောလဖြစ်သည် ။
ခွေးကိုက်ခံရတတ်သည် သတိထားပါ ။

ယတြာ ။ ။ ငါးအရှင် ( ၁၅ )ကောင်လွှတ်ပေးပါ ။ ခိုစာကြွေးပါ ။

၃ ။ အင်္ဂါ ။ သားသမီးများ
စပ်တူလုပ်ငန်းများအကျိုးပေးမည် ။ စက်ပစ္စည်း ဆေးပစ္စည်းများ
ရောင်းဝယ်လျှင် အကျိုးရှိမည် ။ ဆွေမျိုးသားချင်းမှ ကူညီမစခြင်း ခံရမည် ။
အောက်လက်ငယ်သား ( သို့ ) မိမိထက်ငယ်ရွယ်သူကြောင့် စိတ်ညစ်စရာကြုံမည်။
မမျှော်လင့်ပဲ ငွေဝင်လာခဲ့သော် ၃ ၂ ၄ ၁ ပါသောဂဏန်းများနှင့်ထီထိုးပါ ။
ယတြာ ။ ။ မိမိမွေးနေ့ အိမ်ကဘုရားတွင် ဇီးယိုလှုပေးပါ ။

၎ ။ ဗုဒ္မဟူး သားသမီးများ
အလုပ်ထဲတွင်စိတ်ရှည်ပါ ။ စိတ်မ၇ှည်ဒေါသထွက်ခြင်းကြောင့် လုပ်ငန်းများ
လက်လွှတ်ရခြင်း အထက်လူကြီး၏ ဆူပူ ခြင်းခံရတတ်သည် ။ သို့ သော်
သီးခံတတ်လျှင်သင်အောင်မြင်မည် ။ ခရီးသွားလျှင် သင်ငွေဝင်မည် ။
ယခုလအတွင်း တနင်္ဂနွေသားသမီးနှင့်သတိထားဆက်ဆံပါ ။
ပတွင်းလူ ဒုက္ခပေးတတ်သည် ။
ယတြာ ။ ။ အိုးတစ်လုံးထဲသို့  အုတ်ခဲ ၆ လုံး အုန်းရေ အုန်းရွက် ၆ ရံက်ထည့်ပြီး
ငါ့ကိုယ်စားနင်ခံဟုပြောပြီး ရေထဲသို့ စွန့်ပေးပါ ။

၅ ။ ကြာသပတေး သားသမီးများ
သတိထားပြီးလုပ်ရမည့်လဖြစ်သည် ။ မြေ ။ အမွေ ။ ပညာရေးကိစ္စများ ကြောင့်
စိတ်သောကရောက်ရတတ်သည် ။ ခရီးလုံးဝမသွားသင့်ပါ ။ ရွှေပျောက်တတ်သည် ။
သားသမီးဆိုးတဦးဦး ကြောင့် ပြသနာများ ဖြေရှင်းရတတ်သည် ။ ငယ်ရွယ်သူများ
ချစ်သူများနေ့ မတိုင်ခင် မုန်းသူများနေ့ နှင့် ရင်ဆိုင်ရမည် ။ ၀မ်းဗိုက်နှင့်ပတ်သက်ပြီး
ရောဂါခံစားရတတ်သည် ။

ယတြာ ။ ။မွေးနံ ဘုရားထောင့်တွင် ပျဉ်းမ ၁၉ ခက် မြေပဲပြုတ် တစ်ပုဂံလှုပေးပါ

၆ ။ သောကြာ ခရီးသွားလုပ်ငန်း လူမှုရေးလုပ်ငန်းများလုပ်လျှင်အဆင်ပြေမည်။
မိတ်ဆွေကောင်းများ၏ ကူီာခြင်းခံရမည် ။ စပ်တူလုပ်ငန်းများအကျိုးပေးမည်
ငွေရေးကြေးရေး အနည်းငယ်အကြပ်အတည်း ဖြစ်နိုင်သည် ။ ငယ်ရွယ်သူများ
ချစ်သူနှင့် ပျော်ရွှင်သောခရီးသွားရတတ်သည်။ မမျှော်လင့်ပဲခရီးသွားရင်း
ချစ်သူရတတ်သည် ။

ယတြာ ။ ။ သက်ကြီးရွယ်အို ၆ ယောက်ကို ၁၀၀ တန် တစ်ရွက်စီလှုပြီး
လိုရာဆုတောင်းပါ

ရ ။ စနေ သားသမီးများ
အတိုက်အခံများကြားမှ လုပ်ငန်းများအောင်မြင်မည် ။ လုပ်ငန်းအသစ်များမလုပ်သင့်သေးပါ
ထူးထူးခြားခြား ငွေဝင်လာလျှင် ကျောက်ကျော ကျို ပြီးကလေးများကို ဝေပေးပါ ။
စိတ်ကောက်တတ်သော ချစ်သူကို ခဏခဏ ချော့နေရမည့်လဖြစ်သည်။
ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာရတတ်သည် ။

ယတြာ ။ ။ မွေးနံဘုရားထောင့်တွင် ထီးအနီတစ်လက်လှုဒါန်းပြီး
နမောတေ ဂါထာ ၁၀ ခေါက်ရွတ်ပြီး လိုရာဆုတောင်းပါ ။


သူငယ်ချင်းအားလုံးကို
ချစ်ခင်လေးစားလျှက်
ကိုမောင်မောင်

Viewing all articles
Browse latest Browse all 9878

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>