Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မယ်နုမဖြစ်စေချင်

$
0
0


တင်စားကာ ခေါ်တဲ့အဖြစ် အော်ဟစ်လို့ ရယ်လိုက်ချင်တယ်

တခါက မထင်ရှားတဲ့ ရွာကလေးမှာ
ငါးစိမ်းသည်တဖြစ်လဲ နန်းမတော် အလောင်း ကိန်းအောင်းခဲ့တယ်


လေမိုးဆန်တဲ့ အဲဒီနေ့ မှာ ရင်ဝတ်တော် ထမီလွင့်လို့ 
ပြသာဒ်ထိပ်ဖျား ချိပ်သွားခဲ့ရာမှ
သာယာဝတီရဲ့ အသဲစွဲ မြောက်ဖျားစံယှဉ်တု
မိဘုရား မယ်နုရယ်လို့  ဖြစ်ပေါ်ခဲ့တယ်


သံသရာဘဝအကြောင်းကောင်းရန်ဖန်လာတော့
ချိုသကာပျားရည်ဖုံး လိုသမျှပြည့်စေတာ မယ်နုဘဝပါ
တ သမျှု အရာထင် မယ်နုဘဝင်မကျ မဆင်ရပေဘူး
အသီးအရွက် နုနု ဂရုမပြုဘဲ မခေါ်တွင်ရဘူး (မန်းကျည်းရွက်ထွတ်ထွတ် ဘူးသီးထွတ်ထွတ်)
ထွတ်ထွတ်လို့  တန်ဆာဆင် နုနုကို နေရာတိုင်း အသုံးမရိုင်းစေခဲ့သူလေ


မောင်ရယ်လို့  အမည်ပြု နောင် ချုံခိုမယ့်မောင်အိုဆိုတဲ့ လူနဲ့ 
မှောက်မှားတဲ့အခါ ယောင်္ကျားကို ပြန်သတ်မယ့်
လုပ်ဇာတ်တွေခင်း အင်း သူအရေးနိမ့်ကျပြီပေါ့
ဘုန်းကံအရှိန်လှုံဆော်မှု့ ကြောင့် ကြိုသိတဲ့ သာယာဝတီ
ချစ်စရာ မိဘုရား တီတာစကားနားမှာမဝင်
ရေမှာချလို့  သတ်စေအမိန့် 
တစ်ချက်လွတ် ထုတ်ပြန်ခဲ့တယ်


နောက်ကြောင်းတွေပြန်ကြည့်တဲ့ သမိုင်းတွေရှိတယ်
အဖြစ်မှန်တွေကိုနောက်လှန်တာဟာ မ အ အောင်လို့ ပါ
ဆရာတော်ဦးဗုဓ် နောက်ဆုံးမိန့် စကား
လူတိုင်းလည်း မှတ်သားသင့်တယ်
'' သူ့ အကြွေးရှိက ဆပ်ရတယ် တဲ့ "

တိုက်ဆိုင်စွာ ရင်မှာ အတွေး ဝင်လာပေးတဲ့ ကဗျာရှင်ဆရာတို့ ရေ ...
ကျွန်မ မှာ မယ်နုအတွေး ရေးရေးမှ မရှိတာ ယုံပါ
အတ္တအမုန်းတွေဖြေဖျောက်လို့  ခံစားချက်ကို ကဗျာစပ် နေတတ်ခဲ့တာ ကြာပါပြီ
ဝဠ်ကြွေးတွေကြေစေဖို့  ဝဠ်ကြွေးတော်ပြေဘုရားမှာ လုံမလေး ဆုတောင်းလိုက်ပါအုံး ...
အနေမတတ်တာတွေကြောင့်
နောက်ဆို မယ်နု မယ်နု လို့ အခေါ်ပြုရရင်ဖြင့် လုံမလေး စိတ်ဆိုးတော်မမူပါနဲ့  ...

ဘာဝနာတရားပွားများလို့  စေတနာများရယ်နဲ့ တောင်းဆုလေးပြုပေးရရင်ဖြင့်

လုံမလေးကိုရယ် လက်သစ်မယ်နုမဖြစ်စေချင်ပါကွယ် .........

( ရွှေမြို့ တော်မှ လုံမလေးတစ်ယောက်အတွက် ဥာဏ်တစ်ထွာတစ်မိုက်ဖြင့် စပ်ဆိုကာပေးလိုက်ပါတယ် )

မိစံ & Magic


Viewing all articles
Browse latest Browse all 9878

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ