Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ရုပ်ထု ဆင်းထု ကိုးကွယ်မှု

$
0
0

 

တိဋ္ဌန္တေ နိဗ္ဗုတေ စာပိ၊ သမေ စိတ္တေ သမံ ဖလံ။

စေတောပဏိဓိဟေတု ဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ-လို့ မြတ်စွာဘုရား ဟောကြားထားတယ် မဟုတ်လား?

 

အဓိပ္ပါယ်ကို နားလည်အောင် လင်္ကာလေးနဲ့ ရေးပေးထားပါ့မယ်။

သက်တော်ထင်ရှား၊ မြတ်ဘုရား၊ စိတ်ထားကြည်ညိုသည်။

ပရိနိဗ္ဗာန်စံသွား၊ မြတ်ဘုရား၊ စိတ်ထားကြည်ညိုသည်။

နှစ်ဆူကွဲပြား၊ မြတ်ဘုရား၊ စိတ်ထားကြည်ညိုသည်။

ကြည်ညိုစိတ်ထား၊ တူညီငြား၊ ကျိုးကား တူညီသည်။

 

မဟာဗောဓိပင်အောက် ရွှေပလ္လင်ထက်မှာ စံနေတော်မူစဉ် သဗ္ဗညုတဥာဏ်ကို ရတော်မူတဲ့ အချိန်အခါက-စပြီး မလ္လမင်းတွေရဲ့ ကုသိနာရုံ အင်ကြင်း ရဂုံမှာ ပရိနိဗ္ဗာန်စံဝင်သွားတဲ့ အချိန်အခါထိ  အဲဒီ ၄၅-နှစ် အတွင်းကို သက်တော် ထင်ရှားတဲ့ မြတ်စွာဘုရားလို့ခေါ်ပါတယ်။

 

ပရိနိဗ္ဗာန်စံဝင်သွားပြီးတဲ့ အချိန်အခါက စ-ပြီး ယခုအချိန်ထိအောင် နှစ်ပေါင်း ၂၅၅၆-နှစ်တိတိ အချိန်ကာလကို ပရိနိဗ္ဗာန်စံဝင်သွားတဲ့ မြတ်စွာဘုရားလို့ ခေါ်ပါတယ်။  သက်တော်ထင်ရှားနေတာ ၄၅-နှစ်၊ ပရိနိဗ္ဗာန်စံဝင်ပြီးတာ ၂၅၅၆-နှစ်၊ အဲဒါကိုပဲ နှစ်ဆူကွဲပြား မြတ်စွာဘုရားလို့ ခေါ်ပါတယ်။

 

သက်တော်ထင်ရှားဖြစ်တဲ့ မြတ်စွာဘုရားကို ၄၅-နှစ်တိုင်တိုင် သဒ္ဓါ စေတနာ ပြဋ္ဌာန်းတဲ့ စိတ္တုပ္ပါဒ်နှင့် ရဟန်း ပုဏ္ဏား မင်း သူဌေး သူကြွယ် ဆင်းရဲသားပါ မကျန် နတ် ဗြာဟ္မာအားလုံးတို့ဟာ အာမိသပူဇာ ဓမ္မပူဇာ နှစ်မျိုးဖြင့် ပူဇော်ခဲ့ကြတယ်။ ပူဇော်ခြင်းကြောင့်လည်း ပစ္စုပ္ပန် သံသရာ နှစ်ဖြာသောအကျိုးတရားတွေ ရရှိခဲ့ကြတယ်။

 

ပရိနိဗ္ဗာန်စံဝင်သွားပြီးဖြစ်တဲ့ မြတ်စွာဘုရားကို ယင်းပူဇာနှစ်မျိုးဖြင့် ပူဇော်လျှင်လည်း ရရှိလာမဲ့အကျိုးတရားကတော့ သက်တော်ထင်ရှားမြတ်စွာဘုရားကို ပူဇော်ခြင်းကြောင့်ရရှိထားတဲ့ အကျိုးတရားနှင့်  အတူတူပဲဖြစ်ပါတယ်။ သို့သော် သက်တော်ထင်ရှား မြတ်စွာဘုရားကို ပူဇော်သလိုမျိုး သဒ္ဓါ စေတနာ ပြဋ္ဌာန်းတဲ့ စိတ္တုပ္ပါဒ်တော့ ထားရှိရပါမယ့်။ ဒါမှသာလျှင် တူညီတဲ့ အကျိုးတရားကို ရရှိမှာ ဖြစ်ပါတယ်။ မထားရှိရင်ဖြင့်  အကျိုးတရားလည်း မရရှိနိုင်ပါဘူး။

 

``အာနန္ဒာ လောက၌ စေတီတည်ထိုက်သောပုဂ္ဂိုလ် လေးမျိုးရှိကုန်၏။ ၎င်းတို့သည်ကား သမ္မာသမ္ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ အရိယာသာဝကဘိက္ခု၊ စက္က၀တ္တိရာဇာ၊ ထိုပုဂ္ဂိလ်တို့၏စေတီကို ဖူးတွေ့ရသူတို့သည် ထိုပုဂ္ဂိုလ်တို့၏ ဂုဏ်ကို အာရုံပြု၍ ဆင်ခြင်မိကာ ကြည်လင်ယိုဖိတ် သဒ္ဓါစိတ်တိုးပွါအံ့၊ ၎င်းတို့၏ သုဂတိလမ်းကြောင်းသည် ဟင်းလင်းပွင့်သည်သာတည်း´´လို့ မဟာပရနိဗ္ဗာန  သုတ်မှာ ဟောထားတာလည်း ရှိသေးတယ် မဟုတ်ပါလား?

 

အထက်ပါ ဘုရားစကားတော်တွေကို ထောက်ဆကြည့်ပါက ရုပ်ထု ဆင်းထု  ပူဇော်မှု ကိုးကွယ်မှုကို ခွင့်ပြုထားတယ်ဆိုတာ သိရှိနိုင်ပါတယ်။ ခွင့်ပြုသည့်အလျှောက် ပူဇော်သူတွေ ပူဇော်နေကြတာပါပဲ။ သို့သော် ရုပ်ထု ဆင်းထု သက်သက်မဟုတ်ပါပဲ ဂုဏ်တော်တွေကို အာရုံပြုပြီး ဘုရားရှင်ရဲ့ ပုံတော်ကို မှန်းဆကာ ပူဇော်ကြဖို့ကတော့ အရေးကြီးလှပါတယ်။ ရုပ်ထု ဆင်းထုဆိုတာကိုတော့ လေးမျိုးလေးစားလို့ မှတ်ကြရပါ့မယ်။ ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီတော်တွေပေါ့။

 

ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဘာမှ စောဒကမတက်လို ကြသော်လည်း တစ်ခြားဘာသာဝင်များအနေနဲ့ စောဒကတက်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် ပူဇော်မှု ကိုးကွယ်မှု ပြောင်းပြန်ဖြစ်နေလို့ပါပဲ။ ဗုဒ္ဓဘာသာဝင် တွေက ရုပ်ထု ဆင်းထုကို ပူဇော်တယ်။ ကိုးကွယ်တယ်။ တစ်ခြားဘာသာဝင်တွေက ပညတ်ချက် တစ်ခုအနေနဲ့ ရုပ်ထု ဆင်းထုများကို မပူဇော်ရ။ မကိုးကွယ်ရတဲ့။ အဲဒီတော မိုးနဲ့မြေ။ အရှေ့နဲ့ အနောက်။ တောင်နဲ့မြောက်။ ဖီလာ ကန့်လန့်ဖြစ်နေတော့ တာပေါ့။ သူတို့က ဆိုကြတယ်လေ- ရုပ်ထု ဆင်းထု ကိုးကွယ်မဲ့ အစား သစ်သားတုန်း အုတ်ပုံ သဲပုံတို့ကို ကိုးကွယ်ပါတော့လားတဲ့။ ဘာကြောင့်လဲဆိုရင် ရုပ်ထု ဆင်းထုဆိုတာလည်း သစ်သား အုတ် သဲ-စသည်တို့ကို ပြုလုပ်ထားတဲ့ အတွက်ကြောင့်ပါတဲ့။

 

မိန်းမချင်းတူတူပါပဲ ဘာဖြစ်လို့ ကိုယ့်အမေ၊ ကိုယ့်အမ၊ ကိုယ့်ညီမ၊ ကိုယ့်သမီး တို့ကို ပြန်ယူပြီး သား မယား မပြုကျင့်ကြသတုန်းလို့သာ စောဒကတက်တဲ့ ဘာသာခြားတွေကို ပြန်ဖြေလိုက်ပါရစေ။

 

ဒါကြောင့် သက်မဲ့ မြတ်စွာဘုရားကို ဂုဏ်တော်မှန်း၍ သဒ္ဓါ စေတနာ ပြဋ္ဌာန်းတဲ့ စိတ္တုပ္ပါဒ်ဖြင့် ရုပ်ထု ဆင်းထုကို ပူဇော်ကိုးကွယ်ရခြင်းသည် သက်ရှိမြတ်စွာဘုရားကို ပူဇော်ကိုးကွယ်ရသလိုမျိုး အကျိုးတရားများရရှိပါကြောင်း စေတနာ မေတ္တာဖြင့် တင်ပြလိုက်ပါတယ်။

 

မှတ်ချက်-ဤဆောင်းပါးကို ညီလေး တတိုင်းမွှေးရဲ့ အောက်ပါ တောင်းဆိုချက်ဖြင့် ရေးသားလိုက်ပါတယ်။

အမေးစကား  ကိုအလေးထားပြီး

ရေးသားပေးတဲ့စေတနာကိုလေးစားပါတယ်...

ရှင်းလင်းသောအသိလည်းရပါတယ်

အခုတော့မှ...ပူဇော်ခြင်းနှစ်မျိုး အကျိုးပွားပုံဆင်ခြင်မိပါတယ်

တကယ်တော့ ကျနော်တို့ကလူကြားထဲမှာ ဗုဒ္ဓဘာသာလို့ပြောပေမည့်

ကိုယ့်ဘာသာကိုယ့်သာသနာအကြောင်း ကောင်းကောင်းမသိ

အစွန်အဖျားနားအကြားလောက်သာ..ရှိတတ်တာမို့

တခါတရံတော့..ဆရာဗန် တို့လိုရှင်းပြပေးတဲ့သူကို..ကျေးဇူးတင်ပါသည်။

တစ်ခုဖြေလို...တစ်ခုထပ်မေး...ငတလေး...လောဘကြီးတယ်မထင်ပါနှင့်

၇ုပ်ထုများကိုကိုးကွယ်နေသည်ဟု..ပြောသံများကို ချေပလိုပါတယ်

ဆရာဗန်...တခါတရံ အချိန်အားရင် ဖြေကြားရှင်းလင်းပေးပါဦးနော်

မြင်သော်လည်း မတွေ့

တွေ့သော်လည်းနားမလည်

သနားစဖွယ် ငတ တို့ကို

ကယ်မပါဆရာဗန်

တောင်းဆိုအပ်ပါတယ်...........။
------------

 

(၁-၂-၂၀၁၃) သောကြာနေ့  ည ၉-နာရီ ၅၅ မိနစ်

သုခီ ဒီဃာယုကော ဘ၀။ (ဆရာဗန်)


Viewing all articles
Browse latest Browse all 9878

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>