Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဖြေပေးပါနော်

$
0
0

တစ်နေ့မှာပေါ့။ ကျွန်တော်ရယ်  photoshop သင်တန်းဆရာမရယ် မုံရွာကို သွားခဲ့ကြတယ်။ ဟိုရောက် ဒီရောက် တွေ့ရာ ကြုံရာ စကားပြောရင်းပေါ့။ ညောင်ပင်ဝန်းရောက်တော့ ထမင်းစားကြတယ်။ ထမင်းစားပြီး ကျွန်တော်က ကားပေါ်မှာထိုင်နေလိုက်တယ်။ ဆရာမကတော့ ထွိုင်းလစ် သွားတာပေါ့။ ဖရဲသီးရောင်းနေတဲ့ ကောင်မလေးတစ်ယောက်။ မျက်နှာလှလှ အပြုံးချိုချိုနဲ့။ စကားသံလေးကလည်း ချစ်စရာလေး။ ယာထဲ လယ်ထဲမှာ ပင်ပင်ပမ်းပမ်း မလုပ်ရလို့ထင်တယ် အသားအရေကလည်း စိုပြေ ပြည့်မောက်လို့။ ကျွန်တော့်ကို ဖရဲသီးဝယ်ဘို့ အတင်းပူဆာနေတယ်။ ခုနကမှ စားထားတာလေ။ ကျွန်တော်မှ ဗိုက်မဆာတာ။ မ၀ယ်ချင်ပါဘူး။ ဒါပေမဲ့ ကောင်မလေး မျက်နှာကိုကြည့်ပြီး “ သြော် သူ ဒီအလုပ်ကို လုပ်ချင်လို့ လုပ်နေတာ မဖြစ်နိုင်ဘူး။ မတတ်သာလို့ လုပ်နေတာပဲဖြစ်မယ်။ ဒီရုပ်ရည်နဲ့ ဒီလိုအလုပ် လုပ်စားနေတာ ဘယ်လောက်များ ရှက်လိမ့်မလဲ” လို့ စိတ်မကောင်းစွာ တွေးနေမိတယ်။

 

သူ့မျက်နှာကို ကျွန်တော်စိတ်ဝင်တစားကြည့်နေတာ သူရိပ်မိသွားတယ်။ ရှက်တဲ့ အမူရာလေးနဲ့ ခုနကလို ၀ယ်ဘို့ တစာစာ မပြောတော့ပါဘူး။ တကယ်ရှက်သွားတယ် ထင်တယ်။ ကျွန်တော်အကျင့်က ဒီလိုပဲ။ တစ်ခုခုကို သဘောကျရင် အဲလိုပဲ ကြည့်တတ်တယ်။ ဟိ။ ကျွန်တော်အဲလိုကြည့်လို့ တစ်ခါက “ မင်းရဲ့ အဲဒီလို့ အကြည့် အောက်မှာ အရည်ပျော်သွားနိုင်တယ်၊ ငါဖြစ်နေလို့နော် ” လို့ သူငယ်ချင်းတစ်ယောက်က ချစ်စနိုးနဲ့ ပြောခဲ့ဘူးတယ်။ တကယ် ပြောတာဗျ ။ ဟွန်း မယုံသလိုလို လှောင်သလိုလို ပြုံးတုန့်တုန့် လုပ်မနေနဲ့။ နော်က ရှက်တတ်တယ်။ ခိခိ။ ထားပါတော့။ ကြော်ငြာဝင်တာများနေပြီ။ ကောင်မလေးက “ ဘာကြည့်နေမှန်း မသိဘူးအမြင်ကတ် စရာကြီး” လို့ ပြောတာ ဖြစ်မယ်။ ကျွန်တော်ကတော့ မကြားနိုင်ပါ။ သူ့နှုတ်ခမ်းတစ်စုံက လှုပ်စိလှုပ်စိနဲ့ ကျွန်တော့်ကို မျက်စောင်းထိုးထိုးပြီး  ကြည့်နေတယ်လေ။

 

ကျွန်တော့်ဘေးမှာ ဆရာမရောက်နေတာကိုတောင် သတိမထားမိလိုက်ဘူး။ ကျွန်တော် ဘယ်လောက်တောင် စိတ်ဝင် တစားကြည့်နေမိလည်း မသိဘူးနော်။ ကောင်မလေး အမူအရာလေးကိုကြည့်ပြီး ကျွန်တော်တစ်ချက် ပြုံးလိုက်မိတယ်။ ဒီတော့ ဆရာမက “ စံလင်း ဘာတွေ ကြည့်ပြီး ပြုံးနေလဲ ” လို့ မေးတယ်။ ဆရာမ  မေးမှ ကျွန်တော်လည်း နည်းနည်း ရှက်သွားမိတယ်။ ယောက်ျားတို့ သိက္ခာကိုထိန်းရင်း (အဟင်း အဟင်း)  “ ဘာမှ မဟုတ်ပါဘူးဆရာမ၊ ဟိုကောင်မလေး အမူအရာကို သဘောကျလို့ပါ” လို့ မေးငေါ့ပြပြီး ပြောလိုက်တယ်။ ဆရာမလည်း စိတ်ဝင်တစား ကြည့်တယ်လေ။ အကျင့်ပါနေတဲ့ ဆရာမက “ ဟို ကောင်မလေးလား ” လို့ လက်ညှိုးထိုး မေးတယ်။ ကောင်မလေးက သူ့ကို ခေါ်တာမှတ်ပြီး ကျွန်တော်တို့ အနားရောက်လာတယ်။ ကျွန်တော်တို့သာ ဖရဲသီးမ၀ယ်ရင် သူပိုရှာသွားမယ်နော်။ အဲဒါလေး  တွေးလိုက်မိပြီး ကျွန်တော် ဖရဲသီး တစ်ခြမ်းကို အစိတ်လေးတွေ စိတ်ခိုင်းလိုက်တယ်။ (၀ယ်ချင် ၀ယ်ချင်တယ်ပေါ့နော်) သူတော်တော်လေး ပျော်သွားပါတယ်။ ဖရဲသီးတစ်ခြမ်းရဲ့တန်းဘိုးငွေဟာ ကျွန်တော့် တရက်စာ ကွမ်းဘိုး မရှိပါဘူး။ ဒါပေမဲ့ သူ့အတွက်တော့ မျက်နှာလေး ကြည်လင်သွားအောင်ကို အပျော်တွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

 

ကျွန်တော်တို့ စီးလာတဲ့ ကား ပြန်ထွက်ပါပြီ။ ကျွန်တော်နဲ့ဆရာမ ဖရဲသီးတစ်စိတ်စီ စားနေကြတယ်။ ကျွန်တော်က “ ဆရာမသာ အဲဒီကောင်မလေးလို ဖရဲသီးရောင်းရမယ်ဆိုရင် လုပ်နိုင်မလား၊ လုပ်ရဲတဲ့သတ္တိ ရှိမလား ” လို့ မဆီမဆိုင် မေးလိုက်မိတယ်။ ၀ါးနေတဲ့ ပါးစပ်တောင် အဟောင်းသားဖြစ်သွားတဲ့ ဆရာမ။ ကျွန်တော်က ရုတ်တရုတ်မေးလိုက် တာကိုး။ သူ့အနေနဲ့လည်း ဘာမှ မဆိုင်လောက်ဘူးလို့ ထင်နေမှာလေ။ ကျွန်တော့်ကို သေသေချာချာကြည့်တယ်။ ပြီးတော့ “မင်းဆိုရင်ရော လုပ်နိုင်မလား၊ လုပ်ရဲ မလား” လို့ ပြန်မေးတယ်။ ကျွန်တော်  ပြန်မဖြေနိုင်ခဲ့ဘူး။ ဆရာမလည်း မဖြေနိုင်လို့ ကျွန်တော့်ကို ပြန်မေးတာဖြစ်မယ်နော်။

 

ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ ကျွန်တော်ကတော့ “ သြော် သူတို့တွေလည်း ကမ္ဘာ လောကကြီးကို ပုံစံ တစ်မျိုးစီနဲ့ သာယာလှပအောင် ပါဝင်လုပ်ဆောင်နေကြသူတွေပဲ။ သူတို့ကိုလည်း အထင်မသေးသင့်ဘူး။ မနှိပ်ချ သင့်ဘူး။ ကိုယ့်ကိုယ်ကိုလည်း အထင်မကြီးသင့်ဘူး။ ဘ၀င်မမြင့်သင့်ဘူး။ (ယုံကြည်မှု့တော့ ရှိရမှာပေါ့နော်)။ သူတို့ဘ၀ရပ်တည်နိုင်ဘို့ ဘယ်လို လောကဓံ(လောကဒဏ်)တွေနဲ့ကြုံကြုံ မဖြုံတဲ့ စိတ်ဓာတ်နဲ့ ရပ်တည်နေတတ်တဲ့ လုပ်ကိုင်တတ်တဲ့ သူ့တို့စိတ်ဓာတ်ကို လေစားရမယ်။ ဆင်းရဲသူရော ချမ်းသာသူရော ပညာတော်သူရော မတော်သူရော လှပချောမောသူရော မလှပ မချောမောသူရော အစုံရှိမှ လောကကြီးက ပုံစံမျိုးစုံနဲ့ လှပနေမယ် ကြည့်လို့ကောင်းနေမယ် ပျော်စရာလေးဖြစ်နေမယ်” လို့ တွေးမိခဲ့တယ်။ ဟုတ်တယ်လေ။ ချမ်းသာသူတွေ ချည်းဆိုရင် ကိုယ့်အိမ်မှာပဲ ကိုယ်နေကြမှာပေါ့။ ကိုယ့်အလုပ်နဲ့ အချိန်ပြည့် ရှုပ်နေမှာပဲ။ လောကကြီးက ချောက်တောက်တောက်နဲ့ ကြည့်ကောင်းမှာ မဟုတ်တော့ဘူး။ ဆရာမလည်း ကျွန်တော့်ကို စကား မပြောတော့ဘူး။ ကျွန်တော်လည်း မဖြေနိုင်တာနဲ့ အသားလေး ကုတ်နေလိုက်တယ်။ ကျွန်တော့်စိတ်ထဲမှာတော့ အတွေးတွေများစွာ ဖြစ်နေပါတယ်။

 

စာဖတ်သူရော အဲလိုလူမျိုးတွေကို အထင်သေးဘူး ပါသလား။ အောက်ကျလိုက်တဲ့ ကောင်တွေ/ ကောင်မတွေလို့ သတ်မှတ်ခဲ့ဘူးပါသလား။ အဲလိုဖြစ်ခဲ့ဘူးမယ်ဆိုရင် စာဖတ်သူကို တစ်ခုလောက် မေးချင်ပါတယ်။ “ စာဖတ်သူရော သူတို့လို လုပ်စားရမယ်ဆိုရင် သူတို့လို လုပ်ရဲတဲ့သတ္တိ,  ဘ၀ကို လက်ရှိပိုင်ဆိုင်ထားတဲ့ အခြေအနေနဲ့ ဖြစ်အောင် ရင်ဆိုင်ရဲတဲ့သတ္တိ  ရှိပါသလား ” လို့ ----------------

 

အားလုံးကို

ခင်မင်လျှက်

စံလင်း


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>