ဆောင်းအလွန် နွေအကူး မို့ ရာသီဥတု က နေလို့ ကောင်းလှသည် ။
မြူနှင်းငွေရည်ဝေ သော နံနက်ခင်း စောစောတွင် ရွှေတိဂုံ ဘုရားပေါ်၌ လူမနည်းမများနှင့် အဆင်သင့်လှသည် ။ မြူနှင်းမှုံကြားက ရွှေအဆင်းဖြင့် တင့်တယ်စွာ ဖူးမျှော်ကြည်နူးမိပါသည် ။ တကယ်ပဲ အဓိပါယ် ပြည့်ဝ တဲ့ နံနက်ခင်းလေး တစ်ခုပါပဲ ...
ကျန်းမာရေးမကောင်းသော ဖေ့ဖေ့ အတွက် ယတြာ လာချေတာမို့ ဖေ့ဖေ့မွေးနံဒေါင့်၊ သောကြာ ဒေါင့်တွင် ပန်း ၊ဖယောင်းတိုင် ၊ အမွေးတိုင် ၊ ရွှေထီး ၊ထီးဖြူ ၊ အရွက် အခက်စုံ လင်စွာ ဖြင့် မြတ်စွာဘုရားရှင်အား လှူဒါန်းခြင်းအမူ ကို စ၍ပြုလုပ်ရပါသည် ။ ဖယောင်းတိုင်က သက်စေ့ မို့ ရေတွက်၍ ထွန်းရသည် ။ ပြီးတော့ အမွေးတိုင် ၊ တစ်ယောက်ထဲ ဟို ဟာကိုင် ဒီဟာ ချ နှင့် ဗျာ များနေပုံ ကို စိတ်ထဲမလုံစွာ ဘေးဘီကို မျက်လုံးတစ်ချက်ဝေ့မိပါသည် ။ နောက်က ဘုရားစောင်းတန်းတွင် ထိုင်ကြည့်နေသော ကောင်လေးတစ်ရောက်ရဲ့ မျက်ဝန်းနှင့် တည့်တည့် တိုးပါတော့သည် ။ စိတ်ထဲ ရှက်သွားတာမို့ မျက်နှာပါ နီမြန်းသွားမည်ထင်ပါသည် ။ နှုတ်ခမ်းက အော်တို စူချင်လာတော့ ကောင်လေးက ရယ်သံပါထွက်လာပါသည် ။
အောင်မယ် ၊ ဒင်းက ရယ်စရာလား ။ မျက်စောင့်ပါလှည့်ထို့းမိတော့မှာမို့ လှည့်မကြည့်မိအောင်ကြိတ်မှိတ်မျိုသိပ်ရင်း .. အရွက်အခက်တွေကို သက်စေ့ ဖြစ်အောင်ရေတွက်နေမိပါသည် ။ လက်ထဲက ကိစ္စမပြီးသေးခင်မှာ ဖယောင်းတိုင်တွေက မီးငြိမ်း ကုန်ပြန်သည် ။ အော် ဒုက္ခ ၊ ရေဆေးလာသော အရွက်တွေ ချရနိုးနိုး ဖြင့် မီးခြစ်ကို လှမ်းအကောက်မှာ လက်တစ်ဖက်က ဦးစွာ ကောက်သွားပါသည် ။
ဒင်းပဲ ။ ဘာပဲပြောပြော သူ ကူညီမှ ပြီးတော့မည်ထင်ပါတယ် ။ သူ့. အကူအညီနဲ ယတြာ ချေ ခြင်း အလုပ် ပြီးဆုံးအောင်မြင်ခဲ့ပါသည် ။ ဘာပဲပြောပြော ဒင်းကလေး ကူညီခဲ့တာမို့ စကားတော့ ကောင်းကောင်းပြန်ပြောဖို့ ဆုံးဖြတ်ထားမိသည် ။
နောက်က စောင်းတန်းပေါ်တွင် ထိုင်မိကြရင်း ...
“ ကျေးဇူး တင်ပါတယ် ရှင်”
“ ၇ပါတယ်ဗျာ ၊ ကူညီတယ်ဆိုတာ မြန်မာလူမျိုးတို့ရဲ့ ချစ်စရာ ဓလေ့တစ်ခုပါပဲ ”
အမယ် ။ ဒင်းက စကားပြောကြီးကျယ်လိုက် တာ ။
“ ဟုတ်ကဲ့ ။”
“ ဒါနဲ အမ.. ခုန ယတြာ ချေ တာနော် ။ ဘယ်သူ အတွက်လဲ ၊ ဘာဖြစ်လို့ လဲ ”
“ ဖေ့ဖေ့ အတွက်ပါ ။ ခုရက် ကျန်းမာရေး မကောင်းလို့ ယတြာ ချေတာပါ ။”
“ အော် .. ဟုတ်လား၊ ဒါဆို ဗေဒင် မေးရမှာပေါ့နော် ”
“ မေးရတာပေါ့ ။ ဖေဖေက ကံညံ့နေလို့ ယတြာ ချေ ရတာလေ ၊ အသက်ရှည် ၊ အနာ ကင်းအောင်ပေါ့ ”
“ အော် ... ဒါဆို ကျနော် မေးမယ်နော် ။ အမ ရော ... ဗေဒင်ယုံလား ”
“ အင်း ... ယုံတယ်လိုတော့ မဟုတ်ဖူးပေါ့ ၊ ဒါပေမဲ့ ဗေဒင်က တို့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ တစ်ခု လို ဖြစ်နေပြီလေ ၊ စီးပွားရေး အဆင်မပြေရင် (သို့) ရာထူး ကျရင် (သို.) ကျန်းမာရေး မကောင်းရင် မေးတတ်ကြတယ် ၊ ယတြာ ချေ တတ်ကြတယ်လေ ”
“ ဟုတ်တယ် ၊ အမ တင် မဟုတ်ပါဘူး ၊ လူတော်တော်များများပါပဲ ၊ ခု ဘု၇ား မှာ လှူထားတဲ့ ပန်းတွေက သဒ္ဒါ ပေါက်လို့ လာလှူတာထက် ၊ အမ လို မျိုးပေါ့ ။ ယတြာ သမားတွေ ၈၀% လောက် ပါတယ် ”
“ ဟုတ်မယ် နော် ၊ တံခွန်တို့ ကုက္ကားလို့ ခေါ်တဲ့ စက္ကူ နဲ လုပ်ထားတဲ့ အရုပ်လေးတွေ အျားကြီး ပါနေတယ် လေ ”
“ အင်း ..။ အမ လဲ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတစ်ယောက်ပဲ၊ ဗုဒ္ဓဘာသာ ဆိုတာ ဘာလဲ ဆိုတာလောက်တော့ သိမှာပါ ”
“ ဟုတ်ကဲ့ ။ ဗုဒ္ဓဘာသာဆိုတာ ဘုရားရဲ့ အဆုံးအမ ကို နာခံတာပါပဲ ၊ ဗုဒ္ဓဘုရား ၇ဲ့ အဆုံးအမ ဆိုတာကတော့ ကံ၊ကံ၏ အကျိုးကို ယုံကြည် ဖို့ အဓိကပါပဲ ”
“ မှန်ပါတယ် ။ ကံ၊ကံ၏ အကျိုးကို ယုံကြည် သူမှ သာ ဗုဒ္ဓဘာသာ ၀င်စစ်စစ်ပါ ၊ ခု ဖြစ်နေတာက ဗုဒ္ဓဘာသာဝင်တွေမှာ အမည်ခံသာ ရှိကြပြီး ၊ လက်တွေ မယုံကြည် ကြဖူး ဖြစ်နေတယ် ။ ဗေဒင်ဆိုတာ ဘုရားရှင် လက်ထက်က ထဲက ရှိဖူးတယ် ထားပါတော့ ၊ ခု ခောတ်စားနေတဲ့ ယတြာ ဆိုတာကတော့ မရှိခဲ့ဖူးပါဖူး ။
အမ စဉ်းစား ကြည့်လေ ။ ကံ ကို ယုံမှတော့ ယတြာ ချေ စရာ လို ပါအုံးမလား ။ ကံဆိုးတွေကို ယတြာ ချေ ယုံနဲ ကျေ ပါရော ဆိုရင် လူတွေ ဆိုး မိုက် ပြီး ၊ ယတြာ ချေ ပစ် လိုက် ရင် ပြီးပြီပေါ့ ။ အဲ့ လို ဖြစ်မနေဖူးလား ”
“ ဟုတ်တယ်နော် ။ အမလဲ ခုမှ စဉ်းစား မိတယ် ။ ကံဆိုတာ ရှေးရှေး ဘ၀ က ပြုလုပ်ခဲ့တဲ့ အကြောင်းတရားပဲ ။
ကိုယ် ပြု လုပ်ခဲ့တဲ့ ကံက ကိုယ်ပဲ ပြန်ခံရမှာ ၊ ယတြာ ချေ လို ဘယ်ရပါ့မလဲ ”
“ ဒါပဲပေါ့ ။ ကံ၊ ကံ၏ အကျိုးပဲ ။ ဘာနဲမှ ပယ်ဖျောက်လို့ မရဘူး ၊ ဘုရားရှင်တောင် မရခဲ့ဘူး ။ ဆေးဆရာ ဘ၀ က ပြုလုပ်ခဲ့တဲ့ ကံ အကြောင်းကြောင့် ဘုရား ဖြစ်တာတောင် ၀က်ပျိုသား စား ပြီး ၀မ်းတော်လား (၀မ်းပျက် ) ခဲ့ရတယ်လေ ။ ဒါကို တို့ သာ မာန်လူတွေက ယတြာ ချေ ရင် ရပြီး ထင်နေတာ ၊ တွေး ကြည့် ရင် ရယ်စရာ ကြီး ။ စက္ကူနဲ လုပ်တဲ့ ထီးလေးတွေ လှူပြီး ဆုတွေ တောင်းလိုက်ကြတာ အများကြီး ။ အမ တွေးကြည့် စက္ကူထီး လှူရင် စက္ကူထီး လှူတဲ့ ကုသိုလ်ပဲ ရမှာပေါ့ ။ သေမဲ့ ဘေး ကို ကယ်နိုင်ပါ့မလား ။ ပန်း လှူရင် ပန်းလှူတဲ့ အကျိုး ပဲရမှာ ၊ စီးပွားတတ်စေ ပါ့မလား ”
“ ဟုတ်ပေသားပဲ နော် ။ ဗုဒ္ဓဘာသာက သေချာ လေ့လာ လေ လက်တွေ ကျလေပါပဲ ။ ဒါပေမဲ့ ခက်တာက
လူတွေက အလွယ်လိုက်ပြီး ၊ ဗေဒင် ၊ဓါတ် ၊နတ်တွေ ယုံ ကြည် နေကြသူ များတယ် ”
“ ဟုတ်တယ် ။ အဲ့ဒါကတော့ အဆိုးဆုံးပေါ့ ။ နတ် ကိုးကွယ်ရင် သရဏဂုံ ပါ ပျက်တာ ။ တကယ်ကြောက်စရာ အကောင်းဆုံး အယူလွဲမူ ကြီးပါပဲ ။ နတ် ကိုးကွယ် ၊ ဗေဒင် ယုံ နဲ ဘယ်မှာ လဲ ဘုရား အဆုံး အမ တွေ ၊ ဘုရား အဆုံး အမ နဲ လားလား ဆန့်ကျင် နေတာ ။ ဗုဒ္ဓဘာသာဝင် လိုတောင် မခေါ်ဆို အပ်တော့ပါဘူး ဗျာ ”
ကောင်လေး ပြောတဲ့ စကားတွေက မှန်လိုက်တာ နော် ။ ဗုဒ္ဓဘာသာဝင် မြန်မာတွေ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်အောင် အတော် ပြောင်းလဲ ယူရအုံးမယ်ဆိုတာ သေချာ လှပါသည် ။
“ စကားလဲ ကောင်းတယ် ။ အမ လဲ ပြန်ရအုံးမယ် ”
ကောင်လေးကို နှုတ်ဆက်ပြီး ထရပ် လိုက်မိသည် ။
“ ကျနော်လဲ ၇ုံးတတ်ရအုံးမှာ ။ ဗုဒ္ဓဘာသာ ၀င် စစ်စစ် ဖြစ်ချင်တဲ့ အမ အတွက် လက်ဆောင် စာ အုပ်လေး ၀ယ်ပေး ချင်ပါတယ် ။ လက်ခံပေးပါနော် ။ ကျနော်အတွက် ဓမ္မဒါန ပေါ့ ”
ရွှေတိဂုံ စောင်းတန်းမှ စာအုပ်ဆိုင်တွင် စာ အုပ်တစ်အုပ်ဝယ်၍ ကျမကို လက်ဆောင် ပေးခဲ့ပါသည် ။
နာမ္မားဆရာတော် ဘုရားကြီး ဦးဥာဏ ရဲ့ ” နိဗာန်ကို သွား ဥာဏ်ရထား ” တဲ့ အလွန်ကောင်းလှတဲ့ စာအုပ်လေးပါပဲ ။
စာ အုပ်လေးကို ပိုက် ပြီ ကျမ အိမ်ပြန်ခဲ့ပါသည် ။ အဲ့ ဒီနေ့လေးဟာ ကျမ အတွက်တော့ အဖိုး မဖြတ်နိုင်တဲ့ အသိတရားတို့ တိုး ပွားစေ ခဲ့သော နေ့လေး တနေ့ပါပဲ ။
ဗုဒ္ဓဘာသာ ၀င်စစ်စစ် တစ်ယောက် ဖြစ်ကြစေရန် ရည်ရွယ်ပါသည် ။
ခင်မင်လေးစားလျှက်
ဆန္ဒမွန်ဖြင့်
မှုံနံ.သာဖြူ