သူထွက်သွားတုန်းကလည်း မေတိတ်တိတ်လေးနေခဲ့တယ်...သွားပါစေ ဖြောင့်ဖြောင့်တန်းတန်း...
ကိုယ့်ကြောင့်သူ့ကိုအနှောင့်အယှက်မဖြစ်စေချင်လို့...တပည့်တော်မကျောင်းကြီးဖျက်မ မဖြစ်ပါရစေနဲ့ ဘုရားဆိုတဲ့စကားမျိုးနဲ့ပေါ့...သူ့ညီကိုမကြိုက်လည်း သူမြင်မှာမှမဟုတ်တော့ အဲလိုပဲ ပြောလိုက်တယ်...မေးမိဘူးတယ် တစ်ယောက်ကို ကိုယ်တော်က မြွေကြီးဖြစ်လို့ နှမက ဖားမလေးဆိုရင်စားမှာလားဆိုတော့ တော်တော်ချစ်ခဲ့ပုံပဲ စားမှာပဲတဲ့နော်...အဲလိုနဲ့ပဲ စိတ်မှတ်ကြီးစွာ ပန်းချီတွေရေးရင်း စာတွေကျက်ရင်း ပုရိတ်တွေရွတ်ရင်း...ဒီလိုနဲ့ပဲ...ကြယ်တွေကြွေခဲ့တယ်...ဒီလိုနဲ့ပဲ မိုးတွေရွာခဲ့တယ်...ဒီလိုနဲ့ပဲ တစ်ခါတစ်လေနောက်ပြောင်ရင်း ကို့ကို ငါကျီစယ်ခဲ့တယ်...ဒီလိုနဲ့ ပဲ ပါတ်ဝန်းကျင်ရဲ့ ဒဏ်ရာတွေကို ငါတစ်ယောက်ထဲ ကြိတ်မှိတ်မြိုသိပ်ခဲ့တယ်...နဂါးငွေ့တွေမွှန်နေတဲ့ အဆိပ်သင့်ထားတဲ့ မျက်ဝန်းတစ်စုံ...နဂါးဆိပ်တက်နေတဲ့ ခြေကျင်းဝတ်...တစ်ခါတစ်ရံ နဂါးခံတွင်းထဲမှာနေရင်း တစ်ယောက်ထည်းနေတဲ့ဘ၀မှာ နာကျင်စွာနေတက်လာတက်တဲ့ငါ့ကို ဘယ်သူကများ အားပေးစကားပြောဖူးလည်း...အနည်းဆုံးတော့ ငါ့ဆီမှာ ကို့ရုပ်ပုံနဲ့တူတဲ့ စာအုပ်သေးသေးလေးတောင်မထားဘူး...မှတ်မှတ်သားသား လနတ်သမီးနဲ့ငါ ညတစ်ညမှာစကားပြောတုန်းက ပြိုင်ပွဲလေးတစ်ခုအကြောင်းပြောဖြစ်ကျတယ်...လရဲ့ အငွေ့ အေးစက်တယ်ဆိုရင် ငါဟာ ရေခဲလိုပေါ့ ဒါကြောင့် ကောင်ကလေးသိပ်အေးတယ်ဆိုရင် သူကတော့သိပ်ပူလောင်တယ်လို့ငါခံစားခဲ့တယ်...
သွေးပျက်မတက် ကမ္ဘာပျက်ညတွေ လိပ်ပြာပူးကပ်နေတဲ့ နေ့လည်တွေဟာ ညလားနေ့လားမသိတဲ့ ကဝေရက်ရက်စွဲတွေထဲမှာ ငါဟာ လနဲ့ ချီပြီး အသိမဲ့နေခဲ့တယ်...အိပ်ပျက်တဲ့ ညပေါင်းများစွာ...အသိမဲ့တဲ့ ရက်ပေါင်းများစွာမှာ ငါဟာ သတိလက်လွတ် ရှင့်ကို တမ်းတမိကောင်းတမ်းတမိပါလိမ့်မယ် ကို...ဒါဟာပကတိ ရိုးသားစွာနဲ့ ငါ့ရဲ့ သစ်သားကုတင်ပေါ်မှာ အဖြူရောင်ဝတ်ဝံရုပ်ရယ် ကော်စုဗူးဇီးကွက်ရုပ်လေးရယ်ငါရယ်အပြင် ဘယ်သူမှမရှိခဲ့ဖူး...ဆေးမိခံထားရတဲ့ မိန်းကလေးတစ်ယောက်ဟာ အသိစိတ်ပျောက်လို့ ကို့ကိုသတိရမိတာအပြစ်ဆိုရင် ငါ့ကိုမေ့လိုက် ကို...ရှင်ထွက်သွားတာ သိပါတယ်...ဘယ်သွားလည်းဆိုတာလည်းသိတယ်...အဲတုနးကလည်း ကျွန်မရှင့်ကို မသွားပါနဲ့လိုမတားခဲ့ဘူးနော်...ဘာလို့လည်း ကို ရှင့်ကျွန်မကို ကျတော့ ဘာလို့ ဒဏ်တွေတစ်ခုပြီးတစ်ခုချနေတာလည်း...ခက်တာက ကျွန်မမြှ အုပ်ထိန်းသူမှ မလိုပဲ...တစ်ခုတော့ ကတိပေးတယ်...ကို... ရှင်ကျွန်မရဲ့ အရိပ်တစ်စတောင်ရှင့်ပါတ်ဝန်းကျင်မှာ မမြင်စေရဘူး...ရှင့်ညီကို သွားမခေါ်ပြနိုင်တဲ့ ကျွန်မကို မေ မင်းဘယ်လိုမိန်းမလည်းလို့ မေးလိုက်လို့ရပါတယ်...ဒါပေမယ့် ကျွန်မ ကျောင်းကြီးဖျက်မတော့ မဖြစ်ချင်ဘူး...။ ။