Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

လူ ( သက်ရှိအစအပိုင်း ၁ )

$
0
0

ကျွနှ်ပ်တို့ သည် ဘယ်ကလာသနည်း ။ ကျွနှ်ပ်တို့ သည် ဘယ်သို့ ရောက်အံ့နည်း ။

ဤမေးခွန်းများကိုရှင်းလင်းရန်အဖြေကို အမြဲမပြတ်အားထုတ် ကြိုးစားရှာဖွေခဲ့သော်လည်း တိကျသောအဖြေကိုမရရှိသေးပါ ။

အတော်အသင့်မှန်ကန်သောအကြောင်းအရာများကိုသာတွေ့ ရှိခဲ့ပါသည် ။

သတ္တဝါတို့ တွင် လူသည်နောက်ဆုံးဖြစ်ပေါ်လာသော်လည်းမိမိဥာဏ်ကိုပထမဆုံးအသုံးပြု၍ မီး၊ရေ၊လေ စသောသဘာဝဓာတ်များကို

ချုပ်ကိုင်အသုံးပြုနိုင်ကြလေသည် ။

ကျွနှ်ပ်တို့ နေထိုင်သော ကမ္ဘာကြီးသည် ရှေးဦးစွာက အလျှံတပြောင်ပြောင်တောက်လောင်နေသောမီးလုံးကြီးဖြစ်၏ ။

အာကာသတည်းဟူသော လေဟာပြင်ကြီးထဲတွင်မူကား မှိန်မှိန်ရေးရေး မီးခိုးတိမ်သားလေးမျှသာဖြစ်ပေသည် ။

ထို့ နောက် နှစ်ကာလ သိန်း၊သန်း၊ကုဋေ ကုန်လွန်သွားသောအခါ အပေါ်ယံမျက်နှာပြင်တွင်မီးငြိမ်းလျက်ပါးလွှာသော

ကျောက်လွှာလွှမ်းအုပ်လာလေသည် ။ ထိုကျောက်လွှာတွင် သတ္တဝါ ဟူ၍မရှိ သက်မဲ့အတိသာလျှင်ဖြစ်ချေသည် ။

ဤကျောက်မျက်နှာပြင်ပေါ်သို့  မိုးကြီးသန်းထန်စွာရွာသွန်းပြီး ကျောက်များကိုရေစားကာ ကျောက်မှုန့် တို့ သည်

တောင်ကြီး၊ကမ်းကြီးများအကြား ချိုင့်ဝှမ်းများရှိရာအရပ်သို့ ကျကုန်၏ ။ မိုးများရပ်စဲသွားသောအခါ ကမ္ဘာ့မျက်နှာပြင်ပေါ်သို့ နေရောင်သည်

ရောက်ရှိလာသည် ။ ထိုအခါ ဤကမ္ဘာကို ရေစု၊ရေအိုင်ငယ်များ အနည်းငယ်လွှမ်းအုပ်လာသည်ကိုတွေ့ ရသည် ။

ဤရေအိုင်ငယ်များသည် နောင်အခါ ကမ္ဘာ့ အရှေ့ ခြမ်း၊အနောက်ခြမ်းကို လွှမ်းအုပ်သော သမုဒ္ဒရာကြီးများဖြစ်လာ၏ ။

ထို့ နောက်တစ်နေ့ သောအခါ အံ့သြဖွယ်ဆန်းကြယ်သောပြောင်းလဲမှု့ အဖြစ် " သက်မဲ့ " ဖြစ်စဉ်မှ " သက်ရှိ " ဖြစ်ပေါ်လာသည် ။

ပထမဦးဆုံး သက်ရှိ " ကလာပ်စည်း " လေးသည် ပင်လင်ရေမျက်နှာပြင်တွင် ရေစီးရာသို့ မျောလျှက် နှစ်ပေါင်း သိန်း၊သန်း၊ကုဋေ နေရ၏ ။

ထိုအချိန် ကာလအတွင်းတွင် ကလာပ်စည်းလေး သည် မြေပေါ်တွင် ရှင်သန်နိုင်ရန် မြေနှင့်လျောက်ပတ်သော

အလေ့အထ ကြင်အင်လက္ခဏာများပေါ်ပေါက်လာသည် ။ ကလာပ်စည်းလေး အချို့ သည် အင်းအိုင်များအတွင်း နက်ရှိုင်းမှောင်မိုက်သော

နေရာများတွင် နေကြပြီး တောင်များမှ ကျဆင်းသော နုံးမြေ၊ညွှန့် မြေများတွင် အမြစ်တွယ်လျှက် အပင်ကလေးများ ဖြစ်လာ၏ ။

အချို့ တို့ သည် ကင်းမြီးကောက် ခြေထောက်များကဲ့သို့  အဆစ်ဆစ်နှင့် ဖြစ်သော ခြေတံလက်တံများ ပေါ်ပေါက်လာကာ ရေအောက်အပင်

ကလေးများနှင့် စိမ်းလဲ့သော အကျိအချွဲများကြားတွင် တွား၍ သွားလျက် နေကြ၏ ။ အချို့ မူကား ကိုယ်တွင် အကြေးများပေါက်လျှက်

ရေကူးခြင်းဖြင့် လှည့်လည်၍ အစာရှာကာ တဖြည်းဖြည်းနှင့် သမုဒ္ဒရာအတွင်း ရေတွက်မကုန်နိုင်သော ငါးသတ္တဝါများ ဖြစ်လာကြသည် ။

ထိုအတွင်း သစ်ပင်ငယ်များလည်း ပွားလာကြ၏ ။ ကာလကြာသော် ပင်လယ်ရေအောက်မှတက်၍  ရွှံနွံများရှိရာအရပ်တွင်

ပြောင်းရွေ့ နေကြသည် ။ သမုဒ္ဒရာ ဒီရေတက်သောအခါ ထိုအပင်ငယ်များအား တစ်နေ့ လျှင်နှစ်ကြိမ်မျှ ရေလွှမ်းမိုး၏ ။ ဒီရေတက်ချိန်မှအပ

အခြားအချိန်များတွင် ထိုအပင်ငယ်များမှာ ရေနှင့်ကင်းကွာလျှက် ကမ္ဘာ့လေထုနှင့် ဖြစ်သလို အသက်ရှင်နေကြသည် ။

နှစ်ထောင်ပေါင်းများစွာကြာသောအခါ အပင်တို့ သည် ရေထဲတွင်နေနိုင်သကဲ့သို့  လေထုနှင့်လည်း နေသားကြ၍ နေနိုင်လာသည် ။

အရွယ်ပမာဏလည်း ကြီးထွားလာကာ သစ်ပင်ငယ်၊သစ်ပင်ကြီးများ ဖြစ်လာသည် ။ လှပသောအပွင့်များလည်း ပွင်လာကြ၏ ။

ထိုအပွင့်များသို့  ငှက်နှင့်ပျားပိတုန်းတို့ သည် လာ၍ မျိုးစေ့များကို ချီယူသွားသဖြင့် နောက်ဆုံးတွင် ကမ္ဘာအနှံ့ အပြားတွင် စိမ်းလမ်းစိုပြည်

သော မြက်ခင်းများနှင့် သစ်ကြီးဝါးကြီးများ ဖုံးအုပ်ဖြစ်ပေါ်လာသည် ။ အချို့ ငါးများလည်း ပင်လယ်အတွင်းမှမြေပေါ်သို့  တက်၍ ပါးဟပ်၊

အဆုတ် တို့ ဖြင့် ရှုရှိုက်တတ်လာကြသည် ။ ထိုသို့  နှစ်နည်းနှစ်လမ်း အသက်ရှုတတ်ကြသော သတ္တဝါများမှာ ရေတွင်လည်းကောင်း

ကုန်းတွင်လည်းကောင်း ကောင်းစွာနေနိုင်ကြသောကြောင့် ရေတစ်ပိုင်း ကုန်းတစ်ပိုင်း သတ္တဝါ ဟု ခေါ်ဝေါ်ကြလေသည် ။

ဤသို့  ရေမှကုန်းပေါ်သို့ တက်လာကြသောသတ္တဝါများသည် ကုန်းမြေနှင့်သင့်လျော်အောင် တဖြည်းဖြည်း ပြောင်းလဲလာကြလေသည် ။

အရွယ်ပမာဏလည်းကြီးသည်ထက်ကြီးထွားလာကြ၍ သတ္တဝါကြီးများပေါ်ထွက်လာသည် ။ တွားသွားသတ္တဝါမျိုးရိုး၌

အချို့ သည် မြင့်မားသောသစ်ပင်ကြီးများထိပ်ဖျားသို့ တက်၍ နေကြသည် ။

ထိုသို့  သစ်ပင်ပေါ်တွင်နေသောအခါ ခြေထောက်ကိုအသုံးအပြုကြတော့ပဲ တစ်ကိုင်းမှတစ်ကိုင်းသို့ 

ကူးသန်းနိုင်ရန် ဘေးနှစ်ဖတ်ရှိအရေပြားကို ခြေဖျားနှင့်ဆက်လျှက် ဖြန့် ကာ ပျံသန်းကြသည် ။ ကာလကြာသော် ထိုအရေပြားပေါ်တွင်

အမွှေးအတောင်များ ပေါက်လာပြီး အမြီးကို ပဲ့သဖွယ်အသုံးပြုကာ ပျံသန်းကြပြီး ငှက်သတ္တဝါ ဟုပေါ်ပေါက်လာသည် ။

ကာလကြာသော် ဆန်းကြယ်သော ကမ္ဘာမြေ၏ ပြောင်းလဲမှု့ များကြောင့် သတ္တဝါကြီးများ မျိုးသုဉ်းပျောက်ကွယ်ခဲ့ကြသည် ။

ထိုသတ္တဝါကြီးများ မရှိသည့်နောက် ၄င်းတို့ နှင့် ကွဲပြားသော နို့ တိုက်သတ္တဝါများ ပေါ်ပေါက်လာသည် ။ ၄င်းတို့ ၏ ကိုယ်မှာ အမွှေးအမျှင်

များ ဖုံးအုပ်လျှက်ရှိသည် ။ နို့ တိုက်သတ္တဝါများသည် သားငယ်များထိန်းသိမ်းစောင့်ရှောက်ခြင်း၊ဥများကိုအပြင်သို့  ဥခြင်းမရှိဝမ်းထဲတွင်သာ

သားငယ်များကို ပေါက်စေလျှက် ငယ်ရွယ်နုနယ်သော အချိန်တွင် အန္တရာယ်ကင်းအောင် ထိန်းကျောင်းစောင့်ရှောက်တ်ကြသည် ။

ဤသတ္တဝါ အပေါင်းတို့ တွင် နို့ တိုက်တတ်သော သတ္တဝါတစ်မျိုးသည် အစာရှာခြင်း၊နေရာထိုင်ခင်းရှာခြင်း ကိစ္စများတွင်

အခြားသောသတ္တဝါ တို့ ထက် စွမ်းဆောင်နိုင်ဟန်ရှိသည် ။ ၄င်းသတ္တဝါ သည် ရှေ့ ခြေများကို အစာစားခြင်း နှင့် သားကောင်ဖမ်းဆီးရှာတွင်

အသုံးပြုလာသော အလေ့အကျင့်ဖြစ် လူတို့ လက်နှင့်တူလာလေသည် ။

ထို့ နောက် မရေတွတ်နိုင်သော စမ်းသပ်မှု့ များဖြင့် ခြေနှစ်ချောင်းပေါ်တွင် ကိုယ်တစ်ခုလုံးကို ဟန်ချက်ထိန်း၍ ရပ်တတ်လာသည် ။

ထိုသတ္တဝါသည် မျောက်တစ်ပိုင်း၊လူဝံတစ်ပိုင်းဖြစ်၍ သားကောင်းလိုက်ရာတွင်လည်း စွမ်းရည်မြင့်မားပြီး

မည်သည့် ဒေသတွင်မဆိုနေနိုင်ကာ အန္တရာယ်ကင်းရန် အုပ်စုဖွဲ့ ၍ သွားလာကြသည် ။ ဘေးအန္တရာယ်ချဉ်းကပ်လာလျှင် သားငယ်များအား

အသံပြု ၍ သတိပေးတတ်လေသည် ။ နှစ်ပေါင်းများစွာ အသံပြုသော အလေ့အထဖြင့် နောင်အခါ ထိုအသံများကို စကားပြောရန်

အသုံးပြုလာကြသည် ။

ဤသတ္တဝါကား " လူနှင့်တူသော " ပထမသတ္တဝါဖြစ်လာသည် ။

ဆရာဇေယျ ( လူ ) ဘာသာပြန်စာအုပ်မှကောက်နှုတ်တင်ပြပါသည် ။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>