လိုက်နာရန်...စည်းကမ်းများ...
ONE
ကိုယ့် ကိုယ် ကိုယ် အကြီးထင် မနေပါနှင့် ။
လောကကြီးကို ကိုယ် ပြင်နိုင် မယ်လို့  မထင်ပါနှင့် ။
လောကကြီးက ကိုယ့် ထက်ပို ၇င့် ကျက် တယ်......။
TWO
ကလေးပဲ လို့ ပြောကြတဲ့  စကားကို လက်ခံပါ ။
လူကြီး မလုပ်ချင်ပါနှင့်  ။ ဘ၀မှာ လူလုပ်လာတာမှ ဘယ်နှနှစ် ရှိသေးလို
လဲလို့  ကိုယ်ဟာကို ပြန်ကြည့် ။ လူတစ်ယောက်ဟာ ဆယ့် လေး ငါးနှစ်
လောက်ရှိရုံ နဲ့  ဘာမှ မဟုတ်သေးဘူး.....။
THREE
ဘာမဆို အဆက်မပြတ် သင်ယူပါ။ သင်မှ တတ်မယ့်  အရွယ်ပဲရှိ
သေးတယ် ။ ကိုယ် ကို ကိုယ် တတ်လှပြီ လို့  ထင်မနေပါနှင့် .....။
FOUR
မိတ်ဆွေဖွဲ့ ပါ ၊ အလကားနေရင်း ရန်လို နေတဲ့ သူဟာ သူ့ အတွက်
ဘာမှ အကျိုး မရှိဘူး....။
FIVE
ယဉ် ကျေးပါ၊ မလောက် လေး မလောက်စားနှင့် ခံတန်တန် ပေကပ်ကပ်
လုပ်ပြနေတာဟာ ပေါကြောင် ကြောင် ကြီး ဖြစ် နေတယ်......။
SIX
ကူညီပါ၊ ဘာအကျိုး မှ မမျှော်လင့် ဘဲနှင့် ကူညီလိုက်တဲ့  ကိစ္စတွေဟာ
တန်ဖိုးကြီးတယ်.....။
SEVEN
နာခံပါ ၊ ကိုယ့် ထမင်းမှ ကိုယ်ရှာ မစားနိုင် သေးဘဲနှင့်  အိမ်က လူကြီး
တွေ ခေတ်တုံး သွားပြီ ဘာညာ မပြောပါနှင့် ....။
EIGHT
သေချာ မသိဘဲနှင့်  မတော်လှန်ပါနှင့်  ၊ တချို့  ကိစ္စတွေက သေချာ
မလေ့ လာရသေးဘူးဆိုတာ ကိုယ့် ဟာကိုယ် သိတယ်....။
NINE
ဆွေးနွေးပါ ၊ ကိုယ် မသိသေးတာတွေ အခြားလူပေါင်း များစွာ ဆီမှာ
ရှိတယ် ၊ လူတိုင်းကို ငတုံး လို ထင်မနေပါနှင့် .....။
TEN
ရှာ ဖွေပါ ၊ မသေခင် အထိ ကိုယ့် ဘ၀မှာ ဘယ်နေရာမှာ ဘာလုပ်စား
သင့် သလဲ သိအောင် လုပ်ရမယ် ၊ မသိတဲ့ ကောင်ဟာ ဘာကောင်မှ
မဟုတ်ဘူး....။
ELEVEN
မငြင်းပါနှင့်  ၊ဘယ်လောက်ထိ သိထားပြီးလို သွားငြင်းတာလဲ
ကိုယ်က ငယ်ငယ် လေးပဲ ရှိသေးတာ.....။
TWELVE
စုဆောင်းပါ ၊ ဘာမဆို တတ်ထားတာ ကောင်းတယ် ၊ အကုန်သင်
ထားပါ ၊ ဘယ် ဘ၀ ရောက်ရောက် လုပ်စားလို့ ရတယ်....။
THIRTEEN
သတိ ကောင်းပါ ၊ ဘာကို မှ အလွန်အကျွံ မစွဲ လန်းပါနှင့်  ၊မနှစ်သက်ပါနှင့်  ၊
မပတ်သက်ပါနှင့်  ၊ မယုံကြည် ပါနှင့်  ၊မကြောက် ပါနှင့်  ၊
လူတစ်ယောက်ရဲ့ ဘ၀ဟာ အဲ့ ဒီ လူတစ်ယောက် ဘာလုပ်ခဲ့ သလဲ
ဘာလုပ်နေလဲ ဆိုတဲ့  အပေါ်မှာပဲ မူတည် တယ်။ အနာဂတ်မှာ
အဲ့ဒီလူ ဘာဖြစ်လာမလဲ ဆို တာ ဘယ်သူမှ မသိဘူး
သိစရာ လည်းမလိုဘူး ။ ငါ ဘာလုပ်နေသလဲ ဘယ်လို နေထိုင်နေ
သလဲဆိုတာ ပဲ လိုတယ် ။လောကကမှာ ဘာမှ ကြောက်စရာ မလိုဘူး
သေရုံ အပြင် ဘာရှိဦး မှာလဲ....။
လရောင် အဝေး
phothutaw8@gmail.com