Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

“ မေတ္တာတရား …အထူးလိုအပ်သည် ”

$
0
0


မှုံဘ၀ မှာ …တခါမှ မလှူဘူးသော အလှူကို လှူရတော့မှာ…..အထူးဝမ်းသာနေပါသည်။
အဲ့ဒီအလှူက …ရင်ထဲက မေတ္တာစစ်စစ်မို့ …ဘာနဲ့မှ နှိုင်းလို့မရအောင်ကို..မွန်မြတ်နေမှာ အသေအချာပါပဲ။
ရင်ထဲက ..သဒ္ဒါတရားက....ပြင်းထန်လွန်းတာမို့ …..မျက်နှာ ထက်မှာလဲ ..ကြည်စင်ဝင်းပလို့နေပါတယ်။
ဘေးက ..မှုံ နဲ့အတူ ..သွေးလှူကြမဲ့ ….သူငယ်ချင်းတွေ ရဲ့ …မျက်နှာဟာလဲ ….အလွန်ကြည့်လို့ကောင်းနေပါတယ် ။ ရင်ထဲက ..မေတ္တာတရားကြောင့် ၀င်ပနေတဲ့ ..မျက်နှာလေးတွေ ရဲ့ ..အလှဟာ .. မြင်သူတွေ ကို လဲ ..အေးမြနေစေပါတယ် ။ အလှစစ် ဆိုတာ ..ဒါမျိုးထင်ပါရဲ့ နော် ။

ဒီလို နဲ့ ..မှုံ့ အလှည့်ရောက်လာပါပြီ ။ ဆရာမလေး လာခေါ်တော့ ..မှုံ ခြေဖျား၊လက်ဖျားတွေ အေးစက်လို့လာပါတယ်။ ဆေးထိုးအပ်ကြောက်တဲ့ ..မှုံ အတွက် တော့ ….အပ်အပေါက်နဲ့ ထိုးတော့မှာ မို့ ..မဟာစွန့်စားခန်းကြီးပါပဲ။ ကြောက်စိတ်ကို ..သဒ္ဒါတရားနဲ့ ..အနိုင်ယူပြီး …နာတာကို ..ပီတိနဲ့ ဖုံးကွယ်ထားလိုက်နိုင်ပါတယ် ။ အားလုံးအဆင်ပြေသွားပြီ ၊ သွေးတွေ ..အိပ်ကလေးထဲသို့ ..တသွင်သွင်စီးနေတာကို ..ကြည့်ရင်း ..ပြောမပြနိုင်အောင်ကြည်နူးနေမိပါတယ် ။ မှုံ ခုအချိန်သေသွားရင်တောင်သေပျော်ပါပြီ။

မှုံ ရဲ့ ..အလှူလေး အထမြှောက်သွားခဲ့ပါတယ် ။ လှူခဲ့ဘူးသော အလှူတွေ များထဲ မှ ….အမြင့်မြတ်ဆုံးလို့ ..မှုံ ရင်ထဲမှာ ခံစားနေရပါတယ်။ သွေးလှူဘူးသူတိုင်းလဲ …မှုံ လိုပဲ ခံစားရမှာ အသေအချာပါပဲ။ မေတ္တာ တရားက ပေါက်ဖွားလာ တဲ့ ….စေတနာစစ် နဲ့ ….ကိုယ့်ရဲ့ .သွေးတွေကို ..ထုပ်ပြီလှူတန်းရတာ ….ဘယ်လောက်မွန်မြတ်လိုက်ပါသလဲ။ ကိုယ့်ရဲ့ သွေးတွေ နဲ့ …..လူတစ်ယောက်ကို …အသက်ဆက်ခွင့်ပေးနိုင်တော့မယ်၊ ကျေနပ်စရာကောင်းလိုက်တာ တကယ်ပါ။ သွေးလှူကြတဲ့ ..အလှူရှင်အားလုံးကို မှုံ ရင်ထဲကနေ …အထူးလေးစာနေမိပါတယ် ။ ကျမတိုမြန်မာနိုင်ငံက ..သွေးအလှူရှင်တွေဟာ …..ပိုက်ဆံတောင်းပြီးလှူတဲ့ လူ ..တစ်ယောက်မှ မရှိပါဘူး ။
မေတ္တာတရားနဲ့ ……ပေးဆပ်ကြတာပါ ….အထူးပဲဂုဏ်ယူသင့်ပါတယ် ။

တနေ့မှာတော့ ..မှုံ ..သတင်းတစ်ခုကြားခဲ့ရပါတယ် ။ ရက်စက် လိုက်ကြတာ နော် ။
ဆေးရုံတစ်ရုံမှာ..တကယ်ရှိခဲ့ဘူးတာပါ ။ မကြည့်နိုင်သူတစ်ဦးရဲ့ ..ပြောပြချက်အရ သိခဲ့ရပါတယ်။
ကျမတို့ မြန်မာနိုင်ငံ မှာ ….ပုဂ္ဂလိက ဆေးရုံးမှ လွဲ ၍ ..ဆေးရုံးတိုင်းဟာ …..သွေးလိုတဲ့ လူနာတွေကို ..သွေးအလကားသွင်းပေးကြပါတယ်။ သွေးလှူဘဏ် မရှိတဲ့ နယ် မြို့လေးတွေ မှာ ဆို …..စေတနာ အပြည့်နဲ့ လှူတဲ့သွေးတွေ ကို . လူနာ ရှိ တိုက်ရိုက် သွင်းပေးကြရပါတယ်။ ကျမတို့ မြန်မာတွေ ရဲ့ မေတ္တာ တရားက ဘယ်လောက်မွန်မြတ်ကြပါသလဲ ။ အဲဒီလို..မေတ္တာတရားတွေ ကြားမှ ….ငရဲ လိုချင်သူများလဲ ..ရှိကြပါသေးတယ် ။ အမည်မသိဆေး၇ုံတစ်ခုမှာ ….သွေးသွင်းတဲ့ ..လူနာတွေ ရှိက ..သွေးဖိုးတောင်းယူကြပါတယ်တဲ့ ။ ပြီးတော့ ..ခွဲဝေယူကြပါတယ်တဲ့ ။ ထူးဆန်းသော လူသားတွေပါပဲလား။
ကိုယ့်သွေးကို ..ထုပ်ပေးလိုက်ရတာ လဲ ..မဟုတ်ပါပဲ ..အမြတ်ထုပ် လိုက်ကြတာ ။ မြန်မာ လို့ပြော၇မှာတောင် ရှက်ဖွယ်လိလိပါ။ ဘာသာရေး မရဆိုရင် ….သူတို့ယူလိုက် တဲ့ .အဖိုးဟာ ….သံတွေ သံခဲတွေ မြိုချလိုက်သလိုပါပဲ ။ အရမ်းပဲ အပြစ်ကြီးပါတယ် ။ ဒီလိုလူမျိုးတွေ ..ငရဲက တက်ရပါတော့မလား ။ သူတို့ရဲ့ သံသရာ ဟာ ..အလွန်ကြောက်ဖို့ကောင်းနေပါပြီ။ လှူခဲ့တဲ့ လူက ..စေတနာ မွန်မြတ်လေလေ ..သူတို့အတွက် အပြစ်ပိုကြီးလေလေပါပဲ ။

မှုံ .. လေ ..စကြားကြားချင်းတော့ ..တော်တော် ဒေါသ ထွက်သွားမိပါတယ် ….။ လုပ်ရက်လေခြင်းဆိုပြီးတော့ ။
သေချာစဉ်းစားကြည့်မိတော့ …သူတို့ကို ..သနားတောင်လာပါတယ် ။ ရတဲ့ ငွေနဲ့ …သူတို သုံးရ တစ်ရက်ပေါ့။ တစ်ပါတ်တောင်အသုံးမခံပါဘူး လေ။ လှူတဲ့ လူရဲ့ …စေတနာ သုံးတန်ကြောင့် …သူတို့ ပြန်ပေးဆပ်ရမှာက ..မတွေးရဲ စရာပါပဲ။ အဲ့ဒါကို သူတို့ မမြင်ကြပါဘူး ။ သနားစရာလူသားတွေပါနော် ။ သံသရာဘေး ပြေးမလွတ်တဲ့ ။
ကျမတို့ လူသားတွေမှာ ..အလိုအပ်ဆုံးက မေတ္တာ တရားပါ ။ တစ်ယောက်နဲ့ တစ်ယောက် မေတ္တာ တရားတွေသာ ..ထားရှိနေကြမယ်ဆို ….လူသားဘ၀ဟာ တော်တော် လှပလာမှာပါ။

လောကကြီး ရဲ့ …အလှဆုံးအရာဟာ ..လူသားတွေ ၇ဲ့ မေတ္တာတရား။
လောကကြီးရဲ့ ..တန်ဖိုးအရှိဆုံးအရာ ဟာ လဲ ..မေတ္တာတရားပါ။
လောကကြီးမှာ ရှိတဲ့ ….လူသားအားလုံး အတွက် ….အလိုအပ်ဆုံးကလဲ ….မေတ္တာတရားပါပဲ ။
မှုံ ..ရင်ထဲက ခံစားချက်လေးပါ။ အမှားပါရင် ခွင့်လွတ်ပေးဖို့ တောင်းပန်ပါတယ် ။


ဆန္ဒမွန်ဖြင့် ......

မှုံ နံ.သာဖြူ.......


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...