Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ခေတ်သစ် စုံနံ့သာမြိုင်

$
0
0

အောင်ထက်ရေးခဲ့တဲ့ကဗျာဟောင်းတွေ ပြန်ဖတ်ဖြစ်ပါတယ်..

အရင်ကျွန်တော်ကြိုက်ခဲ့တဲ့ကဗျာတစ်ပုဒ်.

ပြန်တွေ့ပါတယ်.ခုမကြိုက်တော့ပါဘူး

အဲဒီကဗျာလေးက..ဒီလိုပါ

ပူရိသ ယောက်ျား
W သုံးလုံးကြိုက်ပါသတဲ့။
ပထမ Wက..Whisky
လူကြီးမင်းများ
အချိန်ကျတော့
လေထတတ်ပါသတဲ့။
ဒုတိယ Wက..War
လူကြီးမင်းများ
မတိုက်ရဲလဲ
စစ်ကါးကြိုက်ပါသတဲ့။
နောက်ဆုံး Wက..Women
လူကြီးမင်းများ
ငြင်းခြင်သေးလား။

 ကျွန်တော်တို့ပုရိသတွေ..အကြိုက်ကိုသူရေးခဲ့တာပါ..

ကျွန်တော်လည်း..အဲဒီသုံးခုလုံးကြိုက်ခဲ့သူပါ..

ခုတော့ဒုတိယ..W..ဖြစ်တဲ့ War..ဆိုတာကြီးကိုမကြိုက်ချင်တော့ပါဘူး..။

ကျွန်တော်မှာ..ညီအရင်းလေးလိုချစ်ရတဲ့သူတစ်ယောက်ရှိပါတယ်..

စိတ်အေးချမ်းသာနေတတ်ပြီး..ကဗျာသမားလေးပါ..

သူခမြာ..မမျှော်လင့်ပဲ..ကချင်ပြည်တွင်းစစ်ထဲ ချောင်ပိတ်မိခဲ့တာပါ..

ရှင်သည် သေသည်မသိသတင်းမကြားရတာ..လနဲ့ချီရှိနေပါပြီ..

ကါရန်တွေကိုချစ်တတ်တဲ့ညီလေး..အမြောက်သံဗုံးသံတွေကြားမှာ..

သူဘယ်လိုရပ်တည်နေလေသည်မသိ..

ငယ်ငယ်ထဲက..ပန်းလေးတွေစိုက်ပျိုးဖို့ဝါသနာပါသူ..

ခုတော့..ယမ်းနံ့ သွေးနံ့တွေကြားမှာ..သူဘယ်လိုများစခန်းသွားနေပါလိမ့်..။

အဆိုးဆုံးက..သူချစ်ရတဲ့ကောင်မလေး..သူကိုလည်းချစ်ပုံရတဲ့ကောင်မလေးတစ်ယောက်

သူ့မှာရှိနေတာပါ.. ညီလေးက..တစ်ခါတရံအွန်လိုင်းပေါ်မှာသူတို့နှစ်ယောက်အကြောင်း

တစ်စွန်းတစရင်ဖွင့်လေ့ရှိပါတယ်..သူ့ပြောစကားအရ

သူ့ကောင်မလေးက..ပြည်ပမှာပညာသင်ကြားနေဆဲပါတဲ့

သူတို့နှစ်ယောက်ရဲ့ချစ်သူသက်တမ်းက..သုံးနှစ်လောက်သံယောဇဉ်တွယ်နေကြသူတွေပါ..

အပြစ်မဲ့စွာ..ဝေးကွာနေကြရတဲ့သူတို့နှစ်ယောက်ရဲ့အဖြစ်ကိုတော့..စာနာမိပါရဲ့..

 

ကျွန်တော်ရဲ့ညီလေးကရခိုင်ပြည်နယ်အတွက်..ပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်နေတဲ့

ပြင်သစ်NGO အဖွဲ့စည်းတစ်ခုကအငယ်တန်းအရာရှိတစ်ယောက်ပါ..

ရခိုင်အရေးအခင်းနဲ့တည့်တည့်တိုးတော့..လုပ်ငန်းတွေရပ်လိုက်ရပါတယ်

နောက်တော့..အုပ်ချုပ်ရေးပိုင်းက..NGOတွေအပေါ်အမြင်မကြည်တော့တဲ့အချိန်..

မိခင်ကြီးကျန်းမာရေးကလည်းဆိုးဝါးလာတော့..ပြည်မပြန်လာတာသိလိုက်ရပါတယ်..

သူ့ရဲ့မိခင်ကြီး..ကသာမှာ..ကွယ်လွန်သွားတယ်ဆိုပါတယ်..။

နောက်တော့..ဘယ်လိုဘယ်လို..စစ်နှစ်ဖက်ကြားမှာ..

အဖွဲ့စည်းတစ်ခုကသူ့ကိုအသုံးချခွင့်ရသွားလေသည်မသိတော့ပါ..

သူ့ရဲ့အင်္ဂလိပ်စာကောင်းမွန်မှုကြောင့်လေလား..NGO ပညာရှင်ကြောင့်လေလား

ဝေခွဲမရပါ..။

 

ကျွန်တော့်ညီလေးရဲ့ချစ်သူကောင်မလေးကတော့..နေပရှိသရွေ့မျှော်တော်ယောင်ဆိုက်လို့ပါ

သိပ်ချစ်ခဲ့ကြတဲ့ချစ်သူနှစ်ဦး..ရုတ်တရက်ကွဲကွာခဲ့ကြ

ဘာအကျိုးအကြောင်းမှလဲမသိရ..သေနတ်ကျည်ဆံတွေကြားက

ချစ်သူကို..မျှော်နေရတဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို

ရေးများရေးတတ်ရင်..စုံနံ့သာမြိုင်ဦးကြော့ရဲ့

ရှာပုံတော်ကြီးလိုသာ ရေးလိုက်ချင်ပါတော့တယ်..

ဒီစစ်မီးကြီးကိုလည်း..ငြိမ်းစေချင်ပါပြီ..။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>