ကျွှန်တော်တို့ ကြားဘူး ခဲ့တာ က အရူးကတမုး သာ ရယ်လို့ ကြားခဲ့ဘူးတာခင်ဗျ။
ကျွန်တော့် ဘကြီး ပြော ပြတဲ့ ပုံ ပြင်လေး ကို နား ထောင်းပြီး မှပဲ သြော် .. အရူးထက် ငမူးက သာတယ် ဆိုတာ သိလိုက်တော့တယ် ပုံ ပြင်က ဒီလိုဗျ
တခါက အရုးယောက်ရှိတယ် .. ရွာတရွာ မှာပေါ့ဗျာ .. တနေ့ မှာတော့ အရုး က ရွာအ၀င် လမ်းထိပ်မှာ ထိုင်ပြီး လူသွား လမ်းကို ကန့်လန့် ဖျက် စည်းတခုတားထားတယ်။ စည်းရဲ့ တဘက်ထိပ်မှာ အဲဒီ အရူးက ထိုင်နေတယ်
လက်ထဲမှာလဲ တုတ်(ဒုတ်)တချောင်းက ကိုင်ထားသေးသဗျ ။ နောက်ပြီး သူ့ ပါးစပ်ကလဲ ”ဒီ စည်းကို ကျော်ရဲ့တဲ့ ကောင်ကျော် ကြည့် ” လို့ တဖွဖွ ပြောနေတာပေါ့ ။ ရွာသူရွာသားတွေအတွက်တော့ တော်တော်လေး အခက်ကြုံ နေရတာပေါ့ ကျော်ရဲ ရင်ကျော် ကြည့် ဆို့တော့ အားလုံး က ကြောက် ပြီး မကျော်ရဲ့ဘူး လေ ။ မကျော်ရဲဆို သူလက်ထဲမှာကလဲ ဒုတ် တချောင်း က ကိုင်ထားသေးတယ် ပြီး တော့် သူကအရူးလေ။ လုပ်လိုက်ရင် ကိုယ်ကအလကား ခံရမှာ မဟုတ်လား။ ဒီတော့ ကြောက်ကြရတာပေါ့ အရုူးကလဲ တကယ်လုပ်မယ့် ရုပ်နဲ့ လေ ။ အဲဒီအချိန်မှာ ရွာထိပ်သို့ ဒယီးဒယိုင် နဲ့ အရက်မူးသမား တယောက်ရောက်လာတယ် လူတွေကလဲ တော်တော်များနေပြီလေ ဒီတော့ ငမူး က လူတွင်ကြယ် လုပ်ပြီး ”ဟေ့ ဘာဖစ်နေကြတာလဲကွ” ဟုမေးလိုက်တယ် ။ဒီတော့ လူတွေက တော်ကို စိတ်ညစ်သွားတဲ့အမူအရာ နဲ့ “အရူးကတမျိုး ဒီငမူး ကတမှောက်“လို့ ငြီး ကြ သတဲ့ ငမူးကလဲ ဘယ်သူ့မှမေးလို့မရတော့ လူကြားထဲ အတင်းတိုး တော့တာပေါ့ ။တွေ့ပါပြီ တုတ်ကိုင်ထားတဲ့ အရူး ။ ပါးစပ်ကလဲ ချီးတလဲံလဲပြောနေတာက”ဒီစည်း ကို ကျော်ရဲတဲ့ကောင်ကျော်ကြည့်” တဲ့ ငမူးတယောက်ကတော့ ဘုမသိဘမသိနဲ စည်းရှေ့ ကိုရောက်လာပါပြီ ။ ငမူးကလဲ ကျော်ရဲ ရင်ကျော်ကြည့် လို့မြေကြီး ကို လက်ထဲက ဒုတ် နဲ့ တဘုန်းဘုန်းရိုက်ပြီး ပြောလိုက်တော့ ငမူးကလဲ တကယ့်ငမူး နဲနဲ မှအကြောက်တရားမရှိ ဘူးဗျ မရှိဆို မူးနေတာကို ဗျ။ ဒီတော့ငမူး ကလဲ မကြောက်မရွံ နဲ့ ပဲ ငါကျော်ရဲတယ်ကွာဆိုပြီး ကျော်လိုက်တယ် ရွားသူ/သားတွေကတော့ ပြဿနာတက်ပြီလို့ ပဲ တွေးထားတာပေါ့ ကျော်ရဲလို့ ကျော်လိုက်တဲ့ ငမူးကို အ ရူးက ပြန်ပြောလိုက်သော စကားကြောင့် ရွာသူ/သား တွေ မှာ ငိုအားထက် ရယ်အားသန် ရမလိုဖြစ်သွားတာပေါ့ ။ အရူးပြန်ပြော တဲ့ စကား က ”မင်းကျော်ရဲံလို့ ကျော်လိုက်တော့ မင်း ဒီဘက်ရောက်တာပေါ့ကွာ” တဲ့ ..... ရွာသားတချိုဲ ရဲ့ မှတ်ချက် စကားများထွက်ပေါ်လာပုံကတော့ ” ဒါပြောတာပေါ့ .. အရူးထက် ငမူးသာ” ဆိုတာလေ တဲ့ .....