February 14ရက်နေ့ဟာချစ်သူများနေ့ဆိုတဲ့ဗယ်လင်တိုင်းဒေးပါ အဲဒီနေ့မှာချစ်သူတွေ မောင်နှမတွေ သားအမိတွေ သားအဖတွေ မိသားစုဝင်တွေဟာ သူတို့ချစ်တဲ့သူတွေကို ချစ်ခြင်းအထိမ်းမှတ်အနေနဲ့လက်ဆောင်တွေပေးကြလေ့ရှိတယ် ကျွန်တော်ကတော့သူငယ်ချင်းတွေကိုကြီးကြီးမားမားလက်ဆောင်တွေမပေးနိုင်တော့ လောလောဆယ်ဆယ် အဲဒီဗင်လယ်တိုင်းဒေးနေ့ဘယ်လိုဖြစ်ပေါ်လာတာလဲဆိုတာလေးကိုလက်ဆောင်အနေနဲ့ပြောပြချင်ပါတယ် သူငယ်ချင်းတို့သိပြီးသားလဲဖြစ်ချင်ဖြစ်နေမှာပါနော်
တကယ်တော့ဗယ်လင်တိုင်းဒေးဆိုတာ သူတော်စင်ဘုန်းကြီးတစ်ပါးရဲ့နာမည်ပါ ပြောရရင်တော့ဘီစီ (၄) ရာစုရဲ့အစောပိုင်းကာလတွေတုန်းက
ရောမမှာ လူပါးကာလီ ဆိုတဲ့နွေဦးပွဲတော်ကိုဖေဖော်ဝါရီ15ရက်နေ့တိုင်းကျင်းပလေ့ရှိတယ် အဲဒီပွဲတော်ရဲ့ရည်ရွယ်ချက်ကတော့ တိုင်းသူပြည်သားတွေများပြားပြီးတိုင်းပြည်စည်ပင်လာဖို့အတွက်အမျိုးသမီးတွေပဋိသန္ဒေအောင်ဖို့အတွက်ပဲ၊ပွဲတော်ကျင်းပပုံက
ဆယ်ကျော်သက်မိန်းမပျိုရဲ့နာမည်တွေကိုရေးထားတဲ့မဲလိပ်တွေကိုအမျိုးသားတွေကမဲနှိုက်ရတယ်၊
အဲဒီယောက်ျားကကိုယ်မဲပေါက်တဲ့မိန်းကလေးကိုတစ်နှစ်တာပေါင်းသင်းခွင့်ရပြီးနောက်တစ်နှစ်ထပ်မဲနှိုက်ရပြန်တယ်
အဲဒီလိုအမျိုးသမီးတွေအပေါ်ရက်စက်တဲ့အလေ့အထကြောင့်ဘုရားကျောင်းကဘုန်းကြီးတွေဟာဒီအလေ့အထကိုအဆုံးသတ်ဖို့နည်းလမ်းရှာလာကြတယ်
ပြောရရင်အဲဒီအလေ့အထကရောမမှာနှစ်ပေါင်း(၈၀၀)တောင်ကျော်လာခဲ့ပြီလေဒါနဲ့ပုတ်ရဟန်းမင်းကြီး ဂလက်ဆီးယက်စ် ကမဲလိပ်တွေထဲမှာ
အမျိုးသမီးတွေရဲ့နာမည်အစားသူတော်စင်တွေရဲ့နာမည်ကိုရေးပြီးအမျိုးသမီးရောအမျိုးသားပါမဲနှိုက်စေတယ်၊မဲပေါက်တဲ့သူကိုပေါက်မဲထဲက
သူတော်စင်အတိုင်းတစ်နှစ်ပတ်လုံးကျင့်ကြံနေထိုင်စေတယ်၊ဒါပေမယ့်ဒီလိုပြောင်းလဲလိုက်တာကိုအမျိုးသားတွေကမကျေနပ်ကြဘူး၊မကြိုက်ကြဘူး
သူတို့အတွက်ခွင်ပိတ်သွားလို့နဲ့တူပါတယ် နောက်ပိုင်းမှာတော့Luqercusနတ်ဖုရားကိုပူဇော်ကျင်းပနေတဲ့ပွဲတော်အတွက်တစ်ယောက်ယောက်ကို
နာယကထားပြီးဦးဆောင်စေပါတယ်၊အဲဒီမှာဦးဆောင်ရတဲ့သူကဘုန်းတော်ကြီးဗယ်လင်တိုင်းပေါ့ အဲဒီအချိန်မှာ အေဒီ(၂၇၀)လောက်ကိုရောက်နေပြီလေ ဧကရာဇ်ကလော့ဒီးယပ်စ်အုပ်စိုးနေတဲ့အချိန်ပေါ့၊ကလော့ဒီးယပ်စ်ကလူတွေကိုလက်ထပ်ဖို့တားမြစ်တယ်၊ဘာကြောင့်လဲဆိုတော့စစ်သားတွေ
ဟာစစ်ထွက်ရင်မိသားစုကိုနောက်ဆံတင်းနေမှာဆိုလို့တဲ့၊နောက်ဆံတင်းနေရင်စစ်သားကောင်းတွေဖြစ်မလာနိုင်ဘူးလို့လည်းသူကယုံကြည်တယ်
အဲလိုဥပဒေကြောင့်ပေါင်းဖက်ခွင့်မရတဲ့ချစ်သူစုံတွဲတွေကိုဘုန်းတော်ကြီးဗယ်လင်တိုင်းကလျှို့ဝှက်တဲ့နေရာမှာတွေ့ဆုံပြီးလက်ထပ်ပေးတယ်
ချစ်သူတွေအတွက်မိတ်ဆွေကောင်းဖြစ်လာတဲ့သူ့အကြောင်းကို ဧကရာဇ်ကသိသွားတဲ့အခါသတ်မိန့်နဲ့အကျဉ်းချထားလိုက်တော့တယ်
ထောင်ထဲမှာသေဖို့စောင့်နေရတဲ့ဗယ်လင်တိုင်းဟာထောင်မှူးကြီင်္းသမီးမျက်မမြင်ကောင်မလေးနဲ့ချစ်မိကြပြန်တယ်၊
ဗယ်လင်တိုင်းကိုခင်မင်တဲ့ထောင်မှူးကသူ့အတွက်စားစရာနဲ့သတင်းတွေယူလာပေးသလိုသမီးဖြစ်သူရဲ့မျက်လုံးကိုကုသပေးဖို့တောင်းဆိုတယ်
ကုသပေးလိုက်လို့ကောင်မလေးမျက်လုံးပြန်မြင်သွားတဲ့အခါဗယ်လင်တိုင်းကအဲဒီသားအဖကိုခရစ်ယာန်ဘာသာထဲကူးပြောင်းပို့လိုက်တယ်လေ
အဲဒီအချိန်မှာဧကရာဇ်ကဗယ်လင်တိုင်းကိုအခွင့်အရေးတစ်ခုထပ်ပေးလာပြန်တယ်၊လက်ထပ်တာနောက်ထပ်လုပ်မပေးရင်အပြစ်ကလျှော့ပေါ့ပေးမယ်ပေါ့၊
ဒါပေမယ့်ဗယ်လင်တိုင်းကလက်မခံပဲဧကရာဇ်ကိုပါသိမ်းသွင်းမိလို့ဧကရာဇ်ကအဆုံးစီရင်ဖို့အမိန့်ချလိုက်တော့တယ်
ဗယ်လင်တိုင်းကသူအသတ်မခံရခင်မှာထောင်မှူးကြီးဆီကစာရွက်နဲ့မင်တံတောင်းပြီးသူ့ချစ်သူအတွက်စာတစ်စောင်ရေးခဲ့တယ်
အဲဒီစာမှာအဆုံးသတ်ထားတဲ့စာ From Your Valentine တဲ့၊
အေဒီ(၂၇၀)၊ဖေဖော်ဝါရီလ(၁၄)ရက်မှာသူခေါင်းဖြတ်အသတ်ခံရလိုက်တယ်
ဒီလိုနဲ့သူ့ဝိညာဉ်ဟာနှစ်စဉ်ကျင်းပနေကျပွဲတော်ကိုစောင့်ရှောက်ပေးတဲ့သူတော်စင်တစ်ပါးဖြစ်လာတာပေါ့၊
St.Valentineကိုဂုဏ်ပြုတဲ့အနေနဲ့အမျိုးသမီးတွေကိုမဲဖောက်တဲ့စနစ်ကိုတားမြစ်လိုက်ပြီးဖေဖော်ဝါရီလရဲ့အလယ်ရက်ဖြစ်တဲ့(၁၄)ရက်နေ့ကို
Valentine dayအဖြစ်သတ်မှတ်လိုက်တယ်၊အဲဒီနေ့မှာရောမအမျိုးသား အမျိုးသမီးတွေဟာချစ်ကြိုက်စာပေးတာတို့ လက်ထပ်ပွဲတို့ဆင်နွှဲကြတယ်လေ၊စာတွေထဲမှာတော့St.Valentineရဲ့နာမည်ကိုအသုံးပြုတာများတယ်၊ကတ် ချိုချဉ်နဲ့ချောကလက်တွေကိုအပြန်အလှန်ပေးကြတာများတယ်လေ၊ အစောဆုံးValentineကတ်ကတော့ ၁၄၁၅ခုနှစ်မှာOrleansမြို့စားကြီးကသူ့ဇနီးဆီပို့တဲ့ကတ်ပဲ၊အဲဒီကတ်ကိုမြို့စားကြီး လန်ဒန်မျှော်စင်မှာအကျဉ်းကျခံနေရတဲ့ကာလက
ပေးခဲ့တာလေ၊အဲဒီကတ်ကတော့ဒီနေ့အထိထင်ရှားပြီးအင်္ဂလန်ပြတိုက်မှာထိန်းသိမ်းထားခဲ့တယ်။။။။။။။။။။။
ဒါကတော့ဗယ်လင်တိုင်းဒေးနဲ့ပတ်သတ်တဲ့သမိုင်းအကျဉ်းပါပဲသူငယ်ချင်းတို့ရေ
ကျွန်တော်လည်းသိသလောက်ဝေမျှပေးလိုက်တာပါသိထားတဲ့လူတွေလည်းရှိချင်ရှိနိုင်ပါတယ်
ကျွန်တော်ထက်ပိုသိတဲ့လူတွေလည်းရှိနိုင်ပါသေးတယ်ဒါလေးကတော့ဗယ်လင်တိုင်းဒေးအကြိုအနေနဲ့သူငယ်ချင်းတွေဆီကိုပို့လိုက်တဲ့
လက်ဆောင်လေးတစ်ခုအဖြစ်သတ်မှတ်ပေးကြပါနော်။။။။။။
↧
ဗယ်လင်တိုင်းဒေး(Valentine day)
↧