စံနှုန်းရယ်မမှီပေမဲ့...တန်းဆင့်ဆင့်တော့မြင့်ပါတယ်
သာယာအေးရွာလေး...။
နာမည်နဲ့လိုက်အောင်ပင် သာယာလှပသော ရွာကလေးတရွာပါ။ ရွာအရှေ့ဖက်ကမှိုင်းညို့နေတဲ့ တောင်တန်းကြီး၊ တောင်ဘက်တန်းမှာတော့ သရက်ပင်တောက စိမ်းညို့လျက်ရှိပါသည်။ ရွာမြောက်ဖက် ချောင်းကလေးကတော့ နွေအခါ ရေတိမ်တိမ်လေးစီးဆင်းနေပါသည်။ရွာကလေး က အေးချမ်းသော်လည်းမြို့ဝေး သဖြင့် ကျောင်းလဲဝေးကြပါသည်။ချောင်းပေါ်က တံတားလေးကိုဖြတ် နေတိုင်းကျောင်းသွားကြသော ရွာမှခလေးများသည် အဆန်းတော့မဟုတ်သလိုပေ။
ညနေခင်းနေ၀င်ပြီးစချိန်...............
မန်ကျည်းပင်အောက်တွင် အောက်လင်းဓါတ်မီးအိမ်တလုံးကိုချိတ်ဆွဲလျက် လူအများဝိုင်းဖွဲ့ထိုင်နေကြပါသည်။ ရွာကလေးရဲ့နေ့စဉ်စုဝေးရာနေရာလေး တခုပင်ဖြစ်ပါသည်။ အခုချိန်မှာတော့ ခလေးများသာမကလူငယ်လေးများပါမကျန် အဖိုးရဲ့စကားကိုနားထောင်ကြဖို့ စိတ်အားထက်သန်နေကြပါသည်။

အဖိုးက “ကဲ လူစုံရင် ပြောပြမယ်နော်..တချို့လဲနာမည်ကြားဘူးမှာပါ ကိုရင်သာချိုလေး ကိုလေ“
လူလတ်ပိုင်းဖြစ်တဲ့ ဦးဆောင်က “အား..ကြာဖူးပြိးလားအဘရာ ကျုပ်တို့မမေ့ရသူပေါ့ဗျား“
“ဟုတ်တယ်လေ..ဒါကိုခလေးတွေကို ပြန်ပြောဖြစ်ကြရဲ့လား“
“အင်းလုံးစေ့ ပတ်စေ့တော့မပြောဖြစ်ဘူးဗျ..နာမည်နဲ့တံတားလောက်ပါပဲ“
“အော်..အေးအေး အဖိုးသေချာပြောပြမယ်..“
အဖိုးတို့ရွာရဲ့မြောက်ဖက်ချောင်းကူး တံတားနာမည်က ဖိုးသာချိုတံတားနော်“
“ဟုတ် ဖိုးဖိုး“
“အေး..အစက တံတားမရှိသေးဘူးလေ..နွေအခါ ရေနည်းတော့ဒီအတိုင်းကူး မိုးအခါရေများတော့လှေကလေးနဲ့ကူး နေလာကြတာပေါ့ ..
တောင်တွေပေါ်မှာ မိုးရွှာပြီဆိုရင် တောင်ကျချောင်းရေက ၀ါးလုံးထိုးဆင်းတော့တာပေါ့ကွယ်.ရေများတကယ်သန်ပြီဆို မြင်းပြေးတောင်မလွတ်ဘူးလေ..အဖိုးကပြောပြီး တံတားဖက်ကို လှမ်းမျှော်ကြည့်နေပါသည်။
ဖိုးသာချို....
နာမည်ကသာ..သာချို..သူ့ဘ၀က သာယာခြင်းမရှိခဲ့ပါ။ ချိုမြခြင်းလဲ ဝေးခဲ့ပါသည်။ အဖေကလယ်လုပ်ရင်းပိုထိပြိး ဆုံးခဲ့ပါတယ်။ အမေကကိုယ်ဝန်ကိုမမွေးနိုင်လို့သွေးတက်ပြီး မြို့ဆေးရုံပြေးကြပေမဲ့ရွာအပြင်မှာ မိုးတွေရွာတော့ တောင်ကျချောင်းရေကြောင့် တဖက်မကူးနိုင်ခဲ့လို့ ၇ွာအပြင်ချောင်းအစပ်မှာမွေးပြီးအမေလုပ်သူက သေခဲ့ပါတယ်။မွေးဖွားရာနေရာကလုပ်တိုင်းလို့ခေါ်တဲ့ သချိုင်းနဲ့နီးလို့ ရွာထဲအ၀င်မခံပဲ သုဿန်စောင့်အဖိုးကြိးလင်မယားက ကောက်ယူမွေးဖွားခဲ့ပါတယ်။
ကံကြမ္မာက ရက်စက်မှုမပြီးသေးတော့ ပိုလီယိုဖြစ်ပြီး ခြေတဖက်မသန် ဂျိုင်းထောက်နဲ့သွားလာနေရတဲ့ ဘ၀ စကားပီအောင်မပြောနိုင်တဲ့ ဘ၀ကို သာချိုလေးရခဲ့ရှာပါတယ်။ရွယ်တူတွေဆော့ကစားရင် အဝေးကထိုင်ကြည့်တယ်။ ရွယ်တူတွေ ကျောင်းသွားရင် ငေးမောရင်းလိုက် ပို့တယ် ချောင်းနားလေး ထိပေါ့။သနားကြတဲ့ ခလေးရွယ်တူလေးတွေက ကျောင်းကအပြန်မုန့်လေးတွေ ဆော့စရာလေးတွေပေး ရင် ပြုံးပြီးကွေးနေအောင် ကပြတတ်တယ်လေ။လူကြီးတွေကတော့ အဖက်မလုပ်ကြပါဘူး။ သိရင်တောင် ခလေးတွေကိုရိုက်နှက်ပြီး
“နင်တို့သေချင်လို့လား သူက သုဿန်စောင့်လေ သရဲမွေးထား တတ်တယ်..နင်တို့ကိုသူမုန်းရင် ..လိပ်ပြာနုတ်ခိုင်းလိမ့်မယ်“ လို့ပြောကြလို့ ခလေးတွေက သူနဲသိပ်မပေါင်းကြဘူးပေါ့။သူ့ဘ၀လေး အထီးကျန်ခဲ့တယ်။သူက စိတ်မှတ်မရှိရှာပါဘူး။ ကျောင်းသွားပြန် လိုက်ပို့မြဲ လိုက်ကြိုမဲပေါ့။
တရက် မိုးတွင်အခါမှာတော့ တောင်ပေါ်မှာမိုးတွေရွာနေပါတယ်။ ကျောင်းအပြန်ချိန် လဲဖြစ်တော့ မောင်သာချိုတစ်ယောက်လဲ ခလေးတွေကိုဒီဘက် ကမ်းကစောင့်မြဲလေ။ ကလေးတသိုက်ကို စိတ်ပူစွာနဲ့ လည်ပင်ရှည်ရှည်ကြည့်နေတာပေါ့။ အထက်မှာမိုးတွေ ညှိ့လာပြိလေ။
“ အအအ ဘဘဘ ၀ူးဝူး“ နဲ့ စကားမပြောတတ်စွာနဲ့တောင်ပေါ်လက်ညှိးထိုးပြီး လာသမျှလူတွေကို အော်ပြောနေတာပေါ့။ အဲဒီနေ့ကလဲ ကျောင်းပိတ်ရက်မို့ သာချိုတစ်ယောက် ချောင်းနားမှာ ရှိတာကို လူတွေက လာနေကြမို့လာတာပဲလို့ထင်နေကြတယ်။ အမှန်က ကျောင်းသားလေး မောင်ဆောင်၊မောင်လှခင် နဲ့ မောင်တင်မောင် တို့ ကျောင်းမှာ အချိန်ပိုတက်ဖို့ ကျောင်းကိုသွားတာ သာချိုလေး မြင်လိုက်တယ်လေ။
ပြန်လာပါပြီ...
ကျောင်းသားလေး သုံးယောက် တစ်ယောက်ကိုတစ်ယောက် စလိုက်ဆော့လိုက်နဲ့ ချောင်းရဲ့တဖက်မှာ ပေါ့။
သာချို တစ်ယောက် ဂျိုင်းထောက်ကိုဆွဲ အမြန်ချောင်းဆီကို ပြေးတော့တယ်လေ...ပါစပ်ကလဲ တ၀ူးဝူးနဲ့ အော်လျက်ပေါ့။ ခလေးတွေက မမြင်ကြဘူးလေ။
ဆော့ကောင်းနေတယ်။
ချောင်းကို စအဖြတ်မှာပဲ တောင်ပေါ်က မိုးချိမ်းသံ နဲ့အတူလေ................
..ဂျိမ်း..... ဝေါ............... ဆိုပြီးရေတွေ အပြေးဆင်းလာလိုက်တာ ချောင်းခလယ်ရောက်နေတဲ့ကလေးသုံးယောက် ကြောင်ကြည့်မိနေကြတော့တာပေါ့..
သာချို တအားကို အော်ပြီး ဘာလုပ်ရမှန်းမသိအောင် ချောင်းတဖက်မှာ ပြေးနေတယ်။
ခလေးသုံးယောက်ကလဲ လန့်ုပြီး ချောင်းလယ်မှာ စိုက်ထားတဲ့ ၀ါးတိုင်လေးကို ပြေးဖက်ထားကြတာပေါ့။
ဘယ်ခံနိုင်မလဲနော်. ရေကတအားကို အစီးသန်နေတာပေါ့။
လက်တွေလွှတ်တော့မယ် အခြေအနေမှာ ...သာချို တစ်ယောက် ချောင်းနဲ့မလှမ်းမကမ်းမှာ အပင်ဖြတ်ထားတဲ့ သစ်ပင်လုံးကိုအပြေးသွားတွန်းတော့တာပေါ့။
သူကကိုယ်လက်ကမသန်မစွမ်း နဲ့ ခြေတဖက်လဲမထောက်နိုင်ရှာတော့ လေးဘက်သွားတွန်းရတာပေါ့လေ။
စွတ်ကြောင်းကြီးထင်အောင်လို့ကို အားနဲ့ခွန်စိုက်ပြီး တွန်းရတာ သူခမျာ ခြေကုန်လက်ပန်းကျမတတ်ပေါ့။

သစ်လုံးကြီးကို အားနဲ့ချောင်းထိပ်ကနေ တွန်းပြီးပို့လိုက်တာ ခလေးတွေဆီတော့ရောက်သွားပေမဲ့ အားနဲ့အတူ ပါလာတဲ့သူကိုယ်သူတော့ မဟန်နိုင်တော့ဘူးလေ ရေလုံးကြီးနဲ့အတူ ပါသွားခဲ့ပါပြီလေ။
ခလေးတွေက လက်ကကိုင်ထားရက်နဲ့
ဖိုးသာချိုကြီး...
ဖိုးသာချိုကြီး ပါသွားပြီလုပ်ကြပါအုန်း...လို့သာအော်နိုင်တယ် သူတို့လဲ လက်မလွတ်နိုင်ကြဘူးလေ...
ဒါကို မြင်လိုက်တဲ့ရွာသားတွေ ပြေးလာပြီး လိုက်ဆယ်ပေမဲ့ ရေလုံးကြီးက သယ်ဆောင်သွားလို့ မြင်တောင်မမြင်တော့ဘူးပေါ့။
ကမ်းစပ်မှာတော့ သာချိုရဲ့ ဂျိုင်းထောက်ကလေး တချောင်းက လဲလျက်ပေါ့။
အဖိုးရဲ့ အသံအဆုံးမှာ ..အင့်ကနဲ တချက်ရှိုက်သံကထွက်လာပါတယ်..
ဦးလေးဆောင် ဆီကပါ။ သူကကိုယ်တိုင်ခံစားဖူးသူဖြစ်လို့ သူသတိရနေတာ ဖြစ်ပါသည်။သုံးယောက်လုံး အသက်ရှင်ကြပါတယ်။

တယောက်ကဆိုဆရာဝန်ကြီးဖြစ်ပြီး နောက်တယောက်ကတော့ စစ်ဗိုလ်ကြိးဖြစ်လို့ တန်ဘိုးရှိတဲ့လူသားတွေဖြစ်နေကြတယ်လေ။
အဖိုးက ဆက်ပြီး .. နောက်တော့ အဖိုးတို့လဲ စုပေါင်းပြီး တတံလေးကို အဲနေရမှာ ဆောင်လုပ်လို်က်ကြတော့တာပေါ့..
နာမည်ကိုလဲ ဖိုးသာချို တံတားလို့ ခေါ်ကြတယ်လေ.. ကဲ ညလဲနက်ပြီ အားလုံးပြန်ကြတော့...လို့ အဖိုးက ပြောလိုက်ပါသည်။
အားလုံးကလဲ လေးကန်သောခြေလှမ်းတွေနဲ့ အိမ်ပြန်သွားကြပါပြီ။သူတို့ရဲ့ စိတ်ထဲမှာတော့ ဘယ်လိုရှိကြမယ်မသိပါလေ။
ကျမ တယောက်သာ အတွေးတွေ ဆက်တွေးရင်း............
ဒါကိုကြည့်လိုက်တော့... ..ဘ၀မှာ နုံချာလို့ ဘယ်သူကမှမသုံးချင် မခေါ်ချင်လို့ အဖက်မလုပ်ကြပေမဲ့ သူကတော့ သူ့တာဝန် သူရပ်ရွာ အကျိုးကိုသူတတ်နိုင်သလောက် ပြန်ပေးဆပ်ခဲ့တယ်။ သု့စိတ်ကလေး ဘယ်လောက်ဖြူစင်နေပါသလဲနော်။ လူသားတာဝန်ဆိုတာ သူသိလို့ထက် သူကိုမုန့်ကြွေးကြသောသူကိုခင်မင်ကြသော ခလေးတွေကို သူသံယောဇဉ် တွယ်တာမိလို့ သူ့အသက်ကိုတောင် စတေးခဲ့ရှာပါလားလို့ စိတ်မကောင်းစွာဖြစ်မိလိုက်ပါတော့တယ်။
ဖိုးသာချိုလေး တစ်ယောက် စံမမှီသောမန်ကျည်းစေ့ကလေးလို...သူ့ဘ၀ကိုရုန်းကန်ရင်း အသက်ရှင်နေထိုင်ရင်းနဲ့ပဲ လူပီသအောင်ဆောင်ရွက်သွားခဲ့လို့
တော်ဝန်စံမမှီပေမဲ့....တန်းဆင့်ဆင့်မှီသောလူသားလေးလို့ တင်စားလိုက်ချင်ပါတယ်နော်။
ကျေးဇူးတင်ပါသည်။ဆက်လက်ကြိုးစားပါမည်။
ရွှေပန်းချီ (11-2-13) 12း00။