- ဘဝ သံသရာ သီချင်း နားထောင်ရင်း အတွေးတစပေါ်ရ်ုဖေါ်ပြလိုက်ပါသည် ။ ယနေ့ ဖြတ်သန်းလျောက်လှန်းနေသော ဘဝဘဝ အသီးသီးတို့ တွင်ရှုပ်ထွေးလှသော ဘဝဒုက္ခမျိုးစုံနှင့် သားရေး သမီးရေး ကြီးပွါးရေး စီးပွါးရေး လူမှုရေး တဦးကိုတဦး ရိုင်းပင်းကူညီထောက်ပံ့ပေးကမ်း လှူဒါန်းခဲ့မှူအစုစုတွင် ကုသိုလ် အကုသိုလ် မကွဲပြားဘဲ ဘဝဇာတ် ထွေ သံသရာ ခွေမှ လွတ်မြောက်စေရန် ရည်ညွှန်းလျက် သိသလောက် ဖေါ်ပြလိုက်ပါသည် ။ ရူပ်ထွေးဖုံဖုံ လောကီဘုံဝယ် အယူမျိုးစုံဘာသာမျိုးစုံ လူမျိုးစုံနဲ့  ဒုက္ခမျိုးစုံ ချမ်းသာစုံနဲ့  ဘဝလုံးစုံ အညံ့မခံဘဲ လောကဓံ တရား ကြံ့ကြံ့ခံကြ ။ . ချစ်ခြင်း မုန်းခြင် ဆင်းရဲချမ်းသာ . ထွေလီ များပြား အိုလူသား . လောဘဒေါသ မောဟကိုယ်စီ . မာန်မာနတရား များစွာတို့ ဖြင့် . ဘဝအသီးသီး အလွှာသီးသီးမှ လူသားအားလုံး ရုန်းကန်ကြလော့ ။ လောကီပညာ ချမ်းသာဆင်းရဲ လောကီဂုဏ်လဲ ချမ်းသာဆင်းရဲ . လူသားအားလုံး လမ်းဆုံးမသိ ကိုယ်ကျိုးနဲ၏ ။ . . သံသရာမှထွက်ရပ်လမ်းကို ကြိုးစားရှာပြိး ဖွေရှာကျင့်မှ တော်ကာကြ၏ ။ . လောကီတာဝန် ထမ်းဆောင်ရင်းနဲ့  . လောကုတ်ပညာ ရအောင်ကြိုးစား . သံသရာအတွက် လမ်းမှန်လျောက်လျှက် . ကုသိုလ်လဲရ ဝမ်းလဲဝ၏ ။ . . ခုချိန်မှစ လောကုတ်တရား . ဖွေရှာပြီးသော် မှတ်သားနာယူ . ကျင့်ကြံမူက ကူးပြောင်းဘဝ ကောင်းရာရောက်၏ ။ . မမေ့တရား မေ့လျော့ပါက . ခံစားဝေဒနာ ရရှိချိန်တွင် . ခိုင်လုံတရား မရှိငြား နောင်တရမည်တည်း ။ . . ဇရာဗျာတိ နှိပ်စက်ဧကန် ခံရပြန်သော် . သတိတရား မရှိငြား ထိပ်လန့် ကြုံမည်တည်း ။ . မရဏခံတွင်း ဆင်းသက်နီးချိန် . မျက်ဝန်းအိမ်မှ တသွင်သွင်စိးကျ နောင်တရ ဂတိမှားမည်နည်း ။ . . မမေ့တရား မေ့ကာထား နောင်တရမည်တည်း..................။ . စိတ်ထုံမွှေ့ လျော် အာရုံပေါ် နောက်မျော်တွေ့ လေတည်း................။ . အားကိုးရှာသော် ဘုရားပေါ် ကံတူပေးလေတည်း....................။ . ဘဝဇာတ်ဆုံး ချုပ်လေသော် တမလွန်ရောက်လေတည်း..................။ . ...................။..........................။..........................။ . အမှားများလည်းထောက်ပြဝေဖန်ညွန်ပြပေးပါရန်....နှင့် . သိသလောက်တင်ပြအပ်ပါသည်.....................................လေးစားစွာဖြင့်
↧
နူးညံ့သိမ်မွေ့  မြင့်မြတ်သောလမ်း
↧