စိတ်ဝင်စားစရာစာကြောင်းလေးတစ်ကြောင်းအတွက် အစပျိုးလိုက်ပါတယ် ဖတ်ကြည့်ပါ ဝေဖန်ပါ ပြန်မေးပါနော်
ဖေဖော်ရီဝါရီ (14)ချစ်သူများနဲ့ မတိုင်မီ ကောင်လေးတစ်ယောက်က လောကမှာ မထူးခြားပဲဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်တဲ့ အချစ်သစ်တစ်ခုကို ရှာတွေ့သွားတယ်( အချစ်ဟောင်းလည်းရှိချင်ရှိခဲ့မှာပေါ့) ကောင်လေးက ကောင်မလေးကို ကောင်မလေးရေ I Love You. တဲ့ ကောင်မလေး ကတော့ ပုံမှန်ဖြစ်နေကျ ရှေးရိုးအတိုင်း အချိန်ဆွဲနေ တဲ့ အနေနဲ့ ဖေဖော်ဝါရီ (14) ရက် ချစ်သူများနေ့ကိုချိန်းလိုက်တယ် အဲ့ဒီနေ့မှာတော့ ဧဒင်ဥယျာဉ်ထဲကို ကောင်လေးကရောက်သွားတယ် ဒါပေမယ့်ကောင်မလေးကိုမတွေ့ရဘူး ထိုင်ခုံလေးမှာ စိတ်ပျက်ပြီးထိုင် နေတဲ့အချိန် ဘေဘီလေးတစ်ယောက် သူ့ရှေ့ရောက်လာတယ် အကိုကြီး အမကပေးခိုင်းလို့ တဲ့စာရွက်လေးတစ်ရွက်ပေး သွားတယ် ကောင်လေးကကောင်မလေးပေးတာဆိုပြီးစာရွက်ကို ဖွင့်ကြည့်လိုကတော့ ကောင်လေးကလက်မှိုင်ကျပြီးခေါင်းငုံ့သွားတယ်
ဘာဖြစ်နိုင်မလဲ ? ကြည့်ကြရအောင်
အဲဒီစာရွက်လေးမှာရေးထားတာကတော့
ခဲနဲ့ပေါက်ခံရသော ခွေးတစ်ကောင်ဟာ လိုဗွီလို့ အော်ပြီး ရူးသွားတယ် ဆိုတဲ့စာသားလေးဖြစ်နေတယ်
ဒါပေမယ် ကောင်လေးကအဲဒီစာသား အဓိပ္ပါယ်ကို နားမလည်ဘူးဖြစ်နေတယ်
ကဲ သူငယ်ချင်းတို့ ကောင်လေးကို ၀ိုင်းစဉ်းစား ပေးလိုက်ကြပါအုံး နောက်နေ့ကျတော့အဖြေပြောကျပေါ့နော်
တာ့တာ
မှတ်ချက်။ အဖြေ က သိုးဆောင်း ရဲ့(သူ....ဘယ်သူလဲ) မှာရှိပါတယ် သူငယ်ချင်းတို့
စိတ်ဝင်စားမယ်ထင်ပါတယ်