T0 day is Valentine’sday?
ငါသိသလောက် ငါမြင်သလောက်ပြောရရမယ်ဆိုရင် ဖေဖ၀ါရီ(၁၄)ရက်နေ့ဟာ ဘာသာမတူအယူဝါဒကွဲသူတို့အဆိုအရ ဘုန်ကြီးခေါ်သော(valen)လူတစ်ယောက်သေချင်းဆိုးနဲ့သေတဲ့တနေ့ မငြိမ်းချမ်းသောမီးတစ်တောက်တခုနဲ့ လောင်မြိတ်ခဲ့တဲ့မီးစာ မီးတောက်တွေကြောင့် မငြိမ်းချမ်းသောစိတ်ဓာတ်တွေနဲ့ သေရသူပါ အဲဒီနေ့ကိုယ်တောင် ချစ်သူများနေ့တဲ့လား? သမိုင်းကြောင်းကိုတွေ့အောင်ရှာ အမှား/အမှန် ယုံကြည်သင့် မယုံသင့် လက်ခံသင့် လက်မခံသင့်ဆိုတာ ဥာဏ်ရှိသူတိုင်းဝေဖန်ဆုံးဖြတ်သင့်ပါပေတယ် (valen)ဆိုတဲ့ဘုန်ကြီးတပါးကပေါင်းစပ်ပေးလိုက်လို့ သူတို့နှစ်ယောက်ပေါင်းစည်းသွားလို့ မိမိနှစ်ယောက်ကွေ့ကွင်းခြင်းမှ ချစ်မဖြစ်ခြင်း ချစ်သူဖြစ်သွားအောင် ပေါင်းစည်းသွားအောင် တို့ဗုဒ္ဓဘာသာဝင်တို့အနေနဲ့(valen)ခေါ်သောဘုန်းကြီးကိုကိုးကိုယ်ကြတော့မှာလား သူ့ကိုကိုးကွယ်လို့ မင်းတို့ငါတို့ချစ်ခြင်းတရားဟာ ပေါင်းစည်းမှာတဲ့လား မြတ်ဗုဒ္ဓကကျမ်းဂန်တွေမှာအထောက်သာဓကနှင့်တကွဟောထားပါတယ် ပဋိသန္ဓေ နေရခြင်းသည်၊ဆင်းရဲခြင်း၏အကြောင်း။ဆိုးရွားအိုးမင်းရင့်ရော်ရခြင်းသည်လည်းဆင်းရဲခြင်း၏ကြောင်း။ ဖျားနာခြင်းသည်လည်း၊ ဆင်းရဲခြင်း၏ကြောင်း။ သေရခြင်းသည်လည်း၊ ဆင်းရဲခြင်း၏ကြောင်း။
မချစ်မနှစ်သက်သောသူနှင့်အတူတကွပေါင်းသင်းနေထိုင်ရခြင်းသည်လည်း၊ဆင်းရဲခြခြင်း၏၊ ဆင်းရဲခြင်း၏အကြောင်း။ချစ်လိုနှစ်သက်သောသူတို့နှင့်ကွေကွင်းကင်းကွာဖဲကြဉ်သေကွဲရှင်ကွဲခြင်းမပေါင်းသင်းရခြင်သည်လည်း ဆင်းရဲခြင်း၏အကြောင်း။ဟုဟောထားပါတယ်။ ရေ၌ဖြစ်သောကြာသည်ရွံ့နှင့်မကင်းအခြားသောပန်းစသည်တို့သည်ရေနှင့်မကင်းဖြစ်သကဲ့သို့ ချစ်ခြင်းတရားသည်လည်း။ရှေးဘ၀ပြုခဲ့ဘူးသောကံ ယခုမျက်မှောက်ဘ၀မှာအတူတကွပေါင်းသင်းနေထိုင်ခြင်းကြောင့်ရရှိအပ်သောအကြောင်းတို့ကြောင့်ချစ်ခြင်းတရားတို့သည်ဖြစ်ကုန်၏ဟုဟောထားပါတယ်။တစ်ယောက်ကိုတစ်ယောက် မေတ္တာချင်းနှီးနှောကာချစ်ခင်စုံမတ်တက်ကြပါတယ်ရှေးအကြောင်းမပါလို့ရင်ဖူးစာလို့တောင်မဆိုလိုပါဘူး၊ ဦးရာလို့တောင်ဆိုခြင်ပါတယ်၊အဘယ့်ကြောင်ဆိုသော်မန္တလေးနေထိုင်တဲ့လူတစ်ယောက်ဟာမန္တလေးသူနှင့် ရနိုင်သည်မကထိုနှင့်ဆက်စက်သောပက်ဝန်းကျင်အစားအသောက် အနေအထိုင် အမူအကျင့်ရိုးရာဓလေ့စသည်တို့သည် တံငါနားနီး တံငါ မုဆိုးနားနီးမုဆိုးဆိုသလိုဓလေ့သဘောတွေပါတက်ပါတယ်။ဓမ္မသဘောနှင့်နှီးနှောပြောဆိုမယ်ဆိုရင် ချစ်သူများနေ့ဆိုတာရစရာတောင်ရှိမှာမဟုတ်သလို သံယောဇဉ်တွယ်ကပ်နေတဲ့မင်းတို့ငါတို့မှာနှစ်ခြိုက်မှာမဟုတ်ပါဘူး။မိမိတို့ရဲ့ရိုးရာသဘောလောကီသဘောနှင့် နှိုင်းယှဉ်မယ်ဆိုရင်တောင် ချစ်သူများနေ့ဟာ မိမိတို့ရဲ့ရိုးရာဓလေ့ကိုမီမှာမဟုတ်ပါဘူး ဒဿနှင့်ရာမအချစ်ပြိုင် သမိုင်းမခိုင်လို့မတည်တာထားဦး မင်းကုသ ပပ၀တီ ကျန်စစ်မင်းသား ဗျတ္တလိုပန်းဆက်သမား စသောသိသလောက်မှတ်သလောက်ပြောရရင်ကြေကွဲစရာဇာတ်လမ်းတွေဟာ ချစ်သူများနေ့ကိုရှုံးနေတာလား?ထိုသို့သောချစ်သူတို့ကိုလည်းသနားသင့်ပါတယ်နော်၊ဘာမဟုတ်တဲ့ (valen)ဟာဒီလောက်စွမ်းခဲ့တာလားစဉ်းစားကြည့်နော် သမိုင်းကြောင်းကိုထောက်ဦးမှာလား ဖေဖ၀ါရီ(၁၃)ရက်နေ့ဆိုတာတချက်လောက်ကြည့်ပါဦး ငါတို့နိုင်ငံ ငါတို့လူမျိုး ငါတို့တိုင်းပြည် ငါတို့သာသာနာဘာသာဝါးမျိုးခဲ့သောလူတွေကိုဖယ်ထုက်ပြီး ငါတို့တိုင်းပြည်ငါတို့သာဘာသနာကိုပြည်လည်တည်ထောင်ခဲ့သောကမ္ဘာ့ခေါင်းဆောင်သာသနာ့ခေါင်းဆောင် ကြီးဗိုလ်ချုပ်မွေးနေ့ဆိုတာကော သိကြပါရလား?ဖေဖ၀ါရီ(၁၃)ရက်နေ့ဟာငါတို့ဗိုလ်ချုပ်မွေးနေ့ဆိုပြီး ဂုဏ်ပြုလုပ်တာမျိုးကောမသိကောင်းရော့သလား?သိလျှက်နှင့်သာကျော်နေခဲ့ကြတာလား?စဉ်းစားကြပါ။ အမှားကြာ/အမှန်ဖြစ်တဲ့လူဝတ္တရားတွေကတို့ရဲ့စိတ်ဓာတ်တွေကိုဝါးမျိုကုန်ပြီလေ။ အခုခေတ်လူတွေဆီမိမိကိုယ်တိုင်လာကြကလေးတို့ယနေ့ဟာချစ်သူများနေ့ဆိုပြီးကိလေသာပန်းဥယျာဉ်ထဲကိုလည်ပတ်ခဲ့မယ်ဆိုရင်ထိုသူသည်မိမိတို့ရဲ့မျိုးဆက်သစ်ရင်သွေးငယ်ကလေးများကိုမိမိတို့နိုင်ငံရဲ့ယဉ်ကျေးမှုအမွေနှစ် အရှက်အကြောက်တရားတို့ကိုမိမိကိုယ်တိုင်ဖုံးကွယ်ပေးရမည်ကိုမိမိကိုယ်ကဖျက်ဆီးရာရောက်နေပါတယ်။ဖေဖ၀ါရီ(၁၃)ရက်နေ့ဟာငါတို့ရဲ့ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဆိုပြီး မျိုးဆက်သက်ကလေးသူငယ်များကို မြန်မာမှကမ္ဘာသိအောင်ပြောပြလို့ကလေးသူငယ်များရဲ့စိတ်ဓာတ်ကိုမြင့်ပေးဖို့လိုပါတယ်။ ဗိုလ်ချုပ်ကတော့ပြောခဲ့ပါတယ် ကျွုန်ုပ်တို့ရဲ့အရင်းရှင်းပေါက်စလူတန်းစားအသိတွေကြောင့်လူထုစည်းရှုံးမှုအင်းအားကိုလည်းယုံကြည်ကင်းမဲ့ အားကိုးခြင်းကင်းမဲ့စေခဲ့တယ်လို့ပြောခဲ့ပါတယ် မှန်ပါတယ် ငါတို့ရဲ့မှန်ကန်သောစိတ်နဲ့မြင့်မြတ်သောစိတ်ထားတွေနဲ့တို့ရိုးရာ တို့သာသာသာနာကိုကိုစည်ပင်ပြန်ပွားအောင်လုပ်ဆောင်ဖို့လိုပါတယ် တခြားသောဗိုက်ရစ်ပိုးတွေတို့ဘာသာသာနာရဲ့မျိုးဆက်သက်ကလေးတွေဆီမ၀င်ရောက်အောင်ကာကွယ်ဖို့လိုပါတယ်။ဒီိဗိုက်ရစ်ပိုးဟာကြောက်စရာအကောင်းဆုံးဗိုက်ရစ်ပိုးတမျိုးပါ။မျိုးဆက်သစ်လူငယ်များနားလည်နိုင်ပါ စေ။(ဆက်လက်ဖေါ်ပြပါမည်)