အာဂယောင်္ကျား
အရက်ဆိုင်တစ်ဆိုင်တွင် သူငယ်ချင်း သုံးယောက် စကားပြောနေကြသည်။ နှစ်ယောက်က သူတို့ ၏
ဇနီးများအပေါ် အနိုင်ယူပုံများကို ကြွားဝါပြီးပြောဆိုနေကြသည်။ ကျန်တစ်ယောက်ကမူ ထူးထူး ခြားခြား
နှုတ်ဆိတ်နေတယ်၊ အချိန်အနည်းငယ်အကြာတွင် ကျန်တဲ့  နှစ်ယောက်အနက် တစ်ယောက်က
အဲဒီလူကိုမေးတယ် ''''' မင်းကရောဘယ်လိုလည်းကွ ၊ မင်းဇနီးကို ဘယ်လိုနည်းနဲ့  အနိုင်ယူသလည်း"""
"""အင်း ငါပြောပြပါမယ်ကွာ ၊ ညတုန်းက ငါ့ဇနီး ငါ့ ဆီကို လေးဘက်ထောက်ပြီးတောင်လာရတယ်ကွ""'
''''''ဟေ တယ်ဟုတ်ပါလားကွ ၊ နောက်ရောဘာဆက်ဖြစ်သေးလည်း ပြောပါအုံး """'
အဲဒီလူက အရက်ကို တစ်ငုံသောက်လိုက်ပြီး
"""ငါ့မိန်းမက ပြောသေးတယ်ကွ ၊ ရှင်သတ္တိ ရှိရင် ခုချက်ချင်းကုတင်အောက်က ထွက်ပြီး ကျွန်မကို
ယောင်္ကျားပီပီ တိုက်ခိုက်စမ်း ဆိုပြီး အတင်းဆွဲထုတ် တယ်လေ """"'
''''' ဟေ ဟားဟားဟား အဲလောက်တောင် မင်းကနိုင်တာကိုးးးးးးး""""
------------------------------------------------------------
စိုးရိမ်လို့ ပါ
ဆေးရုံမှာ ရောဂါကြီးသဖြင့်  လုံးဝမျှော်လင့်ချက်မရှိသော လူနာအဖြစ် ဆရာဝန်များက လက်လျော့ထားကြသော
ကိုမေတ္တာက ဇနီးသည်ကိုပြောပါတယ်။
''''' မိန်းမရေ မင်းငါ့အပေါ်မှာ တစ်သက်လုံး သစ္စာစောင့်ခဲ့ တဲ့ မိန်းမဖြစ်ချင်ဖြစ်ခဲ့မယ်။
သစ္စာဖေါက်ခဲ့တဲ့ မိန်းမဖြစ်ချင်ဖြစ်နိုင်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါမသေခင်ကလေးမှာ
ငါ့ကိုအမှန်အတိုင်းပြောပြပါလားကွာ ၊ အမှန်အတိုင်းသိသွားချင်လို့ ပါနော် ၊ မင်းငါ့
အပေါ် သစ္စာဖေါက်ခဲ့ဖူးသလားဟင် """
""""' အလိုတော် မတော်တဆ ရှင်မသေရင် ဘယ်လိုလုပ်မလည်း """"
သူငယ်ချင်းအားလုံးပျော်ရွှင်ပါေ
ကိုငွေစိုး ( ဟင်္သာတ )