(ဟေး ကျော်ထက် .... မင်းကောင်မလေးနဲ့ချိန်းထားတယ်ဆို ) (အာ အေးဟုတ်သားပဲ 7 နာရီတောင်ထိုးတော့မယ်
ငါလစ်ပြီကွာ နောက်မှတွေ့ မယ်) သူကမန်းကတမ်းထွက်ခဲ့ဖြစ်သည်။ကောင်မလေးဆိုပေမယ့် သူနဲ့က
အွန်လိုင်းမှာသာချစ်သူဖြစ်ခွင့်ရခဲ့သည့်အွန်လိုင်းချစ်သူပေါ့ နာမည်က “ ပျိုး ” ။ နောက်ကျလို့တော့မဖြစ် ဒီအချိန်လေးသူ့ ကို VZO
မှာတွေ့ ခွင့်ရတာ သူလက်လွှတ်မခံနိုင်ပေ။ပြီးတော့ စိတ်ကောက်တတ်သည့် သူမ အကြောင်းကိုလည်း သူသိသည်နေ၍လည်းပါသည်
စိတ်အခန့်မသင့်လျှင် သူမြင်ချင်သော မျက်နှာလေးမြင်ခွင့်မရပဲ ကုန်ဆုံးရမှာပင်။
တစ်ရက်မှာ ပျိုး ရေးထားတဲ့ကဗျာတစ်ပုဒ်အကြောင်းပြောဖြစ်ကြရင်း သူက ပျိုးကို
စကားပြေပုံစံလိုမျိုးပြန်ရှင်းပြခိုင်းမိသည်။ကဗျာနာမည်လေးက ချစ်သူသို့ …….. တဲ့။
ကိုယ့်အကြောင်းလေးများဖွဲ့ နွဲ့ ရေးထားတာလေးများပါမလားဆိုပြီး စောင့်နေမိတာ တော်တော်နှင့်ရောက်မလာတာနဲ့ သူမေးမိသည်
(ပျိုး..ပျိုးကဗျာကလည်း ချစ်သူသို့ဆိုပြီး ကိုယ်နဲ့ပတ်သတ်တာတစ်ခုမှလည်းမပါပါလား…)
(ဘာလည်း ပါ ပါ မပါ ပါပေါ့
ရှင်းပြခိုင်းလို့လည်း ရှင်းပြရသေးတယ် နားမထောင်ချင်လည်းမထောင်နဲ့တော့ နောက်လည်းလာမရှင်းပြခိုင်းနဲ့ )
(အာ !! ပျိုးရယ်အဲ့လိုလည်းမဟုတ်ပါဘူး ကိုယ်ပြောချင်တာကလေ ကဗျာလေးကချစ်သူသို့ ဆိုတော့
ကိုယ်နဲ့ပတ်သတ်တဲ့အကြောင်းအရာလေးများပါမလားလို့ ပါ စိတ်မဆိုးပါနဲ့ကွာနော်)
(မသိဘူး လူတွေကလေနည်းနည်းလေးလျှော့လိုက်ရင် ခေါင်းပေါ်တက်ချင်ကြတယ် တော်ပြီ နောက်ကိုဘာမှလာမပြောနဲ့တော့
ဖုန်းလည်းဆက်မလာနဲ့ ပျိုးကိုလည်းမချစ်နဲ့တော့ )
(ပျိုးရယ် ပျိုး ဒီလိုတော့ ကိုယ့်ကို စိတ်မကောင်းဖြစ်အောင်မလုပ်ပါနဲ့ကွာ တကယ်ဆို ကိုယ်ပျိုးကိုချစ်တယ်ဆိုတာ
ပျိုးရင်ထဲမှာ သိပြီးသားမဟုတ်လား ကိုယ့်ကိုရင်ပူအောင်မလုပ်ပါနဲ့ပျိုးရယ် ကိုယ်ခံနိုင်ရည်မရှိတာ ပျိုး အသိဆုံးပါ )
( ဒါပဲနော်ဖုန်းချလိုက်တော့မယ် !!! ) ... အေးစက်စွာ ဖုန်းချသွားသော သူမကိုမြင်ယောင်ရင်း ကျော်ထက် ခံစားရခက်စွာ
သက်ပြင်းမောအရှည်ကြီးကိုရှူထုတ်လိုက်မိသည်။သူနှင့်ဖုန်းပြောပြီးကထည်းက တစ်ညလုံးအိပ်လို့မပျော်နိုင်ခဲ့ပါ ပျိုး
စိတ်ပြေဖို့ အတွက်နည်းလမ်းတွေတွေးတောရင်း ရင်မောစွာ အလုပ်ရှုပ်နေခဲ့သည်။အချိန်တွေဘယ်လိုကုန်သွားသည်မသိ
ဖုန်းသံကြားလို့ကြည့်မိတော့ ပျိုး….. သူရင်တွေခုန်ပြီးဘာအကြောင်းအရာမှန်းမသိရသေးခင်ကိုပျော်သွားမိသည် ( ဟယ်လို !! )
(အင်း မအိပ်သေးဘူးလား ) (ကိုယ်အိပ်မပျော်ဘူး ပျိုးရယ် ပျိုးစိတ်ဆိုးတာကိုခံနိုင်ရည်မရှိတဲ့ကိုယ်လေ
ပျိုးစိတ်ပြေအောင် တောင်းပန်ဖို့နည်းလမ်းလေးတွေစဉ်းစားနေမိတာ) ( ရပါတယ် ဒီလိုပါပဲ အဟားးးးး !! ခုနတုန်းက စိတ်ညစ်လို့
မီးဖိုချောင်ထဲမှာ သန့်ရှင်းတွေလုပ်ပစ်လိုက်တာအခု ဘာမှမဖြစ်တော့ဘူး )(ကိုယ်တောင်းပန်ပါတယ်ပျိုးရယ်
ကိုယ့်ကိုတော့မမုန်းလိုက်ပါနဲ့နော် ) (အင်းအင်း.. ဒါပဲနော် ပျိုးဆွမ်းလောင်ရမယ့်အချိန်ရောက်ပြီ ) (အင်း ပျိုး Good morning ပါနော် )….
အကြောင်းအရာတစ်ခုကို ဘာရယ်မဟုတ်ပဲ စိတ်ဆိုးလွယ်ပေမယ့် စိတ်ပြေလည်းလွယ်တတ်ခဲ့တဲ့ ပျိုးကို သူလိုက်လျောညီထွေစွာ
ချစ်ခဲ့မိရင်းနဲ့ တစ်နေ့တစ်ခြားအချစ်တွေနက်ရှိုင်းလာခဲ့ပြီ…။
အချိန်ကာလတွေတဖြည်းဖြည်းရွေ့ လျားလာကြရင်း အခုနောက်ပိုင်းမှာ ပျိုးသူ့ အပေါ်အရင်ကလိုမဟုတ်တော့တာကို
သူတဖြည်းဖြည်းခံစားမိလာသည်။ပျိုးနဲ့စကားပြောဖြစ်ကြရင်လည်း ပျိုးစိတ်မပါသလို..၊ နည်းနည်းလေးမှ အတိမ်းအစောင်းမခံပဲ
စိတ်မကြည်မလင်ဖြစ်တာတွေ စိပ်လာခဲ့တယ်..။အရင်လို ညတိုင်းတွေ့ နေကြ Skype လည်း သူချက်ခွင့်မရတော့
အကြောင်းအမျိုးမျိုးနဲ့ရှောင်ဖယ်နေခဲ့ပြီ…။ပြီးတော့ ပျိုး ကျော့် ကိုချစ်ရဲ့လားလို့မေးရင်လည်း သူ့ ဆီက ချစ်တယ် ဆိုတဲ့
အသံလေးမကြားရတာအတော်ကြာခဲ့ပြီ (ပျိုး ကိုယ့်ကိုချစ်လား ပျိုး..ပြောပါကွာ ကိုယ်အရမ်းစိတ်ရှုပ်နေပြီ
မကြားရတာဘယ်လောက်တောင်ကြာနေပြီလဲကွာနော်) လို့ပြောမိတိုင်း (ပျိုးကို လာမအော်နဲ့နော် မပြောပါဘူး အလိုလိုမှ
စိတ်မကြည်နေတာနော် တော်ပြီ ..နောက်မှပြောတော့မယ် ဖုန်းချလိုက်တော့မယ် ဒါပဲ .. ) ဆိုပြီးပဲ ပြီးပြီးသွားတတ်သည်။ သူ
ဖုန်းကိုကိုင်ပေါက်ချင်စိတ်ဖြစ်မိအောင်ကို ခံရခက်သော်လည်းနောက်ဆုံးတော့ သူမကိုပဲအလျှော့ပေးလိုက်သည်သာ။
ထိုသို့ ပျိုးဘက်က သူမပြောချင်တာပြောပြီး ဖုန်းကိုချ ချသွားတိုင်း သူ့ ရင်တွေ ပြောမပြတတ်အောင်ကို ပူလွန်းသည်ဟု ထင်မိသည်။
သူ နာကျင်စွာပင်ပြုံးမိသည်။ ဒီဝေဒနာဆိုးမျိုးသူခံစားရသည်မှာ တစ်ကြိမ်နှစ်ကြိမ်မကတော့။
(အို!!! သူမ ဒီနေ့ပျော်သည်တဲ့ အမှတ်ရမယ့်နေ့ တဲ့လားးးး )
(ပျိုး ဘာတွေပျော်နေလည်း ကိုယ့်ကိုပြောပြပါလား .. ) (ဟင့်အင်း မပြောပါဘူး ဘာလို့ သိချင်နေတာလည်း )
(အော်ပျိုးရယ် ပျိုးနဲ့ပတ်သတ်တာပဲ ကိုယ်သိခွင့်ရှိမယ်ထင်လို့ မေးကြည့်မိတာပါ) (နေပါဦး ကျော်ထက် က ဘာမို့လို့လည်း ?? )
( ဟမ် ဘယ်လိုပြောလိုက်တယ် ပျိုး ကိုယ်က ဘာမို့လို့လည်း ဟုတ်လား အော်… အဲ့တာဆိုကိုယ်က ဘာလည်းဟင် ပျိုး )
(အင်းလေ ဘာကိုဘာရမှာလည်း လူလေ လူပေါ့ ဘာတွေလာမေးနေမှန်းမသိဘူး ) (အော်….ပျိုးရယ်………………….)
တစ်ညမှာတော့ Facebook စာမျက်နှာတွေမှာ သူမနဲ့ ပတ်သတ်တဲ့အရာလေးတွေကို လိုက်ကြည့်မိနေရင်း ငရဲပြည်ကိုရောက်သွားသလို
ခံစားမှုမျိုးနှင့်တိုက်တိုက်ဆိုင်ဆိုင်တွေ့ ကြုံလိုက်ရသည်။ ( ဟင် !! ဒါ … ဒါ …ဘာတွေလည်း..ပျိုး မင်းဘာတွေလုပ်နေတာလည်း….?? )
သူနားမလည်နိုင်စွာ စိတ်ထဲအကြိမ်ကြိမ်ရေရွတ်မိသည် ပြီးတော့ ပျိုးဆီကို သူဖုန်းခေါ်လိုက်သည်။( ဟယ်လို ပျိုး !!)
(အင်းကျော်ထက်ပြောလေ) (Facebook က xxx ရဲ့ wall မှာ ပျိုးပုံဘယ်လိုလုပ်ရောက်နေတာလည်း ပျိုးလုပ်ခွင့်ပေးထားတာလား )
( အင်း ဟုတ်တယ် ဒါနဲ့ ကျော်ထက်!! ဘာသွားရေးသေးလည်း ဘာမှမရေးနဲ့နော် ) (ဟားးး ဘာမှမရေးပါဘူး စိတ်ချပါ သူ့ ကိုဘာလို့
အဲ့လိုလုပ်ခွင့်ပေးထားတာလည်းပျိုး ကိုယ့်ကိုရှင်းရှင်းလင်းလင်းပြောပြပါလား သူနဲ့ပျိုးနဲ့က ဘာတွေလည်း )
(ဒီလိုပါပဲ ) ဖြေရှင်းမှုက မရေမရာတိုတောင်းလှသည်။ (ပျိုးကိုယ့်ကိုပွင့်ပွင့်လင်းလင်းပြောပါ ပျိုးနဲ့သူနဲ့ကဘာလည်း ချစ်သူလား)
(အင်း !! )တစ်လုံးတည်းသော ဖြေသံလေးက နား နားကိုကပ်ပြီး မိုးကြိုးပစ်ချလိုက်သလိုပါပဲ ရက်စက်လိုက်တာ ပျိုးရယ်…။
( ပျိုးကိုယ့်ကို အဖြေပေးထားပြီးတော့ကိုယ့်ချစ်သူဆိုတာ သူ့ ကိုပြောမပြထားဘူးလားပျိုးရယ်)
( အင်းပြောပြတယ် ကျော်ထက်က ချစ်တယ်ဆိုပြီး အဖြေတောင်းတော့ ပျိုးက ဒီလိုပဲ အင်း အင်းဆိုပြီး ဖြေလိုက်တာပါဆိုပြီးတော့ပါ)
သူဘာပြောရမှန်းမသိတော့ နားလည်းမလည် ။အော် ငါ့ဘ၀က လူရယ်စရာ ပြဇာတ်တစ်ပုဒ်ဖြစ်နေခဲ့တာပါလား..။
မြင်းကမလှုပ်ရင်တောင် ခုံကလှုပ်နေတဲ့ အခြေအနေတစ်ခုကို သူဆက်နားထောင်နိုင်စွမ်းမရှိတော့ သူ့ ဆီက
ချစ်ခွင့်ကိုရဖို့ ကိုယ်နဲ့ပတ်သတ်တာကိုတောင် သူဒီလောက်ထိချိုးချိုးနှိမ်နှိမ်သူတစ်ပါးရှေ့မှာရှင်းပြထွက်ခဲ့တာလား..။
အံကိုတင်းနေအောင်ကြိတ်ရင်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။
(ဒါဖြင့် ပျိုးကို မုန်းလိုက်ပါတော့ဆိုတဲ့ စကားနဲ့ပဲ ကိုယ့်ကို ထားခဲ့တော့မယ်ဆိုတဲ့ သဘောလား အစကထည်းက မချစ်ခဲ့ရင် ကိုယ့်ကို
ချစ်တယ်ဆိုပြီးဘာလို့အဖြေပေးခဲ့သေးလည်းပျိုးရယ် ) သူနာကျင်စွာပင် ဆိုဖြစ်သည် ။
လုပ်ရက်လိုက်တာပျိုးရယ် ။
(အဲ့တာ ကျော်ထက်ကို သံယောဇဉ်ရှိလို့ပေါ့ ပျိုးအနားမှာမရှိတော့မှာစိုးလို့ ကျော်ထက်ကို ပျိုးအဖြေပြန်ပေးခဲ့တာ )
( ဟုတ်လား ဒါဖြင့်အခု ပျိုးက ကိုယ့်ကိုမလိုတော့ဘူးပေါ့ အဲ့လိုလား ပျိုး..ပျိုး မမိုက်ဘူးကွာ )
ပက်စက်တဲ့စကားလုံးတွေပြောမိမှာစိုးသည်မို့ သူ့ကိုယ်သူ ထိန်းနေဖြစ်သည်။
ပျိုးကို သူအရမ်းချစ်သည်။
ပျိုး လှေနံနှစ်ဖက်နင်းတာပါလား…။
ဒီနေ့မှာ သူသာအတင်းအကျပ်ဖွင့်မမေးခဲ့ရင် လူပုံအလယ်မှာ ဘယ်အချိန်ထိ ရယ်စရာ ဘ၀မျိုးနဲ့ ရပ်တည်နေရဦးမလဲ ?? ။
ပျိုး ငါ့ကို ဒီလောက်ထိတော့မရက်စက်လောက်ပါဘူး…. ငါဘာဆက်လုပ်ရမလဲ….။
လုံးဝဖြစ်နိုင်ချေမရှိတော့သော်လည်း မျှော်လင့်ခြင်းကြီးစွာ သူရွတ်ဆိုမိသည်။
ပျိုးနှင့်သူ တစ်နေ့တစ်နေ့ ဖုန်းပြောဖြစ်ချိန်ကတော်တော်များသည်။မိုးလင်းကစလို့ အိပ်ရာဝင်သည်အထိသတိရလျှင်ရသလို
ပျိုးဆီဆက်ဖြစ်သည် ။အပြန်အလှန်ပို့ဖြစ်တော့မက်ဆေ့များကလည်းမနည်းမနော။
အခုတော့လည်း သူ့ ဘက်က မက်ဆေ့တွေ တစ်ပြုံကြီးပို့ထားသော်လည်း သူမဘက်က ပြန်စာမလာခဲ့။
မနက် ၅ နာရီခွဲ ၆ နာရီလောက်မှ ( kyaw htet , Pyoe 8 p nor :gm ) ဆိုသော
မက်ဆေ့လေးတစ်စောင်သာပို့ပြီး စက်ပိတ်သွားတတ်ခဲ့ပြီ။
သူ့ ဘက်က အသည်းအသန်ဖြစ်ကာ မက်ဆေ့တွေ တစ်စောင်ပြီးတစ်စောင်ပို့ခဲ့တာတောင် သူမက
ဂရုမစိုက်ဝတ်ကျေတန်းကျေမက်ဆေ့တစ်စောင်သာပြန်လာခဲ့သည်။
သို့သော်လည်း သူမမုန်းနိုင် ပျိုးဆီကို ညတိုင်းမက်ဆေ့တွေပို့ကာနှုတ်ဆက်မိသည် ။
တစ်ညမက်ဆေ့ပို့တော့ ချက်ချင်းပြန်စာရောက်လာခဲ့သည်။ စိတ်ညစ်လို့ ငိုနေသည်တဲ့ ။
ငိုနေတဲ့ ချစ်သူကို ရှေ့မှာထားပြီး ရင်မပူသောယောကျာ်းဆိုတာ ကမ္ဘာပေါ်မှာရှိမယ်မထင်။
( ဘာဖြစ်လို့ငိုတာလည်း ပျိုး ၊ ပျိုးဘာပြဿနာတွေဖြစ်နေတာလည်း ) လို့မေးတော့ ပျိုး က သူခံစားနေရတာတွေ
သူ ဖြစ်နေတာတွေကိုပြောပြသည် ။
ပျိုး မျက်ရည်စက်လက်နဲ့ငိုကြွေးနေတော့လည်း သူမကြည့်ရက်ပြန် ပျိုးစိတ်ချမ်းသာအောင် နှစ်သိမ့်ရင်းနဲ့ ပျိုးကို
တခြားသူဘက်ကိုမရောက်ရောက်အောင် ထင်ထင်ရှားရှားထပ်ပို့ မပေးလိုက်ရုံတမယ်ပဲ ကျန်တော့မယ်ထင်သည်။
တကယ်တော့ ရင်နာစွာနဲ့ နှစ်သိမ့်ပေးနေရတာကို ပျိုး သိနိုင်ပါ့မလား....။
ကိုယ့် ဘက်ကိုဆွဲယူချင်ပေမယ့် ၀မ်းနည်းငိုကြွေးနေတဲ့ သူမ ကိုယ်တိုင်က ကိုယ့်ဆီပြန်မလာချင်ပဲ တခြားသူအရိပ်အောက်မှာပဲ
နေချင်နေတာကို သူကြေကွဲနေချိန်မှာ မလုပ်ရက်ပဲ အကောင်းဆုံးနည်းလမ်းဖြစ်အောင် ရင်ဘတ်ထဲက မေတ္တာတွေနဲ့
ဖျောင်းဖျပေးနေမိတာပါ။
တကယ်ကိုလည်း သူ့ ကို ကိုယ့်ဆီပဲပြန်လာစေချင်တာပါ ကိုယ့်ဆီပြန်မလာချင်တဲ့ သူ့ကို
စိတ်မပျော်ရွှင်တာကိုတွေ့ရပြန်တော့သူနဲ့ထပ်တူဝမ်းနည်းမှုက ကိုယ့်နှလုံးသားကို စတေးဖို့သက်သက်ဖြစ်လာခဲ့တယ်။
သူမကလည်းပြောပါသည် ( ကျော်ထက်ဆီကိုလည်းဘယ်တော့မှပြန်မလာတော့ဘူး ) တဲ့လေ ။
(ပျိုး ကိုယ့်ကို အစကထည်းကအဖြေမပေးခဲ့ရင်ကောင်းမှာပဲပျိုးရယ် အခုတော့ ကိုယ်အရမ်းခံစားနေရပါပြီ )
လို့မက်ဆေ့ပို့မိသေးတယ် သူပြန်ပို့လာတာက အေးစက်စွာ… ( So sorry… )
ကျော်ထက်ဖုန်းကိုပစ်ပေါက်လိုက်ချင်စိတ်ပေါက်သွားသည်။မယုံကြည်နိုင်ခြင်းများစွာနဲ့ ရင်မှာမွန်းကြပ်နေသည်။
သေချာသည်က ပျိုးကို သူအရမ်းချစ်နေသည်ဆိုတာပဲဖြစ်သည်။
( So sorry…)ဆိုသော မက်ဆေ့တစ်စောင်ထဲဖြင့်အဆုံးသတ်သွားသော ဇာတ်လမ်းကိုသူရင်နာနာဖြင့် ဟက်ခနဲရယ်ဖြစ်သည်။
ရက်တိုစီမံကိန်းနဲ့ သူမကိုချစ်ခဲ့တာမဟုတ် နှစ်နဲ့ချီအောင်ချစ်ခဲ့တဲ့ သံယောဇဉ်တွေကို
လွယ်လွယ်နဲ့ဖြတ်နိုင်ဖို့ဆိုတာ ကျော်ထက်အတွက်ဘယ်လိုမှမတတ်နိုင်ခဲ့။
သူမက …… သူမ ကတော့ ………………??? ။
တကယ်ဆို သူမပြောသလို သူ့ကိုသာ သံယောဇဉ်အရှိဆုံးဆိုလျှင် သူ့ ကိုတောင်ပြောရက်ခဲ့သည့် စကားများကိုတစ်ဖက်လူကိုလည်း
သူမပြောထွက်သင့်သည်။ အခုကျတော့ သူ့ဘက်ကိုတော့ So sorry ဟုဆိုကာ တစ်ဖက်ကိုဆက်တွဲနေသည်တဲ့ ။
သူ့ ရင်တွေနာလွန်းလို့ မချိရယ်ပင် မရယ်ချင်တော့….။
သူ့နှလုံးသားတွေစုတ်ပြတ်သွားသည်ကို ပျိုးတစ်ယောက်သိမှ သိပါလေစ ။
မုန်းစိတ်နည်းနည်းလေးတောင်မပေါ်ပဲ နားလည်ခွင့်လွှတ်နေရင်း သူမစကားတွေကို လေးလေးစားစားလိုက်နာပေးနေရင်း
သူ့ ရင်တွေ တမြေ့မြေ့ တယိယိနှင့်နာကျင်မွန်းကျပ်နေသည်ကို ပျိုးတစ်ယောက် တွေးပင်တွေးမိပါလေစ ။
သူကြေကြေကွဲကွဲနှင့်ပင်အားယူကာ ဘာပဲဖြစ်ဖြစ် ပျိုးတစ်ယောက် စိတ်ရောလူပါ ကျန်းမာချမ်းသာနေပါစေဟာ လို့
သူဆုတောင်းပေးနေမိပါသည်။
ပျိုး တစ်ယောက်ပျော်ပါစေ…………………..။
" ပျိုး " ကိုဘယ်တော့မှ မမုန်းနိုင်မယ့်
ရင်ထဲက နင့်နေအောင်အရမ်းချစ်ရတဲ့
တစ်ချိန်က "......"