Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မြို့မေတ္တာ ခံယူတဲ့သားပေမို့

$
0
0

မြန်မာအင်တာနက်လောကမှာ.ဟိုယခင်ကတော့ ဘလော့လေးတွေလောက်သာ

ခေတ်စားခဲ့ရာကနေ..ယခုအခါမှာ

ဆိုရှယ်ဝက်ဆိုက်လေးးများ အသီးသီးပေါ်ပေါက်လျက်ရှိပါတယ်

ကျွန်တော်တို့ ရွှေမြို့တော်၊ Forever Friends ၊ mmflash soungs

ဧဒင်ဥယျာဉ် စသည်ဆိုက်များဆိုရင် အတော်အတန်ဆိုက်သက်ရင့်နေကြပါပြီ..

မင်ဘာအရေတွက်လည်း အားရစရာပါ..။

 

ဒီဆိုက်လေးတွေကို တည်ထောင်ပေးတဲ့ဆိုက်ပိုင်များဟာ..

သူ့ရည်ရွယ်ချက်နဲ့သူ ရှိကြပါတယ်..ပိုက်ဆံပေါလို့မထင်ပါနဲ့

ကျွန်တော်တို့ရွှေမြို့တော်ဆိုက်ဆိုရင်..ဆိုက်ပိုင် ကိုငြိမ်းရဲ့ တရားဝင်ပြောဆိုချက်အရ

သူရဲ့မူလရည်ရွယ်ချက်က ပြည်ပရောက်မြန်မာများ စုစုဝေးဝေးတွေ့ဆုံနိုင်ဖို့ပါ..

မြန်မာ Printed စာပေများရှားပါးတဲ့ နိုင်ငံခြားမှာအွန်လိုင်းပေါ်မှာ ပညာဗဟုသုတ ရှာဖွေဖို့

သူရည်ရွယ်ခဲ့တာပါ..ခုနောက်ပိုင်းမှ..ဆိုက်ရဲ့ရည်ရွယ်ချက်က ပိုမိုကျယ်ပြန့်လာတာပါ..။

 

ဆိုက်တွေမှာ..မန်ဘာအဖြစ် ၀င်ရတာ အလွန်မှလွယ်ကူလွန်းပါတယ်

အကောင့်ရှိတိုင်း ၀င်ရနေတာပါ..

လူတစ်ကိုယ်..မန်ဘာအမည်မျိုးစုံ နဲ့ဝင်ကြပါတယ်..အမျိုးသားအမည်..အမျိုးသမီးအမည်

နာမည်လှလှ..နာမည်ကိုက အယုတ်တမာ..စသည်ဖြင့်ပါ..

ရည်ရွယ်ချက်တွေလည်း အမျိုးမျိုးနေမှာပါ..။

 

တစ်ချို့ မန်ဘာများကတော့ စာပေကိုသာဇောက်ချရေးသား ဗဟုသုတဖြန့်ဝေတတ်ကြပါတယ်

တစ်ချို့ကတော့..စာပေရေးသားခြင်းထက် ဆိုက်ကိုကူတဲ့အနေနဲ့..လူသစ်ကြိုပေးကြပါတယ်

တစ်ချို့ကတော့..စာဖတ်ခြင်းသက်သက်..ကော်မန့်ပေးချင်ပေးမယ်..မပေးချင်မပေးဘူးပေါ့

တစ်ချို့မန်ဘာများကြတော့...ချက်ခန်းမှာ မွေ့လျော်တတ်ကြပါတယ်..

ဒါဟာ ဘယ်သူ့ဘယ်သူကမှ..ဘာလုပ်ဘာလုပ် ပြောခွင့်မရှိတဲ့အခွင့်အရေးပါ..။

 

မန်ဘာများရဲ့ စည်းကမ်းတကျ လွတ်လပ်သောအခွင့်အရေးကို

ဘယ်အက်မင်ကမှ ထိပါးလို့မရပါ..သွားထိရင်..ထိတဲ့အက်မင်အပြစ်ပါ

Printed Media နဲ့ Online Media ကွာတာက..

Online Media ကအထိအရှ ပိုမိုမြန်ဆန်ပါတယ်..ကော်မန့်ဘောက်ရှိနေတာကိုး

ပို့စ်တစ်ပုဒ်အတွက် ဝေဖန်မှုက ချက်ချင်းတင်လို့ရပါတယ်..။

 

ပိုဆိုးတာက..လူအများစကားပြောခန်း..ချက်ဘောက်ပါ

မိမိစိတ်ကို ထိမ်းသိမ်းတတ်သူရော..အထိန်းကွပ်မဲ့သူရော

လူကြီးလူကောင်းဆန်သူရော..စိတ်ဓါတ်တရားလွန်နိမ့်ကျသူရော

မိန်းမလျာ..ယောက်ကလျာ..စုံနေတာပါ..

နေညိုချိန်..အပုပ်ချိန်မှ အွန်လိုင်းတက်သူတွေ..

ညပိုင်းအလုပ်ဆင်းရင်း..အွန်လိုင်းတက်သူတွေ..

ချက်ဘောက်မှာ..ဂိုဏ်းဆန်ဆန်ဖွဲ့..တစ်ချို့က တစ်ဦးတစ်ယောက်ကို

ဆရာကြီးတင်..

“ ဆိုက်ကို..ဟက်လိုက်လို့ရတယ်..” ..

အို...စုံတကစေ့လို့ပါ..။

 

ဒီရက်များဆို..ကျွန်တော်တို့ ရွှေမြို့တော်မှာရော..တခြား နာမယ်ရဆိုက်တွေမှာရော

လူတစ်ချို့ကို..တွေ့နေရပါတယ်..ရည်ရွယ်ချက် ရှိရှိနဲ့ ချက်ဘောက်တွေမှာ

လိုက်လံနှောက်ယှက်နေတာပါ..

သူတို့က..အွန်လိုင်းမှာ..၀ါနုသူတွေတော့မဟုတ်လောက်ပါ

ဆိုက်တွေမှာ..နှစ်အတော်တန် ကျင်လည်နေခဲ့သူများ ဖြစ်ပုံရကြပါတယ်

အကောင့်ပေါင်းများစွာနဲ့ ဆိုက်တွေမှာ..ကြိုတင်နေရာ ယူထားပီးမှ

အုပ်စုလိုက် အချိန်ကိုက်..လာနှောက်ယှက်တတ်ကြတာပါ..။

 

ဒီဆိုက်မှာ..ညစ်ညစ်ပတ်ပတ် ပြောလေ့ရှိတဲ့မန်ဘာတစ်ယောက်အကြောင်းကို

ဆိုက်အတော်များများမှာ..သူ့ရဲ့ IP address ကိုပါဖေါ်ပြလို့..

ဆိုက်တွေကို..အဲဒီလူလာရင် လက်မခံဖို့ ဖြန့်ဝေထားတာတွေ့ရပါတယ်..

သူက..ရွှေမြို့တော်မှာလည်း ရှိတဲ့သူပါ..။

 

စိတ်ဝင်စားရင်တော့..ရှာဖတ်ကြပါလေ..သူ့ဂုဏ်သိက္ခာငဲ့လို့.ဒါလောက်လေးပဲ

ရေးပါရစေ..

ရှိပါတယ်..ဒီဆိုက်မှာလည်း..

အက်မင်တွေကို..ရည်ရွယ်ချက်ရှိရှိ အရှက်ခွဲနေသူတွေ..

ချက်အက်မင်တွေကို..အပုပ်ချနေသူတွေ..

အက်မင်အကောင့်အတုနဲ့..ချက်ဘောက်မှာ..ပုံမှားရိုက်နေသူတွေ..

သူကတော့..ရီနေမှာပေါ့..ကျန်တဲ့မန်ဘာတွေကို အရူးလုပ်နေခွင့်ရလို့

သူတစ်ပါးကို..အရူးလုပ်တာ..ကောင်းတယ်ထင်လို့နေမှာပါ..။

 

စစ်တပ်မှာတော့..ဆိုရိုးစကားရှိပါတယ်..

“ အရာရှိမှားတာပဲရှိတယ်..ငယ်သားမမှားဘူးတဲ့..”

အမိန့်ပေးပိုင်ခွင့်ရှိတဲ့..အရာရှိရဲ့..အမိန့်တစ်ခုကြောင့် တပ်လုံးပြုတ်နိုင်တယ်လေ

စစ်တပ်မှာက..

 

ဆိုက်တွေရဲ့သဘောက..အမိန့်နဲ့နေကြတာမဟုတ်ပါဘူး..

အက်မင်ရော..မင်ဘာပါ ဆိုက်ပိုင်ချမှတ်ထားတဲ့ စည်းကမ်းဘောင်အတွင်းနေကြရတာပါ

ဆိုက်ပိုင်က သူပိုက်ဆံအကုန်ကျခံထားတဲ့ဆိုက်လေ..

အက်မင်ဆိုတာလည်း..၀မ်းရေးတွက်အလုပ်လုပ်နေကြရတာပါ

အားလပ်ချိန်လေး..ဆိုက်တွက်အပြေးလွှား ဆောင်ရွက်နေရတာပါ

မင်ဘာဆိုတာက..ဆိုက်ထဲဝင်ချင်လဲရ..မ၀င်လို့လည်းအပြစ်ဆိုသူမရှိ

အက်မင်ဆိုတာက နှစ်ရက်လောက် သာထန်ကုန်ဆိုက်ကခွာလို့ရတာပါ

ဒါတောင်..ပိုက်ဆံမရတဲ့အလုပ်ပေမဲ့ အချင်းချင်း မျက်နှာချိုသွေး ခွင့်တိုင်ရပါသေးတယ်

ဆိုက်ထဲရောက်ပြန်တော့..ပို့လာတဲ့စာမူတွေသာ သက်သက်သာသာချပေးနေရင်

အချင်းချင်းက.. “ စာတွေကဗျာတွေဖတ်..ကော်မန့်ပေးအုန်း..လူသစ်ကြိုအုန်း..”

အဲလိုလေးတွေက ရှိသေးတယ်..

အက်မင်ဆိုတာ..ဆူးနှစ်ဖက်ကြားက ဘူးသီးပါ

“ အက်မင်ဖြစ်လို့..မင်ဘာဘ၀ မမေ့နဲ့..”

အထင်နဲ့အမြင် တခြားစီပါဗျာ..။

 

အထူးသဖြင့် အက်မင်များနဲ့ ချက်အက်မင်များကို ရည်ရွယ်ချက်ရှိရှိ

ပုဂ္ဂိုလ်ရေးထိပါးလာတာတွေ တွေ့လာရပါတယ်

ဆိုက်ကိုမကြိုက်လို့..ထွက်ချင်ပါတယ် ဆိုပြီး..ထွက်တဲ့သူတွေလည်းရှိကြတာပါ..

ကျွန်တော် ဆိုလည်း သူ့လက်အောက်မှာ မနှစ်သက်လာရင်ထွက်မှာပါ..

ထွက်ပြီးမှတော့..ဂုဏ်သိက္ခာရှိရှိနေမှာပါ..

အကောင့်တစ်မျိုးနဲ့ ပြန်ဝင်..နှောက်ယှက်တာတော့မလုပ်ပါဘူး..

 

ဒုတိယကမ္ဘာစစ်တုန်းက..

အင်္ဂလန်ဝန်ကြီးချုပ်ရုံးခန်းလား..ဘုရင်မကြီးရုံးခန်းလားတော့မမှတ်မိ

ချိတ်ဆွဲထားတဲ့ ကမ္ဘာမြေပုံမှာ..ဂျာမဏီမြေပုံကို ကွက်ပီးလှီးဖြတ်ထားပါသတဲ့

ကျွန်တော်လိုလူကတော့..မကြိုက်ရင် လှည့်ကိုမကြည့်ပဲနေမှာ

အများ စိတ်ဆင်းရဲအောင် မလုပ်ချင်..

အများပို့တဲ့..မေတ္တာဆိုတာ..ထိတတ်ပါသဗျာ..

 

မိမိကိုးကွယ်ရာ..ဘာသာတရားနဲ့လည်း မနီးစပ်နေတဲ့နေရာဒေသဆိုရင်..

ပိုလို့တောင်သတိထားသင့်ပါတယ်..

 

ကျွန်တော်တို့ရွာက..ဆိုင်ကယ်စီးသရမ်းတဲ့ ကာလသားလေး

သူက ဘယ်သူ့မှလူမထင်ဘူးလေ..

တစ်ရွာလုံးက..မေတ္တာပို့ကြတယ်..

“ ဆိုင်ကယ်ရယ် မှောက်လိုက်စမ်းပါ..သေစမ်းပါစေ..” တဲ့

 

တယ်မကြာပါဘူးဗျာ..သစ်ပင်နဲ့ဝင်အောင်း..ခုတော့ အောက်ပိုင်းသေနေလေရဲ့..

မေတ္တာပို့မိသူတွေတောင်..စိတ်မကောင်းကြပါ..။

ဆိုက်ထဲ..လူမမြင်ရလေခြင်းဆိုပြီး..ချက်ခန်းမှာ..သောင်းကျန်းတာလည်း..ကြည့်သောင်းကျန်းကြပါ

မြို့မေတ္တာခံယူတဲ့သားပေမို့…ရွှေမေတ္တာတော်တွေ..စူးရောက်နေပါ့မယ်ဗျာ..

 အားလုံးတွက်..မေတ္တာများစွာဖြင့်

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>