ကျွန်တော်ကရေသန့်မှာ မန်နေဂျာပေါက်စဆိုတော့ ဟေ့ကောင်ရန်ကြီး ပြောမှာသာပြောကွာ လေရှည်မနေနဲ့ ..ကျွန်တော်ကောင်မလေးတစ်ယောက်ကို ချစ်မိနေပြီဗျာ.. ချစ်မိနေပြီဟုတ်လား..ဟေ့ကောင် မင်းအကြောင်းကိုမေးနေတာနော်..သီချင်းဆိုခိုင်းနေတာမဟုတ်ဘူးကွ...သောက်ထားတဲ့အချိန်လေးရ လာတော့ နှစ်ယောက်သားဘုနဲဘောက်ဖြစ်ကုန်ကျတာပေါ့ဗျာ..
ရေဘူးပို့ရတဲ့အလုပ်ရလည်းမချောင်ဘူးဗျ...နေ့စဉ်အော်ရငေါက်ရနဲ့လူလည်း အော်ငေါက်ကြီးလုံးလုံးဖြစ်နေရတယ်လေ..ဒီလိုနဲ့တစ်နေ့မှာပေါ့ ကောင်မလေးတစ်ယောက်ကိုသတိထားမိတယ်ဗျ...သူကအလုပ်တော်တော်လုပ်နိုင်တဲ့မိန်းကလေးတစ်ယောက်ပေါ့ဗျာ..မြင်ဖန်များလားတော့ သူ့ကိုစိတ် ၀င်စားမိတယ်ပေါ့ဗျာတိုတိုပြောရရင် သူ့ကိုချစ်မိပြီဗျာ...ကျေးဇူးရှင်ကစကားကိုရပ်ထားပြီးစည်ဘီယာခွက်ကို ကောက်ကိုင်ရင်းတစ်ကျိုက် မော့လိုက်ပါသေးသည်..ပြီးမှ တစ်နေ့မှာပေါ့ဗျာ..ဂျာလေး ဂျာလေး..ခေါ်သံတော့ကြားမိသလိုဘဲဗျ ဒါပေမဲ့ကျွန်တော် စာရင်းတွေကို ဆက်လုပ်နေမိတယ် အဲ့ဒီမှာ ကျွန်တော်ချစ်နေတဲ့ကောင်မလေး အနားကိုရောက်လာပြီး ပြောတယ်...ဆရာ ကျွန်မခေါ်နေတာမကြားမိဘူးနဲ့တူတယ်...အော်အင်..ပြောလေ...
အပြင်ခဏသွားပြီးဖုန်းဆက်ချင်လိုပါဆရာ ..ဒီမှာဆက်လည်းရတယ်လေ..ရပါတယ်ဆရာ အိမ်သားအတွက် မှာစရာလေးကျန်သွားလို့ပါရှင်... ဆရာကိုခွင့်လာတောင်းတာပါ..အေလေ...မြန်မြန်တော့လာပေါ့ကွာ ဂျာကြီးသိသွားရင်မကောင်းဘူး....အဲ့ဒီမှာကတည်းက ကျွန်တော်သိဖို့ကောင်းတယ်ဗျာ....ဘာဖြစ်လို့လည်းကွ ကျွန်တော်စကားဖြတ်ပြောလိုက်မိသည်။ဘာဖြစ်ရမလဲဗျာ သူ့ကိုကျွန်တော်စိတ်ဝင်စားနေတာကို သူကလည်းရိပ်မိတယ်..နောက်တော့သူကတမင်ရှောင်နေတယ်ပေါ့ဗျာ..ဒါပေမဲ့ ပတ်ဝန်းကျင်းကတော့ သိတဲ့အတိုင်းပေါ့ဗျာ ကျွန်တော့်ရှေ့မှာမပြောရဲပေမဲ့ ကွယ်ရာမှာတော့ ပြောကျမှာပေါ့......သူလည်းဒါကိုကြာမိတယ်ထင်ပါရဲ့ဗျာ..မနေ့က ရုံးဆင်းတော့ သူ့အိမ်ကို ကျွန်တော့်ကိုခေါ်တယ်ဗျ.. ဟားဂွင်တည့်တာပေါ့ကွ..ဘာတည့်ရမလဲဗျာ ကျွန်တော့်စကားဆုံးအောင်နားထောင်ပေးပါအုံးဗျာ..အေးပါကွ ပြော ဆက်ပြော..ကိုယ်စိတ်ဝင်စားနေတဲ့ကောင်မလေးက သူ့အိမ်ကိုအလည်ခေါ်တော့ ဘယ်ပြောကောင်းမလဲဗျာ ....အိမ်ရောက်မှ ရောဂါစတော့တာဘဲ..
ညီလေးရေ ဘီယာတစ်ခွက်လောက်..ဟေ့ကောင်နှစ်ယောက်လာတာငါ့အတွက်လည်းမှာအုံးလေကွာ..သိဘူးလေ ခင်ဗျားမူးနေပြီလားလို့ ..ဟား...
ကိုပေကြီးနဲ့အပြိုင်သောက်လာတာပါကွ..သူတောင်ငါ့ကိုအရုံးပေးရသေးတယ်..ပါးစပ်ကသောက်အောက်ကပေါက်မို့တဲ့ဟဲဟဲ...
နှစ်ဦးသားခွက်ကိုကိုင်သောက်ရင်း..ဆက်ပြောကွာ ကောင်းခန်းရောက်နေပြီ...အိမ်ထဲရောက်တော့...ဂျာလေး ဒါကျွန်မအမျိုးသားလေ..ကိုကျော်နိုင်တဲ့ ဟုတ်ကဲ့..ကျွန်တော်ရန်မျိုးနိုင်ပါ..စိတ်တွေထွေနေရင်းနဲ့ သူ့ကိုလက်ဆွဲနှုတ်ဆက်လိုက်တဲ့အခါမှာတော့ အော် ကျွန်မအမျိုးသားက မျက်စိကွယ်နေတယ် ဗျာ...ကျွန်တော့်အံ့သြသွားမိတယ်..ဂျာလေးကိုမပြောပြထားမိဘူး..ရပါတယ် အားနာရမှာက ကျွန်တော့်ပါဗျာ....
အဲ့ဒါပါပဲ ကိုဖက်ရာ...
ဟာမင်းဟာကလည်း ၀မ်းနည်းရမှာလားငိုရမှာလားကွာ..ဟီးဟီးဟီး...
ကျွန်တော့်ကိုယ်ကျွန်တော့်တော်တော်လေး ရှက်မိတယ်ဗျာ..ပြန်လာခဲ့တဲ့လမ်းတွေပေါ်မှာ မြေကြီးနဲ့ခြေထောက်ထိမိလားဆိုတာကိုတောင် ကျွန်တော် မမြင်နိုင်တော့ဘူးဗျာ...မိန်းမတစ်ယောက်ရဲ့သစ္စာရှိမှုကို ကိုယ်တိုင်မြင်လိုက်ရသလိုမျိုး ခံစားရတယ်ဗျာ..ကျွန်တော်မငိုချင်ဘူးဗျာ...မငိုချင်ဘူး ဟီးဟီးဟီး...
အဲ့ဒီလိုမျိုးမိန်းမတွေလည်းရှိကျသေးတာကိုကွ....ဟားဟားဟာ...ကျွန်တော်လည်းရင်ထဲကနေရယ်လိုက်မိပါတော့သည်။
မီး...မီး.....မီး...ဗျို့ မီးတဲ့ဟ ရန်ကြီး.. ပိုက်ဆံရှင်းပြီးတာနဲ့ အပြေးအလွှားသွားနေသူတစ်ယောက်ကိုလှမ်းမေးလိုက်ပါတော့သည်..နောင်ကြီး ဘယ်အိမ်ကလည်းဗျ...ရပ်ကွက်.......အိမ်အမှတ်.....ကတဲ့ ဗျာ...နှစ်ယောက်သားပြေးသွားမိတာကတော့...မိမိတို့နေထိုင်ရာ အိမ်လေးထံသို့.....
မြင်ကွင်းကတော့ ..မီးခိုးတွေ အူးထွက်နေပြီး အသားတိုအသားစများယိမ်းယိုင် နေပြီး မီးသွေးကတောင်အဖေခေါ်ရလောက်အောင် ဖြစ်ပျက်သွားတဲ့ အိမ်လေးတစ်လုံး.....၀မ်းနည်းလို့ကျတဲ့မျက်ရည်ကို မြေသို့မကျခင် လျှာနဲ့သက်ရင်း နှစ်ယောက်သားအော်မိလိုက်တာကတော့...
သွားပါပြီဗျာ...သွားပါပြီ မိန်းမယူဖို့စုဆောင်းထားတာလေးတွေတော့ ကုန်ပါပြီဗျာ....
ဟိုအကြောင်းဒီအကြောင်းလေးတွေပါ...စာဖတ်သူများလည်းစိတ်ညစ်လို့နေလောက်ပါပြီလေ...
ရေးချင်တာတွေကတော့အများကြီးဘဲဗျာ ဒါပေမဲ့ သူငယ်ချင်းတွေရဲ့ခွင့်ပြုချက်လေးတွေသာရမယ်ဆိုရင်တော့ ပတ်ဝန်းကျင် မှာဖြစ်နေတဲ့အကြောင်း အရာလေးတွေ အလုပ်ထဲမှာဖြစ်နေတဲ့အကြောင်းအရာလေးတွေကို ရေးချင်ပါသေးတယ်...
ဖက်တီး
နေပူတော်
ပျဉ်းမနားမြို့