အားလုံးမေ့လို့ ရရင် ကမ္ဘာပျော်စရာကြီးပဲ............... အားလုံးမေ့ လို့ ရရင် အရာရာ အဆင်ပြေသွားမယ်..................... မြူနှင်းတွေ ဖုံးလွှားနေတဲ့ မနတ်ခင်းလေးမှာ ခက်ဝေးဝေးက လွင့်ပျံလာတဲ့ "ဒိုးလုံး" ရဲ့ သီချင်းသံဟာ ဖြတ်ခနဲ သူဦးနှောက်ကို စိုးမိုးသွားခဲ့သည်။ တကယ်ပဲ အရာအားလုံးကို မေ့ လို့ ရခဲ့ရင်တောင် ဘယ်လိုမှ မေ့ ပစ်လို့ မရတဲ့ အကြောင်းအရာလေး တစ်ခုတော့ သူထံတွင်ရှိနေခဲ့သည်..............။ ။ ။
ပြီးဆုံးခဲ့သည့် နေ့ ရက်တွေကို တမ်းတရင်း ရေခြားမြေခြားသို့  ရောက်နေသော သူငယ်ချင်းကိုလည်း လွမ်းမိပြန်သည်.......။ အရင်တုန်းက (သူ) မင်းဇာနည် ၊ လင်းအာရုံ ၊ မောင် ၊ လင်းထိုက် ဆိုတဲ့ အချစ်ဆုံး သူငယ်ချင်း (၄)ယောက်ဟာ............ ဆိုးတူကောင်းဘက် အမြဲတမ်းရှိနေခဲ့ပေမယ့် ဘဝရဲ့  အနာဂါတ်အတွက်ဆိုပြီး သူတို့ အားလုံးကို ထားခဲ့ပြီး လင်းအာရုံက ...... ဒေသသစ်တစ်ခုဆီသို့  ထွက်ခွာသွားသည်................။ ။ ။
နေမင်းကြီးထွက်လာတာကို ငေးကြည့်ရင်း အချစ်ဆုံးသူငယ်ချင်းလေး ထွက်ခွာသွားတဲ့ အရပ်ဘက်သို့  မျှော်လင့်ချက်အပြည့်နဲ့ ငေးကြည့်မိပြန်သည်......။ အရင်လိုဆုံစည်းဖို့ အတွက် မလွယ်ကူနိုင်ပေမယ့် ဟိုး...တုန်းကလို သူတစ်ယောက်တည်း မိုးပေါ်လက်မြှောက်ပြီး ဆုတောင်းပေးနေမိသည်။ (အထူးသဖြင့်) လင်းအာရုံအတွက်ပေါ့....... (မင်းရဲ့  စိတ်ကူးယဉ်အိမ်မက်တွေတွေကို လက်တွေ့ ဘဝမှာ အကောင်အထည်ဖော်ဆောင်ပြီး အောင်မြင်မှုများစွာကိုပွေ့ ပိုက်လို့  ငါတို့ ဆီကို မြန်မြန်ဆန်ဆန်ပြန်လာနိုင်ပါစေ သူငယ်ချင်းရယ်....)။
လမ်းမပေါ်ရောက်နေသော သူနံဘေးမှ ဖြတ်လျှောက်သွားတဲ့ ချာတိတ်သုံးယောက်ရဲ့  စကားသံတွေကြောင့် အတိတ်က ပုံရိပ်တွေကိုသတိရမိပြန်သည်.......။
TV ဂိမ်းကစားတက်ကြသော သူတို့  သူငယ်ချင်းတွေရဲ့  နေ့ ရက်ကို အရင်တိုင်းပြန်လိုချင်ပေမယ့် အခုအချိန်မှာတော့မဖြစ်နိုင်သေးပါ...........။
ညလယ်ဘက် လက်ဖက်ရည်ဆိုင် ထိုင်တဲ့သော သူတို့ ကို မှတ်မိနေသော ပိုင်ရှင်အစ်ကိုကြီး သူတစ်ယောက်တည်းဝင်ထိုင်မိတဲ့သူကို လှမ်းမေးသည်။ (မင်းသူငယ်ချင်းတွေမပါဘူးလားတဲ့) ................. အလွမ်းတွေကို ပွေ့ ပိုက်လို့  သူ.............. ခေါင်းသာ ခါပြနိုင်ခဲ့သည်...........။ ။
သူငယ်ချင်း လင်းအာရုံ ရေ........................ မင်းမှတ်မိဦးမလား မြူနှင်းနဲ့ ညဘက်မှာ ငါတို့ ဘီယာသောက်ပြီး အော်ဆိုခဲ့တဲ့ သီချင်းတွေအကြောင်း........... မင်းရဲ့  ဂစ်တာသံလေးကိုအရင်ကြားချင်နေပြီ သူငယ်ချင်းရယ်..........။
မင်းမရှိတော့ ငါတို့ နေ့ ရက်တွေက ဘီယာသောက်ဖို့ လည်းမေ့နေတယ်............။ ဂိမ်းကစားဖို့ လည်းစိတ်မဝင်စားသလို ညနက်နက်တွေထဲလမ်းလျှောက်ဖို့ ယောင်တောင်တောင်ဖြစ်နေကြပြီ သူငယ်ချင်းရယ်..............။
( ပျော်တွေကြား အပျော်တွေများကာအပေါင်းအသင်းတွေ မင်းမေ့ နေပြီလား ဒီမှာတို့ တွေ မင်းအကြောင်းများပြောဖြစ်နေတာ.......... မမေ့ လွယ်တဲ့ငယ်အိမ်မက်တွေ မင်း...အခုရှာတွေ့ ပြီလား........ ဘာတွေဖြစ်ဖြစ် (ဘာတွေဖြစ်ဖြစ်ပေါ့လေ.......) တို့ တွေကိုမင်းမမေ့ ရင်ပဲကျေနပ်ပါတယ်.................နေ့ တိုင်းပဲ အိုး...အို ညတိုင်းပု အိုး........အို မင်းရဲ့ သတင်းတွေမဟောင်းနိုင်သေးပါ .နေတိုင်းပဲအိုး.အို ညတိုင်းပုအိုး........အို မင်းအကြောင်းများပြောဖြစ်နေတာ.......... နေ့ တိုင်းပဲအိုး.အို ညတိုင်ပဲအိုး.......အို မင်းပြန်လာမဲ့နေ့ ရက်ကိုတို့ တွေစောင့်လို့ နေတာ မင်းသာ.............မင်းပဲ မင်းကြောင့်တာမင်း တစ်ယောက်တည်းအလုပ်ရှုပ်နေတာ...................................။
ကော်ဖီတစ်ခွက်နှင့် သီချင်းသံတွေကြား စီးမျောနေသောသူသည် ဆောင်းဘောက်ထဲမှ အပြင်သို့  တိုးထွက်လာသော လင်းလင်းရဲ့  အသံကြောင့် သူ၏ လွမ်းဆွတ်မှု့  မီးက ဟုန်းဟုန်းတောက်လာသည်။ သီချင်းလေးထဲကလို အချစ်ဆုံးသူငယ်ချင်း လင်းအာရုံကို တိုးတိုးလေး ပြောပြချင်သည်...........။
(တစိမ်းဆန်တဲ့ တစိမ်းတွေကြားးမှာ မင်းစိတ်များမဝေဝါးပါနဲ့ မဆုံးနိုင်တဲ့ အောင်မြင်မှုတွေ ပိုက်ထွေးပြီး မင်းဝမ်းသာပါစေ သူငယ်ချင်းရယ်.....................။ ။
သားကြီးရေ............. အနာဂါတ်မှာလှပတဲ့အိပ်မက်တွေပိုင်ဆိုင်ဖို့  အခုလက်ရှိ မင်းခန္ဓာကိုယ် သွေးတွေပုံမှန်လည်ပတ်နေဖို့ လိုတယ်နော်................... ငါပြောတာရှင်းလား? (ရေခြားမြေခြားမှာ ကျန်းမားရေးကု အထူးဂရုစိုက်)...........................။ ။
ည၏ အေးစက်စက်လေပြေများက သူ၏လွမ်းဆွတ်တမ်းတ ပူလောင်မှု မီးတွေကို ခဏသာလေးဖြစ်ဖြစ် အေးချမ်းအောင် မစွမ်းဆောင်နိုင်သေး........... ဖြတ်သွား ဖြတ်လာများကိုငေးကြည်းရင်း အသဲကွဲတိုင်း မုန့် တွေ ဗိုက်အဝစားတက်ပြီး..... ပုံမှန်ထက်မျက်ခွက်ပြောင်တက်သော လင်းအာရုံကို မြင်ယောင်လာသည်..........။
မဖြစ်နိုင်မှန်း အသိစိတ်က သိနေပေမယ့် လူရှုပ်သောနေရာများတွင် ဘယ်အချိန်မှာများ "မင်းဇာနည်ရေ......"လို့  အော်ခေါ်ပြီးလင်းအာရုံတစ်ယောက် ပြေးလာမလဲလို့  မသိစိတ်ထဲမှာ မျှော်လင့်နေမိပြန်သည်...............။
အရူးတစ်ယောက်လို လူတွေကြား သူငယ်ချင်းကိုရှာဖွေမိသောနေ့ ရက်တွေက များသထက်များလာသည့်တိုင်အောင် အခု အချိန်ထိ "လင်းအာရုံ"ကို သူတို့ ရှာလို့ မတွေ့ သေး.....................။ ။ာ။
သူတို့ အကြောင်းကိုသိနေကြသောအပြင်လူ တစ်ချို့ က မေးကြသည့်အလါတိုင်း ဘာပြန်ပြောရမှန်း မသိသော သူတို့ ကို မေးသူကပင် ပြန်လည်လို့  နှစ်သိမ့်ပေးရသောသူတို့ အဖြစ်ကိုတွေးမိတိုင်းပြံးမိရပြန်သည်...............။
ONE DAY ONE TIME ဆိုသလို တနေ့ တချိန်မှာတော့ သူတို့ ဆီကို "လင်းအာရုံ" ပြန်ရောက်လာမဲ့ နေ့ ရက်ကို အချိန်တွေတိုင်း မျှော်လင့်နေကြမှန်း အဝေးရောက်နေသူ :လင်းအာရုံ"တစ်ယောက် သိစေချင်သည်.......။ ။ ။ ။
ငြင်းမရသော လူတချို့ ကြောင့် မလွှဲသာမရှောင်သာ ဘီယာသောက်ရသော အခါများတွင် သူငယ်ချင်း "လင်းအာရုံ" ရဲ့  စကားသံတွေကိုကြားယောင်လာသည်......။ "ဘီယာသောက်တိုင်း နောက်ဆုံးတစ်ခွက်ကို ငါဘယ်တော့မှ မသောက်ဘူး အဲဒီနောက်ဆုံးတစ်ခွက်ကြောင့် အမူးလွန်ပြီးမှောက်သွားနိုင်တယ်တဲ့ "............ သူငယ်ချင်းရယ်.......... ငါလည်း မင်းလိုပါပဲကွာ.................။
အပြင်မှာ ဖြစ်ပျက်ခဲ့သမျှကိစ္စတိုင်းကို အိမ်တံခါးအဝမှာပဲ ထားပစ်ခဲ့တဲ့ ငါတို့ ကြောင့် မိဘတွေစိတ်မဆင်းရဲခဲ့ရသလို သား သမီးတွေအပေါ်ထားတဲ့မိဘမေတ္တာကြောင့်တွေးပူပြီး စိတ်ချမ်းသာမယ်လို့ မထင်ဘူး...........။ "လင်းအာရုံ"ရေ.............. မိဘတွေစိတ်မဆင်းရဲစေအောင် ရပ်ဝေးမြေခြားမှာ ကောင်းကောင်းနေနော်..............။
လူတွေသတ်မှတ်ထားတဲ့ အောင်မြင်မှု ကျရှုံးမှုတွေကြား ငါတို့ ဘဝတွေလည်း အတက်အကျမမှန်ခဲ့ဘူးနော်........... မင်းပြန်လာလို့  အောင်မြင်မှုတွေပိုက်ထွေးပြီး ပြန်လာသည်ဖြစ်စေ....... ကျရှုံးမှုတွေကြောငိ့် ခေါင်းငုံပြီးပြန်လာသည်ဖြစ်စေ............ မင်းဟာ............... ငါတို့ ရဲ့  အမြဲတမ်းသူငယ်ချင်းကောင်းတစ်ယောက်ပါပဲကွာ............။
"လင်းအာရုံ"ရေ...................... မင်းမမေ့ သေးဘူးထင်ပါတယ်........ အပျော်လွန်ပြီး သေမင်းဘေးနား ငါတို့် နှစ်ယောက်ရောက်သွားတာတောင် အလွတ်ရုန်းလို့  ရရဲ့ သားနဲ့ တစ်ယောက်နဲ့တစ်ယောက်ငဲံပြီး အလွတ်မရုန်းပဲ တစ်ယောက်ကိုတစ်ယောက် ပြန်အားပေးခဲ့တဲ့အချိန်လေးကို အခုချိန်မှာ ပြန်တွေးမိတိုင်း ကြည်နူးစရာလေးပါပဲကွာ......................... (ဒီစာကို မင်းဖက်နေရင်း ပြုံးနေမှာမီနေမှာပါ)......................။
နေ့ ရက်တွေတိုင်း အချိန်တွေတိုင်း ပျော်ရွှင်ပါစေလို့  တောင်းဆုခြွေရင်း ဒီစာလေးကိုအဆုံးသက်လိုက်ပါ..........။။။
မင်းကိုဘယ်တော့မှာ မမေ့တဲ့ သူငယ်ချင်းများ.................