လွှတ် = ဆုတ်ကိုင်ထားမှုမရှိ လွှတ်ချထားခြင်း
တော် = သာလွန်ခြင်း ကောင်းမွန်ခြင်း မြင့်မြတ်ခြင်း
ဆုတ်ကိုင်ထားမှုမရှိခြင်း လွှတ်ချထားခြင်းဆိုတာ အတ္တ တရားကို စွဲယူမထားခြင်းပါ မည်သည့်အတ္တ၀ါဒမျိုးမဆို နက်နဲသယောင် ၊ သိမ်မွေ့သ
ယောင်ရှိသောလည်း ၊ ၄ ထိုအတ္တ ၀ါဒကိုစွဲကိုင်ထားရင် စွဲယူသူသည် ပြသ်သနာအမျိုးမျိုးကိုဖန်တီးလျက် နောက်ဆက်တွဲအားဖြင့်
ပူဆွေးခြင်း ငိုကြွေးခြင်း ၊ ကိုယ်ဆင်းရဲခြင်း ၊ စိတ်ဆင်းရဲခြင်း ၊ ပြင်းစွာပင်ပန်းခြင်း ၊ စသောဆင်းရဲမှုအပေါင်းကို ကိုတိုင်လည်းခံစားရပြီး
ကိုယ့်ပါတ်ဝန်းကျင်ကိုပါ ကူးဆက်လောင်မြိုက်စေသည် ။ အတ္တပြင်းထန်လာလျှင် ငါ့ပစ္စည်း ငါ့ဂုဏ် ငါ့ရာထူး ဆိုတဲ့ အတ္တနိယ တရားတွေ
ကြီးစိုးလာပြီးလူတော်မဖြစ်နိုင်တော့ပေ
သာလွန်ခြင်းကောင်းမွန်ခြင်းဆိုတာ မေတ္တာ = မိခင်သည် တစ်ဦးတည်းသော သားကိုချစ်သကဲ့သို့ ခပ်သိမ်းသော သတ္တ၀ါအပေါင်းတို့အား
ခွဲခြားမှုမရှိဘဲ အကန့်အသတ်မရှိသော ချစ်ခြင်းမေတ္တာ စေတနာဖြင့် တစ်လောကလုံးမပေါ်ထားရှိခြင်း
ကရုဏာ = ဒုက္ခ ဆင်းရဲနှင့် ကြုံတွေ့နေရသော ပူဆွေးသောကရောက်နေရသော စိတ်ဒုက္ခခံစားနေရသော သတ္တ၀ါအပေါင်းအား
သနားကြင်နာ ကရုဏာ ဖြစ်ပွားခြင်း
မုဒိတာ = သူတစ်ပါး ကောင်းစားခြင်း အောင်မြင်ခြင်း ပျော်ရွှင်ခြင်း စီးပွားတက်ခြင်း တို့ကို နှစ်သက်ဝမ်းသာ ဂုဏ်ယူဝမ်းမြောက်ခြင်း
ဥပေက္ခာ = ဘ၀ရဲ့ အနိမ့် အမြင့် ပြောင်းလည်း ဖြစ်ပျက်ဖောက်ပြန်မှုတွေနဲ့ကြုံတွေ့လာရင် တည်ငြိမ်အေးဆေးစွာ ရင်ဆိုင်နိုင်ခြင်း
ဒီတရားတွေလက်ကိုင်ထားနိုင်မှ တော် တော့မှာပေါ့ ဒါကြောင့် အတ္တနဲ့ အတ္တနိယ ကိုမ လွှတ် ဘဲ နဲ့ ဗြဟ္မ၀ိဟာတရား မကိန်းနိုင်ပါဘူး
အဲဒီလိုမကိန်းနိုင်သေးသသမျှ ဘယ်တော့မှ မ တော် နိုင်ပါဘူ စရှုသူအပေါင်း လွှတ်တော် လူကြီးတွေဖြစ်ကြပါစေ။