Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ရုတ်တရက်လေဖြတ်ခံရသော လူနာကို သွေးဖောက်ပြီးအမြန်ကယ်ဆယ် ပြုစုကုသနည်း

$
0
0

သက်ရှိသတ္တ၀ါမှန်သမျှသည် အသက်ရှိကြပြီး ကျန်းမာရေးနှင့် ပတ်သက်၍ ရောဂါဝေဒနာများ အနည်းနှင့်အများ တွေ့ကြုံခံစားကြရမည်မှာ မလွဲမသွေ ဖြစ်ပါသည်။ တချို့ ရောဂါဝေဒနာများမှာ ကြိုတင်သိရှိနိုင်ပြီး ပြင်ဆင်ဆောင် ရွက်၍ ရသော်လည်း တချို့ သောရောဂါများမှာ ရုတ်တရက် ဖြစ်ပေါ်လာ၍ အချိန်မှီ ကုသရန် အခက်အခဲ ဖြစ်တတ် ပါသည်။ ထိုသို့ဖြစ်လာပါက အရေးပေါ်ကုသခြင်းများကို ပြုလုပ်ရန် လိုအပ်ပါသည်။ အရေးပေါ်ကုသမှုဖြင့် ခဏထိန်း ထားပြီးမှ သက်ဆိုင်ရာ ဆေးရုံသို့ ပို့ဆောင်ကာ ထပ်မံကုသရာတွင် အထောက်အပံ့ဖြစ်၍ အသက်ဘေးအန္တရယ်မှ ကင်းဝေးမည်ဖြစ်ပါသည်။ ရုတ်တရက်တွေ့ကြုံနိုင်သော ရောဂါဝေဒနာများအတွင်းမှ ရုတ်တရက် လေဖြတ်ခံရသော လူနာနှင့်ပတ်သက်၍ တွေ့ကြုံရပါက သက်ဆိုင်ရာဆေးရုံသို့ မရောက်မှီ ကုသ၍ ရနိုင်သော ကုသနည်းတစ်ခုအား သိရှိနိုင်ပါရန် မျှဝေပေးလိုပါသည်။ ယင်းနည်းစနစ်မှာ “ ပထမ အရေးကြီးဆုံးအချက်မှာ လေဖြတ်သောလူနာကို ဧည့်ခန်း၊ ရေချိုးခန်း၊ အိမ်သာခန်း စသည်ဖြင့် မည်သည့်နေရာတွင်ပင်ဖြစ်စေ ဖြစ်သောနေရာမှ ရွှေ့ ပြောင်းသယ်မ ခြင်း လုံးဝမပြုလုပ်ရပါ။ ထိုသို့ ချက်ချင်းရွှေ့ ပြောင်းသယ်ဆောင်လာမိက ကားဆောင့်ခြင်း၊ လှုပ်ရှားခြင်း ဒဏ်များ ကြောင့် ဦးနှောက်သွေးကြောလေးများကို ပို၍ လျင်မြန်စွာ ပေါက်ကွဲစေပြီး လူနာ၏ အခြေအနေကို ပိုဆိုးစေပါသည်။
ထို့ကြောင့် လူနာကို မည်သည့်နေရာသို့မျှ ရွှေ့ ပြောင်းခြင်းမပြုလုပ်ပါနှင့်။ လူနာအား ဖြစ်ပွားသည့်နေရာ၌ပင် အသာ ထူမပေးပြီး ပြန်လဲမကျစေရန် အသာမှေး၍ ထိုင်စေရပါမည်။ လူနာကိုယ်တိုင် မထိုင်နိုင်ပါက ဘေးမှ လူတစ်ဦးက အသာမှေး၍ ထူပေးထားပါ။ ထိုသို့ ထူမပြီးပြီးချင်း ပိုးသတ်ထားသော ဆေးထိုးအပ် သို့မဟုတ် မီးကင်ထားပြီးသော လက်ချုပ်အပ် ထိပ်ဖျားဖြင့် လူနာ၏ ဘယ်ဘက် လက်ချောင်းထိပ်ဖျားအားလုံးကို (ပဲစေ့ခန့်) သွေးတစ်စက်စီထွက် လာအောင် ဖောက်ပေးပါ။ သွေးစက် ပဲစေ့ခန့် ထွက်မထွက် ခေတ္တ စောင့်ကြည့်ပါ။ အကယ်၍ သွေးမထွက်ပါက သွေးထွက်လာအောင် လက်ဖြင့် ညှစ်ထုတ်ပေးပါ။ လက်ချောင်းတိုင်း သွေးတစ်စက်စီ ထွက်သွားပြီး မိနစ်ပိုင်း အတွင်း လူနာပြန်လည် သတိရလာပါလိမ့်မည်။ အကယ်၍ လူနာပါးစပ်ရွဲ့ သွားပါက လူနာ၏ နားရွက်နှစ်ဖက်ကို နီလာသည့်တိုင်အောင် လက်ဖြင့် ပွတ်ဆွဲပေးပါ။ နီလာပါက နားရွက်အောက်ပိုင်း နားဖောက်သည့်နေရာ၌ ပိုးသတ် ထားသော အပ်ဖြင့် တစ်ဖက်နှစ်ချက်စီ ဖောက်ပေးပါ။ နားရွက်နှစ်ဖက်လုံးမှ ပဲစေ့ခန့် သွေးနှစ်စက်စီ ထွက်လာပြီး မိနစ်ပိုင်းအတွင်း ပါးစပ်ရွဲ့ ရာမှ ပြန်တည့်သွားပါလိမ့်မည်။ ထိုလူနာပုံမှန်အခြေအနေသို့ ရောက်အောင် စောင့်ပြီးမှ ဆေးရုံသို့ လူနာကိုပို့စေပြီး ဆေးကုသမှုခံယူပါ။ ယခုကဲ့သို့ ရှေးဦးစွာ ပြုစုပြီးမှ ဆေးကုသမှုခံယူစေပါက အကြော သေခြင်း၊ ကိုယ်တစ်ခြမ်းသေခြင်း၊ ခြေလက်လှုပ်မရခြင်း၊ စကားမပီသခြင်းတို့မှ ကင်းဝေးစေပါသည်။
ဤနည်းမှာ လက်တွေ့ပျောက်ကင်းသက်သာစေသော အရေးပေါ် ကုသနည်းဖြစ်ပါသည်။ လေဖြတ်ခြင်းဝေဒနာမှ ကင်းဝေးစေရန် စေတနာဖြင့် ကုသိုလ်ပြုခြင်း ဖြစ်ပါသည်။ ယင်းနည်းစနစ်သည် တရုတ်ပြည်၌ ကုသနေသောနည်းမှ ဘာသာပြန်ဆိုထား၍ မိတ်ဆွေတစ်ဦးထံမှ သိရှိရပါသဖြင့် အများပြည်သူများမှ ရုတ်တရက် လေဖြတ်ခြင်း ခံရသော ဝေဒနာသည် တစ်ဦးတစ်ယောက်အား တွေ့မြင်ကြုံတွေ့ရပါက လတ်တလော ရှေးဦးသူနာပြု ကုသနည်းကဲ့သို့ လူနာကို သွေးဖောက်ပြီး အမြန်ကယ်ဆယ်ကူညီပေးနိုင်ရန် မျှဝေပေးလိုက်ရပါသည်။
၂၀၁၃ ခုနှစ် ၊ဇန်န၀ါရီလ ၁၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှ ကူးယူဖော်ပြပါသည်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>