Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878
♥★ထီလာသားကိုကညွှတ်နွယ်နှင့်အင်တာဗျုးခြင်း♥★
$
0
0
Divider Scraps and Graphics
မင်္ဂလာပါရှင်
ချစ်သူမြို့ တော်ရဲ့  အင်တာဗျူး အစီအစဉ်လေးကို စောင့်မျှော်နေသူ
မန်ဘာများအတွက်ဒီတခါအလှည့်ကျသူက
ထီလာသားလေးကိုကညွှတ်နွယ်ပဲဖြစ်ပါတယ်ရှင်
♥★ ရှင်းသန့်မေမေး၍
        ♥★ကိုကညွှတ်နွယ်(ထီလာ)ဖြေသည်
Divider Scraps and Graphics
Divider Scraps and Graphicsကိုကညွှတ်နွယ်ရေမင်္ဂလာပါရှင့်ရွှေမြို့တော်အင်တာဗျူးကဏ္ဍလေးအတွက်အင်တာဗျူးလေးမေးချင်လို့ပါရှင်။
ဘာပဲဖြစ်ဖြစ် ကျွန်တော့ကို အခမဲ့  ကြော်ငြာပေးသလိုဖြစ်မှာဆိုတော့ အတိုင်းမသိ ဝမ်းမြောက်
မိတယ်ဗျ။အဲတော့၊ မေးစေဗျားးးးးးးး။
အကိုနာမည်နောက်က(ထီလာ)ဆိုတာအကိုဇာတိကိုပြောတာလားရှင့်။
အင်တာဗျူးတာတင်မဟုတ်ပဲ၊ ဗေဒင်လည်းကျွမ်းတာပဲနော်။ အားကျတယ်ဗျာ။့း)
အကိုကညွှတ်နွယ်ဆိုတဲ့နာမည်ကိုဘယ်လိုစိတ်ကူးနဲ့ပေးဖြစ်တာလည်းရှင့်။
 ကျွန်တော့ကလောင်နာမည်ကို မေးမှ မေးပါ့ မလားလို့ ။( မမေးလည်း ဇွတ်ဖြေဖို့ စိတ်ကူးရှိပြီးသား)
ဘာလို့ လဲဆိုတော့။ ကျွန်တော့နာမည်က မိန်းကလေးဆန်နေသလားမသိဘူးဗျာ။ ခဏခဏမိန်းကလေးထင်ပြီး လာလာ "ဟိုင်း" ကြတာ။ ဟုတ်ကဲ့ ခင်ဗျ။ ကျွန်တော် ကညွတ်နွယ်ပါခင်ဗျ။
ဘာညာ ဆိုပြီး ယောင်္ကျားလေးမှန်းသိအောင် အရိပ်အယောင် ပြလိုက်မှ လစ်လစ် သွားကြတာ။
(ခိခိ)
"ကောက်ရိုးနွယ်" ဆိုတဲ့  စာကို  "ဆရာကြီးဇေယျ" ကရေးခဲ့ ပါတယ်။ အဲဒီစာကို ကျောင်းမှာတုန်း
က သင်ရိုးမှာပါလို့ သင်ခဲ့ ရပါတယ်။ လယ်ကွင်းပတ်ကြားအက်ထဲက ကောက်ရိုးနွယ် ကလေးနဲ့  လယ်သူမလေး တို့ အကြောင်းကိုယှဉ်ရေးပြထားတာပါ။အဲဒီအချိန်တုန်းကတည်းက "ကောက်ရိုးနွယ်" ဆိုတဲ့ အသုံးလေးကိုကြိုက်နေခဲ့ တာ။ အခုလို မတောက်တခေါက် စာရေးတော့မယ်ဆိုတော့ ကလောင်နာမည်ပေးချင်လာတယ်လေဗျာ။ အဲတော့ သူ့ အတိုင်းလည်း မိတ္တူမကူးချင်တော့ "ကညွတ်နွယ်" လို့ ပေးဖြစ်လိုက်ပါတယ်။နောက်တစ်ချက်က ကညွတ်ပင် ဆိုတာ အမြင့်တစ်တောင်သာသာ လေးနဲ့  သက်တမ်းတိုအပင်မျိုးပါ။တို့ စရာအဖြစ်စားစား၊ သုတ်ပဲစားစား၊ ကြော်ပဲစားစား အရမ်းကောင်းပါတယ်။ ဆီးချိုရောဂါကိုထိန်းပေးသလို ၊ လူ့ ခန္ဓာ ကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်လို့  လည်း
သိခဲ့ ဖူးပါတယ်။ အဲတော့ ဝါသနာကြောင့် စာရေးတော့မယ့်  ကျွန်တော်ဟာ အဆိပ်အတောက်ဖြစ်စေမယ့် 
စာမျိုးတွေကို သတိထားပြီး ရှောင်ရှားစေလိုတဲ့ အတွက် ကျွန်တော့ကိုယ်ကို ကျွန်တော် အမြဲ
သတိထား မိစေဖို့  ဒီ "ကညွတ်နွယ်" ဆိုတဲ့ နာမည်ကို ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာ။
အကိုရဲ့ မွေးရပ်မြေနဲ့ ယခုလက်ရှိနေထိုင်နေတဲ့ နေရပ်လေးသိပါရစေရှင်။
 မွေးရပ်မြေကတော့ အစက ပြောခဲ့ သလို မိတ္ထီလာမြို့ ပါ။ လောလောဆယ်တော့ အတည်တကျ
ဘယ်မှာမှ မနေဖြစ်သေးပါဘူး။ အလုပ်သဘာဝအရ ကြောင့်ပါခင်ဗျ။
အကိုအသက်လေးကိုသိပါရစေရှင့်(သေမင်းမသိအောင်တိုးတိုးပြောနော်စတာနော်စိတ်မဆိုးနဲ့):D
 ဟိုက်၊ အဲဒါမှဂွကျပြီ၊ ကျွန်တော်က မှတ်ပုံတင်ထဲမှာတောင် အသက်လိမ်ထားတာဗျ။
 လဝက နဲ့  ပြဿနာမတက်ချင်ဘူးဗျာ။ ပြီးတော့၊ သေမင်းက နားပါးတယ်ဗျ။(ခိခိအနော်ပါဘူးနော်)
အကိုရဲ့ အကြိုက်ဆုံးအရာလေးတွေ ဥပမာ- အစားအစာ၊ အရောင်နဲ့ ၀ါသနာပါတာလေးတွေကိုလည်း ပြောပြပေးပါအုံးရှင်။
အစားအစာကတော့ သစ်သား ကို အရသာရှိအောင် ချက်ပေးမယ်ဆိုရင် ၊ ဝါးလို့ လည်းလွယ်အောင်
 (နူးအောင်) ချက်ပေးမယ်ဆိုရင်တောင်မှ စားတတ်တာမို့  အကုန်ကြိုက်ပါတယ်။ ;p(တိန်ဖလားဖလား)
 အရောင်ကတော့ အဖြူ နဲ့ အပြာ ရောင်ကို ကြိုက်ပါတယ်။ ဝါသနာပါတာကတော့။
(အဲ၊ ဘာမှတော့ဖြစ်ဖြစ်မြောက်မြောက် မရှိဘူးနော်)(တော်တော်ချီးကျုးထားတယ်နော်ကိုယ်ဘာသာခိခိ)
 စစ်တုရင်ထိုးတယ်၊ဘိလိယက်ထိုးတယ်၊ ဂစ်တာတီးတယ်၊ စာဖတ်တယ်၊ စာရေးတယ် ဒါပါပဲ။
 အဲဒါတွေထဲမှာ စာဖတ်ရတာကို အကြိုက်ဆုံးပါ။
အကို က အချစ်ဆိုတာကို ဘယ်လိုခံယူထားလဲ အကိုတွေ့ဘူးတဲ့ အချစ်က ဘယ်လိုမျိုးလဲ။။
ကိုယ်ချစ်တဲ့ သူပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ အချစ်မျိုးသာပဲ အချစ်လို့ ဆိုရမှာပါ။ ကျွန်တော်
 ကြုံဖူးခဲ့ တဲ့ အချစ်ကတော့ တစ်ယောက်နဲ့ တစ်ယောက် အစွမ်းကုန် နားလည်မှုပေးနိုင်စွမ်းတဲ့ 
 အချစ်မျိုးလို့ ပဲ ပြောရတော့မှာပေါ့ ဗျာ။(ပေးဆပ်တဲ့ချစ်ခြင်းပေါ့နော်)
ကျွန်တော်က ပန်းတကာ့ပန်းတွေထဲမှာ ခရေပန်းကို အကြိုက်ဆုံးပါ။ သူ့ ကိုပန်ချင်ရင်
 တစ်ပွင့်တည်း ပန်ဖို့ ခက်တယ်။ စည်းစည်းလုံးလုံးနဲ့  သီကုံးပြီးပန်မှရတယ်။ ဆူးရှိတဲ့ ပန်းမျိုး
 မဟုတ်ဘူး။ အရောင်ကလည်း အမျိုးမျိုး မပြောင်းပဲ တစ်မျိုးတည်းရှိတယ်။ သူ့ ရနံ့ က
 မစူးရှဘူး။ သင်းသင်းလေး။ အဖူးအငုံ ဘဝမှာလည်း မွှေးတယ်။ အပွင့်ဘဝမှာလည်း မွှေးတယ်။
 မိခင်အပင်ကိုစွန့် ခွာပြီးတဲ့ နောက်မှာလည်း ရက်တော်တော်ကြာကြာအထိ မွှေးတယ်။ နောက်ဆုံး
 အစိုဓါတ်ကုန်ပြီး နွမ်းသွေ့  သွားတဲ့ အထိ မွှေးနေတုန်းပါပဲ။
 အဲဒါကြောင့် ကျွန်တော်ရည်ရွယ်တဲ့  ဘဝဖေါ်ဟာ ခရေ ပန်းလေးလိုပဲ ဖြစ်စေ့ ချင်ပါတယ်ခင်ဗျာ။
အကိုအနေနဲ့ခုခေတ်လူငယ်တွေအပေါ်ဘယ်လိုမြင်ပါသလဲ။
တိန်။သူငယ်ရှင်း မေးပုံကြီးက ကျွန်တော်က အန်းဒိတ် ဘိုးတော်ကြီး ကျနေတာပဲ။ခိခိ။
(ခိခိမဟုတ်လို့လားအကြောင်းသိခြင်းတွေနော်ငိငိ)
 တော်တယ်။ထက်တယ်။စွန့် စားရဲတယ်။ စူးစမ်းတတ်တယ်။ ကိုယ့်ဘဝ အောင်မြင်မှုကို
 ကိုယ့်အားကိုယ်ကိုး ပြီး ရှာတတ်ကြတယ်။ တစ်ခါတလေတော့လည်း အချစ်ရေးနဲ့ 
 ပတ်သက်ရင်အရမ်းပေါ့ ဆကြတယ်။ ယုံလွယ်လွန်းကြတယ် (အားလုံးတော့မဟုတ်ကြပါဘူး)။
 အားကျစရာတွေရှိသလို အားမရတာတွေလည်း ရှိနေပါတယ်လို့ ပဲမြင်မိတယ်ဗျာ။
အကိုချစ်သူမြို့တော်လေးကိုစရောက်ပုံလေးအကြောင်းသိပါရစေရှင့်။၊ ဆိုဒ်ထဲကိုဘယ်သူရဲ့
ဖိတ်ခေါ်မူကြောင့် ရောက်ရှိလာပြီးမှ စတင်အသုံးပြုဖြစ်ခဲ့သလဲ ဆိုတာလေးကိုလည်း သိပါရစေရှင်။
ကိုအောင်ထက် ဆိုတဲ့  သူငယ်ချင်းကြောင့်ပေါ့ ဗျာ။ အကြောင်းတစ်ခုနဲ့ ကျွန်တော်စိတ်လေ
 နှိပ်စက်စမ်းပါ ဆိုပြီး အနိုင်ကျင့်တာနဲ့  ရောက်လာရတယ်ပေါ့ ဗျာ။
အကိုဘလော့ဝတ္ထုတွေဆောင်းပါးတွေကိုရေးသားတာတွေ့ရပါတယ်
အကိုအနေနဲ့ဝတ္ထုတပုဒ်ရေးမယ်ဆိုဘယ်လိုစတင်ခံစားပြီးရေးလေ့ရှိတယ်။
(ဥပမာအားဖြင့် အကိုဝတ္ထုဖြစ်တဲ့သမုဒယလောင်စာကိုဘယ်လိုစိတ်ကူးမျိုးနဲ့ရေးဖြစ်တာလည်းမသိ
စာဖတ်သူရင်ထဲအသိတခုတိုးစေပါတယ်အကိုစိတ်ကူးလေးဝေမျှပေးပါအုန်း)
အဟဲ။ ကျွန်တော်က စာရေးတာကိုဝါသနာပါတယ်ဆိုပေမယ့်  စာရေးပျင်းတယ်ဗျ။ အဲတော့
 ခဏခဏ မရေးနိုင်ပါဘူး။ ကျွန်တော်စာတစ်ပုဒ် တင်လိုက်တိုင်း ကိုအောင်ထက် လာလာပြီး မန့် 
 (ဟောက်) သွားတဲ့  ကွန်းမန့် တွေကိုကြည့်ရင်သိနိုင်ပါတယ်။ ( ပျောက်ပျောက်နေတယ်။ စာရေးဦး။
 ဘာညာ ဆိုပြီးတော့ပေါ့ ။ )
  ဝါသနာကြောင့် ရေးချင်ပေမယ့် ရေးရမှာ(စာရိုက်ရမှာ)ပျင်းတာကြောင့် ရေးစရာစိတ်ကူး
 ပေါ်လာရင် စာရွက် အတိုအစတွေနဲ့  တို့ မှတ်ထားလိုက်တယ်ဗျ။ ရေးချင်စိတ်(ဖီးလ်)
 ဝင်လာတော့မှ တစ်ထိုင်တည်းရေး ဖြစ်လိုက်တယ်။ ဘယ်တော့မှလည်း ကိုယ်ရေးတဲ့ စာကို
 စိတ်တိုင်းမကျဘူးဖြစ်ဖြစ်နေတတ်တော့။ စာတစ်ပုဒ်ရေးပြီးရင်လည်း ချက်ချင်းနဲ့  အချောမသပ်နိုင်ဘူး။
 ခုနောက်ပိုင်း မျက်စေ့  ရောဂါကြောင့်ပိုပြီး အရေးကျဲသွားတယ်ဗျာ။
  ကဗျာကတော့ ကျွန်တော်အကြိုက်ဆုံးပဲဗျ။ဝတ္ထုကတော့ ကျွန်တော်ရေးခဲပါတယ်။
 လေးငါးဆယ်ပုဒ်လောက်ပဲရှိမှာပါ။ ရေးဖြစ်တိုင်းလည်း အကြောင်းတစ်ခုခုကြောင့် အမှတ်မထင်
 ဖြစ်ပေါ်လာတဲ့  စိတ်ခံစားမှု ကိုအခြေခံပြီး ရေးတာတွေချည့်ပါပဲ။ သူ့ ချည့်သပ်သပ်တော့ 
 စိတ်ကူးယဉ်ပြီး မရေးတတ်ပါဘူး။
  "သမုဒယနွယ်" ကတော့ ကျွန်တော့သူငယ်ချင်းတစ်ယောက် ရဲ့ အဖြစ်ကို အခြေခံပြီး
 စိတ်ကူးယဉ်အတွေးများများနဲ့  ရေးလိုက်တာပါ။ ရေးလိုက်ဖျက်လိုက်နဲ့  ကျွန်တော် လေးလ
 လောက် ရေးလိုက်ရပါတယ်။ ရေးရင်းနဲ့  လုံးချင်းတစ်အုပ်စာလောက်ဖြစ်သွားတယ်ဗျို့ ။
 ရေးပြီးတော့ အခန်းဆက် နဲ့ တင်ပေးမလို့  ရည်ရွယ်ပါသေးတယ်။ နောက်ပိုင်းစိတ်ကူးပြောင်းပြီး
 ပျော့သွားပါတယ်။ ဇာတ်အိမ်က ကြီးနေတော့ မူလဇာတ်အိမ်ကို မပျက်စေချင်တာကြောင့်
 ဇာတ်လမ်းကိုအားပြုတဲ့ အရေးမျိုးလည်း ဖြစ်သွားပါတယ်။ စာကလည်း နည်းနည်း
 ရှည်နေပါသေးတယ်။ ထပ်ပြင်ဖို့ ကလည်း ဈာန်မဝင်တော့တာနဲ့  ဒီအတိုင်းပဲ လွှတ်ပေးလိုက်တယ်ဗျာ။
 ထပ်ပြင်ဖို့ တော့ ဆန္ဒ ရှိနေပါသေးတယ်။
အကိုသိတဲ့ကဗျာရေးသားနည်းပုံစံများကိုလည်း
ရွှေမြို့တော်စာရေးသားသူတွေသိအောင်မျှဝေပေးပါအုန်းရှင်။
အဲဗျ။အဲဒါတော့သိပ်မလွယ်ဘူးထင်တယ်။ တော်ကြာအင်တာဗျူးတာဆိုလို့ ဖတ်မိပါတယ်
 ကဗျာရေးနည်းပေါင်းချုပ်နဲ့ တွေ့ နေတယ်လို့  ဖြစ်နေမယ်ဗျ။ခိခိ။
  ကျွန်တော်လေ့လာဖူးတဲ့ ကဗျာရေးနည်းတွေကတော့
 အစလေးလုံး
အလယ်သုံး
အဆုံးငါးခုနှစ်။
ဆိုတဲ့  ကဗျာအစသံပေါက် ကနေ ဒီနေ့ မော်ဒန်ကဗျာတွေအထိ ပဲလို့ ပြောရမယ်ထင်တယ်။
 ကဗျာ သမိုင်းတစ်လျှောက် မှာ ကဗျာပုံစံအမျိုးမျိုး ထွန်းကားခဲ့ တာဆိုတာ့ အစအဆုံးသာ
 လေ့လာမယ်ဆိုရင်တော့ တော်တော် မလွယ်ဘူးလို့ ပြောရမှာပါ။ လိုက်စားလို့ မကုန်နိုင်အောင်ပါပဲ။
 ကဗျာရေးနည်း အမျိုးအစားတွေလည်းအများကြီးပါ။ ဒီကြားထဲ ကဗျာစာရင်းအသွင်းမခံရတဲ့ 
 ကဗျာအမျိုးအစား တွေလည်း ရှိသေးတယ်ဗျ။ ဥပမာ။ မေတ္တာစာ တို့  ကွက်စိပ် တို့ လိုပေါ့ ။
  ကျွန်တော်အရေးများတာကတော့ ဒွေးချိုး၊တြိချိုး၊လေးချိုး အစရှိတဲ့  အချိုးကဗျာတွေနဲ့ 
 လေးလုံးစပ်ကဗျာတွေပါပဲ။ မော်ဒန်ကဗျာ ကိုလည်းတစ်ခါတလေရေးလေ့ရှိပါတယ်။
 တွေက ဘောင်ခတ်ထားတော့ ရေးရတာ နည်းနည်းလက်ဝင်ပါတယ်။ မော်ဒန်ကတော့
 လွတ်လပ်ကာရန်စနစ် ဆိုတော့ ဝါသနာပါသူတိုင်း ရေးဖို့ အဆင်ပြေပါတယ်။ ဒါတောင်
 ခံစားမှုဈာန်ဝင်သလောက် အရှိအတိုင်းချပြလို့ ရတာမို့  ကာရန် နဲ့ ကဗျာတွေထက် ဒီခေတ်မှာ
 အသုံးပိုပြီးတွင်ကျယ်နေပါတယ်။ ဒီနေ့ ပုံနှိပ်မဂ္ဂဇင်း တွေကိုကြည့်ရင် ပိုပြီးမြင်သာမှာပါဗျာ။
အကိုအနေနဲ့အားကျမိတဲ့အတုမြင်အတတ်သင်ဆရာများရှိလည်းဖေါ်ပြပေးပါအုန်း။
အကို အားကျရတဲ့ စာပေတွေနဲ့ စာရေးဆရာတွေရှိရင်လည်း ပြောပြပေးပါအုံးရှင့်။
ကျွန်တော့ကဗျာပိုးနဲ့ ပတ်သက်လို့  လက်ဦးဆရာတွေကတော့ ဆရာမကြီး ဒေါ်သန်းကြင်နဲ့ 
 ဆရာကြီး ဦးအေးငွေ(ပန်းဝင်္ကပါ) တို့ ပါ။
 အတုမြင်အတတ်သင်ခဲ့ ရတဲ့ ဆရာတွေကတော့ အများကြီးပါ။ ပုဂံခေတ် "မြကန်"
 ကဗျာရှင်ကစလို့  ၊ ဆရာကြီးဇော်ဂျီ၊ ဆရာကြီးမင်းသုဝဏ် တို့ အလယ် ဒီနေ့  ပုံနှိပ်မီဒီယာ
 မှာကော အွန်လိုင်းမီဒီယာ မှာပါ ရေးသားနေတဲ့သူတွေအဆုံး အားလုံးလိုလိုပါပဲ။
  ကျွန်တော်အားကျခဲ့ တာတွေကိုပြောရရင်တော့ တစ်ထောင့်တစ်ည မကလောက်ဘူးဗျ။
စာပေတွေကို ဘယ်အချိန်လောက်မှာ စတင်လေ့လာ ဖတ်ရူ ရေးသားဖြစ်ခဲ့လည်း
ဆိုတာလေးကိုလည်း ပြောပြပေးပါအုံးရှင်။
 ကျွန်တော့ ဦးလေးနှစ်ယောက်က ကျောင်းဆရာ ၊စာကြမ်းပိုးတွေ ဆိုတော့ သူတို့ စာအုပ်စင်က
ကျွန်တော်နဲ့ ငယ်ငယ်ကတည်း ရင်းနှီးခဲ့ တာဗျ။ အဲ - ကျွန်တော်ကိုးတန်းနှစ်ကတည်းက
ကိုယ်ပိုင်ကဗျာစာအုပ်သီးသန့် ထားပြီး ကဗျာတွေရေးခဲ့တာ။ ဆယ်တန်း(တက္ကသိုလ်ဝင်တန်း)
နှစ်မှာ ကျွန်တော်တို့  သူငယ်ချင်းတွေစုပြီး ကဗျာစာအုပ်ခိုးထုတ်ခဲ့  ဖူးတယ်။ဆရာတွေမိသွားလို့ 
တစ်အုပ်နှစ်အုပ် လောက်ပဲ ရလိုက်တယ် အကုန် အသိမ်းခံလိုက်ရတယ်ဗျ။ နောက်ပိုင်း မဂ္ဂဇင်း
တချို့ မှာလည်း သုံးလေးပုဒ် ရေးဖူးခဲ့ ပါတယ်။ အဲဒီနေရာတွေမှာရေးရတာက ဇွဲကောင်းမှ ၊
ရေးအားကောင်းမှ ၊  အဆက်မပြတ်စေမှ ရတာမျိုးဆိုတော့ ကျွန်တော့ လို ငပျင်းနဲ့  ဘယ်လိုမှ
မဖြစ်နိုင်တော့ဘူးဗျ။ခိခိ။(ဂုဏ်ပုဒ်တော်တော်များတယ်နော်)
 ခုနောက်ပိုင်း အွန်လိုင်းမှာ စာရေးတဲ့ ဆိုက်တွေပေါ်လာတော့ ကျွန်တော့အကြိုက်
ဖြစ်သွားတော့တာပေါ့။ စားဝတ်နေရေး အတွက် အချိန်ပေးနေရပြီး တစိုက်မတ်မတ် မရေး
နိုင်တော့တဲ့  ကျွန်တော်တို့ လို ဝါသနာရှင်တွေအဖို့  အခုလို အွန်လိုင်း ဆိုက်တွေဟာ
တကယ်ကိုပဲ ကျေးဇူးတင်ချင်စရာတွေပါဗျာ။
လူ့ဘ၀မှာ တစ်ခါတစ်လေ လောကဓံတရားတွေကို ရင်ဆိုင်ကြရတဲ့အခါ
ဘယ်လိုအသိစိတ်ကလေးနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့သလဲ ဆိုတာလေးကိုလည်း
ရွှေမြို့တော်သူငယ်ချင်းများအတွက် မှတ်သားစရာ စကားလက်ဆောင်လေးအဖြစ်
ပြောပေးပါအုံးရှင်။
စကားလက်ဆောင်အဖြစ် ဒါလေးကို ပေးလိုက်ပါတယ်ဗျာတိုက်ပွဲပျော်မယ့် လယ်စောင့်တဲ
 အဲဒါလေးတွေဟာ စိတ်ညစ်စရာကြုံလာတိုင်း ကျွန်တော့အတွက် ဖြေဆေး တွေပါပဲ။
အကိုဘ၀အတွက်အမြဲလက်ကိုင်ထား ကျင့်သုံးခဲ့တဲ့ ဆောင်ပုဒ်လေးများရှိရင်
ရွှေမြို့တော်သူငယ်ချင်းများအတွက် ပြန်လည်မျှဝေပေးပါအုံးရှင်။
အလင်္ကာကျော်စွာ စိန်ဗေဒါကြီးရဲ့ ဆောင်ပုဒ်အတိုင်းပါပဲဗျာ။ ဒီနေ့ "ကညွတ်နွယ်" သည်
မနေ့ က "ကညွတ်နွယ်" ထက် သာစေရမယ် ပေါ့ ။
အွန်လိုင်းအသုံးပြုနေကြတဲ့ ညီအစ်ကိုမောင်နှမတွေအပေါ်မှာ အကို့အနေနဲ့
ပြောချင်တဲ့ စကားလက်ဆောင်လေးများရှိရင်ပြောပြပေးပါအုန်း။
 အွန်လိုင်းဆိုတာ ဆင်ခြင်မှု ၊ ပိုင်းခြားမှု ဥာဏ်ပညာတွေနဲ့ သုံးမယ်ဆိုရင် ဆေးပါ။
စိတ်ခံစားမှုကို အသိနဲ့  မထိန်းဘဲ သတိလွှတ်သွားကြမယ်ဆိုရင်တော့ ဘေးပါပဲဗျာ။
မြို့တော်ဆိုဒ်မှာ အကိုအနေနဲ့ အခင်ရဆုံး သူငယ်ချင်းများရှိရင်
မိတ်ဆက်ပေးပါအုံးရှင်။ 
အန်၊ ပြီးသေးဘူးလားဟင်၊ ဖြေရတာ အာညောင်းလာပြီ၊(အဲလေ) လက်ညောင်းလာပြီဗျ။ခိခိ။
  လူဆိုးကြီး ကိုအောင်ထက်က ထိပ်ဆုံးကပေါ့ ဗျာ။
 ဒုတိယက ညီအစ်ကိုအရင်းလိုချစ်ခင်လေးစားရတဲ့  ကျွန်တော့် ရဲ့ အစ်ကိုကြီး  usoewin
 နောက်၊ ရွှေမြို့ သူ (ကောင်းကောင်းမကောင်းကောင်း ကျွန်တော့စာတွေကို အားပေးလို့  ၊
 သူက အရမ်းလည်းဖေါ်ရွေတယ်ဗျ)ပြီးတော့  ကဗျာရင်ဘတ်အကျယ်တူတဲ့  တတိုင်းမွှေး
 နောက်ထပ်က၊ အခုဗျူးနေတဲ့  သူငယ်ရှင်း ပေါ့ ။
အားလုံးပေါင်းလိုက်လို့  တပ်စိတ် တစ်စိတ်စာ ရှိမယ်ဆိုရင် တပ်စိတ်မှူးကတော့
 အလွန်ထူးခြားတဲ့  ကွန်ဆူးမား ဆိုတဲ့ ငတိကြီးပေါ့ ဗျာ။  . . . . ;D
 ပြောမယ်ဆိုရင်တော့ မြို့ တော်သူမြို့ တော်သား အားလုံးဟာ ကျွန်တော့ သူငယ်ချင်းတွေချည့်ပါပဲဗျာ။
ရွှေမြိုတော် အွန်လိုင်းပရဟိတအသင်းတည်ထောင်ထားခြင်းအပေါ်ဘယ်လိုမြင်ပါသလဲ။
ပရဟိတ ဆိုတာကိုကျွန်တော်မြင်တာတော့ ကိုယ်ချင်းစာတရား ရှိသူတွေလုပ်တဲ့ အလုပ် ပါပဲ။
 ကိုယ်ချင်းစာတရားမဲ့ တဲ့ သူတွေထံမှာတော့ အတ္တဟိတ တွေပဲ ရှိနေကြမှာပါ။
 အဲတော့၊ ရွှေမြိုတော် အွန်လိုင်းပရဟိတအသင်း ဟာ လူသားချင်းစာနာ မှုဆိုတဲ့  ပန်းချီကားကို
 ဆေးခြယ် ပေးနေတာမို့ ကြည်နူးပီတိတွေပြည့်မောက်နေတယ်လို့ မြင်မိတာပေါ့ ဗျာ။
(ဟုတ်ကျေးဇူးတင်ပါတယ်ရှင်)
 ရွှေမြို့တော်ဆိုဒ်အသုံးပြုနေတဲ့မန်ဘာတယောက်အနေနဲ့  ဆိုဒ်လေးအပေါ်မှာ လိုအပ်ချက်လေးတွေရှိမယ်ဆိုရင်လည်း ပြောပြပေးပါအုံးရှင်။
 ပေးတတ်တာတွေ ကြောင့် အဆင့်တစ်ခုထိရောက်နေတဲ့  ဆိုက်ကလေးပါ။
 လိုအပ်ချက်ဆိုလို့  ရွှေမြို့ တော်ဆိုက်ကိုသုံးရတာ တခြား ဆိုက်တွေသုံးရတာထက်
 လေး(နှေး) နေတာတစ်ခုပါပဲ။ အဲဒါကတော့ကျွန်တော်တို့ မြန်မာပြည်ကွန်နက်ရှင်
 ကြောင့်လို့ ပဲပြောရမလားမသိဘူးဗျာ။(ဟုတ်ခုလိုအကြံပေးလိုကျေးဇူးတင်ပါတယ်)
အွန်လိုင်းပေါ်မှာ အွန်လိုင်းသူငယ်ချင်းတွေရဲ့ ခင်မင်မူအပေါ်မှာဘယ်လိုမြင်လဲ၊ အွန်လိုင်းခင်မင်မူကိုရော အကိုအနေနဲ့ ယုံကြည်မူရှိလားရှင့်။
အတိုင်းအတာတစ်ခုထိ ယုံကြည်ပါတယ်။ အွန်လိုင်းမှာ ခင်တဲ့ သူငယ်ချင်းပေမယ့် 
 တချို့ ဟာ (ရင်ဘတ်ချင်းတူလို့  လားတော့မသိ) ငယ်ပေါင်းတွေထက်တောင် ပိုပြီးရင်းနှီး
 တယ်ဗျ။ နှစ်ဦးနှစ်ဖက် ရိုးသားကြရင် အွန်လိုင်းသူငယ်ချင်းတွေဆိုတာလည်း လူမှုပတ်ဝန်းကျင်
 တစ်မျိုးအဖြစ်နဲ့ အကျိုးဖြစ်ကြမှာပါ။
အကို့ ရဲ့ ကဗျာတွေ၊ စာတွေကို သီးသန့်  ထားတဲ့ နေရာလေးများရှိရင် ပြောပြပါဦး။
ပြီးတော့ အကိုနဲ့ ဆက်သွယ်လို့ ရမယ့်  လိပ်စာလေးများ ပြောပြလို့ ရမလားရှင့်။
 ကျွန်တော့ရဲ့ ဂျီမေးလ် အကောင့်ကkanyooknwel@gmail.com
 နဲ့ http://thettin1010.blogspot.com/တို့ မှာ လာရောက် ဖတ်ရှုဝေဖန်ပေးနိုင်ကြပါတယ်ခင်ဗျာ။
ရှင်းမေးတာတွေလည်း တော်တော်လေးများနေပြီးဆိုတော့ နောက်ဆုံးမေးခွန်းလေးအနေနဲ့
ဆိုဒ်တည်ထောင်သူနဲ့ အက်ဒမင်တွေနဲ့ ပတ်သက်လို့အကြံပြုစကားလေးများရှိမယ်ဆိုရင်
ပြောပြပေးပါအုံးရှင်။
 ဆိုက်တစ်ခုကို တည်ထောင်သူတွေဟာ ခေတ်သစ် ဝေ  ဿန္တရာ တွေပဲဗျ။ ရုပ်ဝတ္ထု အကျိုးအမြတ်
ကိုမကြည့်ဘဲ စိတ်ခံစားမှု အကျိုးအမြတ်ကိုပဲ အရယူနေသူတွေဆိုတော့ လေးစားမိတယ်ပေါ့ ဗျာ။
အက်ဒမင်တွေဆိုတာကလည်း ကိုယ့် ထမင်းကိုယ်စားပြီး ကိုယ့် စားရိတ်ကိုယ်ခံလို့  ဝါသနာရဲ့
ကျေးကျွန် အဖြစ် အမှုထမ်းနေကြသူတွေပါပဲ။ အကြံပြုချင်တဲ့ တစ်ချက်ကတော့ ဒီရွှေမြို့ တော် ဆိုက်ကလေးကို ဘယ်လိုအနှောက်အယှက်တွေကြောင့်ပဲဖြစ်ဖြစ် ရည်ရွယ်ရာ၊ ခရီးဦးတည်ရာကို မလွဲမပျက်စေပဲ စည်းလုံးဖေးမ ပြီး ပဲ့ ကိုင်သွားကြစေချင်ပါတယ်။
အကိုစာပေတွေကိုရွှေမြို့တော်မှာဆက်လက်ရေးသားပါအုန်းလို့တောင်းဆိုပါတယ်ရှင်။.
 ဟုတ်ကဲ့ ပါ။ အခြေအနေပေးသရွေ့ တင်ဖြစ်နေဦးမှာပါ။ ခုလို လိုလိုလားလား တောင်းဆို
တဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျာ။
အခုလို အင်တာဗျူးအစီအစဉ်လေးဖြစ်မြောက်လာအောင် ရှင်းမေးမြန်းသမျှကိုစိတ်ရှည်လက်ရှည်နဲ့ အချိန်ပေးပြီး ဖြေကြားပေးခဲ့တဲ့ ကိုကညွှတ်နွယ်ကိုရွှေမြို့တော်မှအားလုံးကိုယ်စားရှင်းက ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။
ဟုတ်ကဲ့ ပါခင်ဗျာ လက်ပေါက်စိပ်စပ်နဲ့  စစ်စစ်ပေါက်ပေါက်၊ စေ့စေ့စပ်စပ် မေးတတ်လွန်းတဲ့  သူငယ်ရှင်း ကို ကျေးဇူးတင်ပါတယ်။ ပြီးတော့  ရွှေမြို့ တော်သူမြို့ တော်သား အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
 ကျွန်တော့စာ၊ ကဗျာ များကိုလည်း ဖတ်ရှု ဝေဖန်ပေးကြပါဦးလို့ (အဆစ်) ပြောလိုက်ပါရစေ။
ကိုကညွှတ်နွယ်အတွက်မြို့တော်ကဧည့်ခံတဲ့ကော်ဖီသုံးဆောင်အုန်းနော်:D
ကိုကညွှတ်နွယ်အိမ်လေးသို့လည်ပတ်ချင်လျှင်
ချစ်သူမြို့ တော်ရဲ့  ဒီတစ်ပတ်အင်တာဗျူး အစီအစဉ် ဒီမှာတွင် ရပ်နားပါရစေရှင်။
နောက်တစ်ပတ် အင်တာဗျူးအစီအစဉ်တွင် မည်သူဖြစ်မည်ဆိုတာကို
မန်ဘာများသည်းခံ စောင့်မျှော်ပေးကြပါလို့  မေတ္တာ ရပ်ခံပါတယ်ရှင်
မန်ဘာများအနေနှင့် မိမိတို့  ချစ်ခင်လေးစားရသော ဘလော့ဂါများကို မေးချင်တယ်ဆိုလျှင်
နာမည်လေးပေးထားခဲ့ပါရှင် အလျင်းသင့်သလို မေးပေးပါမယ်ရှင့်။
ဘလော့ဂါများအနေနှင့်လဲ မန်ဘာများရဲ့  တောင်းဆိုမှုကို
အလေးးထားဖြေကြားပေးရန် မေတ္တာရပ်ခံရင်း
အင်တာဗျုးအစီအစဉ်ပြီး၏။
♥★ ချစ်ခင်လေးစားလျှက်
♥★ ရှင်းသန့်မေ
Divider Scraps and Graphics
Viewing all articles
Browse latest Browse all 9878
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>