လောကကြီးသည် မျက်နှာ လိုက်တတ်လေသလား...?
နေကပူပူ အရိပ်မရှိသော ကတ္တရာ လမ်းမပေါ်တွင် ကားကြီးကားငယ်အသွယ်သွယ်တို့က ဦးဒဟို သွားလာနေကြပါသည် ။ ကားပေါ်တွင်တောင် အတော်ပူလှသည်မို့ လမ်းမပေါ်မှ ကတ္တရာ လောင်းနေသော လမ်းလုပ်သား များကို ငေးကြည့်ရင်း ကျမရင်ထဲ သနားစာနာစိတ်တွေ ဖြစ်ထွန်းလာခဲ့ပါသည် ။
ဆိုးလိုက်တဲ့ ဘ၀ ။ တစ်နေ့လုံး နေပူပူထဲ မနားမနေ လုပ်မှ ရသည့် လုပ်အားခက တစ်ဝမ်းဝယုံသာသာပါ ။
သမုဒ္ဒရာ ၀မ်းတစ်ထွာတဲ့ .. သမုဒ္ဒရာကဲ့သို့ပင် ဖြည့်လို ပြည့်တယ် မရှိသော ၀မ်းတစ်ထွာ အတွက် အလုပ်လုပ်နေကြရတာ ။ ဘယ်တော့မှ နားရမည်ဆိုတာ မသေချာ လှပါ ။
တွေးကြည့်ရင်း လူ့လောကကြီးကိုပင် စိတ်နာ ချင်ပါသည် ။
ဘယ်မှလဲ ဘ၀ အဓိပါယ် ။ ဘာကို အဓိပါယ်လို ဆို လို ရမည်နည်း ။ အလုပ် လုပ်လိုက် ၊ စား တယ် ၊အိပ်တယ် ၊ ဒီလိုနဲပဲ ဘ၀ကုန်ဆုံးရတော့မည် ။ လုံးဝ အဓိပါယ် မရှိဟု ကျမ ခံစားမိသည် ။
မြင်မြင်သမျှ သွားလာ လှုပ်ရှာနေကြသူတို့သည် ၀မ်းရေးအတွက် အလုပ်လုပ်နေကြရသည် ။ ဘ၀ တိုးတက်ရေးအတွက် လှုပ်ရှားနေကြသည် ။ မျှော်လင့်ချက်များဖြင့် လှုပ်ရှားနေပုံခြင်း တူညီကြသည် ။ သို့သော် သူတို့ မျှော်လင့်ထားမူများသည် ဖြစ်လာ မည်ဟု မည်သူမှ တတ်အပ်မသိနိုင်ကြပါ။
ဒီလိုနဲ ယုနဇ ပလာဇာ သို့ ရောက်ရှိလာခဲ့သည် ။ ၀ယ်နေကျ ဆိုင်းအတွင်းသို့ ၀င်၍ အိမ်က မှာ လိုက်သော ပစ္စည်းများ ၀ယ်ရသည် ။ အပြီးတွင် ဆိုင်ရှင် အမ ကြီးအား နှုတ် ဆက် မိပါသည် ။ ထို အချိန်ေ၇ှးက တွေးခဲ့ဖူးသော အတွေးကို ပြန်လည်သတိ ရမိသည် ။ ဆိုင်ရှင် အမကြီးသည် လက်မလည်အောင်ရောင်းရသူမို့ မျက်မှန်ကြီးတပ်ခါ ဘောင်ချာ ရေးလိုက် လက်တော့ကို ကြည့်လိုက်နှင့် အလုပ်ရှုပ်နေပါသည် ။ သူ့. ဘ၀ ကျပြန်တော့ နေပူပူတွင် အလုပ်မလုပ်ရသော်လဲ မျက်လုံး၊ လက် ၊ ဦးနှောက် အငြိမ်နေရပုံ မရှိ ။ စိတ်ပင်ပန်းမူက သူ မျက်နှာမှာ မြင်နေရပါသည် ။
အော် ဒါလဲ သမုဒ္ဒရာ ၀မ်းတစ်ထွာ အတွက်ပါပဲ လား ။ သူ့ အတွက်ရော ဘယ်မှာ လဲ ဘ၀ အဓိပါယ် ၊ ငွေ သည် ဘ၀ အဓိပါယ်လေလား ။ ဒါလဲ မသေချာပါ ။ အို၊ နာ ၊ သေဘေး ငွေ ပေးလို့ မှ မရပေပဲ ။
မသေချာ မရေရာ လှသော လူ့. ဘ၀ များသည် သမုဒ္ဒရာ ၀မ်းတစ်ထွာ အတွက်နဲ ပင် အချိန်ကုန်နေကြရပါသည် ။ ဒါကိုပဲ ဘ၀ အဓိပါယ်လို့ ဆိုလေ မလား ကျမ တွေး ကြည့် မိပါသည် ။
ဒီလို နှင့် အိမ်အပြန်လမ်းတွင် အသုဘပို့ ကားတန်းနှင့်ဆုံ ၍ ကားပိတ်နေပါသည် ။ ကားပြတင်းမှ ကျော်သူ ကား ပေါ်မှ ရုပ်ကလပ်က စာကို မရအရ လိုက်ဖတ်မိသည် ။
“ ဒေါ်ရင်လှ ”
“ အသက် ၇၂ နှစ် ”
သွားပြန် ပါပြီ တစ်ယောက် ။ အသုဘ ပို့ကားတန်းကို ကြည့်ခြင်းအားဖြင့် သူဌေးသူကြွယ်ဖြစ်ဖို့ရာ သေချာ သလောက်ပါပဲ ။ ဒေါ်ရင်လှ သည် ကျမ နှင့် မသိသော်လဲ ကျမ သူ နေရာက ခံစားကြည့်မိပြန်သည် ။
သူ့ လုပ်ခဲ့တဲ့ အလုပ်တွေ ၊ သူ ရှာခဲ့တဲ့ ပစ္စည်း ဥစ္စာ တွေ သူ့နောက်ဘာမှ ပါမသွားပါလား ။လူသေ ဖြစ်သွားသော ကြောင့် ဒီကားအကောင်းစားတောင် စီးခွင့်မရတော့ ပါ။ ငို ယိုနေသော သားသမီးများ ဘယ်သူက မှ အနား မကပ်ကြပါ ။ မဖြစ်မနေ အကျီ င်္တစ်စုံနှင့် ရွှေ၊ငွေ တပြားမှ မပါ ဤလူသေကောင်ကို သူဌေးမကြီးပါဟု မည် သို့ ပြောလိုရမည်နည်း ။
လူ.ဘ၀ ဆိုတာ နောက်ဆုံးတော့ ဒါပါပဲလား ။ အမြတ် တနိုး သိမ်းဆည်းထားသော ရွှေ၊ငွေ တို့သည် ဘာတစ်ခုမှ ကိုယ့်နောက်ပါမလာ ။ နေ့တိုင်း ချစ်ခင်စွဲ လမ်းစွာ ပြင်ဆင် နေကြရသော ကိုယ် ခန္ဒာကြီးက လဲ ပုတ်သည့် ကိုယ်ကောင်ကြီး ဖြစ်၍လာချေ ပြီ ။ ကိုယ့် နောက် ပါလာ သည့် ပစ္စည်းများမှ ပြန်၍ ရေတွက်လေ နောင်တ ရလေလေ ဖြစ်လာပါသည် ။
“ ငါ နောက် ဘာပါ မလဲ ” သေချာ တွေး ကြည့်တော့ ..
နားကြားဖူးသော တရားတစ်ပုဒ်ကို သတိရမိသည် ။ ကောင်းတာ လုပ်ရင် ကောင်းတာ ရမည် ။ မကောင်းတာ လုပ်ရင် မကောင်းတာ ရမည် ။ ကံ ၊ကံ ၏ အကျိုး သည် မည်သူ မျှ ရှောင်လွဲ၍ မရတော့သော ကိုယ် ပိုင် ပစ္စည်း ဖြစ်၍ နေပါသည် ။
ဒီလို ကြတော့လဲ လောကကြီးက ဖြောင့်မတ် လှပေသည် ။
မျက်နှာ မလိုက်တတ်သော တရားကို ကျမ ၇ှာ ဖွေတွေ့ ရှိခဲ့ပါသည် ။
သံသရာတွေ ဘယ်လောက်ပဲ လည်နေပါစေ ...
ကောင်းတာ လုပ်ရင် ကောင်းတာ ရမည် ။
မကောင်းတာ လုပ်ရင် မကောင်းတာ ရမည် ။
ကံ အကြောင်း လုပ်လို. ၊ ကံ အကျိုးကို ရမည် ။
သေချာပါသည် လုံးဝ ဘက်လိုက်မူကင်းသော တရား စစ် ၊ တရားမှန်ပါပဲ ။
ခင်မင်လေးစား လျှက် ...
ဆန္ဒမွန်ဖြင့် ...
မှုံနံ.သာဖြူ