Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ချစ်သူက မိမိအပေါ် ချစ်ခင်ကြင်နာယုယ အလိုလိုက်ပြီး မိမိစကားကို နားထောင်ဖို့

$
0
0

မိမိချစ်သူ(ရည်းစား)က မိမိအပေါ် ချစ်ခင်ကြင်နာမှုတွေ လျော့ပါးသွားလို့ သောကပွားနေရသူတွေ၊ ချစ်သူ(ရည်းစား)ရဲ့ ယုယအလိုလိုက်မှု မခံရလို့ စိတ်ဓာတ်ကျနေသူတွေနဲ့ ချစ်သူ(ရည်းစား)က မိမိရဲ့ ပြောစကားကို နားထောင်စေချင်သူတွေဟာ ဒီအစီအမံကို ဆောင်ရွက်ကြည့် စေချင်ပါတယ်..
 အဓိက လိုအပ်တဲ့ပစ္စည်းကတော့ တစ်လက်မစတုရန်းရှိတဲ့ ငွေပြားလေးတစ်ပြားဖြစ်ပါတယ်..ရန်ကုန်မြို့ဆိုရင် (၂၉)လမ်း(အောက်ဘလောက်)ရွှေပြား၊ ငွေပြား၊ ကြေးပြားကြိတ်တဲ့ ဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူနိုင်ပါတယ်..အခြားမြို့တွေမှာဆိုရင် ပန်းထိမ်ဆိုင်၊ ရွှေဆိုင်တွေမှာ ၀ယ်ရင် ရနိုင်မယ် ထင်ပါတယ်..ငွေပြားပါးပါးလေးပါ.. အဲဒီ ငွေပြားလေးပေါ်မှာ ကညစ်နဲ့ဖြစ်စေ၊ မင်ကုန်သွားပြီဖြစ်တဲ့ ဘောလ်ပင်နဲ့ဖြစ်စေ အောက်ပါအတိုင်း ထောင့်လေးထောင့်မှာ “ ဇယံ၊ မေတံ္တ၊ သုခံ၊ သိဒံ္ဓ ” ဆိုပြီး ရေးရမယ်..


မိမိချစ်သူက အင်္ဂါဖွားဖြစ်ပြီး မိမိက သောကြာဖွားဆိုရင် အောက်ပါအတိုင်း ရေးရမယ်.

  အဲဒီလိုရေးပြီးရင် ငွေပြားကို အလိပ်ကလေးဖြစ်အောင် လိပ်လိုက်ပါ..ငွေပြားလိပ်ကလေးကို ရေအပြည့်ရှိတဲ့ ရေသန့်ဘူးထဲထည့်ပြီး ကိုယ့်အိပ်ရာ ခေါင်းရင်းဘက်မှာ ထားပါ..
  နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ်(အိပ်ရာထ၊ အိပ်ရာဝင်) အဲ့ဒီရေဘူးကို အဖုံးဖွင့်ပြီး ညာလက်မှာကိုင် အောက်ပါအတိုင်း နှုတ်က (၃)ခေါက်ရွတ်ပါ..
  “ မိမိ(---)အပေါ် ချစ်သူ(---)မှ ချစ်ခင်ကြင်နာယုယ အလိုလိုက်ပြီး မိမိပြောစကားကို နားထောင်ပါစေ ”
အဲဒီလို ရွတ်ပြီးတဲ့အခါ ရေဘူးထဲက ရေကို မိမိတစ်ငုံသောက်ပါ..ရေဘူးထဲက ရေအနည်းငယ်ကို ရေဖလားထဲထည့်ပြီး မျက်နှာသစ်ရေနဲ့ ရောပြီး မျက်နှာသစ်ပါ..ရေချိုးရင်လဲ အဲဒီရေဘူးထဲက ရေအနည်းငယ်ကို ချိုးရေနဲ့ ရောချိုးပါ..သနပ်ခါး သွေးလိမ်းရင်လဲ အဲဒီရေဘူးထဲက ရေအနည်းငယ်ထည့်ပါ..
  မိမိ(---)ဆိုတဲ့ နေရာမှာ မိမိနာမည်ကို ထည့်ရွတ်ပါ..
 ချစ်သူ(---)ဆိုတဲ့ နေရာမှာ ချစ်သူရဲ့နာမည်ကို ထည့်ရွတ်ပါ..
ဒီအစီအမံမျိုးက (၁၅)ရက်မှ (၁၅)ပတ်လောက်အထိ ဇွဲရှိရှိလုပ်မှ အောင်မြင်တတ်ပါတယ်..

မရှင်းလင်းသော အချက်များရှိပါက akmyint.kooo@gmail.com ကို အပ်ပီးမေးမြန်းနိုင်ပါတယ်ဗျ.

အခြားယတြာများအားလုံးကို http://myooyinlay.blogspot.com/ ကို ၀င်ရောက် ဖတ်ရှု့လေ့လာနိုင်ပါတယ်ခင်ဗျ.

ဝန်ခံချက်။  ။ဆရာကြီးဦးအောင်မြိုင်ရေးသားသော “အချစ်ရေးအတွက် ယတြာနည်းလမ်းကောင်းများ”စာအုပ်မှ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်..


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>